“သခင်လေး အမိန့်ပေးတော်မူပါ...”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အမှောင်ရိပ် (၁၃) က ခေါင်းငုံ့ကာ လျှောက်တင်လိုက်သည်။
“စီတုမျိုးနွယ်စုရဲ့ ခေါင်းဆောင်... စီတုယွင်ထျန်း”
Note : စီတုယွင်ထျန်း အပြောင်းလဲသုံးပါမည်
ရှုဇီမိုက ခပ်အေးအေးပင် မိန့်ကြားလိုက်သည်။ အမှောင်ရိပ် (၁၃) သည် ခဏမျှ မှင်တက်သွားပြီးနောက် ဦးညွှတ်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် အခန်းထဲမှ အစအနမကျန် လေထဲသို့ ပျော်ဝင်ကွယ်ပျောက်သွားတော့သည်။
ရှုဇီမိုသည် တိတ်ဆိတ်သွားသော အခန်းထဲ၌ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တိမ်တိုက်များကြားမှ ထွက်ပေါ်လာသည့် လပြည့်ဝန်းကြီးကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“နှမြောစရာပဲ... ငါအလိုရှိတာက ငါ့စကားကို မြေဝယ်မကျ နားထောင်မယ့် ခွေးတစ်ကောင်လို မျိုးနွယ်စုမျိုးပဲ။ ဒါပေမဲ့ မင်းက ကိုယ်ပိုင်အကြံအစည်တွေ အရမ်းများနေခဲ့တာကိုး”
...
စီတုမျိုးနွယ်စု အိမ်တော်၏ အတွင်းဆောင်ထဲတွင် စီတုယွင်ထျန်းသည် အဝတ်အစားလဲပြီးခါစ ရှိသေးသော်လည်း ယနေ့ဖြစ်ပျက်ခဲ့သည်များကို တွေးတောကာ စိတ်မအေးနိုင်ဖြစ်နေသည်။ အရာရာက ဒီလောက်အလွယ်တကူ ပြီးဆုံးသွားမည်မဟုတ်ဟု သူ အလိုလို ခံစားနေရသည်။ ရှုဇီမို၏ သဘောထားမှာ အမှန်တကယ်ပင် ခန့်မှန်းရ ခက်လွန်းလှသည်။
ထိုစဉ် ရုတ်တရက် လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်လာပြီး အခန်းထဲရှိ မီးအိမ်များ ဝုန်းခနဲ ငြိမ်းသွားခဲ့သည်။ စီတုယွင်ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြတင်းပေါက်နားတွင် တိတ်တဆိတ် ရောက်ရှိနေသည့် အမှောင်ရိပ်တစ်ခုကို မြင်လိုက်ရသည်။ ယခုအချိန်အထိ သူ ဘာအရိပ်အယောင်မျှ မခံစားခဲ့ရပေ။
အသက်ရှူကျပ်မတတ် ပြင်းထန်လှသော ‘ဖျက်စီးခြင်းမရီဒန် အဆင့်’ အရှိန်အဝါသည် အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
“ဘယ်သူလဲ!”
စီတုယွင်ထျန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ‘စစ်မှန်သော မရီဒန်အဆင့်’စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် သူ၏နှလုံးခုန်သံများ မြန်ဆန်လာသည်။ အခန်းထဲရှိ ဖိအားမှာ မြူနှင်းများကဲ့သို့ ထူထပ်လာစဉ် ထိုဝတ်စုံနက်နှင့်လူသည် ဓားကို အသာအယာ မြှောက်လိုက်ပြီး လေထုထဲ၌ ပုံရိပ်ယောင်တစ်ခုအလား လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
စီတုယွင်ထျန်း၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူ အံ့အားသင့်သွားပြီး တုံ့ပြန်ရန် အချိန်မရခင်မှာပင် တစ်ကိုယ်လုံး အေးစိမ့်သွားသည့် ဝေဒနာကို ခံစားလိုက်ရသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်သောအခါ မိမိ၏ခါးပိုင်းမှာ တိခနဲ အပိုင်းပိုင်း ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် လုပ်ကြံသူကို ကြည့်ရန် ခေါင်းမော့ရန် ကြိုးစားသော်လည်း စကားတစ်လုံးမျှ မထွက်နိုင်တော့ပေ။ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီးနောက် ကြမ်းပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
...
မြစ်ကမ်းနား စားသောက်ဆိုင်သို့ အမှောင်ရိပ် (၁၃) ပြန်ရောက်လာပြီး သတင်းပို့ရာ ရှုဇီမိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
“သူ သေပြီဆိုတော့လည်း တစ်ယောက်ယောက်က ဒီအပြစ်ကို ခေါင်းခံရမှာပေါ့” ဟု ရှုဇီမိုက အေးဆေးစွာ ပြောလိုက်သည်။
“ဘာကို ဆိုလိုတာလဲ သခင်လေး”
“စီတုမျိုးနွယ်စုက အကြီးအကဲ သုံးယောက်ဟာ အပြစ်တင်ဖို့ ရွေးချယ်စရာ အကောင်းဆုံးပဲ” ရှုဇီမိုက သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ သူတို့က ဘာလို့ ဒီအပြစ်ကို လိုလိုလားလား ခေါင်းခံကြမှာလဲခင်ဗျာ”
“လူတိုင်းက တစ်ခုခုအတွက် အသက်ရှင်နေကြတာပဲလေ။ စည်းစိမ်၊ အာဏာ၊ ရမ္မက် ဒါမှမဟုတ် ခွန်အားပေါ့” ရှုဇီမိုက လှောင်ပြုံးကလေးဖြင့် ပြန်ဖြေလိုက်သည်။
...
ညတာ ကုန်ဆုံး၍ နံနက်မိုးလင်းသည့်အခါ တစ်ခုလုံးသော စီတုအိမ်တော်ကြီးမှာ ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေတော့သည်။ စီတုယွင်ထျန်း သေဆုံးမှုသည် မြို့တော်ရှိ အင်အားစုများကို တုန်လှုပ်သွားစေခဲ့သည်။ မိသားစုတစ်ခုလုံး ပူဆွေးနေကြသည်။
စီတုယွင်ချင်းသည် အလောင်းဘေးတွင် ဒူးထောက်နေပြီး လူတိုင်း၏မျက်နှာကို တစ်ခုခု သိလိုသည့်အလား လိုက်လံ အကဲခတ်နေသည်။ သူမ ပြန်ရောက်လာချိန်ကစပြီး စီတုယွင်ထျန်းသည် သူမအပေါ် ကြင်နာမှုများသာ ပြသခဲ့သဖြင့် ယခုလို အသက်မဲ့နေသော ဖခင်ကို မြင်လိုက်ရသောအခါ သူမ အလွန်အမင်း ဝမ်းနည်းကြေကွဲသွားရသည်။
ရှုဇီမိုသည် လူအုပ်ကြားမှ တိုးထွက်လာပြီး အလောင်းအနီးတွင် ဒူးထောက်ကာ သက်ပြင်းချလိုက်သည်။
“ညီနောင် ယွင်ထျန်း... ငါတို့ တစ်ကြိမ်ပဲ ဆုံရသေးပေမဲ့ သူရဲကောင်းချင်း ကိုယ်ချင်းစာမိပါတယ်။ မင်းနဲ့ ဘဝအကြောင်းတွေ အများကြီး ဆွေးနွေးချင်ခဲ့တာ... ဒါပေမဲ့ တစ်ညပဲ ကျော်လိုက်ရတယ်၊ သေခြင်းတရားက ငါတို့ကို ခွဲသွားပြီ။ လူကောင်းတွေ အသက်တိုတယ်ဆိုတာ ကံကြမ္မာက တကယ်ပဲ ကစားလွန်းတာပဲ”
“စီနီယာအစ်ကို... အရမ်း ဝမ်းမနည်းပါနဲ့တော့။ သေတဲ့လူက ပြန်မလာနိုင်တော့ဘူးလေ” ဟု လောင်ကွေ့က နှစ်သိမ့်လိုက်သည်။
Note : ‘’ရှောင်ကွေ့’ ‘ကွေ့လေး’ နေရာတွင် ‘လောင်ကွေ့’အဖြစ်ပြောင်းလဲသုံးစွဲပါမည်။
“ငါသိပါတယ်... ဒါပေမဲ့ ဒါက တကယ့်ကို ကြေကွဲစရာပါပဲ” ရှုဇီမိုက မျက်ဝန်းထဲတွင် ခံစားချက်အပြည့်ဖြင့် ပြန်ပြောသည်။ သူသည် တိတ်ဆိတ်စွာ ငိုကြွေးနေသော စီတုယွင်ချင်းဘက်သို့ လှည့်ကာ အသာအယာ ပြောလိုက်သည်။ “အရမ်း စိတ်မပူပါနဲ့။ အခု အရေးကြီးဆုံးက လူသတ်သမားကို ရှာပြီး မင်းအဖေအတွက် ကလဲ့စားချေဖို့ပဲ”
စီတုယွင်ချင်းက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပြီး ရှုဇီမိုကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ “ရှင်က စွမ်းဆောင်ရည်မြင့်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကို ကူညီပေးနိုင်မလားဟင်”
“ငါ မကူညီချင်တာ မဟုတ်ပါဘူး” ရှုဇီမိုက တွန့်ဆုတ်နေဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက မင်းတို့မိသားစုရဲ့ အတွင်းရေးကိစ္စလေ။ ပြင်ပလူတစ်ယောက်အနေနဲ့ ငါ ဝင်ပါရင် ကောလာဟလတွေ ထွက်လာလိမ့်မယ်။ မင်းအဖေရဲ့ နာရေးကို အမြန်ဆုံး စီစဉ်လိုက်ပါ... ငါ တိုက်ရိုက် ဝင်မပါနိုင်ပေမဲ့ အမှောင်ထဲကနေတော့ စောင့်ကြည့်ပေးပါ့မယ်”
...
“အစ်ကို ဇီမို... အစ်ကိုက စီတုမျိုးနွယ်စုကို သိမ်းပိုက်ဖို့ ကြံနေတာလား” ပြန်လမ်းတွင် လင်းရုဟူက မေးလိုက်သည်။
“မင်း သတိထားမိသွားတာလား” ရှုဇီမိုက ရယ်မောလိုက်သည်။ “ဒါပေမဲ့ အချိန်မတန်သေးဘူး။ မီးက အရှိန်မပြင်းသေးဘူးလေ”
“ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ” ဟု လောင်ကွေ့က မေးသည်။
“ဝမ့် (Wang) မျိုးနွယ်နဲ့ ဝမ် (Wan) မျိုးနွယ်စုတွေဆီ သွားပါ။
Note : ဝမ့် မျိုးနွယ် နဲ့ ဝမ် မျိုးနွယ်မတူပါဘူး။
သူတို့ အချင်းချင်း ပေါင်းပြီး စီတုမျိုးနွယ်စုရဲ့ စီးပွားရေးတွေကို ဖိအားပေးဖို့ ပြောလိုက်။ ပြီးတော့ လောင်ကွေ့... မင်းကတော့ စီတုယွင်ထျန်းရဲ့ သားသုံးယောက်ကြားထဲမှာ ပြဿနာတွေ သွားရှုပ်ပေး။ သူတို့ အချင်းချင်း မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် လုကြအောင် လုပ်လိုက်”
“စိတ်ချပါ သခင်လေး။ စီတုမျိုးနွယ်စုတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားစေရမယ်”
“အရာရာက သူတို့ ထိန်းချုပ်မှုအပြင်ဘက် ရောက်သွားတဲ့အခါကျမှ ငါက ဝင်ပြီး ရှင်းလင်းပေးမယ်” ရှုဇီမိုက ခပ်အေးအေးပင် ဆိုလိုက်သည်။ “ငါက စီတုယွင်ချင်းကို ငါ့ဘက်တော်သားအဖြစ် လိုလိုလားလား ပါလာစေချင်တာ။ လူဆိုးဆိုပေမဲ့ ငါတို့က အသိဉာဏ်ရှိတဲ့ လူဆိုးတွေပဲ။ ငါက သူမရဲ့ သစ္စာရှိမှုကိုပါ လိုချင်တာ။ ပြီးတော့ အမှောင်ရိပ် (၁၃)... ကောင်းကင်ဓားမြို့တော် (Skysword City) ကို သွားပြီး ချန်ခုန် ကို ရှာပါ။ သူ့ကို ဒီကို ခေါ်လာခဲ့”