အခန်း(၈)ပြင်းပြင်းထန်ထန်ကာကွယ်ပေးခြင်း
ဆိုင်အပြင်ဘက်မှာ ထိုအမျိုးသမီးက သာမန်ရုပ်ရည်သာရှိတဲ့ အလယ်အလတ်အရွယ်အမျိုးသားတစ်ဦးကို ဖက်ထားပြီး သူမရဲ့ လက်တွေကသူ့လက်မောင်းကို
ပတ်ထားကာ သူ့ရင်ခွင်ထဲ ဖိကပ်နေလေသည်။
သူမ ချင်းလန်နဲ့ စုရှောင်းရှောင်းတို့
ထွက်လာတာကို မြင်လိုက်တဲ့အခါ ချက်ချင်းလက်ညှိုးထိုးပြီး ပြောလိုက်လေ
သည်။
“ဒီနှစ်ယောက်ပဲ ယောက်ျား
သူတို့ပဲ ကျွန်မကို ဆဲသွားတာ”
သူမရဲ့မျက်လုံးတွေက စုရှောင်းရှောင်း
ကိုကြည့်လိုက်ပြီး သန့်ရှင်းရေးသမားတစ်ယောက်က ဒီလိုအဝတ်အစားတွေ ဝတ်ထားတာကို မြင်လိုက်ရတော့သူမရဲ့ မျက်လုံးတွေမနာလိုစိတ်နဲ့ ချက်ချင်းနီရဲလာလေသည်။
သူမက အမျိုးသားရဲ့ လက်မောင်းကို လှုပ်ယမ်းလိုက်ပြီး ချစ်စဖွယ်ကောင်းအောင်နှုတ်ခမ်းဆူကာပြောလိုက်လေသည်။
“ယောက်ျား ကျွန်မလည်းအဲ့လို
အဝတ်အစားတွေ ဝယ်ချင်တယ်။”
“အင်းပါ ဝယ်ဝယ် အလျင်မလိုနဲ့။တစ်ခုပြီးမှ တစ်ခုပေါ့။”
ချိုက်ယုံ ကအေးစက်တဲ့ အမူအရာနဲ့
ရှေ့ကို လျှောက်လာပြီး ချင်းလန်ကိုစိုက်ကြည့်လိုက်ပြီး သူ့ဆီကနေ မကောင်းတဲ့အငွေ့အသက်တွေ ထွက်ပေါ်နေလေသည်။
“မင်းက ထျန်ဟိုင်မြို့က ဘယ်မိသားစုကလဲ”
စုရှောင်းရှောင်းကအိတ်များစွာကို
သယ်လာတာ မြင်တော့ငွေအများကြီး
သုံးထားတာ ရှင်းနေလေသည်။ချိုက်ယုံ
ကမကြာသေးခင်နှစ်တွေအတွင်း ကန်ထရိုက်တာ အနေနဲ့ငွေအများကြီး
ရှာခဲ့ပေမယ့် ထျန်ဟိုင်မြို့မှာ သူ
မစော်ကားနိုင်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေ အများကြီး ရှိနေသေးတာကြောင့် သတိထားတဲ့အနေနဲ့ သူက မေးလိုက်
လေသည်။
“ချင်းမိသားစုက။”
ချိုက်ယုံ မျက်ခုံးပင့်လိုက်လေသည်။
“ချင်းချင်ရှန် ရဲ့ မိသားစုလား”
သူ့ရဲ့ အမူအရာက ဆော့ကစားချင်တဲ့
ပုံ ဖြစ်သွားလေသည်။ချင်းချင်ရှန်က
ထျန်ဟိုင်မြို့ မှာရှိတဲ့ အိမ်ခြံမြေကုမ္ပဏီငယ် တစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ပြီး ပိုင်ဆိုင်မှုက
သန်းဆယ်ချီရှိပြီးအောင်မြင်မှုအချို့ ရှိတဲ့ လူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
ဒါပေမယ့် ဒါကသာမန်လူတွေအတွက်သာ ဖြစ်ပြီး ချိုက်ယုံ အတွက်ကတော့
ချင်းချင်ရှန်ကဘာမှမဟုတ်ဘဲအလုပ်ရဖို့နဲ့ ပိုက်ဆံရှာဖို့အတွက် သူ့ကို မှီခိုနေရတာပင်။
သူ ထောက်ခံပေးထားရတဲ့ချင်းမိသားစု ဖြစ်တယ်ဆိုတာ သိလိုက်တော့ သူချက်ချင်းပဲ မောက်မာလာလေသည်။
“ကောင်လေး ငါမင်းကို အခွင့်အရေး
မပေးဘူးလို့ မပြောနဲ့။တစ်စုံတစ်ယောက်ကိုစော်ကားရင်တော့ပြန်ခံရဖို့အတွက်အသင့်ပြင်ထားရမယ်လေ။ငါ့ရဲ့သဲလေးက မင်းကို အကြိမ်အနည်းငယ် ပါးရိုက်ပါစေ။ ပြီးရင် တောင်းပန်လိုက် ဒါဆိုဒီကိစ္စပြီးသွားမယ်။ မဟုတ်ရင်...”
ချင်းလန် ပြုံးလိုက်လေသည်။
“မဟုတ်ရင် ဘာဖြစ်လဲ?”
သူအဲ့ဒီ့အမျိုးသမီးကို ပထမဆုံးမြင်လိုက်ကတည်းကဒီအမျိုးသမီးက အသိုင်းအဝိုင်းမြင့်က မဟုတ်ဘူးဆိုတာ သိလိုက်သည်။ တကယ့်ကို ချမ်းသာတဲ့သူတွေက သူမလိုမျိုး ပွစိပွစိ ပြောနေမှာမဟုတ်ပေ။
သူတို့အားလုံးဟာ တိတ်တိတ်ဆိတ်ဆိတ်
စည်းစိမ်ဥစ္စာ ရှာနေကြတာပင်။
ချိုက်ယုံရဲ့ အမူအရာကအေးစက်သွားကာ
“မင်း ကောင်စုတ်လေး အရမ်းမမိုက်ရိုင်းစမ်းနဲ့။မင်းရဲ့အဖေလာရင်တောင်ငါ့ကို
စီအီးအို ချိုက် လို့ ရိုရိုသေသေ ခေါ်ရလိမ့်မယ်”
ချင်းလန် ခေါင်းခါလိုက်ပြီး
“တကယ်လား။ကျွန်တော် မယုံဘူး။”
“မင်း အမေကို မယုံဘူးလား”
ဒေါသကိုထိန်းထားတဲ့ ချိုက်ယုံ ဟာ
ချင်းလန်ရဲ့ ပေါ့ပေါ့ပါးပါး အမူအရာ ကြောင့် ဒေါသထွက်လာပြီးရှေ့ကို
ပြေးသွားကာ လက်ဝါးနဲ့ ရိုက်လိုက်ရင်း ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။
“မင်း ကိုယ့်ကိုကိုယ်ဘာထင်နေလဲ”
ဖြန်း!
လက်ဝါးရိုက်သံ ထွက်လာပေမယ့်
ချင်းလန်ကို မထိခဲ့ပေ။အဲဒီအစား ရုတ်တရက် ပေါ်လာပြီး ချင်းလန်ရဲ့
ရှေ့မှာ ကာလိုက်တဲ့ စုရှောင်းရှောင်း
ကိုထိမှန်သွားခဲ့လေသည်။
စုရှောင်းရှောင်းရဲ့ လှပတဲ့မျက်နှာပေါ်မှာ အနီရောင်ရောင်ရမ်းမှုတစ်ခုလျင်မြန်စွာ
ပေါ်လာလေသည်။သူမက လက်နှစ်ဖက်
ကိုဖြန့်ပြီး ခေါင်းမာစွာ ချင်းလန်ကို ကာကွယ်ပေးလိုက်လေသည်။
“ဒါ သခင်လေးနဲ့ မဆိုင်ဘူး။
ရိုက်ချင်ရင် ကျွန်မကို ရိုက်ပါ”
သူမက ပိန်ပါးတဲ့ချင်းလန်က ချိုက်ယုံ
လိုခန္ဓာကိုယ်တောင့်တင်းတဲ့သူကို
ယှဉ်နိုင်မယ်လို့ မထင်ခဲ့ပေ။
ပြီးတော့ ချင်းလန်မှာ ကိုယ်ရံတော်
တောင် မပါလာခဲ့။
အရင်တုန်းကဆိုရင်တော့ စုရှောင်းရှောင်းကဒီလိုအရာမျိုး ကြုံတွေ့ရတဲ့အခါ ဒီလိုမျိုးဘယ်တော့မှ လုပ်မှာမဟုတ်ပေ။
ဒါပေမယ့် ဒီနေ့မှာချင်းလန်ကသူမအတွက် အဲဒီအမျိုးသမီးကို စော်ကားခဲ့မိတာ
ကြောင့်ပင်။
သူမဟာ ချင်းလန် အရိုက်ခံရတာကို လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။
“ဒီကောင်မ ဒီနေ့မင်းကိုပါအသေ
ရိုက်ပစ်မယ်”
ချိုက်ယုံဒေါသထွက်လာပြီး
စုရှောင်းရှောင်းကို နောက်တစ်ကြိမ် လက်ဝါးနဲ့ ရိုက်လိုက်လေသည်။
ဖြန်း!
စူးရှတဲ့ အသံတစ်ခုထွက်ပေါ်လာပြီး
ချိုက်ယုံရဲ့ လက်ဝါးက လေထဲမှာ
ရပ်တန့်သွားလေသည်။ ချင်းလန်က
အေးစက်တဲ့ အမူအရာနဲ့ သူ့ရဲ့ လက်ကောက်ဝတ် ကို ဆုပ်ကိုင်လိုက်
လေသည်။
စုရှောင်းရှောင်း ခုနကဒီလိုတုံ့ပြန်လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပေ။သူ့ကာလိုက်တဲ့လက်ကို သူမကပိတ်ဆို့လိုက်သလိုဖြစ်သွားတာကြောင့်သူမ အရိုက်ခံလိုက်ရတာပင်။ အခု သူသတိပြန်ဝင်လာပြီဆိုတော့ ချိုက်ယုံကို ဘယ်လိုလုပ် ဆက်ပြီး အကြမ်းဖက်ခွင့် ပေးနိုင်မှာလဲ။
သာမန်လူ တစ်ယောက်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှု ကဆယ်မှတ် ဝန်းကျင်ရှိလေသည်။
ချိုက်ယုံက ခန္ဓာကိုယ် တောင့်တင်းပေမယ့် အမျိုးမျိုးသော စားသောက်ပွဲတွေနဲ့ဘား ကလပ် တွေမှာအလုပ်များနေတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က အရက်နဲ့ အမျိုးသမီးတွေကြောင့် ကြာရှည်စွာ အားနည်းနေခဲ့ပေသည်။သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ရှစ်မှတ် ဒါမှမဟုတ် ကိုးမှတ်လောက် ရှိရင်တောင် အံ့ဩစရာပင်ဖြစ်သည်။
ချင်းလန်ရဲ့ နှစ်ဆယ့်ခြောက်မှတ် ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှေ့မှာသူကကလေးတစ်ယောက်လိုပင် အားနည်းနေပေသည်။
“လူကို ရိုက်တယ်။ဘယ်သူက မင်းကို
ရိုက်ခွင့်ပေးလို့လဲ”
ချင်းလန်ရဲ့ ဆုပ်ကိုင်မှုကလျင်မြန်စွာ တင်းကျပ်လာပြီး ချိုက်ယုံရဲ့ လက်ကောက်ဝတ်က ချက်ချင်းပင်
ဖြူဖျော့သွားလေသည်။
ချိုက်ယုံရဲ့ မျက်နှာကြွက်သားတွေက နာကျင်မှုကြောင့် တွန့်လိမ်နေပြီးသူ အော်ဟစ်လိုက်သည်။
“လွှတ် သေစမ်း ငါ့ကိုလွှတ်မဟုတ်ရင်
မင်းကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်”
“ငတုံး”
ချင်းလန်က ပြင်းထန်စွာဆွဲလိုက်တော့
ချိုက်ယုံ ခြေချော်လဲသွားလေသည်။ထို့နောက်ချင်းလန်ကခြေထောက်ဖြင့်ကန်လိုက်ရာချိုက်ယုံရဲ့ လက်မောင်းကို ထိမှန်ပြီး အရိုးကျိုးသံ စူးရှစွာထွက်ပေါ်လာလေသည်။
လက်မောင်း ကျိုးသွားလေပြီ။
“အား ငါ့လက် သေစမ်းမင်းလုပ်ရဲတယ်ပေါ့ မင်းကိုငါသတ်မယ်”
ချိုက်ယုံက သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး နာကျင်မှုကြောင့် မြေပြင်ပေါ်လဲကျကာ အော်ဟစ်နေလေသည်။ပြင်းထန်တဲ့ နာကျင်မှုကြောင့် သူ့မျက်နှာ တစ်ခုလုံး ခရမ်းရောင်ဖြစ်သွားလေသည်။
တောက်ပတဲ့အမျိုးသမီးက ထိတ်လန့်တကြားနဲ့ ထိုင်ချလိုက်ပြီး
“ယောက်ျား~”
“သွားစမ်း ထွက်သွားစမ်း”
ချိုက်ယုံက အမျိုးသမီးကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တယ်။ဒီအချိန်မှာ သူ ဘယ်လိုလုပ် အမျိုးသမီးတွေနဲ့ ကစားဖို့ စိတ်ကူးရှိနိုင်မှာလဲ။
သူအခုချိန်လိုချင်တာက ချင်းလန်ကို လက်တုံ့ပြန်ပြီး ချင်းမိသားစုကို
ဖျက်စီးဖို့ပင်။
ချင်းလန်ကချိုက်ယုံရဲ့ ခြိမ်းခြောက်မှုတွေကို လေပမာ သဘောထားပြီး လျစ်လျူရှုလိုက်လေသည်။
သူလက်က စုရှောင်းရှောင်းရဲ့နီမြန်းနေတဲ့
ပါးပြင်ကို ထိလိုက်ပြီး ညင်သာစွာ မေးလိုက်တယ်။
“အဆင်ပြေရဲ့လား။ဘာလို့ဒီလောက်တောင် မိုက်မဲပြီးအရူးလိုမျိုးပြေးလာတာလဲ။”
စုရှောင်းရှောင်းက ခေါင်းလှည့်လိုက်ပြီး သူမရဲ့နီနေတဲ့မျက်နှာကို ချင်းလန်ရဲ့
လက်နဲ့မထိစေချင်ပေ။
“သခင်လေးက တိုက်ခိုက်ရေးမှာ
ဒီလောက် တော်မှန်းကျွန်မမသိခဲ့ဘူး။ကိုယ်ရံတော် မပါရင်သခင်လေးသူ့ကို
ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့လို့ ရှေ့ထွက်လာခဲ့တာ။ဒါ့အပြင်ဒီပြဿနာက ကျွန်မကြောင့် စဖြစ်တာပါ။သခင်လေး
စိတ်ပူစရာ မလိုပါဘူး။ကျွန်မငယ်ငယ်ကတည်းက လူအများကြီး အနိုင်ကျင့်တာ ခံဖူးပါတယ်။ဒီလို ဒဏ်ရာသေးသေးလေးက ဘာမှမဟုတ်ပါဘူးခဏလေးနဲ့ ပျောက်သွားမှာပါ။”
အရိုက်ခံရတဲ့ စုရှောင်းရှောင်းရဲ့
မျက်လုံးတွေက ရေလိုကြည်လင်နေပြီး
ခံနိုင်ရည်အားအပြည့်နဲ့ပင်။အရင်ကလို ထောင့်တစ်နေရာမှာ ပုန်းပြီးတစ်ယောက် တည်းရှိုက်ကြီးတငင် ငိုနေခဲ့တဲ့သူမနဲ့ နှိုင်းယှဉ်ရင်မတူညီတဲ့ လူနှစ်ယောက်လိုဖြစ်နေလေသည်။
တကယ်တော့ ချင်းလန်မသိတာက
စုရှောင်းရှောင်းရဲ့ စရိုက်ကဒီလို
တိုတောင်းတဲ့အချိန်အတွင်းမှာပြောင်းလဲသွားတာမဟုတ်ဘဲ သူမရဲ့မွေးရာပါစရိုက်အတိုင်းပင်ဖြစ်ပေသည်။
စုရှောင်းရှောင်းက ရုပ်ပိုင်းဆိုင်ရာ
နာကျင်မှုကို ခံနိုင်ရည်ရှိပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုတော့ မခံနိုင်ပေ။
သူမကတွေးရင်းတွေးရင်း မျက်ရည်တွေ
ဝဲတက်လာကာ ထိန်းမနိုင်အောင် စီးကျလာလေသည်။
ကြင်နာတတ်တဲ့ စုရှောင်းရှောင်းကို
ကြည့်ပြီးချင်းလန်ရဲ့ နှလုံးသားမှာ
တုန်ခါမှုလေးတစ်ခု ခံစားလိုက်ရလေသည်။
သူ စုရှောင်းရှောင်းရဲ့ ခေါင်းပေါ်ကို
သူ့လက်ကို တင်လိုက်ပြီးလေးနက်စွာပြော လိုက်လေသည်။
“မင်း အရင်ကဘယ်လိုဘဝမျိုး နေခဲ့ရတယ်ဆိုတာငါမသိဘူး။မင်းကိုအရင်က ဘယ်သူတွေ အနိုင်ကျင့်ခဲ့တယ်ဆိုတာလည်း ငါမသိဘူး”
“ဒါပေမယ့် ဒီနေ့ကစပြီးမင်းကငါချင်းလန် ရဲ့အိမ်ဖော် မင်းက ငါ့ချင်းမိသားစုရဲ့လူပဲ”
“ဘယ်သူမှ မင်းကိုအနိုင်မကျင့်စေရဘူး ဘယ်သူမှမင်းကို ရိုက်လို့မရစေရဘူး”
“ဒီနှစ်ယောက်တင်မကဘူး တခြားဘယ်သူမှလည်း မရစေရဘူး။ကောင်းကင်က
နတ်ဘုရားတွေဆင်း လာရင်တောင်ငါ့
ချင်းမိသားစုရဲ့လူတစ်ယောက်ကို အနိုင်ကျင့်ဖို့ အခွင့်အရေးမရှိဘူး”
“ငါချင်းလန် ရှိနေသရွေ့ မင်းကိုငါ
အကာအကွယ်ပေးမယ်။နားလည်လား”