ကမ္ဘာမြေဆွဲအားမျှော်စင်အတွင်းတွင် တပည့်များစွာသည် တင်ပျဉ်ခွေထိုင်ကာ ပြင်းထန်သော ဖိအားများအောက်တွင် သူတို့၏ ကျင့်စဉ်များကို လည်ပတ်ရန် ရုန်းကန်နေကြရသည်။
အချို့မှာ လေပြင်းများ ထွက်ပေါ်လာသည်အထိ လေးလံသော တူများကို ဝှေ့ယမ်းနေကြပြီး အချို့မှာမူ ကျောပေါ်တွင် ကြီးမားသော ကျောက်တုံးများကို ထမ်းကာ ဖားခုန်သကဲ့သို့ ခုန်ပေါက်နေကြသည်။
ရူဇီမိုနှင့် လင်းရုဟုတို့ အထဲသို့ လှမ်းဝင်လိုက်သည်နှင့် အရပ်မျက်နှာအနှံ့မှ ပြင်းထန်သော အားတစ်ခုက သူတို့ကို ရုတ်တရက် ရိုက်ခတ်လာသည်။
ရူဇီမိုမှာ အနည်းငယ် နှေးကွေးသွားသော်လည်း လှုပ်ရှားနိုင်ဆဲဖြစ်ပြီး အခြေအနေမှာ သိပ်မဆိုးလှပေ။
သို့သော် လင်ရုဟုအတွက်မူ ထိန်းမနိုင်သိမ်းမရ ပြေးလာသည့် မြင်းလှည်းတစ်စီးနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ထိုဖိအားအောက်တွင် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။
"ကမ္ဘာမြေဆွဲအားကို အင်အားနဲ့ အတင်းမတုံ့ပြန်နဲ့" ဟု ရူဇီမိုက တည်ငြိမ်စွာ အကြံပေးလိုက်သည်။ "အသက်ကို ဝဝရှူ။ မင်းရဲ့ခန္ဓာကိုယ်ကို ဖိအားနဲ့ လိုက်လျောညီထွေဖြစ်အောင် ထားလိုက်။ စိတ်ကို လျှော့ထား။ ကမ္ဘာမြေဆွဲအားရဲ့ စီးဆင်းမှုကို ခံစားပြီး အဲဒါနဲ့အတူ လိုက်ပြီး လှုပ်ရှားကြည့်။"
လင်းရုဟုသည် ချက်ချင်းပင် မျက်လုံးများကို မှိတ်ကာ အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း အသားကျလာလေသည်။
...
ရူဇီမိုက သူ၏ အခြေခံကို စတင် လေ့ကျင့်ပြီး မကြာမီမှာပင် တပည့်တစ်စုက သူ့အနားတွင် ဝိုင်းအုံလာကြသည်။
ရှေ့ဆုံးတွင် ရပ်နေသည်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး သိသာထင်ရှားစွာပင် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသူဖြစ်သည်။ သူမသည် မာနထောင်လွှားသော အမူအရာဖြင့် ရူဇီမိုထံ လျှောက်လာပြီး "ရူဇီမော့၊ လင်းရုဟု၊ နင်တို့ ဒီမှာ ဘာလာလုပ်နေတာလဲ။ ထုံးစံအတိုင်း ပြဿနာလာရှာတာလား" ဟု မေးမြန်းလိုက်သည်။
ရူဇီမိုက သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမမှာ ဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦး၏ မြေးမလေးဖြစ်သူ လျောင်ရူရန် ဖြစ်သည်။
"မင်းနဲ့ မဆိုင်ပါဘူး" ဟု ရူဇီမိုက အေးစက်စွာ ပြန်ဖြေလိုက်သည်။
"အေးလေ! သူများကိစ္စ လာမရှုပ်နဲ့။ ဇီမိုက နင်နဲ့ လက်ထပ်မှာ မဟုတ်ဘူး" ဟု လင်းရုဟုက ဘေးမှ အော်ပြောလိုက်သည်။
ထိုမဟာအကြီးအကဲနှင့် ဒုတိယဂိုဏ်းချုပ် ရူချင်းရှန်းတို့မှာ ကာလရှည်ကြာကပင် မသင့်မြတ်ကြပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဂိုဏ်းချုပ်ကြီး ထွက်ခွာသွားစဉ်တွင် မဟာအကြီးအကဲက အာဏာကို ရရှိဖို့ မျှော်လင့်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် ရူချင်းရှန်းသာ ရွေးချယ်ခံခဲ့ရသည်။ မဟာအကြီးအကဲမှာ ထိုကိစ္စကို ဘယ်သောအခါမှ လက်မခံနိုင်ခဲ့ပေ။
ဒီနှစ်များတစ်လျှောက် 'စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း' အတွင်းတွင် အုပ်စုနှစ်စု သဘာဝအလျောက် ကွဲပြားလာခဲ့သည်။ တစ်စုမှာ ရူချင်းရှန်းနှင့် မျိုးဆက်သစ်လူငယ်များ ဦးဆောင်သည့် အုပ်စုဖြစ်ပြီး နောက်တစ်စုမှာ မဟာအကြီးအကဲများ ဦးဆောင်သည့် အုပ်စုဖြစ်သည်။
(Note : စစ်မှန်သော သိုင်းမြင့်မြတ်နယ်မြေကို နယ်မြေနေရာတွင် ဂိုဏ်းဟုပြောင်းလဲအသုံးပြုမည်)
...
လျောင်ရူရန်သည် ရူဇီမို၏ အမူအရာကြောင့် အလွန်အမင်း ဒေါသထွက်သွားသည်။ "နင်သာ တကယ် သတ္တိရှိရင် ငါနဲ့ ယှဉ်ပြိုင်ကြည့်မလား!"
"စိတ်မဝင်စားဘူး" ဟု ရူဇီမိုက သမ်းဝေရင်း ပြန်ဖြေကာ သူမကို လက်ကာပြလိုက်သည်။ "တခြားနေရာမှာ သွားဆော့ချေ။ ငါ့ကျင့်စဉ်လေ့ကျင့်တာကို လာမနှောင့်ယှက်နဲ့။"
"နင် ကြောက်နေရင်လည်း အမှန်အတိုင်း ဝန်ခံလိုက်ပေါ့။ နင် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရင် ငါ နင့်ကို လွှတ်ပေးလိုက်မယ်" ဟု လျောင်ရူရန်က မာနတခွဲသားဖြင့် ပြောလိုက်သည်။
ရူဇီမို ခေါင်းခါလိုက်သည်။ သူမသည် အမှန်တကယ်ပင် အလိုလိုက်ထားခံရသည့် မင်းသမီးလေးတစ်ပါးနှင့် တူလှသည်။
သို့သော်လည်း သူမက မဟာအကြီးအကဲ၏ မြေးမလေး ဖြစ်နေသဖြင့် သူမ၏ အလိုကို လိုက်မည့်သူများ ဝိုင်းဝိုင်းလည်နေပေလိမ့်မည်။ ၎င်းမှာ သူ၏ အရင်ဘဝက နေထိုင်ခဲ့ပုံနှင့် သိပ်ပြီး ထူးမခြားနားလှပေ။
"ငါ မကြောက်ပါဘူး" ဟု သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ စိန်ခေါ်ပွဲတွေမှာ ပုံမှန်အားဖြင့် လောင်းကြေးရှိတတ်တယ်လေ။ ငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်မယ့် ဘာလောင်းကြေး မင်းမှာ ရှိလို့လဲ။"
လျောင်ရူရန် ခဏ စဉ်းစားလိုက်သည်။ "နင် နိုင်ရင် ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။"
"မလိုဘူး" ဟု ရူဇီမိုက ချက်ချင်း လက်ခါပြလိုက်သည်။ "မင်းပြောမယ့် 'လျှို့ဝှက်ချက်' ဆိုတာက မင်း ငါ့ကို တစ်သက်လုံး ကြိတ်ချစ်နေခဲ့တာပါဆိုတဲ့ ကိစ္စမျိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
ထိုစကားကြောင့် ဝိုင်းကြည့်နေသည့် တပည့်များကြားတွင် ရယ်သံများ ပွက်လောရိုက်သွားသည်။
"နင်... အရှက်မရှိလိုက်တာ!" လျောင်ရူရန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး သူ့ကို လက်ညှိုးထိုးကာ "နင် နိုင်ရင် ငါ့အဘိုးရဲ့ နတ်ေဆးပညာရှိငှက်က လွန်ခဲ့တဲ့ ရက်ပိုင်းက ငှက်ပေါက်လေး နှစ်ကောင် ပေါက်တယ်ဆိုတာ ငါပြောပြမယ်။ ဘယ်လိုလဲ?"
ရူဇီမို၏ မျက်နှာ အနည်းငယ် ဆွံ့အသွားသည်။ "ငါ မင်းရဲ့ လျှို့ဝှက်ချက်ကို ရုတ်တရက် စိတ်မဝင်စားတော့ပြန်ဘူး။ တခြားဟာ ပြောင်းလို့ ရမလား"
ဘေးနားတွင် ရှိနေသော လင်းရုဟုမှာ 'နတ်ေဆးငှက်' ဆိုသည့် အသံကြားရုံနှင့် မျက်လုံးများ ပြူးသွားကာ လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း တစ်ခုခုကို ကြံစည်နေသည့် အကြည့်များဖြင့် ကြည့်နေသည်။
နတ်ေဆးငှက် (Alchemy Fowls) များမှာ ရှားပါးပြီး တန်ဖိုးကြီးလှသည့် ဝိညာဉ်ငှက်များဖြစ်ကာ ပိုက်ဆံဖြင့် ဝယ်ယူရန်ပင် မဖြစ်နိုင်ပေ။
၎င်းတို့သည် မသေဆေးပင်များကို ပြုစုစောင့်ရှောက်ရာတွင် အလွန်ထူးချွန်ကြပြီး မြေဩဇာကျွေးခြင်း၊ မြေဆွပေးခြင်းနှင့် ပိုးမွှားနှိမ်နင်းခြင်းတို့ကို ဥယျာဉ်စောင့်များသဖွယ် လုပ်ဆောင်ပေးကြသည်။
'နတ်ေဆးပညာရှိငှက်' (Alchemy Sage-Fowls) များမှာမူ ထိုအထဲတွင်မှ အထူးချွန်ဆုံး အဆင့်မြင့်ငှက်များ ဖြစ်ကြသည်။
သူတောင်းစားများ၏ ဘုရင်မှာလည်း သူတောင်းစားပင် ဖြစ်သော်လည်း သူသည် အခြားသူတောင်းစားများနှင့် အဆင့်အတန်း ကွာခြားသကဲ့သို့ပင် ဖြစ်သည်။
၎င်းတို့ကို မွေးဖွားချိန်မှစ၍ ဝိညာဉ်ဆေးပင်များဖြင့်သာ ကျွေးမွေးထားသဖြင့် ၎င်းတို့၏ အသားနှင့် အညစ်အကြေးများတွင်ပင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေတတ်သည်။
၎င်းတို့၏ အသားကို တစ်လုပ်မျှ စားရုံဖြင့် သာမန်လူတစ်ယောက်၏ သက်တမ်းကို တစ်နှစ်ခန့် ပိုရှည်စေနိုင်သည်ဟု ဆိုကြသည်။
"ဒါဆို နင်က ဘာလောင်းကြေး လိုချင်လို့လဲ" ဟု လျောင်ရူရန်က သတိထားကာ မေးလိုက်သည်။
"မင်းအဘိုးရဲ့ 'ကောင်းကင်နက်ကျား' (Darksky Tiger) က မကြာသေးခင်က 'ေမွးဖွားခြင်းနွားလား' (Reincarnation Ox) နဲ့ ခိုးစားရာကနေ သားပေါက်လေးတွေ ရထားတယ်လို့ ငါကြားမိတယ်" ဟု ရွှီဇီမော့က ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်သည်။
"နင် ဘာလုပ်ဖို့ ကြံနေတာလဲ" လျောင်ရူရန်က ချက်ချင်းပင် သတိကြီးစွာဖြင့် မေးလိုက်သည်။ "အဘိုးက အဲဒီသားပေါက်လေးတွေကို မျက်နှာသာပေးတဲ့အနေနဲ့ သူများကို ပေးဖို့ စီစဉ်ထားပြီးသား။ ငါ အလွယ်တကူ ယူလို့ မရဘူး။"
"ငါ အဲဒီ အကောင်ပေါက်လေး နှစ်ကောင် လိုချင်တယ်" ဟု ရူဇီမိုက တိုက်ရိုက်ပင် ပြောလိုက်သည်။ "မင်း မပေးချင်ရင်လည်း ငါတို့ တိုက်ခိုက်စရာ မလိုဘူး။ ဒါ့အပြင် မင်းက မင်းအဘိုးရဲ့ အချစ်ဆုံး မြေးမလေးပဲ မဟုတ်လား။ အကောင်ပေါက်လေး နှစ်ကောင် ခိုးထုတ်လာတာက မင်းအတွက် ဘာမှမဟုတ်ပါဘူး။ ဒါမှမဟုတ်... မင်းအဘိုးက မင်းကို အဲဒီနှစ်ကောင်လောက်တောင် တန်ဖိုးမထားဘူးလို့ ဆိုလိုတာလား"
"ဘယ်သူက ပြောလဲ!" လျောင်ရူရန်က ဒေါသတကြီး ပြန်အော်သည်။ "ငါ့အဘိုးက ငါ့ကို အလိုအလိုက်ဆုံးပဲ! ငါ... ငါ... ကောင်းပြီ၊ ငါ သဘောတူတယ်!"
"ကောင်းပြီ။ ဒါဆို ဘယ်လို ယှဉ်ပြိုင်ကြမလဲ" ဟု ရွှီဇီမော့က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
"ရိုးရိုးရှင်းရှင်းပဲ။ တိုက်ခိုက်ကြမယ်၊ နိုင်တဲ့သူက အကုန်ရမယ်" ဟု လျောင်ရူရန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"မတရားဘူး!" လင်းရုဟုက အော်ပြောသည်။ "နင်က ကျင့်စဉ်ကို လေ့ကျင့်နေတာ နှစ်ဝက်တောင် ရှိနေပြီ။ ဇီမို့က အခုမှ စတာ။ သူ နင့်ကို ဘယ်လိုမှ မနိုင်နိုင်ဘူး။"
"ဒါဆို နင်က ဘယ်လိုလုပ်ချင်လဲ" လျောင်ရူရန်က သူမ၏ ကျားစွယ်လေးများ ပေါ်သည်အထိ နှုတ်ခမ်းဆူကာ စိုက်ကြည့်လိုက်သည်။
"ငါ့မှာ အကြံတစ်ခု ရှိတယ်" ဟု ကမ္ဘာမြေဆွဲအားမျှော်စင်၏ ဒုတိယထပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ကြရာ လူငယ်တစ်ဦး ဖြည်းဖြည်းချင်း ဆင်းလာသည်ကို မြင်လိုက်ရသည်။
သူသည် အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ထင်ရှားသော မျက်နှာပေါက်၊ မြင့်မားသော နှာတံတို့ဖြင့် ကြည့်ကောင်းသူတစ်ဦး ဖြစ်သည်။ သူ၏ ဆံပင်ရှည်များကို သေသပ်စွာ စည်းနှောင်ထားပြီး ခါးတွင် စိမ်းဖန့်ဖန့် ကျောက်စိမ်းရောင် ဓားတစ်စင်းကို ဆွဲထားသည်။
"စီနီယာ အစ်ကိုတော် ကျုံးရှင်း" ဟု လျောင်ရူရန်က ဝမ်းသာအားရ အော်ဟစ်ကာ ပြေးသွားသည်။
"ညီမငယ်လေး" ဟု ကျုံးရှင်းက နွေးထွေးစွာ ပြောလိုက်သည်။ "အပြင်လောကက အန္တရာယ်များတယ်။ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေနဲ့ ဝေးဝေးမှာ နေသင့်တယ်။"
ရူဇီမို ထိုလူကို ကြည့်လိုက်သည်။ ကျံုးရှင်းမှာ မဟာအကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သိုင်းလောကတွင် 'အလင်းစီးကြောင်း ဓားသမား' (Lightflow Swordsman) ဟု လူသိများသူ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ တပည့်များစွာသည် သူ့ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အထင်ကြီးခံရစေရန်အတွက် အလုအယက် သွားရောက် နှုတ်ဆက်ကြသည်။
"ဒါနဲ့ မင်းရဲ့ အကြံက ဘာလဲ" ဟု ရူဇီမိုက ပြတ်သားစွာ မေးလိုက်သည်။
"မလောပါနဲ့ဦး" ဟု ကျုံးရှင်းက တည်ငြိမ်သော အပြုံးဖြင့် ပြန်ဖြေသည်။ "အခုလေးတင် ရူရန်က မင်း နိုင်ရင် အကောင်ပေါက် နှစ်ကောင် ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ မင်း ရှုံးရင်ကော? မင်းက ဘာလောင်းကြေးမှ မပြောရသေးဘူးလေ။"
"ငါ ရှုံးရင်" ဟု ရူဇီမိုက ပြောလိုက်သည်။ "ငါ့ရဲ့ တတ်နိုင်စွမ်းအတွင်းက တောင်းဆိုချက် တစ်ခုခုကို ဖြည့်ဆည်းပေးမယ်။"
"ကောင်းပြီ" ဟု ကျုံးရှင်းက ခေါင်းညိတ်လိုက်သည်။ "မင်း ရှုံးရင် ငါက အများကြီး မတောင်းဆိုပါဘူး။ ဒီသန့်စင်နယ်မြေက လူ
အားလုံးရဲ့ ရှေ့မှာ ခွေးလိုမျိုး သုံးကြိမ် ဟောင်ပြရုံပဲ။ ဘယ်လိုလဲ?”