ယခုရောက်ရှိလာသော အဖွဲ့သစ်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း သုံးဦးပါဝင်သည်။ ၎င်းတို့အားလုံးသည် ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံများကို ဆင်မြန်းထားကြပြီး တောက်လောင်နေသော မီးလျှံမြင်းများကိုယ်စီ စီးနင်းလာကြသည်။
"နေမင်းမြင့်မြတ်ဂိုဏ်းက တပည့်တွေပဲ" ရှောင်ကွေ့က မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။
နေမင်းမြင့်မြတ်ဂိုဏ်း သည်လည်း အနောက်ဘက်ဒေသ၏ ဧကရာဇ်မျိုးဆက် တစ်ခုပင် ဖြစ်သည်။ ၎င်းကို မဟာဧကရာဇ် ရှန်းရီက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သမိုင်းတစ်လျှောက် ဧကရာဇ်လေးပါးအထိ ပေါ်ထွန်းခဲ့သည့် စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း နှင့် နှိုင်းယှဉ်ပါက ဧကရာဇ်တစ်ပါးသာ ထွက်ပေါ်ဖူးသည့် နေမင်းမြင့်မြတ်ဂိုဏ်း၏ အစဉ်အလာမှာ များစွာမှေးမှိန်လှသည်။
ထိုတပည့်သုံးဦးသည်လည်း ရူဇီမိုတို့အဖွဲ့ကို သတိပြုမိသွားသည်။ ခါးတွင် ဓားချိတ်ထားသော ခေါင်းဆောင်ဖြစ်သူက နှာခေါင်းတစ်ချက်ရှုံ့ကာ မောက်မာလှသော အမူအရာဖြင့် ရူဇီမိုတို့ကို အဖက်ပင်မလုပ်ဘဲ ကျော်တက်မောင်းနှင်သွားသည်။
စစ်မှန်သောသိုင်းမြင့်မြတ်ဂိုဏ်းသည် အနောက်ဘက်ဒေသ၏ အကြွင်းမဲ့အရှင်သခင် ဖြစ်နေသောကြောင့် နေမင်းမြင့်မြတ်ဂိုဏ်းကဲ့သို့သော အခြားဧကရာဇ်မျိုးနွယ်စုများမှာ ၎င်းတို့ရှေ့တွင် ခေါင်းငုံ့နေကြရစမြဲဖြစ်ရာ နှစ်ဖက်ဆက်ဆံရေးမှာ အမြဲတစေ တင်းမာလျက်ရှိသည်။
"သူက ဘာကို ဒီလောက် အောက်ခြေလွတ်နေတာလဲ" လောင်ကွေ့က မကျေမနပ် ရေရွတ်လိုက်သည်။
"ကြည့်ရတာ အမြင်ကတ်စရာကောင်းနေရင်လည်း စောက်ခွက်သွားရိုက်လေ၊ ဘာကိစ္စ အောင့်သက်သက် လုပ်နေမှာလဲ" ရူဇီမိုက ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ "ငါရှိတယ်လေ၊ မင်း ဘာကို ကြောက်နေတာလဲ"
"စီနီယာအစ်ကို... ဒီစကားကို စောင့်နေတာဗျ" လောင်ကွေ့က အားရပါးရ ပြုံးလိုက်သည်။ သူသည် ရှေ့မှသုံးဦးကို ကြည့်ရင်း လက်ဖဝါးတွင် ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် ညာလက်ကို ဝေ့ယမ်းကာ ဓားသွားသဏ္ဌာန် ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုကို ခေါင်းဆောင်ဖြစ်သူထံသို့ လွှတ်လိုက်လေသည်။
ထိုစွမ်းအင်သည် မီးလျှံမြင်း၏ခြေထောက်ကို ကွက်တိထိမှန်သွားရာ မြင်းမှာ နာကျင်စွာ ဟီသံပေးလျက် လဲကျသွားတော့သည်။ ထိုတပည့်မှာလည်း မမျှော်လင့်ဘဲ မြေပြင်ပေါ်သို့ အရှက်တကွဲ လွင့်စဉ်ကျသွားတော့သည်။
"မင်းတို့... ဘာလုပ်တာလဲ!" ထိုတပည့်သည် ဒေါသတကြီး ထရပ်ကာ ခါးမှဓားကို ဆွဲထုတ်ပြီး ရွှေဇီမိုတို့ကို စိုက်ကြည့်ကာ အော်ဟစ်တော့သည်။
"မင်းစောက်ခွက်ကို ကြည့်ရတာ ငါက သဘောမကျလို့ပဲ၊ ဘာဖြစ်လဲ" လောင်ကွေ့က လှောင်ပြုံးပြုံးရင်း သူ၏ သံတုတ်ကို ဆွဲထုတ်ကာ စကားပင် ထပ်မဆိုတော့ဘဲ ပြေးဝင်တိုက်ခိုက်လေသည်။
၎င်းတို့နှစ်ဦး လုံးထွေးတိုက်ခိုက်နေစဉ် ရူဇီမိုသည် အမျိုးသမီးတပည့်ရှိရာသို့ မြင်းကို ဦးတည်လိုက်သည်။ အခြားအမျိုးသားတပည့်ကမူ ၎င်းကို မြင်သောအခါ ဓားကို အမြန်ဆွဲထုတ်ပြီး အမျိုးသမီး၏ရှေ့တွင် ပိတ်ရပ်ကာ ရူဇီမိုကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ကလေးလေး... ငါတို့အစ်ကိုဇီမို မိန်းကလေးနဲ့ စကားပြောနေတုန်း လာမရှုပ်နဲ့လေ" လင်းရူဟော့က မြင်းပေါ်မှ လေထဲသို့ ခုန်တက်ကာ လက်သီးနှစ်ဖက်ဖြင့် ထိုဓားကိုင်တပည့်ကို ဝင်ရောက်တိုက်ခိုက်လိုက်ပြန်သည်။
အမျိုးသမီးတပည့်သည် ရူဇီမိုကို သတိကြီးစွာ အကဲခတ်နေပြီး ညာလက်မှာ ဓားရိုးပေါ်တွင် အသင့်ရှိနေသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ ညီမလေး" ရူဇီမိုက နောက်ပြောင်သော အပြုံးဖြင့် မေးလိုက်သည်။
"ရှင်... ဘာလုပ်မလို့လဲ" သူမက စိုးရိမ်တကြီးဖြင့် မေးကာ မြင်းကို နောက်သို့ ဆုတ်လိုက်သည်။
ရူဇီမိုက ဝီစီတစ်ချက်မှုတ်ကာ "ကိုယ်လုံးကိုယ်ပေါက်လေးက မဆိုးဘူးပဲ" ဟု ခပ်ရွှတ်ရွှတ် ဆိုလိုက်သည်။
"ရှင့်အလုပ်မဟုတ်ဘူး" သူမက ရွံရှာသော အမူအရာဖြင့် ရင်ဘတ်ကို လက်ဖြင့် ကာထားလိုက်သည်။
"ဆယ်မိုင်မြို့ကို ဘာကိစ္စနဲ့ လာတာလဲ" ရူဇီမိုက ခပ်အေးအေးပင် ဆက်မေးသည်။
"ရှင့်ကို ပြောစရာ အကြောင်းမရှိဘူး"
ရူဇီမိုက ထပ်မမေးတော့ဘဲ ဖြူဖွေးသော အလင်းတန်းတစ်ခုကိုသာ သူမ မြင်လိုက်ရသည်။ ၎င်းသည် အလွန်မြန်ဆန်လှသော ဓားဆွဲထုတ်သည့် နည်းစနစ်ဖြစ်ပြီး အဖြူရောင် ဓားစွမ်းအင်သည် လောင်ကွေ့နှင့် တိုက်ခိုက်နေသော အမျိုးသားတပည့်၏ လက်ကောက်ဝတ်ကို ဒိုင်းခနဲ ထိမှန်သွားသည်။
ထိုသူမှာ နာကျင်လွန်း၍ လက်ထဲမှ ဓားမှာ မြေသို့ လွတ်ကျသွားသည်။ လောင်ကွေ့၏ သံတုတ်သည် ထိုသူ၏ နဖူးနှင့် သုံးလက်မအကွာတွင် အချိန်ကိုက် ရပ်တန့်သွားသည်။
"မင်း စကားမပြောဘူးဆိုရင်တော့ သူ သေရလိမ့်မယ်" ရူဇီမိုက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှင်က... ငါတို့ နေမင်းမြင့်မြတ်ဂိုဏ်းနဲ့ စစ်ခင်းချင်နေတာလား" အမျိုးသမီးတပည့်က မျက်နှာပျက်ကာ အော်ဟစ်လိုက်သည်။
"ခင်းချင်လည်း ခင်းပေါ့" ရူဇီမိုက ရယ်မောရင်း ပြန်ပြောသည်။ "စစ်မှန်သောသိုင်းမြင့်မြတ်ဂိုဏ်းက မင်းတို့ကို ကြောက်နေမယ် ထင်လို့လား။ ဒါပေမဲ့ တကယ့်မေးခွန်းက မင်းတို့လို အရေးမပါတဲ့သူတွေအတွက်နဲ့ နေမင်းမြင့်မြတ်နယ်မြေက တကယ်ပဲ စစ်ခင်းရဲပါ့မလား ဆိုတာပဲ"
အမျိုးသမီး၏ မျက်နှာမှာ ပျက်သွားသည်။ သူမသည် စိုးရိမ်ပူပန်စွာဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးမှ "ကောင်းပြီ... ငါပြောမယ်၊ ဒါပေမဲ့ ငါ့စီနီယာအစ်ကိုကို အရင်လွှတ်ပေး" ဟု ပြောလိုက်သည်။
"မင်းမှာ အပေးအယူလုပ်နိုင်တဲ့ အခွင့်အရေး မရှိဘူး" ရူဇီမိုက ခေါင်းခါရင်း ပြောသည်။
လောင်ကွေ့က သူ၏တုတ်ကို ပြန်ရုပ်လိုက်ပြီး ထိုတပည့်၏ ရင်ဘတ်ကို ကန်ချလိုက်သည်။ ထိုသူမှာ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ် လဲကျသွားပြီး ရူဇီမိုကို ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"သူ့ကို မထိပါနဲ့တော့... ငါပြောပါ့မယ်!" အမျိုးသမီးတပည့်က အလျင်အမြန်ပင် ဆိုသည်။ "ဆယ်မိုင်မြို့က အချမ်းသာဆုံးသူဌေးကြီး မာစတာဟူရဲ့ အိမ်မှာ သရဲခြောက်နေတယ်ဆိုတဲ့ သတင်းကြောင့် ကျွန်မတို့ သရဲနှင်ဖို့ တာဝန်ပေးခံရလို့ လာတာပါ"
ရူဇီမို စဉ်းစားသွားသည်။ သူတို့အားလုံးမှာ တာဝန်တစ်ခုတည်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ... မာစတာဟူက ဒီတာဝန်ကို ငါတို့ဂိုဏ်းတစ်ခုတည်းတင်မကဘဲ တခြားဂိုဏ်းတွေကိုလည်း ကမ်းလှမ်းထားပုံရတယ်"
ရူဇီမို၏ ယခင်ဘဝတုန်းကလည်း ဤတာဝန်ကို ယူခဲ့ဖူးသော်လည်း နေမင်းမြင့်မြတ်ဂိုဏ်းမှ မည်သူနှင့်မျှ မဆုံခဲ့ဖူးချေ။ ထိုစဉ်က သူသည် အရောက်နောက်ကျခဲ့ခြင်း ဖြစ်ပုံရသည်။ ဤတပည့်များသည် သူ မရောက်ခင်ကပင် သေဆုံးသွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
ရူဇီမိုက ပြုံးလျက် လင်းရူဟူတို့ကို လက်ဝေ့ယမ်းပြကာ "သွားကြစို့" ဟု ပြောလိုက်သည်။
...
ရူဇီမိုတို့အဖွဲ့ ထွက်ခွာသွားချိန်တွင် ကျန်ရစ်ခဲ့သော တပည့်ဖြစ်သူမှာ တိတ်ဆိတ်စွာပင် ဒေါသအငြိုးများဖြင့် ကြည့်နေတော့သည်။
မာစတာဟူသည် ဆယ်မိုင်မြို့တွင် အင်အားအကြီးဆုံးနှင့် အချမ်းသာဆုံး မိသားစု၏ အကြီးအကဲဖြစ်သည်။ ရူဇီမိုတို့အဖွဲ့ ဟူအိမ်တော်သို့ ရောက်ရှိလာသောအခါ အစေခံတစ်ဦးက အကြောင်းကြားပေးလိုက်ရာ အရောင်စုံဝတ်ရုံများကို ဝတ်ဆင်ထားသော အလတ်တန်းစား အမျိုးသားတစ်ဦး ထွက်လာသည်။
သူသည် အစိမ်းနုရောင် ဦးထုပ်ကို ဆောင်းထားသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့ကာ မျက်အိတ်များမှာလည်း အိပ်ရေးပျက်လွန်း၍ ဖောင်းအစ်နေပြီး အလွန်နုံးချိနေပုံရသည်။
"နောက်ဆုံးတော့ သူရဲကောင်းတို့ ရောက်လာကြပြီပဲ" ဟု သူက စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ကြိုဆိုသည်။ "ကျွန်တော် နေ့တိုင်း ကြောက်စိတ်နဲ့ နေနေရတာ၊ အကူအညီ ရောက်လာတော့မှာ မဟုတ်ဘူးလို့တောင် ထင်နေခဲ့တာ"
သူက အဖွဲ့ကို ဧည့်ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။ ရူဇီမိုက အနည်းငယ် ပြုံးကာ "မာစတာဟူကလည်း အားနာစရာကြီးဗျာ" ဟု ဆိုလိုက်သည်။
"ခရီးသွားလာရတာ ပင်ပန်းလာကြမှာမို့ စားစရာတွေ ပြင်ထားပါတယ်" မာစတာဟူက နုံးချိသော အပြုံးဖြင့် ပြောသည်။ "စားရင်းသောက်ရင်း စကားပြောကြတာပေါ့"
ရူဇီမိုက ခေါင်းညိတ်လိုက်သည်။ ၎င်းတို့ စားသောက်တော့မည့်အချိန်မှာပင် အစေခံတစ်ဦး ဝင်လာပြီး နေမင်းမြင့်မြတ်ဂိုဏ်းမှ တပည့်များ ရောက်ရှိလာကြောင်း အကြောင်းကြားသည်။
"ကောင်းတာပေါ့" မာစတာဟူက ပြောသည်။ "ကံကြမ္မာကြောင့် အားလုံး တစ်ချိန်တည်းမှာ ဆုံကြတာပဲ၊ အခုဆိုရင် ကျွန်တော် ပိုပြီး စိတ်အေးသွားပါပြီ"
သူက ထိုသူများကိုလည်း အထဲသို့ ခေါ်သွင်းလိုက်သည်။ နေမင်းမြင့်မြတ်နယ်မြေမှ တပည့်များသည် ရူဇီမိုတို့ကို မြင်လိုက်ရသည်နှင့် မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။
"မင်းတို့က ဒီမှာ ဘာလုပ်နေတာလဲ" ဟု ဓားကိုင်ထားသော ဝမ်တောက်က မေးလိုက်သည်။
"ခင်ဗျားတို့ အချင်းချင်း သိကြတာလား" မာစတာဟူက အခြေအနေကို ထိန်းညှိရန် ကြိုးစားသည်။
ထို့နောက် သူက အားလုံးကို ဘေးခန်းမတစ်ခုသို့ ခေါ်ဆောင်သွားကာ ထိုင်စေပြီး အချင်းချင်း မိတ်ဆက်ပေးသည်။
နေမင်းမြင့်မြတ်နယ်မြေမှ လူများမှာ - ဓားကိုင်ထားသူ ဝမ်တောက်၊ ဓားကောက်ကိုင်ထားသူ စန်းလင် နှင့် အမျိုးသမီးတပည့် ရှောင်ယု တို့ ဖြစ်ကြသည်။
"ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြပါဦး၊ ခင်ဗျားပေးထားတဲ့ အချက်အလက်တွေက သိပ်မစုံလင်ဘူး" ဟု စန်းလင်က မာစတာဟူကို လှည့်၍ အေးဆေးစွာ မေးလိုက်လေသည်။
Note : “မြင့်မြတ်ဂိုဏ်း”တွေနေရာမှာ မူရင်းအတိုင်း “မြင့်မြတ်နယ်မြေ”ပြောင်းသုံးပါမည်။