အခန်း (၈၂) အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ
လူသူကင်းမဲ့သော တောင်တန်းထဲတွင် လဲကျသေဆုံးနေသော အလောင်းအရေအတွက် တိုးပွားလာနေလေသည်။
တကယ်လို့ တစ်ယောက်ယောက်က ဒီကိစ္စကို ရဲတိုင်လိုက်ရင် ထျန်ဟိုင်မြို့ ရဲစခန်း တစ်ခုလုံး တစ်ညလုံး အိပ်ရတော့မယ် မထင်ပေ။
သွေးတွေကြားထဲမှာ ရဲ့ဖန် က ဒဏ်ရာ အများအပြားနဲ့အတူ တောင်အောက်ကို တစ်လှမ်းချင်း လျှောက်ဆင်းလာလေသည်။
ဒါတွေအားလုံးက အဲ့ဒီ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ လက်ချက် ဖြစ်ပြီး အဲ့ဒီ ဒဏ်ရာတွေထဲမှာ အဆိပ်တွေ ပါဝင်နေသေးသည်။
သို့သော် ရဲ့ဖန် က ဘာပဲဖြစ်ဖြစ် ရွေးချယ်ခံ တစ်ယောက် ဖြစ်ပြီး ပြည်ပမှာ ကြေးစားစစ်သား အဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့တာကြောင့် မြွေဆိပ် အပါအဝင် တခြား အသုံးများတဲ့ အဆိပ် အများအပြားကို ထိုးနှံထားပြီးသား ဖြစ်လေသည်။
အဆိပ်တွေ ဘယ်လောက်ပဲ များပြားနေပါစေ၊ ရဲ့ဖန် က ထုံကျဉ်မှု အနည်းငယ်သာ ခံစားရပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို သိသိသာသာ ထိခိုက်မှု မရှိခဲ့ပေ။
သူ့မျက်လုံးများ နီရဲနေပြီး ဒေါသကြောင့် တောက်လောင်နေလေသည်။ သူ တောင်အောက်ကို ရောက်တဲ့အခါ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ပိုင်ရှောက်ချွမ် ကို တွေ့လိုက်ရလေသည်။
“ခွေးအိုကြီး၊ ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ”
သူ ဟိန်းဟောက်လိုက်ရာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
သူ့ဒေါသကြောင့် သူ့ခန္ဓာကိုယ်ကနေ လွှမ်းမိုးထားတဲ့ မကောင်းဆိုးဝါး အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။
ဘီလျံနာ ပိုင်ရှောက်ချွမ် တောင်မှ ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်မိလေသည်။
“သေလိုက်တော့”
ရဲ့ဖန် က ပိုင်ရှောက်ချွမ် ဆီ ကျားတစ်ကောင်လို ခုန်အုပ်လိုက်ရာ သူ့လက်ထဲက ဓားမြှောင်က လရောင်အောက်မှာ ဖျော့တော့တော့ လက်နေလေသည်။
ဓားမြှောင်က ပိုင်ရှောက်ချွမ် ရဲ့ လည်ပင်းကို လှီးဖြတ်တော့မယ့် ဆဲဆဲမှာပဲ၊ ထူးဆန်းတဲ့ ပုံရိပ် အနည်းငယ် သူ့ရှေ့မှာ ပေါ်လာလေသည်။
ခြောက်သွေ့ပြီး ဆွေးမြေ့နေတဲ့ အဘိုးအို တစ်ယောက် သူ့ခန္ဓာကိုယ်က သစ်ပင်ခြောက်အခေါက်နဲ့ တူပြီး အသားနဲ့သွေး လုံးဝ မရှိသလို ဖြစ်နေသည်။
သူက တုတ်ကောက်နဲ့ ရဲ့ဖန် ရဲ့ လက်ကောက်ဝတ်ကို ရိုက်ချလိုက်ရာ ဓားမြှောင် ကြမ်းပြင်ပေါ် လွတ်ကျသွားလေသည်။
နောက်ထပ် လူပုလေး တစ်ယောက် ပေါ်လာပြန်လေသည်။ ရာသီဥတုဒဏ် ခံထားရတဲ့ လူလတ်ပိုင်း မျက်နှာ ရှိပေမယ့် ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုး ရှိနေသည်။
သူက သူ့ထက် ခေါင်းတစ်ဝက်လောက် ပိုရှည်တဲ့ ဓားရှည်တစ်လက်ကို ကိုင်ထားလေသည်။ အဲ့ဒီအချိန်မှာပဲ ဓားရှည်က ကန့်လန့်ဖြတ် ထိုးဝင်လာပြီး ရဲ့ဖန် ရဲ့ ညာဘက် ခြေထောက်က အသားတစ်စကို လှီးဖြတ်ပစ်လိုက်လေသည်။
နောက်ဆုံးမှာတော့ အနက်ရောင်ဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ရှိနေလေသည်။
သူမကို ဘာလို့ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ လို့ ပြောရတာလဲ။
ထင်ရှားပေါ်လွင်ပြီး အမှတ်အသားတစ်ခုလို ဖြစ်နေတဲ့ ယုန်ကြီးကို ကြည့်ပြီး ကျားမ မခွဲခြားတတ်ရင် တို့ဟူးတုံးနဲ့ ခေါင်းဆောင့်သေလိုက်တာ ပိုကောင်းလိမ့်ပေမည်။
ရင်သပ်ရှုမောဖွယ် လှပတဲ့ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ ပေါ်လာတာနဲ့ ရဲ့ဖန် အလွန်အမင်း ထိတ်လန့်သွားပြီး နောက်ဆုတ်လိုက်ကာ မျက်လုံးများ လေးနက်သွားလေသည်။
“နွေဦးသစ်ပင်ခြောက်၊ လူပုလေးခုနစ် ၊ သွေးနီရောင် မန်ဒါလာ မင်းတို့ သုံးယောက်တောင် ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး”
သွေးဝံပုလွေ ကြေးစားစစ်သား အဖွဲ့ရဲ့ ခေါင်းဆောင် အနေနဲ့ ရဲ့ဖန် က နာမည်ကြီး ပုဂ္ဂိုလ်တချို့နဲ့ အတော်လေး ရင်းနှီးလေသည်။
သူ့ရှေ့က လူသုံးယောက်က လုပ်ကြံသတ်ဖြတ်သူ စာရင်းရဲ့ ထိပ်တန်း ဆယ်ယောက်ထဲမှာ ပါဝင်နေပြီး သွေးနီရောင် မန်ဒါလာ ဆိုရင် ထိပ်တန်း သုံးယောက်ထဲမှာ ပါဝင်လေသည်။
သူတို့ရဲ့ ခွန်အားက သူ့ထက် မလျော့နည်းလောက်ပေ။
ထို့ပြင် သွေးနီရောင် မန်ဒါလာ က အရိပ်ထဲမှာ ပုန်းအောင်းနေရတာကို နှစ်သက်တဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်လေသည်။
သွေးနီရောင် မန်ဒါလာ ကမလှုပ်ရှားသေးလို့သာ၊ မဟုတ်ရင် အနည်းဆုံးတော့ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပြီ။
“သွေးဝံပုလွေ သခင် ဒါမှမဟုတ် ခင်ဗျားကို မစ္စတာ ရဲ့ဖန် လို့ ခေါ်ရမလား ခင်ဗျားက သေခါနီးနေပြီပဲ၊ ခေါင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါလား”
“နွေဦးသစ်ပင်ခြောက်” လို့ ဘွဲ့ရထားတဲ့ အဘိုးအိုက ရယ်မောလိုက်လေသည်။
သူ့မျက်နှာထားက အလွန် ညစ်ညမ်းနေပြီး တုတ်ကောက်ကို မြေကြီးပေါ် ထောက်ထားလေသည်။
“မစ္စတာ ရဲ့၊ ခင်ဗျားခေါင်းက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်တယ် အရမ်း ကောင်းတာပဲ ကျွန်တော်သာ ခင်ဗျားခေါင်းကို ယူနိုင်ရင် လုပ်ကြံသတ်ဖြတ်သူ စာရင်းမှာ ကျွန်တော့်အဆင့်က အနည်းဆုံး လူသုံးယောက်လောက် တက်လာမှာ”
လူပုလေးခုနစ် က ဓားရှည်ကို ကိုင်ထားပြီး အနည်းငယ် ကိုးရိုးကားရား နိုင်ပုံ ပေါက်နေပေမယ့် ဒီ အဆင့် ၆ လုပ်ကြံသတ်ဖြတ်သူကို လျှော့တွက်ရဲတဲ့ ဘယ်သူမဆို နောက်တစ်စက္ကန့်မှာ ဓားရှည်နဲ့ ခေါင်းဖြတ်ခံရနိုင်ခြေ များလေသည်။
“သတ်”
ပိုင်ရှောက်ချွမ် နဲ့အတူ ကျန်ရှိနေသေးတဲ့ ကိုယ်ရံတော် အနည်းငယ်က ဟိန်းဟောက်သံတွေနဲ့အတူ ရှေ့တန်းကနေ ပြေးထွက်လာကြလေသည်။
တစ်ချိန်တည်းမှာပင် နွေဦးသစ်ပင်ခြောက် နှင့် လူပုလေး ခုနစ် တို့က သရဲတစ္ဆေလို ကိုယ်ရံတော်တွေ နောက်ကနေ ချောင်းမြောင်းပြီး သေစေနိုင်တဲ့ တိုက်ခိုက်မှု ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြလေသည်။
ခွပ်......
ရဲ့ဖန် က ကိုယ်ရံတော် တစ်ယောက်ရဲ့ခေါင်းကိုချိုင့်ဝင်သွားတဲ့အထိ ထိုးလိုက်ရာ ချက်ချင်း သေဆုံးသွားလေသည်။ သို့သော် သူ့ဘယ်ဘက် ပခုံးက အသားတစ်စကို လူပုလေး ခုနစ် က လှီးဖြတ်လိုက်ပြန်လေသည်။
ဘုန်း.....
ရဲ့ဖန် က ကိုယ်ရံတော် တစ်ယောက်ကို ရင်ဘတ်ချိုင့်ဝင်သွားတဲ့အထိ ကန်လိုက်ပေမယ့်၊ သူ့ညာဘက် ပခုံးရိုးကို နွေဦးသစ်ပင်ခြောက် ရဲ့ တုတ်ကောက်နဲ့ ရိုက်တာ ခံလိုက်ရပြီး အရိုးကျိုးသွားလေသည်။
ဒါက လက်တွေ့အားဖြင့် သေလမ်းပင်.....
သူ့ရဲ့ အထွတ်အထိပ် အချိန်မှာတောင် ရဲ့ဖန် အနေနဲ့ ဒီနာမည်ကြီး လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ကို တိုက်ခိုက်ဖို့ ခက်ခဲနိုင်ပြီး၊ အခုလို ပြင်းထန်စွာ ဒဏ်ရာရနေချိန်မှာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပေ။
တစ်ယောက်ယောက်က ကြီးမြတ်ဖို့ ကံပါလာတယ် ဆိုရင်တောင် ကြီးထွားဖို့ နေရာပေးရဦးမှလေ။
သူ တရုတ်ပြည်ကို ပြန်ရောက်တာ လဝက်တောင် မရှိသေးဘူး၊ အခုလို သေရေးရှင်ရေး အခြေအနေနဲ့ ကြုံတွေ့နေရပြီ။
ရွှပ်.....
ရဲ့ဖန် က ကိုယ်ရံတော် တစ်ယောက်ဆီက ဓားမြှောင်တစ်ချောင်း လုယူလိုက်ပြီး ပိုင်ရှောက်ချွမ် ရဲ့ လည်ပင်းဆီ လျင်မြန်စွာ ပစ်လွှတ်လိုက်လေသည်။
အလွန် မြန်ဆန်ပြီး ပစ်မှတ်က မျက်ခုံးနှစ်ခုကြား ဖြစ်လေသည်။ တည့်တည့်သာ မှန်ရင် ပိုင်ရှောက်ချွမ် သေချာပေါက် သေလိမ့်မည်။
အခုထိ မလှုပ်ရှားသေးတဲ့ သွေးနီရောင် မန်ဒါလာ က ရုတ်တရက် လှုပ်ရှားလိုက်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာ ပျံသန်းလာတဲ့ ဓားမြှောင်ကို ရိုက်ထုတ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ပိုင်ရှောက်ချွမ် လည်း နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“ငါ့ရဲ့...”
ငုံ့ကြည့်လိုက်တဲ့အခါ ပိုင်ရှောက်ချွမ် ရဲ့ ခြေထောက်ကြားမှာ အပေါက်တစ်ပေါက် ပွင့်သွားပြီး သွေးတွေ ပန်းထွက်နေတာကို တွေ့လိုက်ရလေသည်။
သွေးတွေ ပေကျံနေတဲ့ ရဲ့ဖန် က ယုတ်မာစွာ ပြုံးလိုက်လေသည်။
“ခွေးအိုကြီး၊ ဒါ ငါ မင်းဆီက ယူတဲ့ အတိုးပဲ။ အချိန်တန်ရင် ပိုကောင်းတာတွေ လာဦးမယ်”
ပြောပြီးတာနဲ့ သူ တိုက်ခိုက်တာ ရပ်လိုက်ပြီး လူသူကင်းမဲ့တဲ့ တောင်တန်းဘက်ကို အလျင်အမြန် ထွက်ပြေးသွားလေသည်။
“လိုက်”
နွေဦးသစ်ပင်ခြောက် နဲ့ လူပုလေးခုနစ် တို့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။
သွေးနီရောင် မန်ဒါလာ က ပိုင်ရှောက်ချွမ် ကို တစ်ချက် ကြည့်လိုက်ပြီး ကိုယ်ရံတော်တွေ လာစစ်ဆေးနေတာ တွေ့တော့ ချက်ချင်းပင် လိုက်ဖမ်းတော့သည်။
သူမ မလှုပ်ရှားခဲ့တာ ရဲ့ဖန် ကို သိလို့လည်း မဟုတ်ဘူး၊ တခြား သံယောဇဉ် ရှိလို့လည်း မဟုတ်ဘူး။
သူမရဲ့ အဆင့်အတန်းအရ ဝိုင်းသတ်ဖြတ်တဲ့ အထဲမှာ ပါဝင်ဖို့ ရည်ရွယ်ချက် မရှိလို့သာ ဖြစ်လေသည်။
ဒါပေမဲ့ အခု ရဲ့ဖန် က သူမရဲ့ မျက်စိရှေ့မှာတင် ပိုင်ရှောက်ချွမ် ကို ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်တာက သူမရဲ့ အသက်မွေးဝမ်းကျောင်း ဂုဏ်သိက္ခာကို ကြီးမားစွာ စော်ကားလိုက်ခြင်း ဖြစ်ပြီး၊ သူမ ရဲ့ဖန် ကို လက်စားချေရမည်။
ရဲ့ဖန် ရဲ့ ခေါင်းနဲ့မှ ဒီအရှက်ကို ဆေးကြောနိုင်ပေမည်။
ဝေးကွာသော တောင်ထိပ် တစ်ခုပေါ်တွင် ချင်းလန် က ရဲ့ဖန် ထွက်ပြေးသွားတာကို စောင့်ကြည့်နေလေသည်။
သူက ဆက်သွယ်ရေး ကိရိယာကနေ ကြိုတင် စီစဉ်မှုတွေ ပြုလုပ်ထားပြီးသား ဖြစ်ကာ နေရာအနှံ့ ပုန်းအောင်းနေသော လက်အောက်ငယ်သားများကို ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ခိုင်းထားလေသည်။
လူသူကင်းမဲ့သော တောင်တန်းများကြားတွင် အဆက်မပြတ် လှုပ်ရှားသွားလာနေသော အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူကို ကြည့်ပြီး သူ အံ့ဩမဆုံး ဖြစ်နေမိလေသည်။
သူမမှာ သွယ်လျတဲ့ ခါး၊ ကျက်သရေရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ လှပပြီး အလွန် ရှည်လျားတဲ့ ခြေတံတစ်စုံ ရှိလေသည်။
ပြီးတော့ သူမမှာ ဇာတ်လိုက် နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားလည်း ရှိလေသည်။
ဒီလို ထိပ်တန်း အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူက ဇာတ်လိုက်မင်းသမီးတွေထဲက တစ်ယောက် မဟုတ်ရင် သရဲပဲ ဖြစ်ရမယ်။
ဒီအံ့ဩစရာကောင်းတဲ့ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူသာ အခွင့်အရေး ရသွားရင် သူ့ရဲ့ ဗီလိန်အမှတ် ကို အနည်းဆုံး အမှတ် ၅၀၀၀၀ လောက် တိုးပေးနိုင်လိမ့်မယ်လို့ သူ သေချာနေလေသည်။
ချင်းလန် က ဘာသံသယမှ မဝင်ဘဲ ချူကျူအာ ကို နေရာမှာ ခေတ္တ ထားခဲ့ပြီး ရဲ့ဖန် ဦးတည်နေတဲ့ ဘက်ကို ဖြတ်လမ်းကနေ ကြိုတင် သွားရောက် ဟန့်တားဖို့ ထွက်ခွာသွားလေသည်။
ကံကြမ္မာ ရဲ့ ဇာတ်လိုက်......
ဟီးဟီး ရဲ့ဖန် မှာ ကံကြမ္မာကိုဆန့်ကျင်ပြီး ကံတရားကို နောက်တစ်ကြိမ် ပြောင်းလဲနိုင်မယ့် ကံကောင်းခြင်း ရှိသေးလား ဆိုတာ သူ သိချင်နေမိလေသည်။
တစ်ချိန်တည်းမှာပဲ သူ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေလေသည်။ ဇာတ်လိုက်မင်းသမီးတွေကို သိမ်းပိုက် တာနဲ့တင် ဒီလောက်များတဲ့ဗီလိန် အမှတ်တွေ ရနိုင်ရင်၊ ဇာတ်လိုက်ကို သတ်လိုက်ရင် ပိုပြီးကောင်းတဲ့ ဆုလာဘ်တွေ ရနိုင်လောက်တယ် မဟုတ်လား။