အခန်း (၈၉) ရွေးချယ်ခံ ချန်ဖျင်အန်း
တစ်နာရီ ကြာပြီးနောက်.....
သွေးနီရောင် မန်ဒါလာ ၏ လှပသော မျက်လုံးများသည် မူးဝေနေမှုမှ အသိစိတ် ပြန်ဝင်လာပြီး ချင်းလန် ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။
သူမ၏ မျက်လုံးများတွင် နာကြည်းမှုနှင့် အမုန်းတရားများ ပြည့်နှက်နေလေသည်။
“နင် ငါ့ကို သတ်လိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ငါ နင့်ကို ဘယ်နည်းနဲ့မဆို သတ်မှာ သေချာတယ်”
“မင်း အဲ့လို ပြောတာ ကြားရတာ စိတ်သက်သာရာ ရသွားပြီ။”
ချင်းလန် က သွေးနီရောင် မန်ဒါလာ ကို ချည်နှောင်ထားတဲ့ ကြိုးနီကို ဖြည်ပေးလိုက်လေသည်။
“မင်း သွားလို့ ရပြီ။ မင်းရဲ့ နောက်တစ်ခါ လုပ်ကြံသတ်ဖြတ်မှု ကို စောင့်မျှော်နေမယ်။”
ဒါပေမဲ့ မင်းကို တစ်ခု ပြောပြရမယ်၊ ဒီည ငါ စိတ်အခြေအနေ ကောင်းနေလို့ မင်း ကံကောင်းသွားတယ်။ မဟုတ်ရင် ငါ ဒီလောက် ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့မှာ မဟုတ်ဘူး။
သွေးနီရောင် မန်ဒါလာ ကြမ်းပြင်ပေါ် ရုန်းကန်ပြီး တုန်ယင်စွာ မတ်တပ်ရပ်လိုက်လေသည်။
သူမ ချင်းလန် ကို သေတဲ့အထိ တိုက်ခိုက်ချင်နေသေးပေမယ့် သူမရဲ့ ခန္ဓာကိုယ်က ခွင့်မပြုတော့ပေ။
တစ်ကိုယ်လုံး မေ့ဆေးမိထားသလို ဖြစ်နေပြီး ဘာအားအင်မှ မရှိတော့ပေ။ လမ်းလျှောက်တာတောင် ယိုင်နဲ့နဲ့ ဖြစ်နေလေသည်။
သူမ အားအင် ပြန်မွေးပြီးမှ ချင်းလန် ကို လက်စားချေဖို့ ပြန်လာရမယ်။
ချင်းလန် ကို မသတ်ရမချင်း အနားမယူဘူးလို့ သူမ ကျိန်ဆိုလိုက်လေသည်။
ဘုန်း.....
တံခါးပိတ်သွားလေသည်။
သွေးနီရောင် မန်ဒါလာ ထွက်ခွာသွားသော်လည်း မကြာခင် ပြန်လာတော့မယ့်အတိုင်း နာကြည်းမှု၊ အေးစက်မှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေကို ချန်ထားရစ်ခဲ့လေသည်။
ချင်းလန် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။ သွေးနီရောင် မန်ဒါလာ တံခါးလာမခေါက်မှာကို သူ မကြောက်ပေ သူမ ထွက်ပြေးသွားမှာကိုပဲ ကြောက်မိလေသည်။
ဒီည ဖြစ်ပျက်ခဲ့တာတွေ ပြီးတော့ တစ်ဘီလီယံတန် လုပ်ကြံသတ်ဖြတ်မှု ကမ်းလှမ်းလာရင်တောင် သူမ စိတ်ဝင်စားတော့မှာ မဟုတ်လောက်ပေ။
သူမ ခေါင်းထဲမှာ အတွေးတစ်ခုတည်း ကျန်တော့မှာ ဖြစ်သည်။
သူ့ကို သတ်ဖို့ပင်။
သူမကို လွှတ်ပေးလိုက်ရင် သူမ ပြန်လာမှာ သေချာလေသည်။
ဒါ့အပြင် သွေးနီရောင် မန်ဒါလာ က သူမရဲ့ ရန်ငြိုးတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်ပြီး သူမကို စော်ကားတဲ့သူကိုပဲ ပစ်မှတ်ထားလေ့ ရှိသည်။
သူ့ဘေးနားက လူတွေအတွက် စိတ်ပူစရာ မလိုပေ။
နောက်တစ်နေ့ မနက်......
စုရှောင်းရှောင်း သည် မနက်စာ စောစော ပြင်ဆင်ပြီး ကလေးတွေကို ကြည့်ရှုဖို့ မိဘမဲ့ ဂေဟာသို့ ထွက်ခွာသွားလေသည်။
မနက်စာ စားနေစဉ် ချင်းလန် သည် လာနေသော ကျွင်းဇီ ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကိစ္စတွေ ပြေလည်သွားပြီလား”
ကျွင်းဇီ က ခေါင်းကို ရှက်ရွံ့စွာ ကုတ်လိုက်ပြီး ပြောလိုက်လေသည်။
“ပြဿနာတော့ ပြေလည်သွားပါပြီ၊ ဒါပေမဲ့ အကျိုးကျေးဇူးတွေ အကုန်လုံး ကျွန်တော့်ဆီ ရောက်လာတယ်။”
အရင် အမှုတွေ ဖြစ်တဲ့ နဂါးနက် အသင်း ကို မူးယစ်ဆေး ရောင်းတယ် ဆိုပြီး ချောက်ချတဲ့ ကိစ္စ၊ ကျန့်ဟူ နဲ့ သူ့ရဲ့လူတွေကို ရှင်းလင်းတဲ့ ကိစ္စ၊ ပြီးတော့ မကြာသေးမီက အကြီးစား ပစ်ခတ်မှု ကိစ္စ။
အမှု သုံးခုကြောင့် ကျွင်းဇီ ရာထူး သုံးဆင့် တိုးသွားလေသည်။
သူ ရာထူးတစ်ခု ရထားပြီးသား ဖြစ်ပြီး၊ နောက်ဖြစ်နိုင်ရင် ကြယ်တစ်ပွင့် ဗိုလ်ချုပ် အဆင့်အထိ ရောက်နိုင်လေသည်။
“ရာထူး မြင့်လေလေ ကိစ္စတွေ လုပ်ရတာ ပိုလွယ်လေပေါ့။”
ချင်းလန် က ဆန်ပြုတ်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
“ဒီမှာ လုပ်စရာ ကိစ္စတချို့ ရှိနေလို့။ ငါ ထျန်ဟိုင် တက္ကသိုလ် ကို ကျောင်းပြောင်းဖို့ ကိစ္စ ကူညီပေးလို့ ရမလား”
ကျွင်းဇီ ဘာမေးခွန်းမှ မမေးဘဲ ခေါင်းညိတ်ပြီး
“ဟုတ်ကဲ့”
လို့ ပြောလိုက်လေသည်။
ဒါ စဉ်းစားနေစရာ လိုသေးလို့လား။
သခင်လေး ကျောင်းထွက်ထားတာ နှစ်နှစ်ကျော်နေပြီလေ။
ကောင်မလေးတွေကို လိုက်ဖို့ သက်သက် မဟုတ်ရင် ဒီအချိန်ကြီး ဘယ်သူက တက္ကသိုလ် သွားတက်မှာလဲ။
သို့သော် သူ နည်းနည်း စိတ်ဝင်စားမိသည်။
ကောင်မလေး လိုက်ချင်ရုံ သက်သက် ဆိုရင်၊ ကျောင်းအလှလေး ဖြစ်နေရင်တောင် သခင်လေးရဲ့ အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် ဘယ်လိုလုပ် မရဘဲ နေမှာလဲ။
ကျောင်းပြောင်းရလောက်တဲ့အထိ ဒုက္ခခံဖို့ တကယ် လိုအပ်လို့လား။
သူ မသိတာက ချင်းလန် က ထျန်ဟိုင် တက္ကသိုလ် ကို ပြောင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်းပင်။
ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ဇာတ်လိုက်မင်းသမီး တစ်ယောက်တည်း ရှိတာ မဟုတ်ဘဲ၊ ထျန်ဟိုင် တက္ကသိုလ် မှာ ဇာတ်လိုက်မင်းသမီး အများအပြား ရှိနေလို့ပင်။
နောက်ထပ် ရွေးချယ်ခံ ချန်ဖျင်အန်း က တောင်ပေါ်က ဆင်းလာပြီးနောက် ပထမဆုံး မစ်ရှင် အနေနဲ့ ကျောင်းအလှလေး ချူမုန်ယောင် ကို ကာကွယ်ရမှာ ဖြစ်လေသည်။
ထို့ပြင် ကျောင်းအတွင်း ဖြစ်ပျက်မယ့် ဇာတ်လမ်းတွေက ဇာတ်ကြောင်း တစ်ခုလုံးရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နေလေသည်။
သူက စတင်ပြီး အခွင့်အရေး ရယူဖို့ လိုအပ်သလို၊ ကံစမ်းမဲ နှိုက်ဖို့ ဗီလိန်အမှတ် တချို့ ရှာဖို့လည်း လိုအပ်လေသည်။
သခင်လေး နက်နက်ရှိုင်းရှိုင်း တွေးတောနေတာကို မြင်တော့ ကျွင်းဇီ မနှောင့်ယှက်ချင်တာကြောင့် ကျောင်းပြောင်းဖို့ ကိစ္စ စီစဉ်ရန် ထွက်ခွာသွားလေသည်။
သူ ထွက်သွားကာစ ရှိသေး၊ ဒေါက်မြင့်ဖိနပ် စီးထားတဲ့ မူယွီယန် ဝင်လာပြီး စိုးရိမ်ပူပန်ကာ ပျာယာခတ်နေပုံ ပေါက်လေသည်။
“အဟွတ် အဟွတ်...”
အဲ့ဒီအချိန်မှာ သစ္စာဖောက်တွေ အကြောင်း အလေးအနက် စဉ်းစားနေတဲ့ ချင်းလန် က မတော်တဆ ဆန်ပြုတ် သီးသွားပြီး နှစ်ချက်လောက် ချောင်းဆိုးလိုက်လေသည်။
ဒါ လွန်လွန်းတယ်....
ဒါကို မြင်တော့ မူယွီယန် ထိတ်လန့်တကြား ပြေးလာပြီး သူမရဲ့ သွယ်လျတဲ့ လက်လေးတွေနဲ့ သူ့ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်လေသည်။
“အဆင်ပြေရဲ့လား ဘယ်နား ထိခိုက်သွားသေးလဲ ဘာလို့ ဒီလောက် မိုက်မဲရတာလဲ ဘာကိစ္စ မန်တန် တောင်တန်း ကို သွားရတာလဲ”
“ဘာ”
ချင်းလန် လှည့်ကြည့်လိုက်ပြီး နားမလည်နိုင် ဖြစ်သွားလေသည်။
မူယွီယန် ရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာထားရဲ့ အကြောင်းရင်းကို သူ ကောင်းကောင်း နားမလည်ပေ။
မူယွီယန် က နာကြည်းစွာ တိုင်တောလိုက်လေသည်။
“လိုလို့လား ငါ အရင်က အမှားတွေ လုပ်ခဲ့မိရင်တောင်၊ နင် ငါနဲ့ ဒီလောက် ရှင်းရှင်းလင်းလင်း စည်းခြားထားဖို့ မလိုပါဘူး၊ ဟုတ်တယ်မလား”
“ငါ အကုန် သိတယ်၊ အာနင် ငါ့ကို ပြောပြတယ် မနေ့ညက နင် ကျွင်းဇီ တို့နဲ့အတူ မန်တန် တောင်တန်း ကို သွားပြီး လုပ်ကြံသတ်ဖြတ်သူ စာရင်းဝင် ထိပ်တန်း လုပ်ကြံသူတွေကို သွားရှင်းလင်းခဲ့တယ် ဆို”
“ဒီကိစ္စတွေကို ကျွင်းဇီ တို့ဆီ လွှဲထားလို့ ရတာပဲ။ နင်က ဘာလို့ ဆရာကြီး သွားလုပ်နေရတာလဲ”
မနက်စောစောကတည်းက မူယွီယန် က အာနင် ဆီကနေ ချင်းလန် ရဲ့ နေရာကို မသိမသာ မေးမြန်းခဲ့ပြီး၊ အာနင် ကို ကျွင်းဇီ နဲ့ ဆက်သွယ်ခိုင်းခဲ့သည်။
အဲ့ဒီတော့မှ ချင်းလန် မနေ့ညက မန်တန် တောင်တန်း ကို သွားခဲ့မှန်း သိလိုက်ရသည်။
ကျွင်းဇီ က ချင်းလန် ဒဏ်ရာရထားတယ်လို့တောင် ပြောခဲ့သေးသည်။
ဒါကို ကြားလိုက်ရတော့ မူယွီယန် ဘယ်လိုလုပ် ထိုင်နေနိုင်တော့မှာလဲ။
ရုံးခန်းထဲက ဖိုင်တွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ချင်းလန် အိမ်ကို အပြေးရောက်လာခဲ့ခြင်း ဖြစ်သည်။
“ဘယ်နား ဒဏ်ရာရသွားတာလဲ အဲ့ဒီမှာ ထိုင်မနေနဲ့၊ အခန်းထဲ ပြန်ပြီး ခဏလောက် လှဲနားလိုက်ရအောင်၊ ငါ တွဲပို့ပေးမယ်။”
မူယွီယန် က ချင်းလန် ရဲ့ လက်မောင်းကို တွဲပြီး အပေါ်ထပ်က အိပ်ခန်းဆီ ဆွဲခေါ်သွားလေသည်။
ချင်းလန် ကို ကုတင်ပေါ် ဘေးကင်းစွာ တင်ပေးပြီးနောက်၊ ဒဏ်ရာတွေ ရှိမရှိ သူမလက်တွေနဲ့ သူ့ခန္ဓာကိုယ်ကို စမ်းသပ် စစ်ဆေးလေသည်။
“ကိုယ်တွင်း ဒဏ်ရာ ရသွားတာ၊ အပြင်ပန်းက ကြည့်ရင် မမြင်ရဘူး၊ အဟွတ် အဟွတ် အဟွတ်...”
ချင်းလန် လက်သီးဆုပ်ပြီး ပါးစပ်နား တေ့ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး ခါးသက်သက် ပြုံးလိုက်လေသည်။
“အခုလောလောဆယ် ငါက အသုံးမကျတဲ့ လူတစ်ယောက်လိုပဲ၊ ဘာအားအင်မှ မရှိတော့ဘူး၊ မိန်းကလေး တစ်ယောက်ကိုတောင် နိုင်ပါ့မလား မသိဘူး။”
သူ ခေါင်းခါလိုက်ပြီး လွမ်းဆွတ်နေပုံ ပေါက်လေသည်။
မူယွီယန် ရဲ့ လက်သေးသေးလေးတွေ စမ်းသပ်နေရင်း မတော်တဆ နည်းနည်း ရင်းနှီးတဲ့ နေရာကို ထိမိသွားတော့ သူမ ချက်ချင်း လန့်သွားပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်လေသည်။
ချင်းလန် ခုနက ပြောလိုက်တဲ့ စကားတွေက သူမခေါင်းထဲမှာ ပဲ့တင်ထပ်နေဆဲပင်။
“မိန်းကလေး တစ်ယောက်ကိုတောင် နိုင်ပါ့မလား မသိဘူးတဲ့”
ဆိုလိုတာက အခု သူမက ချင်းလန် ထက် ပိုသာနေပြီ ဆိုတဲ့ သဘောလား။
“မင်း ဘာလုပ်ချင်နေတာလဲ ငါ မင်းကို ပြောမယ်၊ မဆင်မခြင် ဘာမှ မလုပ်နဲ့ တချို့အရာတွေကို အစီအစဉ် ကျော်ပြီး လုပ်လို့ မရဘူး၊ ငါတို့ နှလုံးသားကို လိုက်နာရမယ်”
ချင်းလန် က သူ့ကို ကြည့်တဲ့ အကြည့်တွေ ပိုပိုပြီး ရဲရင့်လာတဲ့ မူယွီယန် ကို စိုက်ကြည့်ရင်း ကြောက်လွန်းလို့ မျက်လုံး ပြူးကျယ်သွားကာ အသံကျယ်ကြီး အော်ဟစ်လိုက်လေသည်။
သို့သော် မူယွီယန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဒီရက်ပိုင်း ချင်းလန် ရဲ့ ပုံရိပ်က သူမ စိတ်ထဲမှာ လုံးဝ နေရာယူထားလေသည်။
ဘယ်ကို လှည့်ပြန်ရမှာလဲ။
နှလုံးသားကနေ လာတာလေ။
အခု သူမ လုပ်ဖို့ လိုအပ်တာက သူမရဲ့ ကိုယ်ပိုင် နှလုံးသားနောက်ကို လိုက်ဖို့ပဲ။
သူမ နောင်တရမှာကို သူမ ကြောက်တယ်။
တကယ်လို့ ချင်းလန် နဲ့ ဘယ်နည်းလမ်းနဲ့မှ မပတ်သက်ဖြစ်ခဲ့ရင်၊ အနာဂတ်မှာ သူတို့ အတူတူ ရှိနိုင်မယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလို့ ထင်မိလေသည်။
ချင်းလန် က သူ့ဆီ တိုးကပ်လာတဲ့ မူယွီယန် ကို ကြည့်ပြီး တံတွေး မျိုချကာ နောက်ဆုတ်လိုက်လေသည်။
“မူယွီယန်၊ မင်း ရူးနေလား မင်း ဒါကို လုပ်ရဲရင်၊ ယုံလိုက် ငါ မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”