အခန်း ၃၃။ အယ်လ်ဘတ်ရဲ့ အသန်မာဆုံး ဘီလူးကြီးလား?
"ကာဟားဟားဟား! အရက်ရှိသေးလား?!"
ဧရာမ ရုပ်ခန္ဓာကြီးတစ်ခုက တောအုပ်ကို ခွဲထွက်လာပြီး ဂိုးအင်းမဲရီသင်္ဘောဘေးတွင် ရပ်တန့်သွားသည်။ ဘီလူးကြီး၏ အသံကျယ်ကြီးက သင်္ဘောပေါ်မှ ပင်လယ်ဓားပြသုံးဦးကို စူးစမ်းစွာ ကြည့်ရှုရင်း ပဲ့တင်ထပ်သွားသည်။
"ဘီလူးကြီး?!"
ဥဆော့ နှင့် နာမီတို့သည် ကမ်းစပ်တွင် ရယ်မောနေသော ဘီလူးကြီးကို ကြည့်ကာ အံ့အားသင့်သွားသည်။ သူတို့နှစ်ဦးစလုံး ကြောက်လန့်ပြီး လှုပ်ရှားနိုင်ခြင်းမရှိဘဲ ရပ်တန့်သွားကြသည်။
"အော်၊ အရက်လား? ရှိပါတယ်" ရှီရိုဂိုင်က သူတို့ရှေ့ကို ဝင်ရပ်လိုက်ပြီး အေးဆေးစွာ ပြုံးပြောသည်။ "ကော်ရိုးဦးထုပ် ပင်လယ်ဓားပြအဖွဲ့ရဲ့ လက်ဖက်ရည်ကြမ်း 'မိီးေတာက်ဓား ' ကို မြည်းစမ်းကြည့်ပါဦး"
ရှီရိုဂိုင်းက ဒီဘီလူးကြီးက ဖော်ရွေတယ်ဆိုတာ သိထားပေမဲ့ အဲဒါက မူရင်းဇာတ်လမ်းထဲမှာပဲ ဖြစ်သည်။ သူ့ရောက်ရှိမှုကြောင့် ဖြစ်ပေါ်လာတဲ့ လိပ်ပြာတောင်ပံခတ်မှု ကြောင့် ဘာမဆို ပြောင်းလဲသွားနိုင်တာကို သူသတိပြုမိသည်။
ဘရိုဂျီက ခေါင်းကို နောက်သို့ ပစ်ချကာ ရယ်မောသည်။ "ကာဟားဟားဟား! မီးေတာက်ဓား နာမည်က ထူးဆန်းလိုက်တာ! စိတ်လှုပ်ရှားဖို့ ကောင်းမယ့်ပုံပဲ!"
ရှီရိုဂိုင်းက ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ "မင်း နောက်ကျောကို သတိထားတာ ကောင်းလိမ့်မယ်"
"ငါ့ နောက်ကျောကိုလား?"
ဘရိုဂျီက နားမလည်စွာ နောက်လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ဧရာမ တိုင်ရန် ဒိုင်နိုဆောကြီးက သူ့ကို ခုန်အုပ်လိုက်သည်။
ရှူး!
အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်သွားသည်။ ပုဆိန်က အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ဒိုင်နိုဆော၏ လည်ပင်းကို ပြတ်တောက်သွားစေသည်။ ဦးခေါင်းသည် လေထဲသို့ လွင့်စင်သွားပြီး ဘရိုဂျီ၏ လက်ထဲသို့ ကျရောက်လာသည်။
ကျန်ရှိနေသော ခန္ဓာကိုယ်ကြီးမှာလည်း အသံပြုကာ တောအုပ်ထဲသို့ လဲကျသွားသည်။
"ကာဟားဟားဟား!"
ဘရိုဂျီက သွေးစွန်းနေသော ဒိုင်နိုဆောခေါင်းကို ကိုင်ထားလျက် ရှီရိုဂိုင်ကို ကြည့်ကာ ရယ်မောသည်။
"ကျေးဇူးပဲ၊ တိုက်ခိုက်ရေးသမားလေး! မင်းရဲ့ အကြည့်တွေက ထက်မြက်သားပဲ! ငါကတော့ ဘရိုဂျီ—အယ်လ်ဘတ်ရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးသမားပဲ!"
"ရှီရိုဂိုင် … သူက တကယ်ကို ဘီလူးကြီးပဲ"
ဥဆော့နှင့် နာမီတို့သည် ရှီရိုဂိုင်ကို အတင်းဖက်တွယ်ထားပြီး ဖြူဖျော့တုန်ရီနေသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဘရိုဂျီ-ဆန်" ရှီရိုဂိုင်က လက်ပိုက်ပြီး ယဉ်ကျေးစွာ ပြောသည်။ "ကျွန်တော်က ရှီရိုဂိုင် ယာမီကူရိုပါ။ ဒီနှစ်ယောက်ကတော့ ကျွန်တော့်အဖွဲ့သားတွေပါ—နှာခေါင်းရှည်က ဥဆော့၊ ဒီအမျိုးသမီးကတော့ နာမီပါ။ ကျွန်တော်တို့က ကောကိရိုးဦးထုပ် ပင်လယ်ဓားပြအဖွဲ့ကပါ"
"ဘရိုဂျီ-ဆန် ဟုတ်လား? ကာဟားဟား! ဒါဆိုရင် မင်းတို့လည်း ပင်လယ်ဓားပြတွေပေါ့!"
ဘရိုဂျီက ပြုံးရွှင်ကာ ဒိုင်နိုဆောခေါင်းကို ဆုဖလားတစ်ခုလို မြှောက်ပြသည်။
"မင်းတို့ဆီမှာ အရက်ရှိတယ်၊ ငါ့ဆီမှာ အသားရှိတယ်! ငါ့နောက်ကို လိုက်ခဲ့ကြ။ ငါ မင်းတို့ကို တကယ့် ပွဲတော်ကြီးတစ်ခုလို ကျွေးမွေးမယ်!"
"အဲဒီခေါင်းက သွေးတွေ ကျနေတုန်းပဲ..."
ဥဆော့နှင့် နာမီတို့သည် သတိလစ်မတတ် ဖြစ်သွားပြီး သင်္ဘောကြမ်းပြင်ပေါ်သို့ နောက်ပြန်လှဲချကာ သတိလစ်ဟန်ဆောင်လိုက်သည်။
ဘရိုဂျီက ခေါင်းကုတ်သည်။ "သူတို့ ဘာဖြစ်တာလဲ?"
ရှီရိုဂိုင် က ရယ်မောပြီး ဥဆော့၏ နံဘေးကို ခြေထောက်ဖြင့် အသာတို့သည်။ "သူတို့က ရောဂါတစ်ခုရှိတယ်။ ဘီလူးကြီးတွေကို ကြည့်မိရင် သတိလစ်သွားတတ်ကြတယ်"
"ငါ့ကို မတို့နဲ့!" ဥဆော့ က တိုးတိုးလေး ပြောသည်။ "ရှီရိုဂိုင်၊ သေယောင်ဆောင်နေ! ဘီလူးကြီးတွေက သေကောင်တွေကို မစားဘူးမလား?"
နာမီကလည်း တိုးတိုးပြန်ပြောသည်။ "သူတို့က လှုပ်ရှားနေတဲ့ သားကောင်ကိုပဲ စားတာ ဖြစ်နိုင်တယ်…"
ရှီရိုဂိုင်းက မျက်စိလှန်ပြီး မီးဖိုချောင်ဆီ လမ်းလျှောက်သွားသည်။ "ဘရိုဂျီ-ဆန်၊ ကျွန်တော် မီးတောက်ဓား အရက်ဘူးအချို့ ယူလာခဲ့မယ်။ ဒါက တကယ့် အရသာရှိတဲ့ အရက်ပါ"
ဘရိုဂျီက ကျယ်လောင်စွာ ရယ်မောသည်။ "ကာဟားဟားဟား! အရက်ကောင်းကောင်းသောက်ရတာ ကြာပြီ—ငါတော့ မစောင့်နိုင်တော့ဘူး!"
သူ၏ ရယ်သံကြီးက တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ငှက်များ ပျံတက်ကုန်သည်။
ထိုအချိန်တွင် ဥဆော့ နှင့် နာမီတို့သည် သတိလစ်ဟန်ဆောင်လျက် လုံးဝ မလှုပ်ဘဲ ငြိမ်နေကြသည်။
...
ကျွန်း၏ အခြားတစ်နေရာတွင်—
လူဖီ၊ ဗီဗီနှင့် ကာရူးတို့သည် ဒုတိယမြောက် ဘီလူးကြီး ဒေါ်ရီနှင့် တွေ့ဆုံနေသည်။
"ညာဟားဟားဟား!"
ဒေါ်ရီက လူဖီကို လက်ဖဝါးပေါ်တင်ကာ ရယ်မောသည်။ "မင်း ဒီလည်ပင်းရှည် တိရစ္ဆာန်တွေကို တစ်ယောက်တည်း တိုက်ခဲ့တာလား? အထင်ကြီးဖို့ ကောင်းလိုက်တာ! ငါတို့ဆီ ဧည့်သည်တွေ လာတာ ကြာပြီ—ငါ မင်းတို့ကို ကောင်းကောင်း ကျွေးမွေးမယ်!"
လူဖီ၏ ပါးစပ် ဟသွားသည်။ "ဝိုး! မင်းက အရမ်းကြီးတာပဲ! မင်းက လူရော ဟုတ်ရဲ့လား?"
ဒေါ်ရီက ကျယ်လောင်စွာ ရယ်မောသည်။ "လူလား? ညာဟားဟား! ငါက ဒေါ်ရီ—အယ်လ်ဘတ်ရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးသမားပဲ! ငါက ဘီလူးကြီး ဖြစ်သလို လူလည်း ဟုတ်တာပေါ့!"
ဗီဗီက သစ်ပင်နောက်မှ ခိုးကြည့်သည်။ "ဘီလူးမျိုးနွယ်… ကြားတော့ ကြားဖူးပါတယ်၊ ဒါပေမဲ့ တကယ့်အပြင်မှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး!"
လူဖီက ဘာမှမဖြစ်သလို ပြုံးသည်။ "ငါက လူဖီ၊ ပင်လယ်ဓားပြတစ်ယောက်! အောက်မှာ ရှိတာက ဗီဗီနဲ့ ကာရူး။ တွေ့ရတာ ဝမ်းသာပါတယ်!"
"လူဖီ! ဘာလို့ ငါ့ကို မိတ်ဆက်ပေးနေတာလဲ!" ဗီဗီက ရင်ဘတ်ကို ဖိထားရင်း တိုးတိုးအော်သည်။ ကာရူးမှာမူ မျက်လုံးများ လှန်ကာ သတိလစ်သွားသည်။
လူဖီက ဒေါ်ရီ၏ အရွယ်အစားကို အထင်ကြီးနေသည်။ "မိုက်လိုက်တာ။ ရှီရိုဂိုင်ရဲ့ မီးခိုးဘီလူးပုံစံကိုတော့ မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြီးမားလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"မီးခိုးဘီလူ ?"
ဒေါ်ရီက မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ်" လူဖီက ပြောသည်။ "ရှီရိုဂိုင်က သူ့ရဲ့ မီးခိုးအသီးကို သုံးတဲ့အခါ မီးခိုးတွေကို စုစည်းပြီး ဧရာမ ခန္ဓာကိုယ်ကြီးကို ဖန်တီးနိုင်တယ်။ သူက အရမ်းကြီးတာ! မင်းထက်တောင် ကြီးသေးတယ်။ တစ်ခါက ပင်လယ်ကို ထိုးလိုက်တာ ဒီရေလှိုင်းလိုတောင် ဖြစ်သွားသေးတယ်! ဝေလငါး လာဘွန်းကိုတောင် ပစ်လိုက်သေးတာ!"
"ညာဟားဟားဟား!"
ဒေါ်ရီက သူ၏ ဓားကို ပခုံးပေါ်တင်ကာ ရယ်မောသည်။ "အဲဒီ ရှီရိုဂိုင် ဆိုတဲ့ကောင် ပျော်ဖို့ကောင်းမယ့်ပုံပဲ! လာခဲ့၊ ငါ့အိမ်ကို ခေါ်သွားမယ်—သူရဲကောင်းတွေလို စားသောက်ကြတာပေါ့!"
သူက ဗီဗီနှင့် ကာရူးကို အသာအယာ ပွေ့ယူကာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က သူနေထိုင်ခဲ့သည့် တောအုပ်ထဲရှိ နေအိမ်သို့ ဦးဆောင်သွားသည်။
တပ်... တပ်... တပ်…
...
အခြားတစ်နေရာတွင်—
ဇိုရိုနှင့် ဆန်ဂျီတို့သည် တောအုပ်ထဲမှ တစ်ချိန်တည်း ထွက်လာကြပြီး ဧရာမသားကောင်ကြီးတွေကို ဆွဲလာကြသည်။
"ဇိုရို"
"ဆန်ဂျီ"
သူတို့နှစ်ဦး စူးစူးဝါးဝါး ကြည့်နေကြသည်။
"ငါနိုင်တယ်" ဟု တစ်ပြိုင်နက်တည်း ကြေညာလိုက်သည်။
သူတို့၏ အကြည့်များမှာ ပို၍ ပြတ်သားလာသည်။
"မင်း ရှုံးတယ်"
"ဟမ်? မင်းက အရှုံးသမားလေ!"
"မဖြစ်နိုင်တာ။ ရှင်းကြရအောင်!"
ထိုသို့နှင့် သူတို့နှစ်ဦး တိုက်ခိုက်ကြတော့သည်။ အသက်စတေးရမည့်အလား သားကောင်၏ အရွယ်အစားကို ယှဉ်ပြိုင်နေကြသည်။
...
ဧရာမ သားကောင်၏ အရိုးစုအောက်တွင်—
အသားကင်ရနံ့များ ထုံမွမ်းနေသည်။ ဘရိုဂျီ ရှိနေသည့်အတွက်သာ မဟုတ်လျှင် တောထဲမှ သားရဲများက ထိုနေရာကို ဝိုင်းအုံနေလောက်ပြီဖြစ်သည်။
"အာား!"
ဘရိုဂျီက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"စပ်လိုက်တာ! ငါတော့ ပေါက်ကွဲတော့မယ်!"
သူသည် မီးတောက်ဓား အရက်တစ်စည်လုံးကို သောက်လိုက်ပြီး လည်ပင်းကို ကိုင်ကာ မျက်နှာများ နီရဲလျက် မျက်လုံးများ ပြူးကျယ်သွားသည်။
"ရှီရိုဂိုင် ဘာလုပ်နေတာလဲ?! ဘီလူးကြီးကို ဒေါသထွက်အောင် မလုပ်နဲ့လေ!"
ဥဆော့ နှင့် နာမီတို့သည် အရိုးစုအောက်တွင် "သတိလစ်" လျက် တုန်ရီနေကြသည်။
ရှီရိုဂိုင်းကမူ ဘရိုဂျီ၏ မျက်နှာချင်းဆိုင်တွင် အေးဆေးစွာ ထိုင်နေသည်။
"တစ်ခါတည်း အများကြီး မသောက်နဲ့လို့ ပြောသားပဲ ဘရိုဂျီ-ဆန်"
သူကိုယ်တိုင်လည်း အရက်ခွက်ကို မော့သောက်လိုက်ပြီး နီရဲနေသော်လည်း တည်ငြိမ်နေသည်။
"ဒါက သန့်စင်ပြီးသား အရက်ပါ။ အချဉ်ဖောက်ထားတာ ပြင်းတယ်၊ ပြီးတော့ အရက်ပါဝင်မှု ပိုများအောင် မီးနဲ့ အပူပေးထားတာ"
ဗျင်း!
ဘရိုဂျီသည် ကျယ်လောင်စွာ လေထုတ်လိုက်ပြီး ရယ်မောလိုက်သည်။
"ကာဟားဟားဟား! အဲဒါက တကယ့်ကို ပြင်းတာပဲ! အံ့သြဖို့ကောင်းတယ်! ရှီရိုဂိုင်၊ ထပ်ပြီး ခွက်ချင်းတိုက်ကြရအောင်!"
"Cheers."
ရှီရိုဂိုင် က ခွက်ကို မြှောက်ကာ ဘရိုဂျီ၏ ဧရာမ အရက်စည်ကြီးနှင့် တိုက်လိုက်သည်။
ဘီလူးကြီးနှင့် လူသားသည် ထိုပြင်းထန်သော အရက်ကို တစ်ပြိုင်နက်တည်း မော့သောက်လိုက်ကြသည်။
...
တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၊ ဖယောင်းအိမ်တစ်ခု၏ အပြင်ဘက်တွင်—
လူနှစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်ပြီး မျက်နှာပျက်နေကြသည်။
မစ္စတာ ၃ က လက်ဖက်ရည်သောက်နေရာမှ မော့ကြည့်လိုက်ပြီး ခပ်ကွန့်ကွန့် ပြုံးသည်။
"ဒါဆို... မစ္စတာ ၅။ မစ္စ ဗယ်လန်တိုင်း။ မင်းတို့ရဲ့ အရှုံးအကြောင်း ငါကြားပြီးပါပြီ"
သူသည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ မဲ့ပြုံးပြသည်။
"မင်းတို့တော့ ကိစ္စရှုပ်ကုန်ပြီ"
မစ္စတာ ၅ က စူးစူးရဲရဲ ကြည့်သည်။ "အဲဒီ ဘီလူးကြီးကြောင့်ပါ။ သူသာ မပေါ်လာရင်—"
မစ္စတာ ၃ က စကားဖြတ်ပြောသည်။ "အဲဒါ မင်းတို့ ပြဿနာပဲ။ မင်းတို့က ခွန်အားကိုပဲ အားကိုးလွန်းတယ်၊ ဉာဏ်ကို သုံးဖို့ မေ့နေကြတယ်"
သူသည် လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"ငါ အကုန်လုံးကို စီစဉ်ပြီးပြီ။ ငါ့အစီအစဉ်အတိုင်း လုပ်ရင် ဒီအယ်လ်ဘတ် ဘီလူးကြီးနှစ်ကောင်ကို အသုံးချပြီး ဘယ်ရီသန်း ၁၀၀ ဆုကြေးရထားတဲ့ အဲဒီလူသစ်ကို ဖယ်ရှားပစ်လို့ရလိမ့်မယ်။
ငါတို့ ကောင်းကောင်း ကစားနိုင်ရင် အမြတ်အများကြီး ထွက်လာမှာ”