အခန်း (၉၇) ဆရာမ စုရှောင်းရှောင်း
“တောင်းပန်ပါတယ်၊ ခင်ဗျား ကုတင်ကို စိုသွားစေမိပြီ။”
ချင်းလန် အားအင် အနည်းငယ် ပြန်ရလာပြီး၊ ခန္ဓာကိုယ်ကို ရွှေ့လိုက်ကာ နဖူးပေါ်က ချွေးတွေကို ကိုးရိုးကားရား သုတ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်လေသည်။
လင်းရှီးအာ ခေါင်းခါရင်း လဲလျောင်းနေလေသည်။
“ကျေးဇူးတင်ပါတယ်။ အရမ်း နာပေမယ့်၊ ခြေထောက်တွေကို ပြန်ခံစားမိသလို ခံစားရတယ်။”
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သူမ မိသားစုက သူမကို မရေမတွက်နိုင်တဲ့ ဆေးရုံတွေ ပို့ခဲ့ပေမယ့် အားလုံး အလကား ဖြစ်ခဲ့လေသည်။
ရောဂါ မပျောက်ကင်းရုံသာမက၊ ရောဂါ အကြောင်းရင်းကိုတောင် ရှာမတွေ့ခဲ့ပေ။
ဒါပေမဲ့ အခုတော့ ချင်းလန်ရဲ့ကုသပေးမှုကြောင့် သူမ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့လေပြီ။
ကြီးမားတဲ့ မျှော်လင့်ချက်ကြီးပေါ့။
သူမ ခြေထောက်တွေမှာ ခံစားမှု ပြန်ရလာပြီး နာကျင်မှုကို ခံစားနိုင်ခဲ့လေသည်။
နောက်ဆုံးတော့ ငါ သာမန် မိန်းကလေး တစ်ယောက် ဖြစ်ခွင့် ရတော့မယ်။
ဆိုင်ရှင် အမျိုးသမီးက စိုးရိမ်တကြီး ရှေ့တိုးလာပြီး မေးလိုက်လေသည်။
“သမားတော်လေး၊ ရှီးအာ ပြန်လမ်းလျှောက်နိုင်ပါ့မလား”
ကျိုးဇယ်ချင်း လည်း မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလေသည်။
ချင်းလန် ခါးသက်သက် ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်လေသည်။
“အဲ့လောက် မလွယ်ကူဘူးဗျ။ သူ လေဖြတ်နေတာ နှစ် ၂၀ ရှိပြီ။ ကုသလို့ ရရင်တောင် တစ်ညတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း ပြန်လည် ထူထောင်ရမယ်။ ကျွန်တော် အချိန်ရရင် လေ့ကျင့်ခန်း လုပ်နိုင်အောင် ကူညီပေးဖို့ နောက်ထပ် နှိပ်နယ်ပေးပါဦးမယ်။”
“ယန်ကျင်း က ထိပ်တန်း ကျွမ်းကျင်သူတွေနဲ့လည်း ကျွန်တော် ဆက်သွယ်ပြီး ခွဲစိတ်ကုသရမယ့် အချိန် အတိအကျကို သူတို့နဲ့ ဆွေးနွေးပေးပါ့မယ်။”
အဆင့်မြင့် ဆေးပညာ ကျွမ်းကျင်မှုနဲ့ ဆိုရင် အမှန်တကယ် ပြောရရင် ချင်းလန် တစ်ယောက်တည်းနဲ့တင် လင်းရှီးအာ ကို အချိန်တိုအတွင်း ခဏတာ မတ်တပ်ရပ်နိုင်အောင် လုပ်ပေးနိုင်လေသည်။
သို့သော် သူက ခဏတာ မတ်တပ်ရပ်ရုံ သက်သက်ပဲလေ။
လင်းရှီးအာ စိတ်ပူစရာ မလိုဘဲ လမ်းလျှောက်နိုင်စေဖို့ သေချာစေရန်၊ သူမ တကယ် ပြန်လည် ကောင်းမွန်လာဖို့ သေချာစေရန် ဒီနယ်ပယ်က ထိပ်တန်း ကျွမ်းကျင်သူတွေ၊ ပါမောက္ခတွေနဲ့ တိုင်ပင်ဆွေးနွေးရမည် ဖြစ်သည်။
သူက အခြေအမြစ် ခိုင်လုံစွာနဲ့ ဒီလို ပြောခဲ့တာ ဖြစ်ပြီး၊ ကုသမှုကို အကြောင်းပြပြီး လင်းရှီးအာ နဲ့ တွေ့ဆုံခွင့် ပိုရအောင် တမင်တကာ ကြံစည်နေတာ လုံးဝ မဟုတ်ပေ။
ကုသမှုကို တမင်တကာ ရှုပ်ထွေးအောင် လုပ်ပြီး လင်းရှီးအာ နဲ့ သူမအမေ၊ ပြီးတော့ ကျိုးဇယ်ချင်း တို့ကို သူ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရလဲ၊ အဆက်အသွယ်တွေ ဘယ်လောက် သုံးခဲ့ရလဲ ဆိုတာ သိစေချင်လို့ လုပ်တာလည်း သေချာပေါက်မဟုတ်ပေ။
“သမားတော်လေး ကျေးဇူးတင်ပါတယ်၊ ကူညီပေးလို့ အရမ်း ကျေးဇူးတင်ပါတယ်။ တကယ်လို့ ရှီးအာ ကို ကုပေးနိုင်ရင်၊ ကျွန်မတို့ မိသားစု... ကျွန်မတို့ မိသားစု...”
ဆိုင်ရှင် အမျိုးသမီးက ချင်းလန် လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားလွန်းလို့ စကားမဆက်နိုင်တော့ပေ။
သူမ ကျေးဇူးဆပ်ချင်ကြောင်း တစ်ခုခု ပြောချင်ပေမယ့်၊ ချင်းလန် ရဲ့ ချောမောတဲ့ ရုပ်ရည်၊ ထူးချွန်တဲ့ ဆေးပညာ စွမ်းရည်နဲ့ အဆက်အသွယ်တွေကို ကြည့်ပြီး၊ သူမ မိသားစုက သူ့ကို ဘာပေးနိုင်မလဲ ဆိုတာ မစဉ်းစားတတ်တော့ပေ။
တခြား အရာတွေကို ထားလိုက်ပါဦး၊ ယန်ကျင်း က ထိပ်တန်း အာရုံကြော ကျွမ်းကျင်သူတွေကိုပဲ ကြည့်လိုက်၊ သူတို့အားလုံးက နန်းတွင်း သမားတော်တွေနဲ့ တန်းတူပဲလေ။
ဘယ်သူက သူတို့ကို စည်းရုံးနိုင်မှာလဲ။
တစ်ပတ်ကို တစ်မနက်၊ နှစ်မနက်လောက် ဆေးရုံကြီးတွေမှာ လူနာကြည့်ပေးပေမယ့်၊ ကြိုတင် ချိန်းဆိုမှုတွေက ဟိုးအရင်ကတည်းက ပြည့်နေပြီးသား။
ချင်းလန် ရဲ့ အာမခံချက်သာ မပါရင် လင်းရှီးအာ တစ်သက်လုံး ဒီလို နန်းတွင်း သမားတော်မျိုးနဲ့ တွေ့ဆုံခွင့် ရချင်မှ ရမှာ။
ကျေးဇူးတင်ပါတယ်၊ အရမ်း ကျေးဇူးတင်ပါတယ်!
ဆိုင်ရှင် အမျိုးသမီးက ဒူးထောက်ချင်စိတ် ပေါက်သွားပေမယ့် ကျိုးဇယ်ချင်း က သူမကို ဆွဲထားလိုက်လေသည်။
ချင်းလန် ဆိုင်ရှင် အမျိုးသမီးကို အမြန် တွဲထူပေးလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
“အဒေါ်၊ ဒီလောက် စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော် ကူညီခွင့်ရလို့ ဝမ်းသာပါတယ်။”
“ခုနက အပြင်မှာ ခင်ဗျားသမီးရဲ့ ခြေထောက်တွေကို ကျွန်တော် အကြာကြီး စိုက်ကြည့်နေမိတယ်။ အဲ့ဒါက တခုခု မှားနေတာ တွေ့လို့ မဟုတ်ပါဘူး၊ အရမ်း ပြီးပြည့်စုံလွန်းနေလို့ပါ။ ခင်ဗျားသမီးက ကျွန်တော့်ကို လူဆိုးကောင်လို့တောင် ထင်သွားမလို့။”
နားလည်မှုလွဲတာကို မေးလိုက်တဲ့အခါ လင်းရှီးအာ ခေါင်းအုံးထဲ မျက်နှာဝှက်လိုက်ပြီး နည်းနည်း ရှက်သွားလေသည်။
ချင်းလန် သူမရဲ့ အတွေးတွေကို ဖတ်နိုင်လိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ငါ့ပုံစံက အရမ်း သိသာနေလို့လား။
ဒါမှမဟုတ် ချင်းလန် ကပဲ အရမ်း ဉာဏ်ကောင်းလွန်းနေတာလား။
“ဒီညတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်။ ရှီးအာ ပြန်လည် ထူထောင်ဖို့ အချိန်နည်းနည်း လိုတယ်။ ကျွန်တော် အချိန်ရရင် ပြန်လာခဲ့မယ်။”
သူ လင်းရှီးအာ နဲ့ သူမအမေ စိတ်သက်သာရာ ရစေဖို့ နှစ်သိမ့်စကားတွေ ပိုပြောပေးလို့ ရပေမယ့် သူ မပြောခဲ့ပေ။
သူက တမင်တကာ ရေရေရာရာ မပြောဘဲ၊ ဘယ်တော့ ပြန်လာမလဲ ဆိုတာတောင် မပြောခဲ့ကြပေ။
ဂန္ထဝင် လူယုတ်မာ တစ်ယောက်ရဲ့ မရှိမဖြစ် ကျွမ်းကျင်မှုက
“မျှော်လင့်ချက် ပေးပြီး ထားခဲ့ခြင်း”
ဖြစ်လေသည်။
ချင်းလန် နောက်တစ်ခါ မလာခင် အချိန်အတွင်း၊ လင်းရှီးအာ စိုးရိမ်ပူပန်မှုနဲ့ မရေရာမှုတွေ ခံစားနေရမှာ ဖြစ်ပြီး၊ အချိန်အများစု သူ့အကြောင်း တွေးနေမိမှာ သေချာလေသည်။
ဟုတ်ပါတယ်၊ ချင်းလန် က ဒီလောက် တိုတောင်းတဲ့ အချိန်လေး အတူရှိရုံနဲ့ လင်းရှီးအာနဲ့ သံယောဇဉ် ဖြစ်လာလိမ့်မယ်လို့ မထင်ပေမဲ့ သူမ သူ့အကြောင်း ဆက်တိုက် တွေးနေမိတာကတင် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပင်။
ထို့နောက် ချင်းလန် နဲ့ ကျိုးဇယ်ချင်းက အောက်ထပ်ဆင်းသွားပြီး အမဲသား အပြည့်ပါတဲ့ ခေါက်ဆွဲ နှစ်ပွဲ စားပြီး ဆက်သွယ်ရန်လိပ်စာတွေ ဖလှယ်ကြပြီး အိမ်ပြန်သွားကြလေသည်။
နောက်တစ်နေ့ မနက်စောစော....
စုရှောင်းရှောင်း သည် ချင်းလန် ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး၊ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ကာ အနည်းငယ် နှုတ်ခမ်းစူပြီး ချင်းလန် ၏ ပါးပြင်ကို ဖွဖွလေး နမ်းလိုက်လေသည်။
“နည်းနည်းလောက် ထပ်အိပ်လိုက်ပါဦး။ မနေ့ညက မင်း ပြန်ရောက်တာ နောက်ကျတယ်လေ။ မိဘမဲ့ ဂေဟာကို ထပ်သွားဦးမလို့လား”
ချင်းလန် သူမခေါင်းကို ကြင်နာစွာ ပုတ်ပေးလိုက်လေသည်။
စုရှောင်းရှောင်း လိမ္မာစွာ ညည်းညူလိုက်ပြီး သူ့ပခုံးပေါ် ခေါင်းတင်ကာ ချင်းလန် ရဲ့ ပါးပြင်နဲ့ ဆံပင်ချင်း ပွတ်သပ်လိုက်လေသည်။
ဘာကြောင့်မှန်း သူမ မသိပေမယ့်၊ သခင်လေးနဲ့ ဒီလို ရင်းနှီးခွင့်ရတာကို သူမ သဘောကျပြီး ရင်ထဲမှာ အမြဲတမ်း ချိုမြိန်သလို ခံစားရလေသည်။
“အခု မိဘမဲ့ ဂေဟာက လူတိုင်း ပိုကောင်းတဲ့ ပတ်ဝန်းကျင် ရနေကြပြီ၊ ပြီးတော့ ကျောင်းအုပ်ကြီးကလည်း ကလေးတွေကို စာသင်ပေးဖို့ အားအင်တွေ ပိုရှိလာပြီ။ ကျွန်မက သိပ်မတော်ပေမယ့် ကလေးတွေကို စာသင်ပေးနိုင်သေးတယ်၊ အကူအညီ ဖြစ်သေးတယ်လေ။”
ချင်းလန် စိတ်တိုသလို ပြောလိုက်လေသည်။
“ကျောင်း မဆောက်ရသေးပေမယ့်၊ ငါ ဆရာ၊ ဆရာမ အနည်းငယ် အရင် ငှားပြီး လွှတ်လိုက်မယ်၊ ဒါဆို မင်း တစ်နေ့လုံး လျှောက်သွားနေစရာ မလိုတော့ဘူး။ မင်း ပင်ပန်းနေတာ မြင်ရတာ ငါ စိတ်မကောင်းဘူး။”
“ကျွန်မ ဆရာမ လုပ်ရတာ သဘောကျပါတယ်၊”
စုရှောင်းရှောင်း တိုးတိုးလေး ရေရွတ်လိုက်ပြီး ချင်းလန် ရဲ့ ရင်ဘတ်ပေါ် လက်တင်ကာ ချိုသာစွာ ပြောလိုက်လေသည်။
“အဲ့ဒါအပြင် အိမ်မှာ သခင်လေးက ကျွန်မကို အိမ်မှုကိစ္စတွေ နေ့တိုင်း မလုပ်စေချင်တော့၊ ကျွန်မက ဒီတိုင်း ထိုင်နေရတာပဲလေ။”
“မင်းနော်”
ချင်းလန် လက်လှမ်းလိုက်ပြီး သူမနဖူးကို ဖွဖွလေး ခေါက်လိုက်လေသည်။
“မင်း တစ်နေ့လုံး အလုပ်မလုပ်ဘဲ နေလို့ မရဘူးလား။ ကူညီပေးတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကို အနားယူဖို့ အချိန်ပေးရမယ်လေ။ မင်းက အမြဲတမ်း ကိုယ့်ကိုယ်ကို မူးဝေတဲ့အထိ လုပ်တယ်။ မင်းကို ကြည့်ပြီး ငါ ဘယ်လို ခံစားရမလဲ ဆိုတာ မင်း ဘယ်တုန်းကမှ မစဉ်းစားဘူးလား”
“သခင်လေး...”
စုရှောင်းရှောင်း ရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှု လှိုင်းဂယက်တွေ ထသွားပြီး ရင်ထဲမှာ နွေးထွေးသွားလေသည်။
“ကောင်းပါတယ်။ ငါ မူလက ဆရာ ဆရာမတွေ ငှားဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ မင်းက ဆရာမ လုပ်ချင်တယ် ဆိုမှတော့ ငါ မင်းကို ငှားလိုက်တယ်လို့ပဲ သဘောထားလိုက်မယ်။”
ချင်းလန် ခဏလောက် စဉ်းစားပြီး ပြောလိုက်လေသည်။
“ငါ မင်းကို လစာ ပေးရင်ကော လစာ မရဘဲ ဆရာမ လုပ်နေရတာ မသင့်တော်ဘူးလေ။”
“မယူပါဘူး၊ ကျွန်မ လစာ မလိုချင်ပါဘူး”
စုရှောင်းရှောင်း လန့်သွားပြီး ချင်းလန် ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်လေသည်။
“ကျွန်မ သခင်လေးကို ပိုက်ဆံတွေ အများကြီး ပေးစရာ ရှိသေးတယ်။ ကျွန်မ ဒါကို စေတနာနဲ့ လုပ်တာပါ၊ တစ်ပြားတစ်ချပ်မှ မလိုချင်ပါဘူး။”
“ဒီတစ်သက် အဲ့ဒီလောက်များတဲ့ ပိုက်ဆံကို ကျွန်မ ပြန်မဆပ်နိုင်ဘူး၊ ဒါကြောင့် နောက်ဘဝ၊ ပြီးတော့ နောက်ဘဝတွေမှာပါ သခင်လေးကို ထပ်ပြီး အလုပ်အကျွေး ပြုပါ့မယ်၊ ကျွန်မ တင်နေတဲ့ အကြွေးတွေကို ဆပ်ဖို့လေ။”
ကောင်မလေးတွေ၊ အထူးသဖြင့် စုရှောင်းရှောင်း လို အပြစ်ကင်းစင်တဲ့ သူတွေက အရာရာကို ဆုံးရှုံးရမှာ အကြောက်ဆုံး ဖြစ်ပြီး တန်ဖိုးထားတတ်ကြလေသည်။
အရင်တုန်းက သူမ ဘယ်လို ထုတ်ဖော်ပြသရမလဲ မသိခဲ့ပေ။
အခုတော့ အတိုးပြန်ဆပ်တယ် ဆိုတာ ဘာလဲဆိုတာ သူမ နားလည်သွားပြီ။
ဘယ်လို လုပ်ရလဲ ဆိုတာ သိသွားတော့ သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူမကို အနမ်းတစ်ပွင့် ပေးလိုက်လေသည်။
ရှက်စရာ ဘာမှ မရှိတော့ပေ သူမက သခင်လေးရဲ့ အမျိုးသမီး ဖြစ်နေပြီပဲလေ။