အခန်း (၁၇) - နင်ယွဲ့၏ မတတ်သာသော တောင်းဆိုချက်
ညစာစားပြီး မကြာခင်မှာပင် လော့လော့ အိပ်ငိုက်လာတော့သည်။ လင်းကျင်းလဲ သူမကို ပွေ့ချီပြီး အိပ်ရာပေါ် တင်ပေးကာ စောင်ကို သေချာခြုံပေးလိုက်သည်။
မကြာမီမှာပင် ခပ်ဖွဖွ ဟောက်သံလေးများ ထွက်ပေါ်လာတော့သည်။ လင်းကျင်းကတော့ ခြံထဲသို့ ပြန်ထွက်လာပြီး လော့လော့၏ အမေ ပြန်လာမည့်အချိန် စောင့်နေကာ သူမ ပြန်ရောက်လာသည်နှင့် လော့လော့ကို ပြန်အပ်ပေးရန် စီစဉ်ထားတော့သည်။
သမီးပျောက်သွားသော မိခင်တစ်ယောက်အနေဖြင့် ယခုအချိန်တွင် အလွန်စိုးရိမ်ပူပန်နေလိမ့်မည် ဖြစ်ပေလိမ့်မည်။
ညနက်သန်းခေါင် ရောက်ခါနီးမှသာ အပြင်ဘက်မှ လှုပ်ရှားသံအချို့ကို လင်းကျင်း ကြားလိုက်ရသည်။ ထို့ကြောင့် သူ ထရပ်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။
ခြံတံခါး ဖွင့်လိုက်သောအခါ လော့လော့၏ အမေကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာမှာ စိတ်ဓာတ်ကျနေပြီး ခန္ဓာကိုယ်ရှိ အားအင်အားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
ခြေလှမ်းများကိုလည်း လေးလံစွာ ရွှေ့ရင်း ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
“တာအိုရောင်းရင်း နင်”
လင်းကျင်းက ခေါ်လိုက်သော်လည်း သူမ မကြားသလိုပင် ဆက်လျှောက်နေသည်။
“တာအိုရောင်းရင်း နင်”
လင်းကျင်းက ဒီတစ်ခါ ပိုကျယ်ကျယ် ထပ်ခေါ်လိုက်သည်။ ထိုအခါမှသာ လော့လော့၏ အမေ သတိပြန်ဝင်လာသည်။
သူမ နောက်ပြန်လှည့်ကြည့်လိုက်တော့ မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိသလို မျက်လုံးများထဲတွင်လည်း အသက်မရှိတော့ပေ။
ထို့နောက် မရေမရာအသံဖြင့် ပြောလိုက်သည်။
“အခု ငါ့ရဲ့စိတ် အခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့။”
ပြောပြီးနောက် သူမ နောက်ပြန်လှည့်ကာ ကိုယ့်အိမ်ဘက်သို့ ဆက်လျှောက်သွားသည်။
“တာအိုရောင်းရင်း နင်၊ လော့လော့က ကျွန်တော့်အိမ်မှာ အနားယူနေပါတယ်။ ကျေးဇူးပြုပြီး လာခေါ်သွားပေးပါ။”
“ဘာပြောလိုက်တယ်”
လော့လော့၏ အမေ အသံက ချက်ချင်း မြင့်တက်သွားသည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ချက်ချင်း လင်းကျင်းရှေ့တွင် ပေါ်လာသည်။
မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။
“ဒီနေ့ လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ လော့လော့ကို ကျွန်တော် တွေ့ခဲ့တယ်။ အဲ့ဒါနဲ့ ကျွန်တော့်အိမ်ကို ခေါ်လာခဲ့တာ။ အခုတော့ သူ အိပ်ပျော်နေပါပြီ။”
လင်းကျင်း စကားမဆုံးသေးခင်မှာပင် လော့လော့၏ အမေ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏအကြာတွင် သူမက ကိုယ့်ခြံထဲ၌ ရောက်နေပြီ ဖြစ်သည်။
“ဒီအမြန်နှုန်းကို ငါ နတ်မြန်နှုန်းမြှင့်အဆောင်ကို သုံးထားရင်တောင် မယှဉ်နိုင်လောက်ဘူး”
လင်းကျင်း အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားသည်။
နှာခေါင်းကို ပွတ်လိုက်ပြီးနောက် ကိုယ့်အိမ်ထဲသို့ ပြန်ဝင်လာသည်။ အခန်းထဲသို့ ဝင်လိုက်သောအခါ လော့လော့၏ အမေကို တွေ့လိုက်ရ၏။
သူမ၏ မျက်လုံးများ စိုစွတ်နေပြီး လော့လော့၏ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်နေသည်။ မျက်နှာထက်တွင်လည်း မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ အပြည့်ရှိနေသည်။
လင်းကျင်းက သူမတို့ကို မနှောင့်ယှက်ခဲ့ပေ။ တိတ်တဆိတ်သာ ရပ်ကြည့်နေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမ သတိပြန်ဝင်လာပြီး လင်းကျင်းရှေ့သို့ လျှောက်လာကာ ဦးညွှတ်လိုက်သည်။
“နင်ယွဲ့က တာအိုရောင်းရင်း လင်း ကျွန်မရဲ့ သမီးကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင်ကျင်းက ပြန်ပြောလိုက်သည်။
“တာအိုရောင်းရင်း နင်က အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ဒါက ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုပါဘဲ။ စကားထဲ ထည့်ပြောစရာတောင် မလိုပါဘူး။”
နင်ယွဲ့က ခေါင်းခါလိုက်သည်။
“အခု ကျွန်မမှာ လော့လော့ပဲ ကျန်တော့တယ်။ သူ့အသက်က ကျွန်မအသက်ပါပဲ။”
“တာအိုရောင်းရင်းရဲ့ ဒီကျေးဇူးကြီးကို နင်ယွဲ့ သေချာပေါက် ပြန်ဆပ်ပါ့မယ်။”
“ကျွန်တော်တို့က အိမ်နီးချင်းတွေပဲ။ အကူအညီသေးသေးလေးဘဲ ကူညီလိုက်တာပါ။ အခုလည်း ညနက်နေပြီဆိုတော့ တာအိုရောင်းရင်း နင်၊ လော့လော့ကို အိမ်ပြန်ခေါ်သွားပြီး စောစောအနားယူလိုက်ပါ။”
လင်းကျင်း သတိပေးလိုက်မှ နင်ယွဲ့ သည် အသိပြန်ဝင်လာပြီး သူမက သူစိမ်းအမျိုးသားတစ်ယောက်၏ အိမ်ထဲတွင် ရှိနေသည်ကို သတိပြုမိသွားသည်။
ဒီအကြောင်းကို တွေးမိလိုက်ချိန်တွင် သူမ၏ ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီရဲလာသည်။
“တာအိုရောင်းရင်း၊ ဒီနေ့ အနှောင့်အယှက် ပေးမိပါတယ်။ မနက်ဖြန်မှ လော့လော့ ကို ခေါ်လာပြီး ကျေးဇူးတင်စကား ပြောပါ့မယ်။”
ပြောပြီးနောက် သူမသည် အိပ်ပျော်နေသော လော့လော့ကို ညင်သာစွာ ပွေ့ချီလိုက်သည်။
ထို့နောက် အပြင်သို့ ထွက်သွားခဲ့ပြီး တံခါးဝသို့ ရောက်သောအခါ နင်ယွဲ့သည် နောက်တစ်ကြိမ် လှည့်ကြည့်ကာ လင်းကျင်းကို အလေးအနက် ဂါရဝပြုလိုက်ပြီး ညအမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
……
နင်ယွဲ့ ထွက်သွားပြီးနောက် လင်းကျင်းသည် ခြံတံခါးကို ပိတ်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
“စနစ်ရဲ့နေရာလွတ်ထဲ ဝင်မယ်။”
အမှန်တော့ လင်းကျင်းသည် နေရာလွတ်စနစ်၏ သတိပေးနယ်ပယ်ကို မိမိ၏ ခြံဝင်းအကျယ်အဝန်းအတိုင်း သတ်မှတ်ထားပြီးသား ဖြစ်သည်။
မည်သူမဆို ခြံထဲသို့ ဝင်လာသည်နှင့် သူ ချက်ချင်း သတိပေးခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ချလက်ချဖြင့် နေရာလွတ်စနစ် ထဲသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နေရာလွတ်စနစ် ထဲတွင်တော့ လင်းကျင်း ချက်ချင်း ကျင့်ကြံရန် အစီအစဉ် မရှိသေးပေ။
ဆေးဖော်စပ်ခန်းကို ဖွင့်ထားပြီးသား ဖြစ်သော်လည်း သူ မစမ်းသပ်ရသေးချေ။
ဒီတစ်ခေါက်တွင်တော့ ဆေးဖော်စပ်ခန်းက မည်သို့ အလုပ်လုပ်သည်ကို အရင် ကြည့်ရှုစစ်ဆေးရန် ရည်ရွယ်ထားပေသည်။
သူ၏ ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် အရည်အချင်းနှင့်ဆိုလျှင် ကျင့်ကြံမှု အဆင့်တက်ရန်မှာ အခြားသူများထက် သေချာပေါက် ပိုခက်ခဲနေပေသည်။
အမှန်လည်း ထိုအတိုင်းပင်။
နေရာလွတ်စနစ် ကဲ့သို့ ဝိညာဉ်စွမ်းအင် ပေါများသည့် နေရာတွင်ပင် သူ ကျင့်ကြံလာသည်မှာ သုံးလကျော် ရှိနေပြီ ဖြစ်သည်။
သုံးလကျော်...
သို့သော် သူ၏ ကျင့်ကြံမှု တိုးတက်မှုမှာ ၈ ရာခိုင်နှုန်းသာ ရှိသေးသည်။ ထို့ကြောင့် သူ ဆေးလုံးများကို သောက်ရမည်။ မဟုတ်ပါက ဘယ်အချိန်မှ အဆင့်တက်နိုင်မည်နည်း။
“ဝိညာဉ်အမြစ်ကို ပြောင်းလဲပေးနိုင်တဲ့ ဆေးလုံးမျိုးသာ ရှိရင်တော့ ပိုကောင်းမှာပဲ။”
လင်းကျင်း စိတ်ကူးယဉ်မိလိုက်သည်။
ဆေးဖော်စပ်ခန်းသို့ ရောက်ပြီးနောက် လင်းကျင်း သည် စိတ်ကို ငြိမ်သက်အောင် ထိန်းညှိလိုက်သည်။
ထို့နောက် ဆေးဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းများအားလုံးကို ပြင်ဆင်လိုက်သည်။ ပြီးနောက် ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
“ဘုန်း!”
ပေါက်ကွဲသံတစ်ခုက ဆေးဖော်စပ်ခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်း လင်းကျင်းသည် နောက်တစ်ကြိမ် ကျရှုံးသွားပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ သူသည် ဒုတိယအိုးကို ဖော်စပ်ရန် အလျင်မလိုတော့ဘဲ ခေါင်းငုံ့ကာ ခုနက ဆေးဖော်စပ်ခဲ့သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည် သုံးသပ်နေခဲ့သည်။
ဒီလိုဖြင့် တစ်နာရီကျော်ကြာပြီးနောက်၊ သူ၏ ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဝလာကာ နတ်အသိစိတ်လည်း အပြည့်အဝ ပြန်ကောင်းလာသည်။
ထို့နောက် လင်းကျင်းသည် ဒုတိယအိုး ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူ၏ ကံကောင်းမှုက ပိုကောင်းနေပုံရသည်။
သူ အောင်မြင်သွားခဲ့သည်။
ဆေးအိုးအဖုံးကို ဖွင့်လိုက်သောအခါ အထဲတွင် အဆာခံဆေးလုံး သုံးလုံး ရှိနေဆဲဖြစ်ပြီး အားလုံးမှာ အဆင့်နိမ့် ဆေးလုံး များသာ ဖြစ်သည်။
သို့သော် သူ၏ ဆေးဖော်စပ်ကျွမ်းကျင်မှုကတော့ သုံးမှတ် တိုးသွားခဲ့သည်။ ဒါဟာ ကောင်းမွန်သော လက္ခဏာတစ်ခု ဖြစ်နေနိုင်သည်။
ထို့နောက် သူသည် အနားယူပြီး တတိယအိုးအတွက် ပြင်ဆင်လိုက်သည်။ သို့သော် တတိယအိုးလည်း မျှော်လင့်သလို မအောင်မြင်ခဲ့ပေ။
ထပ်မံ၍ ပေါက်ကွဲသွားခဲ့ပြန်သည်။
ကံကောင်းသည်မှာ လင်းကျင်း ၏ သုံးချောင်းထောက် ကြေးဆေးအိုးသည် အလွန်ခံနိုင်ရည်ရှိသောကြောင့် ပေါက်ကွဲမှုများ အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း မပျက်စီးခဲ့ပေ။
ဒီလိုဖြင့် ဆေးဖော်စပ်ခြင်း သုံးကြိမ်ပြီးနောက် လင်းကျင်း နေရာလွတ်စနစ်ထဲမှ ပြန်ထွက်လာခဲ့တော့သည်။
……
နောက်တစ်နေ့တွင် နင်ယွဲ့သည် ကျေးဇူးတင်စကား ပြောရန် လော့လော့ ကို ခေါ်လာပြီး ရောက်လာသည်။
“ဦးလေး…”
လော့လော့ ရောက်လာသည်နှင့်တပြိုင်နက် လင်းကျင်း၏ လက်ကို ပြေးဆွဲကိုင်လိုက်ပြီး အပေါ်အောက် လှုပ်ယမ်းနေခဲ့သည်။
မနေ့က ဖြစ်ပျက်ခဲ့သောအရာများကြောင့် သူမသည် လင်းကျင်းနှင့် ပို၍နီးစပ်သွားခဲ့သည်။
နင်ယွဲ့လဲ ခန္ဓာကိုယ်ကွေးညွတ်ကာ လော့လော့ကို ကြည့်ပြီး ပြောလိုက်သည်။
“လော့လော့၊ ဒီနေရာမှာပဲ ကစားနေနော်။”
“သမီးရဲ့ ဦးလေး လင်းနဲ့ မေမေ အရေးကြီးတဲ့ ကိစ္စတွေ အိမ်ထဲမှာ ဆွေးနွေးဖို့ရှိသေးတယ်။ မှတ်ထားနော်၊ ထပ်ပြီး အပြင်ကို မပြေးထွက်ရဘူးနော်၊ ဟုတ်ပြီလား။”
ဒီစကားကိုကြားတော့ လော့လော့က “စိတ်ချပါ မေမေ၊ ဒီခြံထဲမှာပဲနေပါမယ်၊ ဘယ်မှမသွားပါဘူး။” ဟု ပြန်ဖြေလိုက်သည်။
လင်းကျင်းလည်း အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ ဘာအရေးကြီးကိစ္စမို့ ကလေးကိုတောင် မကြားစေချင်အောင် ဖြစ်နေတာလဲ။
……
ထို့နောက် နှစ်ယောက်သား အခန်းထဲသို့ ဝင်သွားကြသည်။ နင်ယွဲ့က တိုက်ရိုက်ပင် အကြောင်းအရာကို ပြောလာသည်။
“တာအိုရောင်းရင်း လင်း၊ ရှင်က မကြာသေးခင်က ဆေးဖော်စပ်ပညာကို လေ့လာနေတာ မဟုတ်လား။”
သူမသည် လင်းကျင်းအခန်းထဲတွင် အကြိမ်များစွာ ဆေးဖော်စပ်ခြင်းအား လေ့ကျင့်နေသည်ကို သိသာစွာ ခံစားမိနေခဲ့သည်။ သူမကိုယ်တိုင်လည်း ဆေးဆရာတစ်ယောက်ဖြစ်သောကြောင့် လှည့်စားလို့ မရပေ။
“အမှန်အတိုင်းပြောရရင် ကျွန်တော် ဆေးဖော်စပ်တဲ့ ပညာကို လေ့လာနေပါတယ်” ဟု လင်းကျင်း ပြန်ဖြေလိုက်သည်။
“ဆေးဖော်စပ်ပညာလမ်းကြောင်းက အလွန်ခက်ခဲတယ်။ အထူးသဖြင့် စတင်လေ့လာသူတွေက အဓိကအချက်ကို မဖမ်းမိဘဲ လမ်းလွဲတတ်ကြပြီး ၁၀ ကြိမ်မှာ ၁ ကြိမ်လောက်သာ အောင်မြင်နိုင်တယ်။”
“ဒါပေမယ့် တစ်ယောက်ယောက်က လမ်းညွှန်ပေးရင် ကိုယ့်ဘာသာ ခက်ခက်ခဲခဲ လုပ်ရတာထက် အများကြီး ပိုကောင်းသွားနိုင်တယ်။ ဒီအကြောင်းကို ရှင်လည်း သိပြီးသားဖြစ်မှာပါ။”
“အမှန်ပဲ၊ ကျွန်တော်လည်း သိထားပါတယ်။” ဟု လင်းကျင်း ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျွန်မ ရှင့်ကို ဆေးဖော်စပ်တဲ့ပညာ သင်ပေးမယ်ဆိုရင်ရော။...”
“ကျွန်မက အခု ဒုတိယအဆင့် ဆေးဆရာ ဖြစ်တာမို့ ကျွန်မရဲ့လမ်းညွှန်မှုနဲ့ဆို ရှင် လမ်းလွဲမှုတွေ အများကြီးကို ရှောင်နိုင်သွားလိမ့်မယ်။”
“ဒါက တကယ်လား၊ တာအိုရောင်းရင်း နင်။…”
ဒီစကားကိုကြားလိုက်ရချိန်တွင် လင်းကျင်း၏ နှလုံးခုန်သံတစ်ချက် တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများသည် နင်ယွဲ့ကို တင်းတင်းကြည့်နေခဲ့သည်။
ဆေးဖော်စပ်ပညာရှင်များသည် များသောအားဖြင့် အလွန်မာနကြီးပြီး ကိုယ့်တပည့်ရင်း မဟုတ်လျှင် အလွယ်တကူ မသင်ပေးကြပေ။
ထို့အပြင် ဆေးဖော်စပ်ပညာကို အပြောတစ်ခွန်းနဲ့ သင်လို့ရသည့်အရာမဟုတ်ဘဲ တစ်ယောက်ကို သင်ပေးခြင်းသည်လည်း အလွန်အားစိုက်ထုတ်ရပေသည်။
သူမ၏ မျက်နှာအမူအရာနှင့် မျက်လုံးအကြည့်ကိုကြည့်လျှင် လိမ်ညာနေခြင်းမဟုတ်ကြောင်း ထင်ရှားသည်။
“ဒီလို ကံကောင်းမှုမျိုး တကယ်ရှိနိုင်တာလား။…” ဟု လင်းကျင်း စိတ်ထဲတွင် တွေးလိုက်မိသည်။
“ဒါက လော့လော့ကို ကူညီခဲ့လို့လား။” ဟု သူမေးလိုက်သည်။
“အဲဒါလည်း ပါတယ်” ဟု နင်ယွဲ့ ပြန်ဖြေလိုက်၏။
“အဲဒါအပြင် ကျွန်မမှာ နည်းနည်း မျက်နှာပူစရာ တောင်းဆိုချက်တစ်ခုလည်း ရှိတယ်။” ဟု သူမ ဆက်ပြောသည်။
သူမ၏ ပါးပြင်များ အနည်းငယ် နီရဲလာပြီး အလွန်ရှက်ရွံ့နေသလို ဖြစ်နေသည်။
“ငါ ထင်ထားသလိုပဲ… အလကားနေရင်း အသားပေါင်မုန့်ညှပ်က ဘယ်လိုလုပ် ကောင်းကင်ပေါ်က ကျလာမှာတုန်း။” ဟု လင်းကျင်း စိတ်ထဲတွင် တွေးလိုက်သည်။
“ပြောပါ တာအိုရောင်းရင်း နင်။”
“ဒီလိုပါ၊ ဒီကာလအတွင်း ကျွန်မ လူတယောက်ရဲ့ အိမ်ကို သွားပြီး ဆေးဖော်စပ်တာ ကူညီရမှာမို့ နေ့ခင်းပိုင်းမှာ အိမ်မပြန်နိုင်ဘူး။ ဒါကြောင့် နေ့ခင်းပိုင်းမှာ ရှင်က လော့လော့ကို စောင့်ရှောက်ပေးစေချင်တယ်။”
“မနေ့က ဖြစ်ခဲ့တာတွေကိုလည်း ရှင်သိတယ်။ သူ့ကို တည်ခိုခန်းမှာ တစ်ယောက်တည်းထားခဲ့ရင် ကျွန်မ တကယ် စိတ်မချနိုင်လို့ပါ။”
ဒီစကားကို ပြောပြီးနောက် နင်ယွဲ့သည် မျှော်လင့်ချက်အပြည့်ဖြင့် လင်းကျင်းကို ကြည့်နေသည်။
“ကျွန်တော် ထင်တာ အရမ်းကြီးတဲ့ တောင်းဆိုမှု တခုလို့ ထင်ခဲ့တာ။”
“ဒါပဲလား… ဒါက ကိစ္စသေးသေးလေးပါ၊ ပြဿနာမရှိဘူး။”