အခန်း(၁) စနစ်ချို့ယွင်းချက်။
အရှေ့ပင်လယ်၊ အမည်မဲ့ကျွန်း
အသားအရေ ဖြူဖွေးကာ ဆံပင်အနက်ရောင် တိုတိုနှင့် လူငယ်တစ်ဦးသည် ပင်လယ်ကမ်းစပ်တွင် ပက်လက်အနေအထားဖြင့် လှဲလျောင်းနေသည်။ သူ၏ မျက်လုံးများကို မှိတ်ထားပြီး ပင်လယ်လေပြေက သူ၏ မျက်နှာပေါ်သို့ ဖြတ်သန်းတိုက်ခတ်နေသည်။
"..."
ပင်လယ်ရနံ့သင်းေသာ လေပြေက ရှီရိုဂိုင် ယာမိကူရို၏ သတိကို တဖြည်းဖြည်းချင်း ပြန်လည်နိုးထစေသည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါတွင် စက်သံပါသော အသံချိုချိုတစ်ခုက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
[အိမ်ရှင်သည် ဝမ်းပိစ် လောကသို့ ကူးပြောင်းလာခဲ့ပြီ။ ဘုရားအဆင့် နားလည်နိုင်စွမ်း စနစ် အောင်မြင်စွာ အသက်ဝင်သွားပါပြီ။ အိမ်ရှင်သည် ယခုအချိန်မှစ၍ အမြင့်ဆုံးအဆင့် ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် အမြင့်ဆုံးအဆင့် ကျွမ်းကျင်မှုများကို ကူးယူနိုင်စွမ်း ရရှိသွားပါပြီ။
ဘုရားအဆင့် နားလည်နိုင်စွမ်း စနစ်၏ အခြားလုပ်ဆောင်ချက်များကို အိမ်ရှင်ကိုယ်တိုင် ဆက်လက်ရှာဖွေနိုင်ပါသည်။
ဝမ်းပိစ်လောကတွင် စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခုဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။]
ရှီရိုဂိုင် မျက်တောင်ခတ်လိုက်သည်။
သူ ကူးပြောင်းလာခဲ့ပြီ။
အခြားနေရာမဟုတ်၊ ဒါဟာ ဝမ်းပိစ်လောကပဲ။
ပြီးတော့ စနစ်တစ်ခုက သူ့ဆီမှာ ချိတ်ဆက်ထားလိုက်ပြီ။
သူ ထိုင်လိုက်ပြီး အဝတ်အစားပေါ်က သဲတွေကို ခါထုတ်လိုက်ကာ သူ့ပတ်ဝန်းကျင်ကို ထက်မြက်ပြီး တွက်ချက်မှုရှိသော မျက်လုံးများဖြင့် အကဲခတ်လိုက်သည်။
ကြည့်ရသလောက်တော့ လူသူမရှိသော ကျွန်းငယ်လေးတစ်ခု ဖြစ်ပုံရသည်။ ရေချိုတော့ ရနိုင်ဖွယ်ရှိသော်လည်း အစားအသောက်အတွက်ကတော့ မသေချာပေ။
သူ့ရဲ့ ပထမဆုံးဦးစားပေးကတော့ နေစရာရှာပြီး အနီးနားက မြို့တစ်မြို့ကို ပို့ပေးမယ့် သင်္ဘောတစ်စင်းကို စောင့်ဆိုင်းဖို့ပဲ ဖြစ်သည်။
ဘုရားအဆင့် နားလည်နိုင်စွမ်းစနစ်အကြောင်းကတော့ နောက်မှပဲ ထားလိုက်တော့မည်။
အသက်ရှင်သန်ရေးက အရင်ဆုံးပဲ။
"ဒီနေရာ ဘယ်လောက်ကြီးလဲ ကြည့်ရအောင်။"
သူက ကမ်းရိုးတန်းအတိုင်း အနောက်ဘက်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ကမ်းခြေကို ပိတ်ဆို့နေသော တောအုပ်ထူထပ်ကြီးကို ရှောင်ကွင်းပြီး လမ်းလျှောက်သွားသည်။
"ဟင်?"
သူ ရုတ်တရက် ရပ်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မဖြစ်နိုင်တာ။ တိုက်ဆိုင်မှုက ဒီလောက်ထိ ဖြစ်နိုင်ပါ့မလား။
မလှမ်းမကမ်း ကမ်းခြေတွင် ဆိပ်ကမ်းချထားသော သိုးခေါင်းရုပ်ထုပါသည့် သင်္ဘောငယ်တစ်စင်းကို သူ မြင်လိုက်ရသည်။
ဝမ်းပိစ် ဖန်တိုင်း သိထားသည့် သင်္ဘောရွက်ပေါ်က သင်္ကေတတစ်ခု - ကောက်ရိုးဦးထုပ်ဆောင်းထားပြီး ပြုံးနေတဲ့ ဦးခေါင်းခွံပုံ။
ဂိုးအင်းမဲရီ ။
စထေရာဟတ် ပင်လယ်ဓားပြအဖွဲ့ရဲ့ ပထမဆုံးသင်္ဘော။
ရှီရိုဂိုင်ရဲ့ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်သွားသည်။
ဂိုးအင်းမဲရီးသာ ဒီမှာရှိနေရင် ဒါဟာ အဲနီးစ်ေလ ာ်ဘီဖြစ်ရပ်မတိုင်ခင် ဖြစ်ရမယ်။
ဆိုလိုတာက လူဖီနဲ့ သူ့အဖွဲ့သားတွေ ဒီနားမှာ ရှိနေတာပေါ့။
သူ သူတို့နဲ့ သွားတွေ့သင့်သလား။
သူတို့အဖွဲ့ထဲ ဝင်သင့်သလား။
သူ စဉ်းစားနေတုန်းမှာပဲ လေပြေနဲ့အတူ တက်ကြွတဲ့ အသံတွေ လွင့်ပျံလာသည်။
"လူဖီ! မြန်မြန်လုပ်၊ ဒီမှာ အုန်းသီးတွေ အများကြီးပဲ!"
ရှီရိုဂိုင်၏ ထက်မြက်သော အကြားအာရုံက ထိုအသံကို ဖမ်းမိလိုက်ပြီး သိလိုစိတ်က သူ့ကို ပိုနီးကပ်လာစေသည်။
တိတ်ဆိတ်စွာပင် သူသည် ထိုအသံလာရာ အုန်းတောဆီသို့ ချဉ်းကပ်သွားသည်။
သစ်ပင်အောက်တွင် လူနှစ်ဦး ရပ်နေသည်။
တစ်ယောက်က ကောက်ရိုးဦးထုပ်ဆောင်းပြီး မျက်လုံးအောက်မှာ အမာရွတ်ရှိတဲ့ ကောင်လေး - အနာဂတ်ရဲ့ ပင်လယ်ဘုရင် မန်းကီး ဒီ လူဖီဆိုတာ သံသယဖြစ်စရာမလိုပေ။
နောက်တစ်ယောက်ကတော့ အညိုနုရောင် ခေါင်းစည်းပတ်ထားပြီး ကောက်ကွေးတဲ့ ဆံပင်အနက်၊ နှုတ်ခမ်းထူထူနဲ့ ထူးခြားတဲ့ နှာခေါင်းရှည်နဲ့ လူ - စတော်ဟတ်ရဲ့ တိုက်ခိုက်ရေးသမား ဥဆော့။
"ဥဆော့၊ ကောင်းလိုက်တာ! ငါ နောက်ထပ် ထပ်ယူမယ်" လူဖီက စိတ်လှုပ်ရှားစွာ ပြောပြီး သူ့လက်တွေကို အပေါ်သို့ ဆန့်ထုတ်ကာ သစ်ပင်ပေါ်သို့ ခုန်တက်သွားသည်။
"ဖမ်းလိုက်၊ ဥဆော့!"
အုန်းသီးတစ်လုံး လေထဲကနေ ပြုတ်ကျလာပြီး ဥဆော့က ကျွမ်းကျင်စွာ ဖမ်းယူလိုက်သည်။
ရှီရိုဂိုင်က လူဖီရဲ့ ဆန့်နိုင်ကျုံ့နိုင်တဲ့ လက်တွေကို ကြည့်နေတုန်း စနစ်က အသံပြုလာသည်။
[အိမ်ရှင် လေ့လာတွေ့ရှိချက် - ဟီတို ဟီတို နို မီ ၊ နီကာ ပုံစံ အသုံးပြုသူ။
နားလည်နိုင်စွမ်း - ခန္ဓာကိုယ်ဆန့်ထုတ်နိုင်သော စွမ်းရည်။]
[အိမ်ရှင် လေ့လာတွေ့ရှိချက် - ကနဦးအဆင့် ဘုရင်ဟာကီ ရှိသူ။
နားလည်နိုင်စွမ်း - အလယ်အလတ်အဆင့် ဘုရင်ဟာကီ။]
[အိမ်ရှင် လေ့လာတွေ့ရှိချက် - ကနဦးအဆင့် အာရုံခံဟာကီ ရှိသူ။
နားလည်နိုင်စွမ်း - အလယ်အလတ်အဆင့် အာရုံခံဟာကီ။]
[အိမ်ရှင် လေ့လာတွေ့ရှိချက် - ကနဦးအဆင့် လက်နက်ဟာကီ ရှိသူ။
နားလည်နိုင်စွမ်း - အလယ်အလတ်အဆင့် လက်နက်ဟာကီ။]
ရှီရိုဂိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒီတော့ ဒါက အမြင့်ဆုံးအဆင့် နားလည်နိုင်စွမ်းရဲ့ အကျိုးကျေးဇူးပေါ့။
သူတို့ကို လေ့လာလိုက်ရုံနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ငါ ရသွားတာပဲ။
သူ့ခန္ဓာကိုယ်က ပိုပြီး သန်မာလာသလို ခံစားရသည်။ ပိုထက်မြက်တဲ့ အာရုံခံစားမှုတွေ၊ စွမ်းအားတွေက သူ့ဆီမှာ ပြည့်နှက်လာသည်။
သူ လက်ကို တွေးတောရင်း ဆန့်ထုတ်ကြည့်လိုက်သည်။
ဆန့်သွားသည်။
သူ လူဖီရဲ့ ရော်ဘာလိုမျိုး လှုပ်ရှားမှုကို အတုယူကြည့်လိုက်သည်။
သူ့အတွက် အနည်းငယ် ရယ်စရာကောင်းတာက သူ့လက်တွေက ရော်ဘာလိုမျိုး အပေါ်သို့ ဆန့်ထွက်သွားပြီး သစ်ကိုင်းမြင့်မြင့်က အုန်းသီးကို လှမ်းဆွဲယူကာ မူလအတိုင်း ပြန်ဖြစ်သွားသည်။
သူ အုန်းသီးကို ဖမ်းလိုက်ပြီး ပြုံးလိုက်သည်။
ဒီတော့ ငါ့မှာ နတ်ဆိုးအသီးစားစရာတောင် မလိုတော့ဘူးပေါ့။
ငါ မြင်တွေ့သမျှကို ငါ ပြန်ဖန်တီးနိုင်တယ်။
ဒီစနစ်က တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ။
စိတ်ကူးတစ်ခု သူ့ခေါင်းထဲ ပေါ်လာသည်။
နတ်ဆိုးအသီးစားသူတွေက ပုံမှန်အားဖြင့် စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက် မသုံးနိုင်ဘူး...
ဒါပေမဲ့ ငါက နတ်ဆိုးအသီးစားထားတာမှ မဟုတ်တာ။
ငါ စွမ်းရည်မျိုးစုံကို သင်ယူနိုင်မလား။
သူ အဲဒီအကြောင်းကို နောက်မှ စဉ်းစားဖို့ ချိတ်ထားလိုက်သည်။
ဥဆော့က အုန်းသီးကို အရသာခံနေချိန်မှာ ရှီရိုဂိုင်ရဲ့ အာရုံခံဟာကီက အန္တရာယ်ကို ကြိုတင်ရိပ်မိလိုက်သည်။
"ရန်သူ လာနေပြီ!"
သူ ချက်ချင်းပင် ဥဆော့ရဲ့ နောက်ကျောဘက်ကို အာရုံစိုက်လိုက်သည်။
သုံးလှမ်းအကွာတွင် ၆ မီတာကျော် ရှည်လျားပြီး မြေကြီးနဲ့ ရေညှိရောင် အကြေးခွံများရှိသော မြွေဟောက်ကြီးတစ်ကောင်က ဘာမှမသိလိုက်သော ဥဆော့ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေပြီး အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံ ဖြစ်သည်။
"ဟစ်စ်..."
"ဥဆော့!"
လူဖီက သစ်ပင်ပေါ်ကနေ သတိပေးလိုက်ပေမဲ့ နောက်ကျသွားပြီ။
ဥဆော့က ကြောင်အပြီး လှည့်ကြည့်လိုက်သည်။
"ငါ့နောက်မှာ—?"
သူ့ဆီကို ခုန်အုပ်လာတဲ့ သားရဲကြီးကို မြင်လိုက်ရတဲ့အခါ သူ ထိတ်လန့်သွားသည်။
"ဂိုမူ ဂိုမူ နို ဘာဇူကာ !"
ရော်ဘာလက်နှစ်ဖက်က မြွေကြီးရဲ့ မေးရိုးကို ရိုက်ခတ်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားစေသည်။
ဒါပေမဲ့ အဲဒါ လူဖီရဲ့ တိုက်ခိုက်မှု မဟုတ်ပေ။
တုန်ရီနေတဲ့ ဥဆော့က သစ်ပင်ကို မော့ကြည့်လိုက်သည်။
"ကျေးဇူးပဲ လူဖီ! ငါ့ကို ကယ်လိုက်တာ—"
ဒါပေမဲ့ လူဖီက ခေါင်းကို ကုတ်ရင်း အထူးအဆန်း ဖြစ်နေသည်။
"ဟဲဟဲ၊ ငါ မဟုတ်ဘူး။ ငါ မမီလိုက်ဘူးလေ။"
"နောက်မနောက်နဲ့! ငါ ရော်ဘာလက်တွေကို မြင်လိုက်ရ—"
"သူလုပ်တာ။"
လူဖီက အနီးနားက သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။
ဥဆော့ ရပ်တန့်သွားသည်။
"ဘ-ဘာလဲ? တစ္ဆေလား?!"
အုန်းပင်နောက်ကနေ ရှီရိုဂိုင်း ယာမိကူရို ထွက်လာသည်။ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်ပြီး အေးဆေးသော အပြုံးတစ်ခု ရှိနေသည်။
"ကိစ္စမရှိပါဘူး။"
တစ္ဆေမဟုတ်ဘဲ လူတစ်ယောက်ဖြစ်နေတာကို မြင်လိုက်ရလို့ ဥဆော့က စိတ်သက်သာရာရသွားပြီး ရှီရိုဂိုင်းရဲ့ လက်တွေကို စူးစမ်းစွာ ကြည့်လိုက်သည်။
"နေပါဦး - မင်းရဲ့လက်တွေကလည်း ဆန့်ထွက်သွားတာလား?"
"ဟဲဟဲ၊ ဒါ တကယ့်ကို မိုက်တာပဲ!"
လူဖီရဲ့ မျက်လုံးတွေက တောက်ပသွားသည်။
"မင်းလိုမျိုး တတ်တဲ့လူနဲ့ ငါ တစ်ခါမှ မတွေ့ဖူးဘူး။ မင်းကလည်း ရော်ဘာလူသားလား? ဂိုမူ ဂိုမူ နို ကို စားထားတာလား?"
"မဖြစ်နိုင်တာ" ဥဆော့က ကြားဖြတ်ပြောလိုက်သည်။ "အဲဒီအသီးမျိုးက တစ်ချိန်မှာ တစ်လုံးပဲ ရှိတာလေ! တခြားလက်တွေ ဆန့်နိုင်တဲ့ အသီးမျိုး ဖြစ်မှာပေါ့။"
ရှီရိုဂိုင်း ပြုံးလိုက်ပြီး သူတို့ကို နောက်ပြောင်ဖို့ ဆုံးဖြတ်လိုက်သည်။
"ငါက ပါရမီ-ပါရမီ အသီး ကို စားထားတာ။ ငါ မြင်တွေ့တဲ့ စွမ်းရည်မှန်သမျှကို ငါ ကူးယူနိုင်တယ်။"
ဥဆော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒီလောက်အထိ အစွမ်းထက်တဲ့ နတ်ဆိုးအသီးဆိုတာ မဖြစ်နိုင်ဘူး!"
ဒါပေမဲ့ လူဖီကတော့ မျက်လုံးအဝိုင်းသားနဲ့ ဘာမှမတွေးတော့ဘဲ ယုံကြည်လိုက်သည်။
"ဝိုး၊ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ!"
သူက စိတ်အားထက်သန်စွာ လက်ကို ဆန့်ထုတ်လိုက်သည်။
"ငါက မန်းကီး ဒီ လူဖီ! ငါက ပင်လယ်ဓားပြဘုရင် ဖြစ်လာမှာ။ ငါတို့ အဖွဲ့သားသစ်တွေ ရှာနေတာ။ မင်းက စိတ်ဝင်စားဖို့ကောင်းတယ် - ငါတို့အဖွဲ့ထဲ ဝင်မလား?"
ဥဆော့က လူဖီရဲ့ လက်ကို ဆွဲပြီး ဟန့်တားလိုက်သည်။
"ဟေ့ လူဖီ! သူစိမ်းတွေကို အလွယ်တကူ ခေါ်လို့မရဘူးလေ—"
ဒါပေမဲ့ ရှီရိုဂိုင်က လှုပ်ရှားနေနှင့်ပြီ။
သူ လူဖီရဲ့ ဆန့်တန်းထားတဲ့ လက်ကို ခဏတာ ကြည့်လိုက်ပြီးနောက် ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ခေါင်းဆောင်ကပဲ ငါ့ကို တာဝန်ယူရတော့မှာပေါ့။"
လူဖီက ဝမ်းသာအားရ အော်ဟစ်ပြီး သူ့ကို ဖက်လိုက်သည်။
"မင်းက ငါတို့ရဲ့ ဆဋ္ဌမမြောက် အဖွဲ့သားပဲ! ဥဆော့၊ လူတိုင်းကို အားလုံးကို ဖိတ်ပြီး ပွဲလုပ်တော့မယ်လို့ ပြောလိုက်!"
('ကနဦးအဆင့် ဟာကီဆိုတာက 'မနိုးထသေးတဲ့ အဆင့်ကို ဆိုလိုတာပါ။)