အခန်း (၈၁) ရဲ့ဖန်ကို ဝိုင်းရံသတ်ဖြတ်ခြင်း
တစ်ရက်ကြာပြီးနောက် ညနေပိုင်းတွင်.......
မန်တန် တောင်တန်း........
ညအချိန်မို့ မှောင်မိုက်နေပြီး လေပြင်းတိုက်ခတ်နေကာ သစ်ပင်ရိပ်များသည်လည်း ညင်သာစွာ ယိမ်းနွဲ့နေကြလေသည်။
တောင်တန်းပေါ်ရှိ လေထုထဲတွင် လေးလံသော မြေကြီးနံ့နှင့် ကျေမွနေသော မြက်နံ့ သင်းသင်းလေးတို့ ပြည့်နှက်နေလေသည်။
ရဲ့ဖန် သည် ပိုင်ရှောက်ချွမ် ကို သံသယဖြင့် ကြည့်လိုက်ပြီး မေးလိုက်လေသည်။
“မစ္စတာ ပိုင်၊ သခင်လေး ပိုင် ကို ဒီမှာ ဖမ်းထားတာ ဟုတ်ရဲ့လား ဒီနားမှာ ဘယ်သူမှ နေပုံ မရဘူးနော်”
မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် သင်္ချိုင်းဂူ အနည်းငယ်မှလွဲ၍ အိမ်ရာ အဆောက်အအုံ မရှိတဲ့ လူသူကင်းမဲ့သည့် ကန္တာရသာ ဖြစ်လေသည်။
သက်ကယ်အိမ်လေး တစ်လုံးတောင် မမြင်မိပေ။
ပိုင်ရှောက်ချွမ် သည် စိုးရိမ်ပူပန်နေပုံ ပေါက်ပြီး သက်ပြင်းချလိုက်လေသည်။
“မစ္စတာ ရဲ့၊ ဒုက္ခပေးမိတဲ့အတွက် တကယ် တောင်းပန်ပါတယ်။ ကျွန်တော်တို့မှာ မိသားစု ကိုယ်ရံတော်တွေ ရှိပေမယ့် သူတို့ရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံကို ကျွန်တော် တကယ် မယုံကြည်နိုင်လို့ပါ။”
“ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ရှောက်ယဲ့ ကို ပြန်ပေးဆွဲသမားတွေက ဒီမှာ ဝှက်ထားဖို့ များတယ်တဲ့။”
“တိကျတဲ့ နေရာကိုတော့ မသိရပေမယ့် မစ္စတာ ရဲ့ က ရှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရဲ့ဖန် ၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသောအခါ ပိုင်ရှောက်ချွမ် ဒေါသထွက်သွားလေသည်။
ရဲ့ဖန် ဘာတွေးနေလဲ ဆိုတာ သူ သေချာပေါက် သိနေသည်။
သူ့သားကို ဒီမှာ ဝှက်ထားတာ သေချာပေါက် မဟုတ်ဘူးလေ။ တခြားသူတွေ မသိရင် နေပါစေ၊ လူသတ်သမား ဖြစ်တဲ့ ရဲ့ဖန် ကတော့ ဒါကို ကောင်းကောင်း သိနေလို့သာ ဒီလောက် စိတ်မရှည် ဖြစ်နေတာပေါ့။
အမုန်းတရားက သူ့မျက်လုံးတွေကို ကွယ်ထားလိုက်ပြီ ဖြစ်ပြီး ရဲ့ဖန် ဒီလို ပြုမူလေလေ၊ သူက သူ့သားကို သတ်တဲ့ လူသတ်သမား ဖြစ်ကြောင်း ပိုင်ရှောက်ချွမ် ပိုမို ယုံကြည်လာလေလေ ဖြစ်သည်။
“ကျွန်တော် တောင်ပေါ်တက်ပြီး ရှာကြည့်လိုက်မယ်။”
ရဲ့ဖန် ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ တောင်ပေါ်သို့ တက်သွားလေသည်။ တခြား ကိုယ်ရံတော်များလည်း သူ့နောက်မှ လိုက်ပါသွားကြလေသည်။
ရဲ့ဖန် ဒီရက်ပိုင်း ကံအလွန် ဆိုးနေပြီး ဒီနေ့လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူးလို့ ကြိုတင် တွေးဆထားပြီးသား ဖြစ်လေသည်။
သူ သက်ပြင်းချလိုက်ပြီး မကြာသေးမီက ဖြစ်ရပ်တွေကို ပြန်စဉ်းစားမိကာ ကျောချမ်းသွားသလို ခံစားလိုက်ရလေသည်။
သူ ဝမ်းသွားခဲ့တယ်၊ ချမ်းသာတဲ့ ယောကျ်ားတစ်ယောက်ကို လိုက်ချိတ်ဖို့ ကြိုးစားရင်း မရိုးသားတဲ့ ကောင်တစ်ကောင်နဲ့ တွေ့ခဲ့ရတယ်၊ လမ်းလျှောက်နေရင်း အဖွားအို တစ်ယောက်ရဲ့ လှည့်စားတာတောင် ခံခဲ့ရသေးတယ်။
ကောင်မလေး တစ်ယောက် အနိုင်ကျင့်ခံနေရတာ တွေ့လို့ သူရဲကောင်း လုပ်ပြီး ဝင်ကယ်မယ် ကြံပေမယ့် ကောင်မလေးက သူ့ပါးကို ပြန်ရိုက်ခဲ့တယ်။
တကယ်တော့ ကောင်မလေးက သူရဲကောင်း မလိုအပ်ဘဲ သူမကို အနိုင်ကျင့်တဲ့ လူဆိုးကောင်ကိုမှ သူ့သူရဲကောင်းလို့ သတ်မှတ်ထားတာကိုး။
ကောင်မလေးကငယ်ပေမယ့် ဟန်ဆောင် ငြင်းတဲ့နေရာမှာတော့ ပြိုင်ဘက်ကင်း ကျွမ်းကျင်လှလေသည်။
ကြောက်ရွံ့စိတ်နဲ့အတူ လူအုပ်စုက မန်တန် တောင်တန်း ရဲ့ အတွင်းပိုင်းထဲကို ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားကြလေသည်။
ရုတ်တရက် ထူးဆန်းအေးစက်တဲ့ လေထုတစ်ခု ကျဆင်းလာလေသည်။
ရဲ့ဖန် တစ်ခုခု မှားနေမှန်း အာရုံခံမိလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်က အမွေးတွေ ထောင်ထလာသလို ခံစားလိုက်ရလေသည်။
အန္တရာယ်......
ဒါက ရင်းနှီးနေတဲ့ အန္တရာယ် အာရုံခံစားမှုပဲ။
ဒါက မွေးရာပါ ပါလာတာ မဟုတ်ပေမယ့် ရဲ့ဖန် လို ဓားသွားပေါ် လမ်းလျှောက်နေတဲ့ ကြေးစားစစ်သား တစ်ယောက် အတွက်တော့ အန္တရာယ် အာရုံခံစားမှု ရတိုင်း အန္တရာယ်နဲ့ ကြုံတွေ့ရတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပင်။
ထို့အပြင် ဒီ ထူးခြားတဲ့ အန္တရာယ် အာရုံခံစားမှုကြောင့်သာ သူ သေမင်းလက်ကနေ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ လှည့်ကြည့်လိုက်ပြီး သူ့ကိုယ်ရံတော်တွေကို သတိပေးဖို့ ပြင်လိုက်ပေမယ့် မမျှော်လင့်ဘဲ ထက်မြတဲ့ ဓားမြှောင် တစ်ချောင်းက သူ့လည်ပင်းက သွေးလွှတ်ကြောမကြီး ဆီသို့ လျင်မြန်စွာ ပျံသန်းလာလေသည်။
လှုပ်ရှားမှုတိုင်းက သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေချည်းပဲ။
ပိုက်ဆံက အားကောင်းတဲ့ တွန်းအား ဖြစ်လာနိုင်လေသည်။ ပိုင်ရှောက်ချွမ် က ဒီကိုယ်ရံတော်တွေကို ယွမ် သန်း ၁၀၀ ဆုကြေး ပေးထားလေသည်။ ရဲ့ဖန် ကို သတ်နိုင်တဲ့သူ ဘယ်သူမဆို ဆုကြေး ချက်ချင်းရပေလိမ့်မည်။
သန်းတစ်ရာနော်.....
ကလပ်တွေမှာ နေ့တိုင်း ပျော်ပါးနေရင်တောင် တစ်သက်လုံး သက်တောင့်သက်သာ နေနိုင်လောက်အောင် လုံလောက်တဲ့ ပမာဏ ဖြစ်သည်။
ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။
“သေချင်နေတာလား”
ဒေါသတကြီးနဲ့ ရဲ့ဖန် က ကိုယ်ရံတော်ရဲ့ လက်မောင်းကို ဆွဲဖမ်းလိုက်ပြီး လိမ်ချိုးလိုက်ကာ ဓားမြှောင်ကို လျင်မြန်စွာ လုယူလိုက်လေသည်။
ထို့နောက် ရက်စက်စွာ ဝှေ့ယမ်းလိုက်ပြီး သူ့ကို တိုက်ခိုက်တဲ့ ကိုယ်ရံတော်ရဲ့ လည်ပင်းကို လှီးဖြတ်ပစ်လိုက်ရာ သွေးတွေ အမြောက်အမြား ပန်းထွက်လာကာ ကိုယ်ရံတော်က ချက်ချင်း လဲကျပြီး သေဆုံးသွားလေသည်။
သူက လက်ထဲမှာ ဓားမြှောင်ကို ဆုပ်ကိုင်ထားပြီး ဒေါသတကြီး စိုက်ကြည့်ကာ
“မင်းတို့ကို ငါ့ကို သတ်ဖို့ ဘယ်သူ ခိုင်းလိုက်တာလဲ ပိုင်ရှောက်ချွမ် လား ဒါမှမဟုတ် ချင်းလန် လား”
ဟု မေးလိုက်လေသည်။
သူ့ရှေ့က ကိုယ်ရံတော် တစ်ဒါဇင်ကျော်လောက်ကို ရင်ဆိုင်နေရပေမယ့် ရဲ့ဖန် ကြောက်ရွံ့မှု လုံးဝ မပြဘဲ ဒေါသတွေသာ ပြည့်နှက်နေလေသည်။
“တက်”
“အတူတူ တိုက်”
“ဒီကောင့်ကို သတ်”
“…”
ကိုယ်ရံတော်တွေက စကားတစ်ခွန်းမှ မပြောကြပေ။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး အချက်ပြလိုက်ကာ ရဲ့ဖန် ကို ဝိုင်းရံ သတ်ဖြတ်ဖို့ အတူတူ တိုက်ခိုက်လိုက်ကြလေသည်။
ရဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်ပြီး ဓားမြှောင်ကို ပြောင်းပြန် ဆုပ်ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားလေသည်။
သူက သေမင်းတမန် တစ်ပါးလို ကိုယ်ရံတော် အယောက် ၂၀ နီးပါး ကြားထဲမှာ အဆီးအတား မရှိဘဲ ထူးဆန်းစွာ ရွေ့လျားနေလေသည်။
သူ ရွေ့လျားလိုက်တိုင်း အေးစက်တဲ့ အလောင်းတွေ တစ်လောင်းပြီး တစ်လောင်း မြေကြီးပေါ် လဲကျသွားလေသည်။
သေဆုံးသွားတဲ့ ကိုယ်ရံတော် အရေအတွက်က တိုးလာပြီး မတ်တပ်ရပ်နေသေးတဲ့ သူတွေက လျော့နည်းလာလေသည်။
ရဲ့ဖန် က ဘယ်သူလဲ။
သွေးဝံပုလွေ ကြေးစားစစ်သား အဖွဲ့ ရဲ့ ခေါင်းဆောင် စစ်မှန်တဲ့ သေမင်းတမန် စစ်မြေပြင်က သားသတ်သမား၊ သွေးနဲ့ မီးတောက်တွေကို တစ်ခါမှ မမြင်ဖူးတဲ့ ဒီကိုယ်ရံတော်တွေက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သက်သက်နဲ့တင် ဒီကိုယ်ရံတော်တွေက သူ့စွမ်းရည်ရဲ့ ၈ ပုံ ၁ ပုံတောင် မရှိကြပေ။
သူတို့ကို ဝိုင်းရံထားတဲ့ ကိုယ်ရံတော် အားလုံးကို ဖရဲသီး၊ သခွားသီး လှီးသလို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်လိုက်လေသည်။
ငါးမိနစ်တောင် မပြည့်လိုက်ပေ
ပိုင်ရှောက်ချွမ် နဲ့ အတူပါလာတဲ့ ပိုင်မိသားစု ကိုယ်ရံတော် အားလုံး အသတ်ခံလိုက်ရပြီ။
“ပိုင်ရှောက်ချွမ်၊ မင်း ဘယ်လိုလုပ် ရဲတာလဲ”
ရဲ့ဖန် လည်ပင်းကို ချိုးလိုက်ရာ ဂျွတ် ခနဲ အသံထွက်ပေါ်လာပြီး သူ့မျက်လုံးများက ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်လို ရက်စက်နေလေသည်။
သူ ဒီလို အရှက်ခွဲခံရတာမျိုး တစ်ခါမှ မကြုံဖူးပေ။ သူက ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တာကို ပိုင်ရှောက်ချွမ် က သူ့ကို ချောက်ချပြီး သတ်ဖို့ ကြိုးစားတယ်ပေါ့။
ထျန်ဟိုင်မြို့ က ဘီလျံနာတွေက အဲ့လောက်တောင် အစွမ်းထက်နေလို့လား။
သူက ပြည်ပက အဆင့်မြင့် အရာရှိကြီးတွေကိုတောင် သတ်ရဲတာ၊ သာမန် ဘီလျံနာလေး တစ်ယောက်လောက်ကိုတော့ ပြောမနေနဲ့တော့။
သူ တောင်အောက်ကို စတင် လျှောက်ဆင်းသွားပြီး ပိုင်ရှောက်ချွမ် မှာ နောက်ထပ် ဘာလှည့်ကွက်တွေ ရှိသေးလဲ ဆိုတာ သိချင်နေမိလေသည်။
ဒီလူလောက်နဲ့ သူ့ကို သတ်နိုင်မယ်လို့ တကယ် ထင်နေတာလား။
အဲ့ဒါက ရဲ့ဖန် ရဲ့ ခွန်အားကို လျှော့တွက်လွန်းရာ ကျတာပဲ။
သူက ပိုင်ရှောက်ချွမ် ရဲ့ ထောင်ချောက်ကို တစ်ဆင့်ချင်းစီ ဖျက်ဆီးပစ်ပြီး၊ ပိုင်ရှောက်ချွမ် ရဲ့ ကြောက်လန့်နေတဲ့ မျက်လုံးတွေအောက်မှာ သူ့ခန္ဓာကိုယ်ကို ဓားနဲ့ တစ်စချင်းစီ လှီးဖြတ်ပစ်ကာ ကြောက်ရွံ့မှုနဲ့ နက်ရှိုင်းတဲ့ နောင်တတွေကြားမှာ သေဆုံးသွားစေဖို့ စီစဉ်ထားလေသည်။
ဒါပေမဲ့ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ခြုံပုတ်တွေကြားကနေ လူတွေ ပိုများလာလေသည်။
တချို့က နဂါးနက် တက်တူးထိုးထားတဲ့ နဂါးနက် အသင်း ဝင်တွေ ဖြစ်ပြီး၊ တချို့က အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ ကျွမ်းကျင် လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်ကြကာ အမှောင်ထဲမှာ အဆက်မပြတ် လှုပ်ရှားသွားလာနေကြလေသည်။
“လာစမ်း၊ အစစ်အမှန်အမဲလိုက်သမား ဆိုတာ ဘာလဲဆိုတာ ငါပြမယ်”
လေတိုးသံတွေနဲ့အတူ ရဲ့ဖန် က နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်ကာ လူအုပ်ကြီးထဲသို့ ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။
သွေးနံ့တွေ တဖြည်းဖြည်း ပျံ့နှံ့လာလေသည်။
အတော်လေး ဝေးကွာတဲ့ မြင့်မားတဲ့ တောင်ထိပ် တစ်ခုပေါ်မှာ ချင်းလန် က မှန်ပြောင်းတစ်လက် ကိုင်ထားပြီး အံ့ဩတကြီး ပြောလိုက်လေသည်။
“ဒီ ရဲ့ဖန် က တကယ် အံ့ဩစရာ ကောင်းတာပဲ လူ ၅၀ နီးပါး သတ်ပြီးပြီ၊ ဒဏ်ရာ အနည်းငယ်ပဲ ရသေးတယ်”
တကယ်ပဲ ရွေးချယ်ခံ တစ်ယောက်ပါလားလို့ စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။
သူ့ကို သတ်ရတာ အရမ်း ခက်ခဲလွန်းတယ်
သူ့လူတွေသာ ဝိုင်းရံ နှိမ်နင်းဖို့ တာဝန်ယူရရင်၊ ရဲ့ဖန် ကို သတ်နိုင်ရင်တောင် အကျအဆုံး များပြားမှာ သေချာလေသည်။
ကံကောင်းစွာနဲ့ သူတို့အားလုံးက တခြားအဖွဲ့တွေရဲ့ အဓိက အင်အားစုတွေ ဖြစ်နေလို့ အမြောက်စာ ဖြစ်သွားတာ ငါ့အတွက် အဆင်ပြေပါတယ်။
ချင်းလန် ကတော့ ပွဲကြည့်ရလို့ ပျော်ရွှင်နေလေသည်။
အနက်ရောင် သားရေ ဝတ်စုံ ဝတ်ထားတဲ့ ချူကျူအာ ကတော့ ကြောက်လန့်နေပုံ ပေါက်လေသည်။
သူမ မှန်ပြောင်းကို ချလိုက်ပြီး စိုးရိမ်တကြီး တီးတိုးလေး ပြောလိုက်လေသည်။
“ရဲ့ဖန် က အရမ်း ကြောက်စရာ ကောင်းတယ်။ ဒီည ဒီကောင့်ကို တကယ် သတ်နိုင်ပါ့မလား”
သူမက နဂါးနက် အသင်း ရဲ့ ထိပ်တန်း လက်ပါးစေတွေကို ကိုယ်ပိုင် လက်နက်တွေ တပ်ဆင်ပေးပြီး စေလွှတ်ခဲ့ပေမယ့် ရဲ့ဖန် လက်ထဲမှာ ကြက်ပေါက်လေးတွေလို ဖြစ်နေပြီး ကြိုက်သလို ကစားခံနေရလေသည်။
ဒီည ရဲ့ဖန် သာ မသေရင်၊ မနက်ဖြန်ကျရင် သေမယ့်သူတွေက သူမတို့သုံးယောက် ဖြစ်သွားလိမ့်မယ်။
“မပူပါနဲ့၊ အရာအားလုံး အဆင်ပြေသွားမှာပါ။ မထွက်လာသေးတဲ့ လူတွေ ရှိပါသေးတယ်။ ငါတို့ရှေ့က လူတွေက အမြောက်စာတွေပါပဲ။ တကယ့် ကျွမ်းကျင်သူတွေက အခုမှ လာမှာ။”
ချင်းလန် က ချူကျူအာ ရဲ့ သွယ်လျတဲ့ ခါးကို ဖက်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။
သူ ပြောတဲ့ အရန်အစီအစဉ်ဆိုတာ ပိုင်ရှောက်ချွမ် ဆိုတဲ့ လူအိုကြီး ပိုက်ဆံအများကြီး သုံးပြီး ငှားထားတဲ့ ကျွမ်းကျင်သူ အနည်းငယ်က အခုထိ ပေါ်မလာသေးလို့ပင်။
သူ့မှန်ပြောင်းမှာ အနီအောက်ရောင်ခြည် အပူချိန် အာရုံခံစနစ်ပါလို့သာ၊ မဟုတ်ရင် သူတောင် အလိမ်ခံလိုက်ရနိုင်လေသည်။