အခန်း (၉၁) မူယွီယန် ဟင်းချက်ခြင်း
“ဒင်! ဇာတ်လိုက်မင်းသမီး မူယွီယန် ကို အနိုင်ယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည် ကံကြမ္မာ ဗီလိန် အမှတ် +၅၀၀၀၀။”
“ဒင်! ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +1000*1 ရရှိသွားပါပြီ။”
“ဒင်! ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် 1000*2 ရရှိသွားပါပြီ။”
“…”
မူယွီယန် သည် ချင်းလန် ၏ ရင်ခွင်ထဲသို့ ကျရောက်သွားပြီး ညဉ့်နက်သည်အထိ အိပ်ပျော်သွားကာ သူမ၏ ဖုန်းမြည်သံကြောင့် နိုးလာခဲ့လေသည်။
သူမ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ တစ်ဝက်တစ်ပျက် နိုးနေဆဲ အခြေအနေတွင် ကုတင်ခေါင်းရင်း၌ လဲလျောင်းကာ သူမကို ကြည့်နေသော ချင်းလန် ကို သတိထားမိလိုက်ရာ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိလေသည်။
အစပိုင်းက တိုက်စစ်ဆင်လိုသော အရှိန်အဟုန်များ နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့လေပြီ။
အခု ချင်းလန် ကို ပြန်ရင်ဆိုင်ရတဲ့အခါ သူမ ရင်ထဲမှာ ဖော်ပြမရနိုင်တဲ့ နိမ့်ကျသလို ခံစားချက်မျိုး ဖြစ်ပေါ်လာလေသည်။
“ဖုန်းမကိုင်ဘူးလား”
ချင်းလန် က ကြမ်းပြင်ပေါ်က အိတ်ကို တစ်ချက်ကြည့်ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
မူယွီယန် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကုမ္ပဏီ ညစာစားပွဲပါ။ ကျွန်မ သွားဖို့ စီစဉ်ထားပေမယ့်၊ အခု ဘယ်မှ မသွားချင်တော့ဘူး။”
သူမမှာ တခြား ဘာအတွေးမှ မရှိတော့ပေ။
အထက်လူကြီးနဲ့ လက်အောက်ငယ်သားတွေကြား ဆက်ဆံရေး တိုးတက်စေဖို့ ညစာစားပွဲတွေ၊ ကာရာအိုကေ ပွဲတွေကို မေ့ထားလိုက်ပြီ။
အခုအချိန်မှာ သူမ လုပ်ချင်တာက ချင်းလန် နားမှာ နေဖို့ တစ်ခုတည်းပင်။
ချင်းလန် ဗိုက်ထဲက ဆာလောင်မှုကြောင့် အသံမြည်လာတာကို ခံစားလိုက်ရပြီး မပီမသ ရယ်မောလိုက်လေသည်။
“ဒါက... ညစာစားချိန်တောင် ရောက်နေပြီ၊ မင်း ငါ့ခံစားချက်ကို နည်းနည်းလေးမှ မစဉ်းစားပေးဘူးလား”
စုရှောင်းရှောင်း က ဒီည လုပ်စရာ ကိစ္စရှိလို့ အတော်နောက်ကျမှ ပြန်လာမှာ ဖြစ်သည်။ မဟုတ်ရင် ချင်းလန် အနေနဲ့ မူယွီယန် နဲ့ အချိန်အကြာကြီး အတူနေနိုင်မှာ မဟုတ်ပေ။
လူဆိုတာ ထမင်းတစ်နပ်လောက် မစားရရင် ဗိုက်ဆာလာမှာ သဘာဝပဲလေ။
မူယွီယန် တုန်လှုပ်သွားပြီး လည်ပင်းကို ရှုံ့ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလိုက်လေသည်။
“နင် ငါ့တောင်းဆိုမှု တစ်ခုကို လိုက်လျောရင်၊ ငါ နင့်အတွက် ချက်ကျွေးမယ်လေ၊ ဟုတ်ပြီလား”
တောင်းဆိုမှု.....
ချင်းလန် တံတွေးထွေးထုတ်လိုက်ပြီး နှုတ်ခမ်းသပ်ကာ မပျော်မရွှင် ဖြစ်သွားလေသည်။
သူမကို ရဖို့ အရမ်း လွယ်ကူသွားလို့ မူယွီယန် က အောင်မြင်မှု ခံစားချက် မရလိုက်လို့များလား။
ဒါကြောင့် နောက်ထပ် တောင်းဆိုမှုတွေ လုပ်နေတာလား။
မူယွီယန် ခေါင်းငုံ့ပြီး အားငယ်စွာ ပြောလိုက်လေသည်။
“အနမ်းတစ်ပွင့်တည်းပါ၊ ဟုတ်ပြီလား”
ဒီမနက်ကနေ အခုထိ ချင်းလန် သူမပါးကိုတောင် မထိသေးဘူးလေ။
သူမ စိတ်ပျက်နေတုန်းပဲ၊ မိန်းကလေး တစ်ယောက် ရသင့်ရထိုက်တဲ့ ကြင်နာယုယမှုကို မရရှိသေးဘူးလို့ အမြဲ ခံစားနေရလေသည်။
ရွှပ်.....
ချင်းလန် က မူယွီယန် ရဲ့ ပါးကို နမ်းလိုက်လေသည်။
ထို့နောက် မူယွီယန် ထရပ်လိုက်ပြီး အရင်ဆုံး ရေချိုး၊ ပြီးမှ မီးဖိုချောင်ဝင်ပြီး ဟင်းချက်ဖို့ ပြင်လိုက်လေသည်။
ထို့နောက်မူယွီယန်သည် မီးဖိုချောင်ထဲမှာ လိမ္မာစွာ အလုပ်ရှုပ်နေကာ သီချင်းတစ်ပုဒ် ညည်းရင်း ဖုန်းထဲက ဟင်းချက်နည်းတွေကို ကြည့်ကာ အနည်းငယ် ကိုးရိုးကားရား နိုင်စွာ ဟင်းချက်နေလေသည်။
တော်တော်ကြာကြာ လုပ်ပြီးနောက် နောက်ဆုံးမှာတော့ ရိုးရှင်းတဲ့ အိမ်ချက်ဟင်းပွဲ အနည်းငယ်ကို ချက်ပြုတ်နိုင်ခဲ့လေသည်။
အမြင်နဲ့ အနံ့ အရမ်း မကောင်းမွန်ပေမယ့် စားလို့တော့ ရပါသေးသည်။
သူမက ဝတ္ထုတွေထဲကလို ဂက်စ်အိုး ပေါက်ကွဲအောင် လုပ်တာတို့၊ မီးလောင်အောင် လုပ်တာတို့ ဖြစ်စေမယ့် မိန်းမအမျိုး မဟုတ်ပေ။
မူယွီယန် လို ထူးချွန်တဲ့ မိန်းကလေး တစ်ယောက်က မီးဖိုချောင် မဝင်ဖူးရင်တောင်၊ သင်ယူလိုစိတ် ရှိသရွေ့တော့ အရမ်း ဆိုးရွားနေမှာ မဟုတ်ပေ။
ဒီလို အခြေခံ အမှားမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါ့အပြင် မူယွီယန် က သူမအမေ နောက်လိုက်ပြီး မီးဖိုချောင်ထဲမှာ ဟင်းအနည်းငယ် ချက်ဖူးလေသည်။
သူမ အားလပ်ချိန် ရတိုင်း အိမ်မှာ ဟင်းပွဲတွေ ပိုချက်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူမအမေ ပြောစကားအရ ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားဆီ သွားရာလမ်းက သူ့ရဲ့ အစာအိမ်ကနေတဆင့် သွားတာတဲ့။
သူမ အခုချက်ချင်းတော့ သေချာပေါက် မလုပ်နိုင်သေးဘူး၊ ဒါပေမဲ့ သူမအမေ လုပ်နိုင်တယ်လေ။
တခြားနည်းလမ်း မရှိရင် အမေ နေပြန်ကောင်းလာတဲ့အခါ ထျန်ဟိုင်မြို့ ကို ခေါ်ပြီး ခဏလောက် အနားယူခိုင်းရင်း အမေ့ဆီကနေ သင်ယူရမယ်။
“ဟင်းချို သောက်ပါဦး၊ နင့်မျက်နှာ နည်းနည်း ဖြူဖျော့နေတယ်။”
မူယွီယန် က ဝက်နံရိုး ဟင်းချို တစ်ပန်းကန် ခပ်ထည့်ပြီး ချင်းလန် ရှေ့ ချပေးလိုက်လေသည်။
ချင်းလန် အနည်းငယ် သောက်ကြည့်ပြီး အရသာခံလိုက်လေသည်။ မူယွီယန် က သူ့ဘေးနားမှာ ရပ်ပြီး သူမရဲ့ လှပတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေလေကာ သူ မျိုချလိုက်တာ မြင်တော့ သူမ အလျင်အမြန် မေးလိုက်လေသည်။
“အရသာ ဘယ်လိုလဲ အရမ်း ငန်နေလား၊ ပေါ့နေလား”
“အရမ်း ငန်နေရင် ရေထပ်ထည့်ပြီး ပြန်ပြုတ်ပေးမယ်၊ ပေါ့နေရင် ဆားထပ်ထည့်ပေးမယ်။”
“အရသာ အဆင်ပြေပါတယ်၊ ဒီလောက် ဆိုရင် တော်တော် ကောင်းနေပါပြီ။”
ချင်းလန် က ဂရုမစိုက်သလို ပြောလိုက်လေသည်။
“နင်က စားဖိုမှူးမှ မဟုတ်တာ၊ ဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ”
“ဒါဆို နင် ဘယ်လို အရသာ ကြိုက်လဲ ငါ သိချင်လို့လေ။ ငါက နင့်ကို တစ်ခါတည်း ချက်ကျွေးမှာမှ မဟုတ်တာ။”
မူယွီယန်က ကုလားထိုင် တစ်လုံး ဆွဲယူပြီး ချင်းလန် ဘေးမှာ ဝင်ထိုင်လိုက်ကာ သူ့ပန်းကန်ထဲ ဟင်းတွေ အများကြီး ထည့်ပေးလိုက်ပြီးတော့ မေးထောက်ပြီး သူ့ကို စိုက်ကြည့်နေလေသည်။
“တစ်မျိုးချင်းစီ မြည်းကြည့်ပါဦး။ မကောင်းရင် နောက်တစ်ခါ ငါ ပြင်ချက်ပေးမယ်။”
သူမရဲ့ အကြည့်အောက်မှာ ချင်းလန် နည်းနည်း နေရခက်လာလေသည်။ မူယွီယန် ရဲ့ အပြုအမူတွေက နည်းနည်း လွန်လာပြီလို့ သူ ရုတ်တရက် သဘောပေါက်လိုက်လေသည်။
သူမက ကိုယ့်ကိုယ်ကို ဇနီးသည်လေး တစ်ယောက်လို သဘောထားပြီး ပြုမူနေပြီပဲ။
ရိုးရိုးသားသား ပြောရရင် ဒီခံစားချက်က မဆိုးပါဘူး။
ဘယ်လို အဆင့်အတန်းပဲ ရှိရှိ၊ ဒီလို ဂရုစိုက်ခံရတာကို ဘယ်သူမှ စိတ်မသက်မသာ ဖြစ်မှာ မဟုတ်ပေ။
မူယွီယန် က ချင်းလန် နဲ့ ပိုနီးကပ်ချင်တာကြောင့် ထိုင်ခုံကို တမင်တကာ ရှေ့တိုးလိုက်ရာ မတော်တဆ ခြေသလုံးကို တိုက်မိသွားပြီး နာကျင်စွာ ညည်းညူလိုက်မိလေသည်။
ချင်းလန် က ဂရုမစိုက်သလို နေပေမယ့် ခြင်ဆီသန့်စင်ဆေးလုံး တစ်လုံး ထုတ်ပြီး မူယွီယန် ပါးစပ်ထဲ ထည့်ပေးလိုက်လေသည်။
မျိုချပြီးနောက် မူယွီယန် သံသယဖြစ်စွာ မေးလိုက်လေသည်။
“ဘာ သကြားလုံးလဲဟင် ချိုလိုက်တာ။”
ခဏကြာတော့ သူမ ခန္ဓာကိုယ်ထဲမှာ အပူရှိန် တက်လာပြီး ချွေးမည်းတွေ စတင် ထွက်လာလေသည်။
ချင်းလန် ဝက်နံရိုး ဟင်းချို တစ်ငုံ သောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
“အဲ့ဒါက အလှပ ဆေးပြား ထက် ပိုအံ့ဩစရာ ကောင်းတဲ့ ဆေးပဲ။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေနိုင်တယ်။ မင်းရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့ဆို၊ ငါ လုံးဝ ပြန်ကောင်းလာတဲ့အခါ အိပ်ရာထဲမှာဘယ်လို ဖြစ်သွားမလဲ တွေးကြည့်လေ”
ဒါကို ကြားလိုက်ရတော့ မူယွီယန် ရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေ့သီလာလေသည်။
ချင်းလန် ရဲ့ စကားတွေက အေးစက်ပေမယ့်၊ ဒီစကားလုံး အနည်းငယ်ကနေ ခြင်ဆီသန့်စင်ဆေးလုံးက အလွန် တန်ဖိုးရှိမှန်း သိသာနေပြီး၊ သူမ ဖော်ပြမရနိုင်တဲ့ ကျေးဇူးတင်မှုကို ခံစားလိုက်ရလေသည်။
ဒီနေ့ ငါ လောင်းကြေးထပ်ခဲ့တာ တကယ် မှန်ကန်ခဲ့တာပဲ။
ထမင်းစားပြီးနောက် မူယွီယန် က ချင်းလန် ရှေ့မှာ ချွေးမည်းတွေထွက်ပြီး အရှက်ကွဲမှာ ကြောက်တာကြောင့် အာနင် ကို အမြန် ဖုန်းခေါ်ပြီး အိမ်ပြန်သွားလေသည်။
နေဝင်သွားတာနဲ့အမျှ ကျောချမ်းစရာ ကောင်းတဲ့ လေထုတစ်ခု လေထဲမှာ ပြည့်နှက်လာပြီး၊ ဆိုးရွားတဲ့ ကံကြမ္မာ ရောက်လာတော့မယ့် ခံစားချက်မျိုး ပြန်လည် ဝင်ရောက်လာလေသည်။
ချင်းလန် က တည်ငြိမ်စွာနဲ့ သိုလှောင်ခန်းထဲကနေ ချိတ်တစ်ခု ယူလိုက်ပြီး အိပ်ခန်းထဲ ပြန်ဝင်ကာ စားပွဲပေါ် တက်ပြီး မျက်နှာကြက်မှာ ချိတ်ကို အားကုန် ရိုက်သွင်းလိုက်လေသည်။