အခန်း(၉)အမှားတစ်ခုလား
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း သည် စိတ်ခံစားမှု အတက်အကျ ဖြစ်ပေါ်ခဲ့သည်။အိမ်ရှင်အား +၃၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း ၏ နှစ်သက်မှု မြင့်တက်လာသည်။အိမ်ရှင်အား +၅၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း ၏ နှစ်သက်မှု ဆက်လက်မြင့်တက်လာသည်။အိမ်ရှင်အား +၁၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“…”
စုရှောင်းရှောင်းက သူမရဲ့ခေါင်းကို မော့လိုက်တော့ သူမရဲ့ မျက်ဝန်းကြီးတွေက
ရေလို ကြည်လင်နေပြီးကြယ်လေးတွေ
လိုအလင်းရောင်များ တလက်လက် တောက်ပနေလေသည်။
ချင်းလန် က အလွန်နီးကပ်နေပြီးသူ့ရဲ့
ရုပ်ရည်ကနတ်သားတစ်ပါးလိုမျိုး ခန့်ညားနေပေသည်။သူ့ပတ်လည်မှာလည်း တောက်ပတဲ့ ကြယ်ရောင်လေးတွေက လင်းလက်နေသလိုပင်။
ချက်ချင်းဆိုသလို စုရှောင်းရှောင်းရဲ့
စိတ်ထဲမှာ အာဏာရှင်ဆန်တဲ့
အသံတစ်ခုကို ကြားလိုက်ရလေသည်။
“မင်းကောင်စုတ် သတ္တိရှိရင်မပြေးနဲ့။
ဒီနေ့ မင်းရဲ့ခြေထောက်တွေကိုမချိုးနိုင်
ရင်ငါ့နာမည်ကို ချိုက် ကနေပြောင်းလိုက်မယ်”
ချိုက်ယုံ ရဲ့ခြိမ်းခြောက် စကားတွေက
စုရှောင်းရှောင်းကို စိတ်ကူးယဉ်အိပ်မက် ထဲကနေ လန့်နိုးစေခဲ့လေသည်။
သူမက လက်နှစ်ဖက်နဲ့ပါးကိုပုတ်လိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ကာ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ဆူပူလိုက်လေသည်။
စုရှောင်းရှောင်း စုရှောင်းရှောင်း
နင် ဘာလို့ ဒီလောက်တောင်မျက်နှာ
ပြောင်ရတာလဲ။
နင် ဘာတွေ စဉ်းစားနေတာလဲ။
သခင်လေးက ချင်းမိသားစုရဲ့ဂုဏ်သတင်း ကိုထိခိုက်မှာစိုးလို့ ချင်းမိသားစုရဲ့
အိမ်ဖော်တစ်ယောက်ကို အနိုင်ကျင့်ခွင့်
မပြုချင်ရုံ သက်သက်ပါ။
ပြီးတော့ဒါကနင့် တစ်ယောက်တည်း
အတွက်မဟုတ်ဘူး။ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလိုက်နဲ့။
အဲ့လိုတွေးပြီးတာတောင်စုရှောင်းရှောင်း
ရဲ့ နှလုံးသားလေးက အပြင်းအထန် ခုန်ပေါက်နေဆဲပင်။
“ဘာလို့ တခစ်ခစ် ရယ်နေတာလဲ”
ချင်းလန်က တစ်ခါတလေရယ်လိုက်
တစ်ခါတစ်လေပါးကိုကိုင်လိုက်
တစ်ခါတစ်လေ နှုတ်ခမ်းဆူလိုက် လုပ်နေတဲ့ စုရှောင်းရှောင်းကို ကြည့်ပြီးနည်းနည်း ရယ်စရာ ကောင်းတယ်လို့ ခံစားလိုက်ရလေသည်။
ဒီကောင်မလေးစိတ်ကိုဖတ်ရတာ အရမ်းလွယ်မနေဘူးလား။သူမစဉ်းစားသမျှ
အရာအားလုံးနီးပါးက သူမရဲ့မျက်နှာပေါ်မှာ ပေါ်နေလေသည်။သူမက အဖြူထည်လေးသက်သက်ပင်။
စုရှောင်းရှောင်း ခေါင်းခါလိုက်ပြီး
“ဘာမှ မဟုတ်ပါဘူး လုံးဝဘာမှမဟုတ်ပါဘူး။သခင်လေး ကျွန်မတို့ အမြန်သွားရအောင်။သူခေါ်တဲ့လူတွေ ရောက်လာရင် ကျွန်မတို့ ထွက်သွားနိုင်မှာမဟုတ်တော့ဘူး။”
“ထွက်သွားရမယ်။ဘာလို့ ထွက်သွားရမှာလဲ။သူမင်းကို ရိုက်တာအတွက် လျော်ကြေးတောင်မပေးရသေးဘူးလေ”
ချင်းလန်ကအဲ့နေရာမှာပဲတောင့်ခံပြီးရပ်နေလေသည်။စုရှောင်းရှောင်း ဘယ်လောက်ပဲ ဆွဲဆွဲ မလှုပ်မယှက်ပင်။ထို့နောက်အနည်းငယ်အားထည့်ပြီး စုရှောင်းရှောင်းကို သူ့ရင်ခွင်ထဲဆွဲသွင်း လိုက်လေသည်။
လန့်သွားတဲ့ယုန်ဖြူလေး တစ်ကောင်လို
စုရှောင်းရှောင်းက သူ့လက်မောင်းတွေထဲကနေ လျှင်မြန်စွာ ခုန်ထွက်လာပြီးရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
ဒီလိုအပြုအမူက ဆန့်ကျင်ဘက်လိင်နဲ့
ထိတွေ့မှုတစ်ခါမှမရှိဖူးတဲ့ မိန်းမငယ်လေး
ကို တကယ်ပဲထိတ်လန့် စေခဲ့လေသည်။
ချင်းလန်က စုရှောင်းရှောင်းရဲ့တုံ့ပြန်မှုကိုအလွန်ကျေနပ်နေသည်။ပထမအေးစက် ပြီးမှ နွေးထွေးလာကာ သူ့ရဲ့ဆွဲဆောင်မှု
နဲ့ပေါင်းစပ်လိုက်တော့ စုရှောင်းရှောင်းလို ရိုးရှင်းတဲ့ မိန်းမငယ်လေး တစ်ယောက်ရဲ့ နှစ်သက်မှု ကိုသိမ်းပိုက်ဖို့ လွယ်လွန်း
လေသည်။ဗီလိန်အမှတ်တွေ ဆက်တိုက်ရနေခြင်းက သက်သေပင်။
ချင်းလန်ကဖုန်းခေါ် နေတဲ့ ချိုက်ယုံကို ကြည့်ပြီး လှောင်ပြောင်လိုက်လေသည်။
“ဒါကအကူ ခေါ်တာ မဟုတ်လား။ဘယ်သူက မလုပ်နိုင်လို့လဲ။ငါလည်း အကူခေါ်မယ်”
ဆယ်မိနစ်မကြာသေးခင်မှာပင် နှစ်ဖက်စလုံးက လူတွေရောက်လာခဲ့သည်။
ဈေးဝယ်စင်တာထဲက လူတွေတစ်ချို့က
ဝိုင်းအုံပြီးကြည့်နေလေသည်။
“သွားပြီ ငါ့ကောင်လေးကတော့
အရိုက်ခံရတော့မယ်အရေ
အတွက်က အရမ်းမမျှတဘူး”
“သူတို့ လူခေါ်တယ်လို့ ပြောပေမယ့်
ဘာလို့ ချောမောတဲ့ညီလေး က ဒီလူတစ်ယောက်တည်းကိုပဲ ခေါ်တာလဲ”
“လူတစ်ယောက်က ဘယ်လောက်ပဲ တိုက်ခိုက်ရေးမှာ ကောင်းနေပါစေ
လူတစ်စုလုံးကို တိုက်နိုင်ပါ့မလား။
ဒါက အရိုက်ခံဖို့တောင်းဆိုနေတာ
မဟုတ်ဘူးလား”
ကြည့်နေကြတဲ့မိန်းကလေးတွေအကုန်လုံးထိတ်လန့် သွားကြပြီးလူငယ်လေး ရက်ရက်စက်စက်အရိုက်ခံရမယ့်
မြင်ကွင်းကို မမြင်ချင်ကြပေ။
ချိုက်ယုံကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ပြဿနာတွေကို အကြမ်းဖက်ပြီးမကြာခဏဖြေရှင်းလေ့ရှိတာကြောင့် သူ့ရဲ့လက်အောက်မှာလူမိုက် အဖွဲ့တစ်ဖွဲ့ ရှိပေသည်။
ဒီနေ့မှာသူ အားလုံးကိုခေါ်ခဲ့ပြီး
လူဆယ့်သုံးယောက်လုံးကကျယ်ပြန့်တဲ့
ကျောပြင် ခိုင်မာတဲ့ ပခုံးတွေနဲ့
နွားတွေလို သန်မာကြလေသည်။
တစ်ဖက်မှာတော့ ပိုပြီးရိုးရှင်းတဲ့ပုံပေါ်နေ
တဲ့ကျွင်းဇီ တစ်ယောက်တည်းသာ။ပြီးတော့ သူကခွေးတစ်ကောင်လို အလုပ်လုပ် နေရပြီး တခြားသူတွေမရောက်ခင်မှာပင်
စုရှောင်းရှောင်းရဲ့ အိတ်ကြီးအိတ်ငယ်တွေ ကို ကားဆီသွားပို့ပေးခဲ့ရသေးလေသည်။
“သခင်လေး ဗီလာမှာ တခြားလူတွေ
မရှိဘူးလား။ကျွန်မတို့ မနိုင်ရင်ဘယ်လိုလုပ်မလဲ”
စုရှောင်းရှောင်းစိတ်လှုပ်ရှားနေပေသည်။ တစ်ဖက်ကလူအုပ်ကြီးကကျွင်းဇီ ထက် အများကြီး ပိုပြီးသန်မာတဲ့ပုံပေါ်နေသောကြောင့်ပင်။
ချင်းလန် မဖြေဘဲ ချိုက်ယုံရဲ့ဘက်ကို
ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး
“ဒါပဲလား။အားလုံး ရောက်လာပြီလား။”
“မင်း ဘယ်လောက်ကြာကြာ
မောက်မာနိုင်မလဲကြည့်ရသေးတာပေါ့”
ချိုက်ယုံက သူ့ရဲ့လူမိုက် တွေကိုပြော
လိုက်လေသည်။
“မင်းတို့အားလုံး သွား ဒီကောင်ရဲ့လက်တစ်ဖက်ကို ချိုးရင် တစ်သောင်း ခြေထောက်တစ်ချောင်း ချိုးရင်
နှစ်သောင်း”
ပိုက်ဆံ ကလူ့နှလုံးသား ကိုလှုပ်ရှားစေ
ပေသည်။
ဆာလောင်နေတဲ့ ဝံပုလွေတွေတောင်ပေါ်က ဆင်းလာသလို လူမိုက်တစ်ဒါဇင်ကျော်
ကချင်းလန်ဆီ ပြေးဝင်လာသည်။
အမြန်ဆုံးတစ်ယောက်က ချင်းလန်ဆီကို ရောက်လုနီးပါး ဖြစ်နေလေပြီ။ရှေးဟောင်း ထင်းရှူးပင်တစ်ပင်လိုငြိမ်သက်စွာရပ်နေခဲ့တဲ့ ကျွင်းဇီလှုပ်ရှားလိုက်လေသည်။သူ့ရဲ့ အရှိန်က အရမ်းမြန်လွန်းပြီးတစ်ဖက်လူကို ဖြတ်ကန်လိုက်သည်။
ဘန်း!
ပေါင်တစ်ရာ့ရှစ်ဆယ် နီးပါးအလေးချိန်ရှိတဲ့ ခန္ဓာကိုယ်တောင့်တင်းတဲ့လူက
သဲအိတ်တစ်အိတ်လို နောက်သို့မီတာများစွာလွင့်သွားခဲ့လေသည်။
“အားလျှော့ပြီးမသုံးနဲ့။
သုံးမိနစ်အတွင်း အပြီးသတ်လိုက်။
ဒီညမင်းနဲ့ မင်းရဲ့ညီအစ်ကိုတွေချီကျိလျန် ကလပ်ကိုသွားလိုက် ငါကျွေးမယ်”
ချင်းလန်က ကျွင်းဇီ ရဲ့ပခုံးကိုပုတ်
ပြီးပြောလိုက်သည်။
ကျွင်းဇီ ရဲ့ မျက်လုံးတွေလင်းလက်သွားပြီး ခပ်ဟဟ ရယ်လိုက်လေသည်။
“သခင်လေး ပြောပြီးသားနော်။သုံးမိနစ်? ကျွန်တော့်ကို အထင်သေး နေတာမဟုတ်ဘူးလား”
သူ စကားပြောပြီးတာနဲ့လွှတ်လိုက်တဲ့
သားရဲတစ်ကောင်လို ပြေးထွက်သွားပြီး လူမိုက် တစ်ဒါဇင်ကို ချက်ချင်းပင် ဝင်ချလိုက်လေသည်။
ဒါက တိုက်ပွဲမဟုတ်ပေ။
ဒါက ရှင်းရှင်းလင်းလင်းကို
အနိုင်ကျင့်တာ ပဲ။
ကျွင်းဇီ ရဲ့ ရှေ့မှာဒီသာမန်လူမိုက်တွေက အနားကိုတောင် မကပ်နိုင်ပေ။လက်ဝါးနဲ့ တစ်ချက် ခုတ်လိုက်ရုံနဲ့ချက်ချင်း သတိလစ် သွားပြီး ကန်ချက် တစ်ချက်က မီတာများစွာကို လွင့်ထွက်သွားစေလေသည်။
သုံးမိနစ်လား။
တစ်မိနစ် မပြည့်ခင်မှာလူမိုက်ဆယ့်သုံးယောက်လုံး မြေပြင်ပေါ်မှာ လဲကျပြီး နာကျင်စွာ အော်ဟစ် နေကြပေသည်။
ဟူး....
ပတ်ဝန်းကျင်က လူတိုင်းအေးစက်တဲ့
လေ ကို ရှိုက်သွင်းလိုက်လေသည်။
ဒါ လူသားရောဟုတ်ရဲ့လား။ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်ရတာလဲ။
သူ တစ်ယောက်တည်း ဒီလိုအချိန်တိုအတွင်းမှာ လူမိုက်တစ်ဒါဇင်ကျော်လုံး
ကို မသန်စွမ်းဖြစ်အောင်လုပ်ပစ်လိုက်
တာလား။
သူတို့ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရရင် ခုနက ဘာဖြစ်သွားတယ်ဆိုတာကို စိတ်ကူးတောင်ယဥ်နိုင်မှာမဟုတ်ပေ။
စုရှောင်းရှောင်း အပါအဝင်လူတိုင်း
ကျွင်းဇီ ရဲ့ ကြောက်မက်ဖွယ်ကျွမ်းကျင်မှု ကြောင့် အံ့အားသင့် သွားကြသည်။
ချင်းလန် တစ်ယောက်တည်းသာတည်ငြိမ် နေပြီး ကျွင်းဇီ ရဲ့ကျွမ်းကျင်မှုအပေါ်
အံ့ဩမှုမပြခဲ့ပေ။
သူဒီလောက်တောင်စွမ်းရည် မရှိဘူး
ဆိုရင်ကျွင်းဇီက ရဲ့ဖန်းနဲ့ဘယ်လိုလုပ်
အချီရာချီ တိုက်ခိုက်နိုင်မှာလဲ။
ချင်းလန်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု က
နှစ်ဆယ့်ခြောက် ဖြစ်တယ်ဆိုရင်
ကျွင်းဇီ ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အနည်းဆုံး ရှစ်ဆယ် ဒါမှမဟုတ်
ကိုးဆယ် ဖြစ်ရပေမည်။
ရဲ့ဖန်း အတွက်ဆိုရင်တော့ ကိုးဆယ်ကျော် ဒါမှမဟုတ် တစ်ရာနီးပါး ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ချိုက်ယုံတစ်ယောက် ထိတ်လန့်မှုကနေ သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်း
ရှူလိုက်ကာ ချင်းလန်ကို လေးနက်စွာစိုက်ကြည့်လိုက်ပြီး
“မင်း တကယ်ပဲစွမ်းရည် ရှိတာပဲဒီလို ကိုယ်ရံတော် မျိုးရှာနိုင်တာ။ချင်းချင်ရှန် က မင်းကို ကောင်းကောင်း ကာကွယ်ပေးထားတယ် ထင်ပါရဲ့”
“နှမြောစရာပဲ”
သူ ဈေးဝယ်စင်တာထဲက လုံခြုံရေးကင်မရာတွေ ကို လက်ညှိုးထိုးပြလိုက်လေသည်။
“မင်း အမှားတစ်ခု လုပ်မိလိုက်ပြီ
လူငယ်လေး နောင်တစ်ချိန်မှာ ပိုပြီး သတိထားပေါ့။”
“အခုခေတ်က အားကြီးတိုင်းလက်နဲ့
ပဲဖြေရှင်းတဲ့ခေတ်မဟုတ်တော့ဘူး”
“မင်းနဲ့ မင်းရဲ့ကိုယ်ရံတော်မှာတစ်ယောက်က ငါ့လက်မောင်းကို ချိုးလိုက်တယ်။
နောက်တစ်ယောက်က ဒီလူအများကြီးကို ပြင်းထန်တဲ့ ဒဏ်ရာရအောင်လုပ်တယ်။
ဒီနေ့ဘယ်လောက်ပဲ ကုန်ကျပါစေမင်းတို့ နှစ်ယောက်ကို တစ်နှစ်ခွဲလောက် ထောင်ထဲ ရောက်အောင် ငါသေချာပေါက်လုပ်မယ်”