ဂိုဏ်းချုပ်မိုယာ၏ အသက်ရှူသံများမှာ ရုတ်တရက် ပြင်းထန်လာခဲ့ရသည်။ တကယ်လို့ သူသာ ထိုမျှလောက်များပြားလှသော ဝိညာဉ်ကျောက်တုံးများကို ရရှိမည်ဆိုပါက... နတ်ဝိညာဉ်အဆင့် အလယ်အလတ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး သေချာပေါက် ရှိပေလိမ့်မည်။
သို့သော်လည်း မကြာမီမှာပင်... နှာခေါင်းကွေးကွေးနှင့် အတွင်းစည်းတပည့်ဖြစ်သူက လူတိုင်းအပေါ်သို့ ရေအေးဖြင့် ပက်ဖျန်းလိုက်ပြန်သည်။
“ဂိုဏ်းချုပ်... ဒါတင်မကသေးပါဘူးဘုရား အဲဒီ ချုံးရှင်းဂိုဏ်းက ဖန်ယွမ်ဆိုတဲ့လူက အတော်လေး အစွမ်းထက်ပါတယ်... အကြီးအကဲ ကျောက် ကသူ့ရဲ့ လက်ညှိုးတစ်ချောင်း တိုက်ခိုက်မှုကိုတောင် မတောင့်ခံနိုင်ဘဲ ချက်ချင်းပဲ သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့ရတာပါ”
နှာခေါင်းကွေးကွေးနှင့် တပည့်ဖြစ်သူမှာ မျက်ရည်၊ နှပ်ချေးများ စီးကျလျက် အသံကုန် အော်ဟစ်ငိုယိုလိုက်တော့သည်။
“ဟုတ်ပါတယ် ကျွန်တော်တို့ ဒါကို ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ရတာပါ” သူ၏ နောက်ကွယ်က အတွင်းစည်းတပည့် အနည်းငယ်ကလည်း မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ဦးခေါင်းတိုက်လျက် ပြောလိုက်ကြသည်။
ဖန်ယွမ်က ကျောက်ဝူကျိကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သွေးမြူအဖြစ် ခြေမှုန်းပစ်လိုက်ကြောင်း ကြားသိလိုက်ရသည့် အခါတွင်မူ... အစောပိုင်းက စိတ်လှုပ်ရှားနေခဲ့ကြသော လူစုလူဝေးကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။
“လက်ညှိုးတစ်ချောင်းတည်းနဲ့ရွှေအမြုတေအဆင့်ကို ဖျက်ဆီးပစ်လိုက်တာ ဟုတ်လား။ အဲဒီဖန်ယွမ်က နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်လား" မဟာအကြီးအကဲ၏ မုတ်ဆိတ်မွေးများမှာ ဒေါသကြောင့် တုန်ရီနေခဲ့ရပြီး... သူ၏ လက်ကိုင်တုတ်ကို ဆုပ်ကိုင်ထားသော လက်မောင်းတွင်လည်း အကြောပြိုင်းပြိုင်း ထလာခဲ့ရသည်။
တကယ်လို့ ဖန်ယွမ်က နတ်ဝိညာဉ်အဆင့် ဖြစ်နေမည်ဆိုပါက... သူတို့အနေဖြင့် အရှုံးနှင့် အနိုင်ကို သေချာပေါက် ပြန်လည် တွက်ချက်ရပေလိမ့်မည်။
သို့သော်လည်း... ဂိုဏ်းချုပ်မိုယာသည် သူ၏ မေးစေ့ကို ပွတ်သပ်လျက် ခဏမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အော်ဟစ်ရယ်မောလိုက်တော့သည်
“ဟီးဟီးဟီး”
သူ၏ ရယ်မောသံမှာ နန်းဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့ရပြီး... အလွန်အမင်း နားမခံသာအောင် စူးရှလှသည်။
“မင်းတို့ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ”
ဂိုဏ်းချုပ်မိုယာ သူ၏ ရယ်မောသံများကို ရပ်တန့်လိုက်ပြီး... သူ၏ ရှေ့က စားပွဲကြီးကို ခြေထောက်ဖြင့် ဘုန်းခနဲ ကန်ချလိုက်သဖြင့်၊ သစ်သားစများမှာ အရပ်ရပ်သို့ လွင့်စင်သွားခဲ့ရတော့သည်။
“ဖန်ယွမ်က ဘယ်လိုလူလဲဆိုတာ ငါ မသိဘဲ နေမလား… သူရဲ့ ကျင့်ကြံခြင်းက ရွှေအမြုတေအစောပိုင်းအဆင့်မှာတင် ဆယ်စုနှစ်ချီပြီး ပိတ်မိနေခဲ့တာ... ရှေ့ဆက်ဖို့က အလွန် ခက်ခဲလှတယ်။ ချုံးရှင်းဂိုဏ်းကဆိုရင်လည်း တပည့်အင်အား နည်းပါးလွန်းပြီး ပိုမို ဆုတ်ယုတ်ပျက်စီးလာခဲ့တာပဲ ဒီနှစ်ပိုင်းလေးအတွင်းမှာတင် သူက နတ်ဝိညာဉ်အဆင့်ကို ခုန်တက်သွားနိုင်မယ် ဟုတ်လား။ မင်းတို့က တကယ်ပဲ အင်မော်တယ်ကျင့်ကြံခြင်းကို ထမင်းစား ရေသောက်သလို အလွယ်မှတ်နေကြတာလား"
အကြီးအကဲလင်း ရှေ့သို့ တိုးလာခဲ့သည် ... “ဂိုဏ်းချုပ်... ဒါဆို မင်းရဲ့ ဆိုလိုရင်းက...”
“မျက်လှည့်ပြကွက်တစ်ခုပဲ” ဂိုဏ်းချုပ်မိုယာ အလွန်အမင်း သေချာလှသော လေသံဖြင့် ပြတ်သားစွာ ပြောဆိုလိုက်သည် ...
“ဖန်ယွမ်က ဝိညာဉ်ကျောက်တုံး အမြောက်အမြား သုံးစွဲနေခဲ့တယ်လို့ မင်းတို့ ပြောခဲ့တယ်မလား... ငါ ခန့်မှန်းရသလောက်ဆိုရင်တော့၊ သူတို့ ချုံးရှင်းဂိုဏ်းက တစ်စုံတစ်ရာသော ကံကောင်းမှုကြောင့် အတိတ်က ကျွမ်းကျင်သူတစ်ယောက်ရဲ့ အမွှေအနှစ်ကို ရှာဖွေတွေ့ရှိသွားခဲ့တာ ဖြစ်ရမယ် အဲဒီထဲကနေ ဝိညာဉ်ကျောက်တုံး အမြောက်အမြားနဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ ရတနာတွေကို ရရှိသွားခဲ့တာပဲ”
သူသည် နန်းဆောင်အတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းရင်း မေးစေ့ကို ပွတ်သပ်နေခဲ့မိကာ... မိမိ၏ ဆင်ခြင်တုံတရားအပေါ် ပိုမို ယုံကြည်ချက် ရှိလာခဲ့သည်။
“မင်းတို့ရဲ့ ဦးနှောက်ကို အသုံးချပြီး ပြန်တွေးကြည့်စမ်းပါ။ တကယ်လို့ သူက နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်သာ အမှန်အကန် ဖြစ်နေမယ်ဆိုရင်... ဘာဖြစ်လို့ အစပိုင်းတုန်းက လူသူရဲဘောကြောင်သလိုမျိုး ဝိညာဉ်ကျောက်တုံး နှစ်သန်းကို နစ်နာကြေးအဖြစ် ပေါ့ပေါ့ပါးပါး ထုတ်ပေးပြီး စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ရမှာလဲ"
“ဒါက သူကိုယ်တိုင် အစပိုင်းမှာ အပြစ်ရှိသလို ခံစားနေရလို့... ဒါမှမဟုတ် ကိစ္စကို အေးအေးဆေးဆေး ပြီးငြိမ်းချင်လို့ပဲ သေချာတယ်”
“အဲဒီနောက်ပိုင်း ထုတ်လိုက်တဲ့ လက်ညှိုးတိုက်ခိုက်မှုကတော့... သူ ဆက်ပြီး သည်းမခံနိုင်တော့တဲ့အတွက်၊ အုတ်ဂူထဲကနေ တူးဖော်ရရှိထားတဲ့ တစ်ကြိမ်သုံး သေစေနိုင်တဲ့ ဝိညာဉ်ရတနာတစ်ခုခုကို အသုံးချလိုက်တာပဲ ဖြစ်ရမယ် နောက်ပြီး ငါတောင် လက်ညိုးတစ်ချောင်းနဲ့ ကျောက်ဝူကျိ ကို အလွယ်မသတ်နိုင်ဘူး”
အကြီးအကဲ အချို့မှာ အချင်းချင်း လှည့်ကြည့်လိုက်ကြပြီးမှ ခေါင်းကို တရစပ် ညိတ်လိုက်ကြတော့သည်။ ဒီဆင်ခြင်တုံတရားက... အမှန်တကယ်ပင် အပြစ်ပြောစရာမရှိ ပြည့်စုံလွန်းလှပေသည်။
“သေချာတာပေါ့... သူတို့ဘက်က နတ်ဝိညာဉ်အဆင့် ‘ဧည့်သည်တော်အကြီးအကဲ ’ တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး ငှားရမ်းထားနိုင်ခြေ ရှိတာကိုလည်း ချန်လှပ်ထားလို့ မရဘူး...”
ဂိုဏ်းချုပ်မိုယာ သူ၏ မျက်ဝန်းအစုံကို ကျဉ်းမြောင်းလိုက်ရင်း... ရုတ်တရက်ဆိုသလို သူ၏ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။
နတ်ဝိညာဉ်အဆင့်၏ ဖိအားကြီးမှာ မည်သည့် ဖုံးကွယ်မှုမျှမရှိဘဲ ထွက်ပေါ်လာခဲ့ပြီး... နန်းဆောင်အတွင်းရှိ လူတိုင်းကို အသက်ရှူရခက်ခဲသွားစေလောက်အောင် ဖိနှိပ်ပစ်လိုက်တော့သည်။
“ဒါပေမဲ့ ငါက နတ်ဝိညာဉ်အဆင့်မှာ ရှိနေခဲ့တာ နှစ်ပေါင်း ငါးဆယ် ရှိပြီ... ငါ့ရဲ့ အခြေခံအုတ်မြစ်က၊ ပိုက်ဆံရရင် အလုပ်လုပ်ပေးတတ်ကြတဲ့ အဲဒီတစ်ကိုယ်တော်ကျင့်ကြံသူ ကြေးစားတွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ ရမှာလဲ။ တကယ်လို့ တိုက်ပွဲ တကယ်ဖြစ်ပွားလာခဲ့မယ်ဆိုရင်... ငါ သူတို့ကို လက်တစ်ဖက်တည်းနဲ့တင် ခြေမှုန်းပစ်နိုင်တယ်”
ဂိုဏ်းချုပ်မိုယာ၏ ဖိအားများ ထွက်ပေါ်လာခဲ့သည်နှင့်အမျှ... နက်မှောင်သစ်တောဂိုဏ်း၏ နန်းဆောင်ကြီးအတွင်းရှိ လေးလံထိုင်းမှိုင်းနေသော လေထုကြီးမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရတော့သည် ကျောက်ဝူကျိ သေဆုံးမှုကြောင့် ဖြစ်ပေါ်နေခဲ့ရသော ထိတ်လန့်တုန်လှုပ်မှုအားလုံးမှာ... ဂိုဏ်းချုပ်မိုယာ၏ စကားလုံးများကြောင့် အလုံးစုံ လွင့်စင်သွားခဲ့ရချေပြီ။
လောဘတရား၏ မီးလျှံများမှာ... လူတိုင်း၏ နှလုံးသားအောက်ခြေ၌ အရူးအမူး တောက်လောင်လာခဲ့ကြတော့သည်။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ... နှာခေါင်းကွေးကွေးနှင့် လူငယ်လေးမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပြီး၊ သူတို့အနေဖြင့် ချုံးရှင်းဂိုဏ်းကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း ပေးနိုင်တော့မည်ဟု ယူဆလိုက်မိသည်။
သူ အလျင်အမြန်ပင် မီးလောင်ရာလေပင့် လျှောက်တင်လိုက်သည် ... “ဂိုဏ်းချုပ်... မမြင်ဖူးလို့ပါ သူတို့ရဲ့ အိပ်ဆောင်တွေက အလွန်အမင်း ကောင်းလွန်းလှတယ် အဓိက နန်းဆောင်ကြီးဆိုရင်လည်း ဝိညာဉ်စုဆောင်းနိုင်တဲ့ ရွှေမျှင်နန်းမု သစ်သားတွေနဲ့တင် အလုံးစုံ တည်ဆောက်ထားတာပါ”
“ဒါတင်မကသေးပါဘူး သူတို့ဆီမှာ ကျောက်စိမ်းဖြူတွေနဲ့ တည်ဆောက်ထားတဲ့ ‘တင်းယွမ် ဆောင်’ ဆိုတဲ့ အဆောက်အဦးတစ်ခုလည်း ရှိပါသေးတယ် အဲဒါက ခမ်းနားထည်ဝါပြီး ရွှေရောင်အဆင်းတွေ တောက်ပနေကာ... ထူထပ်လှတဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာပါ”
ဤစကားလုံးများ ထွက်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက်... နန်းဆောင်ကြီးအတွင်း၌ တံတွေးမျိုချလိုက်ကြသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ရတော့သည်။
နက်မှောင်သစ်တောဂိုဏ်းက ဆင်းရဲလွန်းလှသည် သူတို့၏ ဂိုဏ်းချုပ်မိုယာ၏ သီးသန့်ကျင့်ကြံခြင်းအခန်းတွင်ပင်... နှစ်ပေါင်းရာချီ သက်တမ်းရှိသော ‘မိုးကြိုးထိမှန်သစ်သား ’ ကိုသာ အသုံးပြုထားနိုင်ခဲ့သည်။
သို့သော်လည်း ချုံးရှင်းဂိုဏ်း၏ အဓိက နန်းဆောင်ကြီးကမူ... အမှန်တကယ်ပင် ဝိညာဉ်စုဆောင်းနိုင်သည့် ရွှေမျှင်နန်းမု သစ်သားများကို အသုံးချခဲ့သည် ဟုတ်လား။ ဒီကမ္ဘာပေါ်မှာ တရားမျှတမှုကော ရှိသေးရဲ့လား…
“ကောင်းကင်ဘုံရဲ့ ရတနာတွေကို ဖြုန်းတီးပစ်တာပဲ ဒါက ဖြုန်းတီးပစ်တာ”
မဟာအကြီးအကဲ၏ မုတ်ဆိတ်မွေးများမှာ ဒေါသကြောင့် ထောင်ထလာခဲ့ရပြီး... သူ၏ လက်ကိုင်တုတ်ဖြင့် မြေပြင်ကို ဘုန်းဘုန်းခနဲ ရိုက်ချလိုက်သည် ... “ဒီလိုမျိုး ကောင်းချီးပေးခံထားရတဲ့ နယ်မြေမျိုးကို... ငါတို့ နက်မှောင်သစ်တောဂိုဏ်းလိုမျိုး ဖြောင့်မတ်တဲ့ဂိုဏ်းကသာ စီမံခန့်ခွဲသင့်တာ အဲဒီကောင်တွေရဲ့ လက်ထဲမှာ ထားရှိထားတာက... ဝက်ရှေ့ စိန်၊ပုလဲ ချပြသလိုမျိုးပဲ”
တတိယအကြီးအကဲမှာ ထိပ်ပြောင်ပြီး ဝဖြိုးသော လူကြီးတစ်ဦး ဖြစ်သည်။ သူသည် မိမိ၏ ထူထဲလှသော လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း မျက်ဝန်းအစုံ တောက်ပစွာဖြင့် ပြောဆိုလိုက်သည် ...
“ဝိညာဉ်ကျောက်တုံး တစ်သန်းအကုန်အကျခံ တည်ဆောက်ထားတဲ့ ရေချိုးခန်း ဟုတ်လား အို... ဘုရားသခင်၊ တကယ်လို့ ငါတို့ ခွာယူပြီး သွားရောင်းလိုက်မယ်ဆိုရင်... အရည်အသွေးမြင့် ဆေးလုံးပေါင်း ဘယ်လောက်တောင် လဲလှယ်နိုင်မလဲ မသိဘူး။ ဂိုဏ်းချုပ်... အမိန့်ပေးလိုက်ပါတော့ ဒီညပဲ သွားပြီး အပိုင်းပိုင်း ဖျက်ဆီးပစ်ကြစို့”
ဂိုဏ်းချုပ်မိုယာသည် အကြီးအကဲများ၏ တုံ့ပြန်မှုအပေါ် အလွန်အမင်း ကျေနပ်အားရနေခဲ့သည်။
ကျင့်စဉ်တရား၊ စည်းစိမ်ဥစ္စာ၊ အဖော်အပေါင်း၊ နှင့် နယ်မြေမြေကွက် စည်းစိမ်ဥစ္စာဟူသည်...
ကျင့်ကြံခြင်းလောကတွင် ဒုတိယမြောက် အရေးအကြီးဆုံးသော အရာ ဖြစ်သည် ပြီးတော့ လောဘတရားဟူသည်... နက်မှောင်သစ်တောဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အင်အားကြီးမားလာမှု၏ အရင်းအမြစ်ပင် ဖြစ်သည်။
တကယ်လို့ လောဘတရားသာ မရှိခဲ့ဘူးဆိုလျှင်... နက်မှောင်သစ်တောဂိုဏ်းအနေဖြင့် မိုင်တစ်ရာအတွင်း၌ အကြီးမားဆုံးသော ဂိုဏ်းကြီးတစ်ခု မည်သို့ ဖြစ်လာနိုင်ပါ့မလဲ။
လူတိုင်း၏ မျက်ဝန်းအစုံ၌ လောဘတရားများ တောက်လောင်လာသည်ကို မြင်တွေ့လိုက်ရသောအခါ... ဂိုဏ်းချုပ်မိုယာ ခဏမျှ တွေးတောလိုက်သည်။ ကျောက်ဝူကျိအတွက် ကလဲ့စားကတော့ သေချာပေါက် ချေရမည်။
အခုအချိန်မှာ အတွင်းစည်းတပည့်၏ ပြောကြားချက်အရဆိုလျှင်... ချုံးရှင်းဂိုဏ်း၌ လုယက်တိုက်ခိုက်နိုင်မည့် စည်းစိမ်ဥစ္စာများစွာ ရှိနေခဲ့ပြန်သည်။ ဒါဆိုရင်... သူကိုယ်တိုင် ချုံးရှင်းဂိုဏ်းဆီသို့ တစ်ခေါက် သွားရောက်ရန် လိုအပ်ပေလိမ့်မည်။
သူသည် နန်းဆောင်ကြီး၏ အဝင်ဝဆီသို့ လျှောက်လှမ်းသွားကာ... ဝေးကွာလှသော ကောင်းကင်ယံကို ငေးမောကြည့်ရှုလိုက်ရင်း၊ စိတ်ပိုင်းဖြတ်ချက်ကို ချမှတ်လိုက်တော့သည်
“အမိန့်ကို လက်ဆင့်ကမ်းလိုက်စမ်း"
ဂိုဏ်းချုပ်မိုယာ၏ လေသံအတွင်း၌... အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည် ... “လူစု ခေါင်းလောင်းသံကို တီးခတ်လိုက်။ ဂိုဏ်းတစ်ခုလုံးမှာ ရှိတဲ့ ချီသန့်စင်ခြင်းအဆင့် (၅) နဲ့ အထက် ကျင့်ကြံသူအားလုံးကို စုစည်းခိုင်းလိုက်။
ဒီနေ့... ငါတို့ အကြီးအကဲ ကျောက်အတွက် ကလဲ့စားချေပြီး၊ ချုံးရှင်းဂိုဏ်းက လူအားလုံးကို သတ်ဖြတ်ကာ၊ သူတို့ရဲ့ ကောင်းကင်နဲ့မြေပြင် ရတနာတွေနဲ့ ဝိညာဉ်ကျောက်တုံးအားလုံးကို လုယက်တိုက်ခိုက်ပစ်ကြမယ်”
နာရီဝက်ခန့် ကြာပြီးနောက်...
နက်မှောင်သစ်တောဂိုဏ်း၏ ရင်ပြင်ကျယ်ကြီးပေါ်တွင်... လူအုပ်ကြီးမှာ တိုးဝှေ့ပြည့်နှက်နေခဲ့ရသည်။ တပည့်ပေါင်း လေးရာကျော်မှာ လက်နက်များကို ကိုင်ဆောင်ထားခဲ့ကြရင်း... သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။
ဂိုဏ်းချုပ်မိုယာသည် မြင့်မားလှသော စင်မြင့်ထက်တွင် မတ်တပ်ရပ်လျက်... ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့ ရန်လိုနေကြသော တပည့်များကို အထက်စီးကနေ ငေးမောကြည့်ရှုလိုက်သည်။
“ငါတို့ နက်မှောင်သစ်တောဂိုဏ်း တည်ထောင်ခဲ့တာ နှစ်ပေါင်းတစ်ရာ ရှိပြီ... ငါတို့ ဘာကို အခြေခံပြီး ရပ်တည်လာခဲ့တာလဲ ဒါက ရက်စက်ကြမ်းကြုတ်မှုပဲ ဒါက ပြတ်သားမှုပဲ” ဂိုဏ်းချုပ်မိုယာ၏ လေသံမှာ ကျယ်လောင်လင်းထိန်နေခဲ့ပြီး... ရင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရတော့သည်။
“ဒီနေ့... ဘယ်ကမှန်းမသိတဲ့ ဂိုဏ်းအစုတ်အပြဲလေးတစ်ခုက၊ အုတ်ဂူတူးပြီး ရရှိလာတဲ့ စည်းစိမ်ဥစ္စာလေး အနည်းငယ်နဲ့ ငါတို့ရဲ့ ခေါင်းပေါ်ကို တက်နင်းပြီး စော်ကားရဲခဲ့ကြတယ် သူတို့က အကြီးအကဲ ကျောက်ကို သတ်ဖြတ်ခဲ့ကြတယ်... ဒါက ငါတို့ နက်မှောင်သစ်တောဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ”
အောက်ခြေက လူအုပ်ကြီးမှာ ဒေါသတကြီး ဖြစ်သွားခဲ့ရပြီး... အရပ်ရပ်ကနေ လှောင်ပြောင်ကျိန်ဆဲသံများ ထွက်ပေါ်လာခဲ့ရတော့သည်။
ဂိုဏ်းချုပ်မိုယာ လက်မြှောက်ကာ ဆူညံသံများကို တားဆီးလိုက်ပြီး... ဆက်လက်၍ မီးလောင်ရာလေပင့် လှုံ့ဆော်လိုက်သည် ...
“ငါ စုံစမ်းစစ်ဆေးပြီးပြီ... ချုံးရှင်းဂိုဏ်းက အလွန်အမင်း ချမ်းသာကြွယ်ဝနေခဲ့တာ။ သူတို့ဆီက အနိမ့်ဆုံးအဆင့်ရှိတဲ့ တပည့်တစ်ယောက်တောင်မှ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်စွမ်း ရှိတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်ဆိုရင်လည်း ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို မုန့်ဖိုးအဖြစ် ကိုင်ဆောင်ထားတာ”
ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ရတော့သည်
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ် ဟုတ်လား…
သူတို့အတွင်းစည်းတပည့်များမှာပင်လျှင်... ငါးနှစ်တာ စုဆောင်းထားခဲ့သော သူတို့၏ လစဉ် ထောက်ပံ့ကြေးအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် ဒီလောက်အထိ များပြားခြင်း မရှိချေ။
“ဒီနေ့... ငါ မင်းတို့ကို ဦးဆောင်ပြီး ချုံးရှင်းဂိုဏ်းကို နင်းခြေဖျက်ဆီးပစ်မယ်” ဂိုဏ်းချုပ်မိုယာ သူ၏ ခါးကြားက ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ရင်း... ဓားသွားကို ကောင်းကင်ယံဆီသို့ တိုက်ရိုက် ချိန်ရွယ်လျက် အော်ဟစ်လိုက်သည် ...
“အမျိုးသားအားလုံးကို သတ်ဖြတ်ပစ်ကြ... အမျိုးသမီးအားလုံးကိုတော့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြစမ်း သူတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ၊ ဝိညာဉ်ရတနာတွေနဲ့ ဆေးလုံးတွေအားလုံးကို... ဘယ်သူလုနိုင်လဲ၊ လုနိုင်တဲ့သူကပဲ ယူကြစမ်း ဂိုဏ်းကို တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး”
ထိုစကားလုံးများမှာ... ဆီပူအိုးထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်သွားစေခဲ့တော့သည်။
“ချုံးရှင်းဂိုဏ်းကို နင်းခြေဖျက်ဆီးပစ်ကြစမ်း”
“အားလုံးကို လုယက်တိုက်ခိုက်ပစ်ကြစမ်း”
နက်မှောင်သစ်တောဂိုဏ်း၏ တပည့်ပေါင်း လေးရာကျော်မှာ... လုံးဝကို အရူးအမူး ဖြစ်သွားခဲ့ကြရချေပြီ။
သူတို့၏ မျက်ဝန်းအစုံမှာ နီရဲနေခဲ့ကြပြီး... အသက်ရှူသံများ ပြင်းထန်နေခဲ့ကြကာ၊ သူတို့၏ စိတ်ထဲ၌ မမြင်ဘူးသေးသော ရွှေရောင်ဝိညာဉ်ကျောက်တုံးများနှင့် ချုံးရှင်းဂိုဏ်း၏ နုပျိုလှပသော အမျိုးသမီးတပည့်လေးများ၏ မျက်နှာလေးများသာ ပြည့်နှက်နေခဲ့တော့သည်။
သူတို့၏ အမြင်တွင်မူ... ဒါက စစ်ပွဲဆင်နွှဲခြင်း မဟုတ်ဘဲ၊ ပျော်ပွဲရွှင်ပွဲကြီးတစ်ခုဆီသို့ သွားရောက်နေခြင်းသာ ဖြစ်ပေသည်။ နက်မှောင်သစ်တောဂိုဏ်း၏ အရှေ့တွင်မူ... ချုံးရှင်းဂိုဏ်းက ဘာကောင်မို့လို့လဲ။
“ထွက်ခွာကြ”
ဂိုဏ်းချုပ်မိုယာ၏ အမိန့်နှင့်အတူ... ရာဂဏန်းမျှရှိသော ဓားအလင်းတန်းများနှင့် ပျံသန်းခြင်းရတနာများ၏ အလင်းတန်းများမှာ ကောင်းကင်ယံဆီသို့ တစ်ပြိုင်နက် ထိုးတက်သွားခဲ့ကြတော့သည် ကြီးမားလှသော အဖွဲ့ကြီးမှာ...
မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုကဲ့သို့၊ ညမှောင်ရိပ်ကို အခွင့်ကောင်းယူလျက် ချုံးရှင်းဂိုဏ်းရှိရာ အရပ်မျက်နှာဆီသို့ အပြင်းအနှင် ချီတက်သွားခဲ့ကြတော့သည်။
ဂိုဏ်းချုပ်မိုယာသည် အရှေ့ဆုံးကနေ ပျံသန်းနေခဲ့ရင်း...လေပြေများကို သူ၏ အနက်နှင့်အနီ ရောယှက်နေသော ဝတ်ရုံကြီးဆီသို့ တိုက်ခတ်ခွင့်ပြုထားခဲ့သည်။ သူ ဤအချိန်တွင် စိတ်ခံစားချက် အလွန်အမင်း ကောင်းမွန်နေခဲ့သည်။
ကျောက်ဝူကျိ သေဆုံးသွားတာက... တကယ်ကို ကောင်းလွန်းလှပေစွ တကယ်လို့ သူသာ မသေဆုံးခဲ့ဘူးဆိုရင်... ချုံးရှင်းဂိုဏ်းက ရုတ်တရက်ဆိုသလို ချမ်းသာကြွယ်ဝသွားခဲ့တာကို သူ ဘယ်လိုလုပ်ပြီး သိရှိနိုင်ပါ့မလဲ။
ဒီညမှာ ချုံးရှင်းဂိုဏ်းရဲ့ စည်းစိမ်ဥစ္စာအားလုံးကို မိမိ၏ အိတ်ကပ်အတွင်းသို့ ထည့်သွင်းပြီးသွားသည်နှင့်တစ်ပြိုင်နက်... သူသည် ဟုန်ဝူမြို့ရှိ ထျန်းပေါင်အဆောင်ဆီသို့ သွားရောက်ကာ၊ သူ ကြာမြင့်စွာကတည်းက တမ်းတနေခဲ့ရသော(အတားအဆီးကျော်ဖြတ်ဆေးလုံး) ကို ဝယ်ယူပြီး...
နတ်ဝိညာဉ်အဆင့် အလယ်အလတ်သို့ တစ်ဟုန်ထိုး တက်လှမ်းပစ်မည်။ ထိုအချိန်ကျလျှင်... မိုင်ငါးရာအတွင်း၌၊ ဘယ်သူကများ သူ့ကို အသံကျယ်ကျယ်နဲ့ စကားပြောရဲဦးမှာလဲ။
ချုံးရှင်းဂိုဏ်းမှာ ရှိနေနိုင်ခြေရှိတဲ့ နတ်ဝိညာဉ်အဆင့် ဧည့်သည်တော်အကြီးအကဲ ဟုတ်လား။ ဂိုဏ်းချုပ်မိုယာ လှောင်ပြောင်လိုက်မိသည်။
ပိုက်ဆံရရင် အလုပ်လုပ်ပေးတတ်ကြတဲ့ ကြေးစားတစ်ယောက်ပဲ... အခြေအနေ မဟန်တာကို မြင်တာနဲ့၊ ယုန်ထက်တောင် မြန်အောင် ထွက်ပြေးကြဦးမှာ သေချာတယ်။ သူတို့က ဘာဖြစ်လို့ ဂိုဏ်းအစုတ်အပြဲလေးတစ်ခုအတွက်နဲ့ အသက်စွန့်ရဲမှာလဲ။
ဒီညပြီးရင်တော့... ဒီကမ္ဘာပေါ်မှာ ချုံးရှင်းဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး