အခန်း (၆၄) - ဆေးဖော်စပ်ခြင်းလမ်းစဉ်
“အစကတော့ ငါတို့ လင်ရှန်မြို့ကို တခြားကိစ္စတစ်ခုအတွက် သွားခဲ့ကြတာ...” ဝေကျန့်ချင်းက ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီမှာ နင်ယွဲ့ရဲ့ မိသားစုက သူမကို လိုက်ရှာနေတယ်ဆိုတာ ကြားခဲ့ရတယ်... စုံစမ်းကြည့်ပြီးနောက်မှ အကြောင်းရင်းကို သိလိုက်ရတာ...”
“နင်ယွဲ့ ဘိုးဘိုးကြီးရဲ့ နာတာရှည်ရောဂါ ပြန်ထလာပြီး အချိန်သိပ်မကျန်တော့လို့ သူမကို ပြန်ခေါ်ပြီး နင်မိသားစုရဲ့ အမွေအနှစ်ကို ဆက်ခံစေချင်နေတာပဲ...”
“နင်မိသားစုရဲ့ အမွေအနှစ်... တာအိုရောင်းရင်းနင်က အရင်တုန်းက...”
လင်းကျင်းက စကားကို အဆုံးမသတ်လိုက်ပေ။
သို့သော် အားလုံးက သူ ဆိုလိုသည်ကို နားလည်ကြသည်။
အရင်တုန်းက နင်ယွဲ့သည် တစ်စုံတစ်ယောက်နှင့် ခိုးပြေးခဲ့ဖူးသည်။ အခြေအနေအရ ဆိုလျှင် မိသားစုမှ နှင်ထုတ်ခံရခြင်းကပင် ပေါ့ပါးလွန်းသော ပြစ်ဒဏ် ဖြစ်နေပြီ ဖြစ်သည်။
အကယ်၍ ထိုသို့သောကိစ္စမျိုးသာ အခြားမိသားစုတစ်ခုတွင် ဖြစ်ခဲ့ပါက ပြန်ရောက်လာသည့်အချိန်၌ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရဖို့တောင် ဖြစ်နိုင်ချေများပေသည်။
နင်မိသားစုက သူမကို မဖမ်းဆီးခဲ့ခြင်းကပင် သဘောထားကြီးမားမှုနှင့် သက်ညှာမှုတစ်ရပ်ဟု ဆိုနိုင်သည်။
“နင်မိသားစုရဲ့ မျိုးဆက်သစ်တွေ အဲဒီလောက်တောင် အားနည်းကုန်ကြတာလား… သင့်တော်တဲ့ လူတစ်ယောက်တောင် မရှိတော့ဘူးလား...”
လင်းကျင်းက နားမလည်သလို မေးလိုက်သည်။
“အကြမ်းဖျင်းအားဖြင့်တော့ ဟုတ်တယ်... နင်မိသားစုရဲ့ ပါရမီရှင်တွေက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး မိသားစုရဲ့ အင်အားလည်း တဖြည်းဖြည်း ကျဆင်းလာတယ်...”
“အထူးသဖြင့် ဒီမျိုးဆက်မှာတော့ နင်ယွဲ့ကလွဲပြီး နင်မိသားစုရဲ့ ဆေးဖော်စပ်ခြင်းလမ်းစဉ် အမွေအနှစ်ကို ဆက်ခံနိုင်မယ့် အရည်အချင်းရှိသူ တစ်ယောက်မှ မရှိဘူး...”
“နင်မိသားစုက ဆေးဖော်စပ်ခြင်းလမ်းစဉ်ကို အဓိကထားတဲ့ မျိုးရိုးကြီးတစ်ခု ဖြစ်တာကြောင့် ဆေးဖော်စပ်ပညာကို အမြင့်ဆုံး တန်ဖိုးထားတယ်...”
“နင်ယွဲ့ ပြသခဲ့တဲ့ ပါရမီကလည်း သူမရဲ့ အသက်တူတွေထက် အများကြီး သာလွန်နေခဲ့တယ်...”
“ဒီနေရာကို မရောက်လာခဲ့ဘူးဆိုရင် အခုလောက်ဆို မိသားစုရဲ့ အထူးစောင့်ရှောက်မှုကို ရနေပြီး နင်မိသားစုရဲ့ အမွေဆက်ခံ ဆေးဖော်စပ်နည်းကိုတောင် သင်ယူနေပြီးလောက်တယ်...”
“တကယ်တော့ နင်မိသားစုမှာ နင်ယွဲ့ တစ်ယောက်တည်း မဟုတ်ဘူး... သူမမှာ ဝမ်းကွဲအစ်ကို နှစ်ယောက်လည်း ရှိတယ်...”
“ဒါပေမဲ့ သူတို့ရဲ့ ဆေးဖော်စပ်ခြင်းလမ်းစဉ် ပါရမီက မလုံလောက်ဘူး... နေ့တိုင်း အရက်သောက် အပျော်အပါးလိုက်စားနေတာပဲ... တိုးတက်အောင် ကြိုးစားချင်တဲ့ စိတ်လည်း မရှိဘူး...”
“နင်မိသားစုရဲ့ ကျန်ရှိနေသေးတဲ့ ဂုဏ်သတင်းကို အားကိုးပြီး နေရာအနှံ့ ပြဿနာရှာနေကြတာ... နင်မိသားစုရဲ့ ဘိုးဘေးဟောင်းက သူတို့ကို အလွန်အထင်သေးရွံရှာနေလို့ မိသားစုရဲ့ အမွေအနှစ်ကို သူတို့ဆီ လက်ဆင့်ကမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
ဝေကျန့်ချင်း ထိုနေရာအထိ ပြောပြီးချိန်တွင် ယန်ရှုံက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
သူ၏ အသံထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
“အဲဒီကောင်နှစ်ယောက်ပဲ... ငါတို့ကို နောက်ကွယ်ကနေ လူငှားပြီး လုပ်ကြံခိုင်းခဲ့တာ... လောင်ဝေ.. ငါတို့ ပြန်ရောက်ရင် သူတို့နှစ်ယောက်ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်...”
ထိုသို့ ပြောပြီးနောက် ယန်ရှုံက စားပွဲပေါ်ရှိ အရက်ကို ကောက်ယူလိုက်သည်။
အရက်တစ်ပန်းကန် ငှဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
“စဉ်းစားလေလေ စိတ်ထဲ ပိုပြီး ဒေါသထွက်လေလေပဲ...”
“သူတို့လား...” လင်းကျင်းက ယန်ရှုံကို တစ်ချက်ကြည့်လိုက်သည်။
ယန်ရှုံကတော့ အရက်သောက်ရင်း ဒေါသဖြေချင်နေသည့်ပုံသာ ရှိပြီး ဆက်ရှင်းပြမည့် ပုံမပေါ်ပေ။
ထို့ကြောင့် ဝေ့ကျန်းချင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်... သူတို့ပဲ... ငါတို့က အစက နင်မိသားစုကို သွားပြီး နင်ယွဲ့ရဲ့ သတင်းကို ဘိုးဘေးဟောင်းဆီ သွားပြောဖို့ စီစဉ်ထားတာ...”
“ဒါပေမဲ့ ဘိုးဘေးဟောင်းကို မတွေ့လိုက်ရဘူး... မမျှော်လင့်ထားတာကတော့ အဲဒီညီအစ်ကိုနှစ်ယောက်က ငါတို့ကို မြင်သွားတာပဲ...”
“သူတို့က ငါ့ကို မှတ်မိတယ်... ပြီးတော့ သိသာတာက နင်ယွဲ့ ပြန်လာမှာကို သူတို့ မလိုလားဘူး... ငါတို့ ပြန်ထွက်လာပြီးနောက် လမ်းမှာ လူတစုနဲ့ ချုံခိုတိုက်ခိုက်ခဲ့ကြတာ...”
“နင်ယွဲ့သာ ပြန်မလာဘူးဆိုရင် အမွေဆက်ခံသူ မရှိတော့ဘဲ နောက်ဆုံးမှာ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်...”
ယန်ရှုံက စားပွဲကို အားဖြင့် ရိုက်ချလိုက်ပြီး ပြောသည်။
“အဲဒီလို ကောက်ကျစ်တဲ့ကောင်နှစ်ကောင်သာ နင်မိသားစုရဲ့ အမွေအနှစ်ကို လက်ခံရင် နင်မိသားစု ပျက်စီးသွားဖို့က အချိန်ပဲ ခဏဘဲ လိုလိမ့်မယ်...”
“တကယ်ကို ယုတ်မာလွန်းတယ်... ဝေကျန့်ချင်းကသာ အရေးကြီးတဲ့ အခိုက်အတန့်မှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မဖောက်ထွင်းနိုင်ခဲ့ရင်... ငါတို့ နှစ်ယောက်လုံး အဲဒီနေရာမှာပဲ သေသွားလောက်ပြီ...”
သေချာရှင်းပြလိုက်မှ လင်းကျင်းလည်း ဖြစ်စဉ်တစ်ခုလုံးကို နားလည်သွားတော့သည်။
ဝေကျန့်ချင်း အပြင်းအထန် ဒဏ်ရာရပြီး ပြန်လာခဲ့သည်မှာ အကြောင်းမဲ့ မဟုတ်ကြောင်း လင်းကျင်း နားလည်သွားသည်။
လင်းကျင်းက ခဏစဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“ပြန်သွားတဲ့ လမ်းမှာ အန္တရာယ်ရှိနိုင်သေးလား... ထပ်ပြီး ချုံခိုတိုက်ခိုက်ခံရနိုင်သေးလား...”
“ညီလေး လင်း ပြောတာ သူတို့က လမ်းမှာ ထပ်ပြီး ချုံခိုတိုက်ခိုက်မလား ဆိုတာလား... ဒီကိစ္စကိုတော့ ညီလေး လင်း စိတ်မပူနဲ့...”
ယန်ရှုံက ပြုံးရင်း ပြောလိုက်သည်။
“လောင်ဝေ၊ ညီမလေး နင်းနဲ့ ငါတို့ သုံးယောက် သေချာ တိုင်ပင်ပြီးသား... ပြန်သွားတဲ့အခါ ချီရှန်မြို့ကို လမ်းလွှဲပြီး သွားဖို့ စီစဉ်ထားတယ်...”
“ချီရှန်မြို့ထဲမှာ လင်ရှန်မြို့ကို တိုက်ရိုက်ပို့ပေးတဲ့ ပို့ဆောင်ရေးအစီအရင် တခု ရှိတယ်... ကုန်ကျစရိတ် နည်းနည်းများပေမဲ့ လုံခြုံတယ်...”
“လင်ရှန်မြို့ကို ရောက်သွားတာနဲ့ သူတို့ ဘာမှ မလုပ်ရဲတော့ဘူး... လင်ရှန်မြို့ ရောက်ရင်တော့ အဲဒီကောင်နှစ်ယောက်ကို သေချာပေါက် စာရင်းရှင်းပစ်မယ်…”
“ဝက်ဝံကြီး...”
ဝေကျန့်ချင်းက ယန်ရှုံကို လှမ်းခေါ်လိုက်သည်။
“အဲဒီအချိန်ရောက်ရင် အလျင်စလို မလုပ်မိဖို့ မှတ်ထား... ငါတို့ ဒီတစ်ခေါက် ပြန်သွားတာက နင်ယွဲ့ကို နင်မိသားစုဆီ ပြန်ရောက်အောင် ကူညီဖို့ပဲ...”
ထိုအချိန်တွင် နင်းယွဲ့က ဝင်ပြောလိုက်သည်။
“ကျန့်ချင်း၊ ယန်ရှုံ၊ စိတ်မပူပါနဲ့... မိသားစုကို ပြန်ရောက်တာနဲ့ ဒီကိစ္စအတွက် ရှင်တို့ကို သေချာပေါက် တရားမျှတမှု ပြန်ယူပေးမယ်...”
ထိုည၏ စားသောက်ပွဲသည် ညဉ့်နက်သည်အထိ ဆက်လက် ကျင်းပခဲ့သည်။
ထိုအချိန်အတွင်း လော့လော့က လင်းကျင်းသည် သူတို့နှင့်အတူ လိုက်မည်မဟုတ်ကြောင်း သိသွားသည်။ ထို့ကြောင့် အတော်ကြာ စိတ်မကောင်း ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ နင်ယွဲ့က ချော့မော့ကာ ချွေးသိပ်ပေးရင်း အိပ်ပျော်သွားအောင် လုပ်ပေးလိုက်ရသည်။
“တာအိုရောင်းရင်း လင်း...”
နင်ယွဲ့က စတင်ပြောလိုက်သည်။
“ဒီအချိန်အတွင်း ကျွန်မတို့အပေါ် ပေးခဲ့တဲ့ စောင့်ရှောက်မှုတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်...”
“လမ်းပေါ်မှာ ပျောက်သွားတဲ့ လော့လော့ကို ပြန်ခေါ်လာပေးခဲ့တာက ပထမအကြိမ်...”
“နောက်တော့ မီးအဆိပ်ကင်းခြေများကြီးရဲ့ လက်ထဲကနေ ကျွန်မနဲ့ သမီးကို ကယ်တင်ပေးခဲ့တာက ဒုတိယအကြိမ်...”
“တာအိုရောင်းရင်း လင်း… ရှင်က ကျွန်မတို့သားအမိကို နှစ်ကြိမ်တောင် ကယ်တင်ပေးခဲ့တာ...”
“နင်ယွဲ့ တကယ်ပဲ ကျေးဇူးကြွေးတင်နေပါတယ်...”
ထိုသို့ ပြောပြီး နင်ယွဲ့က လင်းကျင်းကို လေးလေးနက်နက် ဂါရဝပြုလိုက်သည်။
“ဒီလို မလုပ်သင့်ပါဘူး... တာအိုရောင်းရင်း နင် မြန်မြန်ထပါ...”
လင်းကျင်းက အလျင်အမြန် လက်ဆွဲကူကာ ထူပေးလိုက်သည်။
“တာအိုရောင်းရင်း လင်း...”
“အသက်ကယ်ကျေးဇူးအတွက် ကျွန်မမှာ ပြန်ဆပ်နိုင်တာ ဘာမှတော့ မရှိဘူး...”
“ဒီနေ့ ဝေကျန့်ချင်းနဲ့ ယန်ရှုံတို့ ရှိနေတုန်း သူတို့ကို သက်သေအဖြစ် ထားချင်တယ်...”
လင်းကျင်းက နင်ယွဲ့ကို ကြည့်လိုက်သည်။
သူမ ဘာလုပ်ချင်နေသည်ကို မသိပေ။
“သက်သေထားဖို့ လိုသေးလို့လား...”
လင်းကျင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ဝေ့ကျန်းချင်နှင့် ယန်ရှုံတို့လည်း နားမလည်ကြပေ။
သူတို့နှစ်ယောက်လုံး နင်ယွဲ့ကို ကြည့်နေကြပြီး နောက်ဘာလုပ်မည်ကို သိချင်နေကြသည်။
လူသုံးယောက်၏ အကြည့်အောက်တွင် နင်ယွဲ့က ကျောက်စိမ်းစာလွှာတစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါက ကျွန်မတို့ နင်မိသားစုမှာ လက်ဆင့်ကမ်းလာတဲ့ ဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်းပဲ...”
“အရင်တုန်းက ရှင် ကျွန်မကို ဒီအကြောင်း မေးဖူးတယ် မဟုတ်လား...”
“ဒီဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်း သင်ယူထားရင် ဆေးဖော်စပ်ရာမှာ ထိရောက်မှု အများကြီး တိုးလာလိမ့်မယ်... ပြီးတော့ နတ်အာရုံစွမ်းအား အသုံးပြုရတာကိုလည်း လျော့နည်းလာစေမယ်...”
“ကျွန်မ ဒီဆေးဖော်စပ်ခြင်းလမ်းစဉ်ကို ရှင့်ကို လက်ဆင့်ကမ်းပေးချင်တယ်...”
“ဒါက...”
လင်းကျင်းက ခဏတာ တွန့်ဆုတ်သွားပြီးမှ စကားပြောလိုက်သည်။
“တာအိုရောင်းရင်း နင်...”
“ကျွန်တော် သိထားသလောက်တော့ ဆေးဖော်စပ်မျိုးရိုးမိသားစုတွေရဲ့ ဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်းကို အပြင်လူတွေကို ဘယ်တော့မှ လက်ဆင့်ကမ်းလေ့ မရှိဘူးလေ...”
“ခင်ဗျား အခုလို လုပ်တာ တကယ် သင့်တော်ရဲ့လား... ပြီးတော့ ခင်ဗျား သဘောတူတယ်ဆိုရင်တောင် နင်မိသားစုထဲက လူတွေကရော...”
“သူတို့ သဘောတူကြမှာလား...”
ထိုအချိန်တွင် ဝေကျန့်ချင်းလည်း မျက်မှောင်ကြုတ်သွားကာ နင်ယွဲ့ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဒီကိစ္စကို သေချာ စဉ်းစားရမယ်... မင်း တကယ် ဒီလို လုပ်ချင်တာ သေချာရဲ့လား...ဒါက နင်မိသားစုရဲ့ အမွေအနှစ်နဲ့ ဆက်စပ်နေတဲ့ ကိစ္စ...”
“ညီလေး လင်း ပြောသလိုပဲ... မင်းက ညီလေး လင်းကို ပေးချင်တယ်ဆိုရင်တောင် နင်မိသားစုက လူတွေကရော...မင်းရဲ့ အဘိုးကရော...သူတို့ သဘောတူမှာ မဟုတ်လောက်ဘူး...”
“ဒီကိစ္စကြောင့် ညီလေး လင်းကို ပြဿနာတက်စေမယ်ဆိုရင်... အဲဒါ သူ့ကို ဒုက္ခပေးရာ မရောက်ဘူးလား...”
ယန်ရှုံကလည်း ဝင်ရောက် ဖျောင်းဖျလိုက်သည်။
“မိန်းကလေး နင်... ဒီကိစ္စက အသေးအဖွဲ မဟုတ်ဘူး... သေချာ ပြန်စဉ်းစားပါဦး...”
နင်းယွဲ့က ခေါင်းခါလိုက်ပြီး ထပ်မံ ပြောသည်။
“ကျွန်မ သေချာ စဉ်းစားပြီးပါပြီ... ဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်းက အဖိုးတန်တယ် ဆိုပေမဲ့... အကို လင်းရဲ့ အသက်ကယ်ကျေးဇူးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး...”
“ပြီးတော့ ဒီဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်းက နင်မိသားစု ဆေးဖော်စပ်အမွေအနှစ် အားလုံးလည်း မဟုတ်ဘူး...”
“ကျွန်မ နင်မိသားစုရဲ့ တကယ့် အမွေဆက်ခံ ဆေးဖော်စပ်နည်းကျမ်းကို ရယူပြီး... နင်မိသားစုရဲ့ ဆေးဖော်စပ်အမွေအနှစ် ဆက်ခံသူ ဖြစ်သွားတာနဲ့... ဒီဆေးဖော်စပ်ခြင်းလမ်းစဉ်ကျမ်းကို တခြားသူတွေဆီ လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်နိုင်တယ်...”
“ဒါပေါ့... ရန်သူတွေ ဒါမှမဟုတ် တခြား ဆေးဖော်စပ်မျိုးရိုးမိသားစုဝင်တွေကိုတော့ လက်ဆင့်ကမ်းလို့ မရဘူး...”
“တာအိုရောင်းရင်း လင်း...စိတ်ပူစရာမလိုဘဲ လက်ခံလိုက်ပါ...”
ဝေကျန့်ချင်းက စိုးရိမ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“နင်မိသားစုရဲ့ ဆေးဖော်စပ်အမွေအနှစ်ကို မင်း တကယ် ဆက်ခံနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိရဲ့လား… မင်းရဲ့ ဝမ်းကွဲနှစ်ယောက်က မင်းကို ဒီလောက်လွယ်လွယ်နဲ့ အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူးနော်...”
နင်ယွဲ့က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ရက်အနည်းငယ်က သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဖော်စပ်ပြီးတဲ့နောက်... ဆေးဖော်စပ်ခြင်းလမ်းစဉ်အပေါ် ကျွန်မရဲ့ နားလည်မှုက အများကြီး နက်ရှိုင်းသွားတယ်လို့ ခံစားရတယ်...”
“မမျှော်လင့်ထားတဲ့ အဖြစ်အပျက် မရှိဘူးဆိုရင်... အခု ကျွန်မက တတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်နေပြီ...”
“အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်တာနဲ့... တတိယအဆင့် ဆေးလုံးတွေကို စမ်းသပ်ဖော်စပ်နိုင်တော့မယ်...”
“ဘုရားရေ... တတိယအဆင့် ဆေးဖော်စပ်ဆရာလား...”
ယန်ရှုံက အံ့အားသင့်စွာ အော်လိုက်သည်။
နင်ယွဲ့က အတည်ပြုသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့်... နင်မိသားစုရဲ့ ဆေးဖော်စပ်အမွေအနှစ်ကို ဆက်ခံနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ကျွန်မမှာ အပြည့်အဝ ရှိတယ်...”