အခန်း (၇၇) ဦးလေးချူ မကြောက်ပါနဲ့
သေချာ စဉ်းစားပြီးနောက် ချူလုံ သည် ဒုတိယထပ် သီးသန့်ခန်းဆီ လိုက်သွားခဲ့လေသည်။
ဒီကောင်စုတ်လေး ဘာလှည့်ကွက်တွေ သုံးမလဲ ဆိုတာ သူ သိချင်နေမိသည်။
ဒါပေမဲ့ အခန်းထဲ ဝင်လိုက်တာနဲ့ သူ ပထမဆုံး မြင်လိုက်ရတာက ကျန့်ဟူ ဖြစ်နေလေသည်။
“ချူ ဥမည်း”
“ကျန့် ခေါင်းကြီး”
နှစ်ယောက်သား တစ်ယောက် နာမည်ပြောင် တစ်ယောက် တစ်ပြိုင်နက်တည်း အော်ခေါ်လိုက်ကြလေသည်။
ရိုးရိုးသားသား ပြောရရင် ချူလုံ ရဲ့ ရုပ်ရည်က ရက်စက်ကြမ်းကြုတ်ပုံ ပေါက်ပေမယ့် သူ့နာမည်ပြောင်
“ဥမည်း”
ဆိုတာက တကယ် လိုက်ဖက်လှလေသည်။
ကျန့်ဟူ ကတော့ ပြောစရာတောင် မလိုပေ၊ ချင်းလန် ပထမဆုံး မြင်ကတည်းက သတိထားမိတာက သူ့ခေါင်းက သာမန်လူတွေထက် ပိုကြီးနေတာကိုး။
“မင်းကို ဒီ ဖိတ်ထားတာလား”
ကျန့်ဟူ က ချူလုံ ကို မျက်နှာမည်းကြီးနဲ့ စိုက်ကြည့်နေလေသည်။
ချူလုံ က ဉာဏ်ကောင်းသူ ဖြစ်သည်။ သူက ဘေးနားက ချင်းလန် ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ နည်းနည်း ခပ်ဝေးဝေးမှာ ရပ်နေလိုက်လေသည်။
မျက်လုံးပါတဲ့ ဘယ်သူမဆို ကျန့်ဟူ နဲ့ ချင်းလန် မတည့်ကြဘူး ဆိုတာ မြင်နိုင်လေသည်။
သူ နှစ်ယောက်စလုံးကို မကြိုက်ပေ၊ အထူးသဖြင့် ကျန့်ဟူ ကို ပိုမုန်းသည်။ သူက အိမ်နီးချင်း မြို့မှာ ရှိနေပေမယ့် မကြာသေးမီက ထျန်ဟိုင်မြို့ ထဲ လက်လှမ်းလာခဲ့သည်။
သူ့သမီးသာ ပြီးခဲ့တဲ့ တစ်ခေါက်က မတွေ့ခဲ့ရင် နဂါးနက် အသင်း ထဲက သစ္စာဖောက်တွေက မုန်တိုင်းကြီး တစ်ခု ဖန်တီးနိုင်ခဲ့မှာ သေချာသည်။
ကျန့်ဟူ နဲ့ ချင်းလန် တိုက်ခိုက်နေတာကို မြင်ရတာ သူ ဝမ်းသာနေမိလေသည်။
ကျန့်ဟူ သာ အနှိပ်ကွပ် ခံလိုက်ရရင်၊ တကယ်တမ်း အကျိုးရှိမယ့်သူက သူပဲလေ။
ချင်းလန် ပြုံးလိုက်ပြီး ချူလုံ ရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ စိတ်ရှင်းလေ ပိုကောင်းလေပေါ့။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
“လောင်းကြေး စကြရအောင်။ သူတို့က ငါ ခေါ်ထားတဲ့ အကူတွေ မဟုတ်ပါဘူး။ အခြေအနေ လာကြည့်ကြတာ သက်သက်ပါ။”
“ချင်းလန်၊ ရှင် ဘာကို ဆိုလိုတာလဲ ရှင် သူနဲ့ လောင်းမလို့လား သူက လောင်းကစားလောကရဲ့ သူရဲကောင်း ၃၆ ယောက် ထဲက တစ်ယောက်လေ”
ချူကျူအာ ဒါကို ကြားတော့ လန့်သွားလေသည်။
တခြားသူတွေ မသိရင် ထားလိုက်တော့၊ သတင်းရောင်းဝယ်သူ ချင်းလန် က မသိဘဲ နေပါ့မလား။
ကျန့်ဟူ က နာမည်ကြီး လောင်းကစားသမား တစ်ယောက်လေ။
ကမ္ဘာပေါ်က လောင်းကစားလောကမှာ ထိပ်တန်း အဆင့် ၄ ဆင့် ရှိတယ် နတ်ဘုရားအဆင့်၊ ဘုရင်အဆင့် သူရဲကောင်း ၃၆ ယောက် နဲ့ အနိမ့်ဆုံးအဆင့်တို့ပင်။
ကျန့်ဟူ က သူရဲကောင်း ၃၆ ယောက် ထဲက တစ်ယောက်ပင်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။
ကမ္ဘာတစ်ခုလုံးမှာ လောင်းကစားလောကရဲ့ အစွမ်းထက်ဆုံး လူ ၁၁၁ ယောက်ပဲ ရှိပြီး၊ ကျန့်ဟူ က အလယ်အလတ်ရဲ့အထက်တန်း အဆင့်မှာတောင် ရှိနေတာ။
သူက ဘယ်လောက် ထူးခြားတဲ့ ပုဂ္ဂိုလ်လဲ။
အဲ့တုန်းက ကျန့်ဟူ က ဟောင်ကောင်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို တစ်ယောက်တည်း အနိုင်ယူခဲ့ဖူးတယ်၊ ဒါပေမဲ့ သစ္စာဖောက်တစ်ခု ကြုံပြီးတဲ့နောက် သန်း ၂၀ ပဲ ပြန်ယူလာနိုင်ခဲ့လေသည်။
ဒါကြောင့် ကျန့်ဟူ ပြန်ရောက်လာတဲ့အခါ မြေအောက်လောက ထဲ ရောက်သွားရတာပေါ့။
သူ ပိုက်ဆံ ပိုနိုင်ချင်ရင် လုံလောက်တဲ့ အာဏာ ရှိဖို့ လိုတယ် ဆိုတာ သူ သိသွားခဲ့ပြီ။
အဲ့တုန်းက သူရဲကောင်း 36 ယောက် ဆိုတဲ့ ဂုဏ်သတင်းသာ မရှိခဲ့ရင် ဒေါ်လာ သန်း ၂၀ နေနေသာသာ၊ အသက်ပြန်ပါလာဖို့တောင် ပြဿနာကြီး ဖြစ်သွားနိုင်တယ်။
“ဟားဟား၊ ငါ့ရဲ့ အတိတ်က ဂုဏ်သတင်းတချို့ကို မှတ်မိနေကြသေးတယ် ဆိုတာ ငါ မထင်ထားခဲ့ဘူး။ ချူ ဥမည်း၊ မင်းသမီးကို ငါ့အကြောင်း ပြောပြဖို့ တကယ် မမေ့ဘူးပဲ”
ကျန့်ဟူ က အားရပါးရ ရယ်မောလိုက်လေသည်။
ချူလုံ မျက်နှာမည်းကြီးနဲ့ တိတ်ဆိတ်နေလိုက်ပြီး သူ အကွက်ချခံလိုက်ရပြီလို့ ခံစားနေရလေသည်။
ဒါပေမဲ့ လောင်းကစား စွမ်းရည်နဲ့ ပတ်သက်ရင် သူတို့ အယောက် ၁၀၀ ပေါင်းရင်တောင် ကျန့်ဟူ ကို ယှဉ်နိုင်မှာ မဟုတ်ပေ။
“ငါတို့တော့ သွားပြီ!”
ထောင့်မှာ ပိတ်မိနေတဲ့ လင်းယိုချူ က ချူကျူအာ ပြောတာ ကြားပြီး မျက်လုံးတွေ နီရဲလာကာ မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားလေသည်။
သူမ လောင်းကစား မလုပ်ပေမယ့် သူမ ဝမ်းကွဲအစ်ကိုက လောင်းကစားသမား တစ်ယောက်လေ။
အရင်တုန်းက လောင်းကစားလောကရဲ့ ၁၁၁ ယောက်မြောက်မှာရှိတဲ့သူတောင် ဟောင်ကောင်မှာ သူဌေးကြီး တစ်ယောက် ဖြစ်နိုင်ပေသည်။
သူရဲကောင်း ၃၆ ယောက် ဆိုရင် ပြောစရာတောင် မလိုဘူးလို့ သူမကို အမြဲ ကြွားပြောလေ့ ရှိသည်။
သွားပြီ......
သူမ အရာအားလုံး ဆုံးရှုံးသွားပြီ၊ သူမ အရမ်း နောင်တရနေမိလေပြီ။
“လောင်းချင်သေးလား”
ကျန့်ဟူ က ချင်းလန် ကို ပေါ့ပေါ့ပါးပါး ရယ်မောပြီး မေးလိုက်လေသည်။
ချင်းလန် က မေးခွန်းကြောင့် လုံးဝ ကြောင်အသွားလေသည်။
“ဘာလို့ မလောင်းရမှာလဲ”
“ခင်ဗျားက လောင်းကစား တော်တာနဲ့ပဲ ကျွန်တော်က ကတိဖျက်လို့ မရဘူးလေ၊ ဟုတ်တယ်မလား။”
“ဒါ့အပြင် လောင်းကြေးအရ ကျွန်တော် ရှုံးရင်တောင် လျှို့ဝှက်ချက် တစ်ခုပဲ ပြောပြရမှာလေ၊ အခေါ်ခံရမယ့်သူက ကျွန်တော်မှ မဟုတ်တာ။”
သူက အရမ်း ကောက်ကျစ်တာပဲ။
ဒါကို ကြားလိုက်ရတော့ လင်းယိုချူ သွေးအန်ချင်စိတ် ပေါက်သွားလေသည်။ တကယ်တော့ ချင်းလန် မျက်လုံးထဲမှာ ဖိအား လုံးဝ မရှိပါလား။
“ဟားဟားဟား... တကယ်ပွင့်လင်းတဲ့ လူပဲ”
ကျန့်ဟူ ရယ်မောလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“မင်း အဲ့လို ပြောမှတော့ ငါ မင်းကို အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့။ ဘာလောင်းမလဲ မင်း ကြိုက်တာ ရွေးလို့ ရတယ်။ မင်း ကစားတတ်သရွေ့ ငါ မင်းနဲ့ ကစားပေးမယ်”
တကယ်လို့ ဒီနေရာမှာ ဇာတ်လိုက် သာ ရှိနေရင် သေချာပေါက် လှောင်ပြောင်ခံရမှာ ဖြစ်ပြီး၊ စားပွဲမှာ ထိုင်ပြီးတာနဲ့ ကျန့်ဟူ ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံမယ့်အစား ဟန်ဆောင်ပြီး လောင်းကြေးထပ်မယ့် နည်းလမ်းကို ကျန့်ဟူ ကို ရွေးခိုင်းမှာ သေချာသည်။
နောက်ဆုံးမှာတော့ သူက ကျွမ်းကျင်တဲ့ နယ်ပယ်မှာ အပြတ်အသတ် အနိုင်ယူလိုက်မှာပဲ။
ဒါပေမဲ့ ချင်းလန် က ဘယ်သူလဲ။
သူက ဗီလိန်အကြီးစားလေ။ အဓိက အချက်က လောင်းကစား စွမ်းရည် ဝယ်ဖို့အတွက်
ဗီလိန်အမှတ်လေး နဲ့ လဲလိုက်ရုံပင်။
ဒါမေယ့် ကျန့်ဟူ ကို ကိုင်တွယ်ဖို့ ဘာကိစ္စ ဗီလိန်အမှတ် သုံးရမှာလဲ။
အလကား ရနိုင်တဲ့ဟာကို ဘာကိစ္စဒုက္ခခံနေဦးမှာလဲ။
ချင်းလန် လက်ခုပ် တီးလိုက်ပြီး အာမေဋိတ်သံ ပြုလိုက်လေသည်။
“သူဌေးက အရမ်း ရက်ရောတာပဲ”
“ဒါဆို ကျွန်တော် အားမနာတော့ဘူး။ ဒီနေ့ နည်းနည်း ထူးခြားတာလေး လုပ်ပြီး အသက်နဲ့ရင်း လောင်းကြေးထပ်ကြရအောင်”
“ခန့်မှန်းကြည့်လေ နောက်ထပ် တစ်မိနစ် အတွင်း ခင်ဗျား သေမလား ရှင်မလား”
ရွှပ်.....
ကျန့်ဟူ မျက်လုံးတွေ ချက်ချင်း အေးစက်သွားပြီး ချင်းလန် ကို ကြည့်တဲ့ အကြည့်တွေမှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်လာလေသည်။
သူ အံကြိတ်ပြီး အတင်း ပြုံးလိုက်လေသည်။
“ငါ ကျန့်ဟူ က ငါ့ဘဝမှာ မုန်တိုင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးပြီ။ မင်း ထမင်းစားတာထက် ငါစားတာ ပိုများတယ်။ ဒီတစ်မိနစ်လေးကို ငါ ဘယ်လိုလုပ် အသက်မရှင်ဘဲ နေနိုင်မှာလဲ သေချာပေါက် ငါ အသက်ရှင်နေဦးမှာပေါ့”
ချင်းလန် ခေါင်းခါကာ သူ့လက်ကို နောက်ကျောဘက် ဆန့်ထုတ်လိုက်လေသည်။
မည်းနက်နေတဲ့ သေနတ်ပြောင်းဝ တစ်ခုက ကျန့်ဟူ ရဲ့ ခေါင်းကို ချိန်ရွယ်လိုက်လေသည်။ ဘန်း ခနဲ အသံနဲ့အတူ ကျန့်ဟူ ရဲ့ ခေါင်း ပွင့်ထွက်သွားပြီး ဖရဲသီးလို ပေါက်ကွဲသွားလေသည်။
သေနတ်ပြောင်းဝက မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ချင်းလန် သက်ပြင်းချလိုက်လေသည်။
“နှမြောစရာပဲ၊ သူရဲကောင်း ၃၆ ယောက် လောင်းကြေး မှားသွားပြီ...”
ခင်ဗျား ကိုယ့်သေခြင်းတရားနဲ့ ကိုယ် လောင်းကြေးထပ်မှတော့ ခင်ဗျား ကိုယ့်ကိုယ်ကို သတ်သေတာကို ကျွန်တော် တကယ် မတားနိုင်တော့ဘူး။
ကျန့်ဟူ ရဲ့ ကိုယ်ရံတော် ကြောင်အသွားပြီး ချင်းလန် ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။
“မင်း... မင်း သူဌေးကို သတ်လိုက်တယ်”
ချင်းလန် မော့ကြည့်လိုက်ပြီး စကားပြောတဲ့ ကိုယ်ရံတော်ကို သေနတ်နဲ့ ချိန်လိုက်လေသည်။
ဘုန်း......
နောက်ထပ် ခေါင်းပွင့်ထွက်သွားပြီး နောက်တစ်ယောက် သေဆုံးသွားပြန်လေသည်။
ချင်းလန် သေနတ်ပြောင်းဝကို ဘယ်ဘက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး အောက်ထပ်က သူ့ကို ဆဲရေးဖို့ ပြင်နေတဲ့ လူမိုက်တွေကို ချိန်ရွယ်လိုက်လေသည်။
“ပြောစမ်း၊ ဘယ်သူ ပစ်လိုက်တာလဲ ဘယ်သူ မင်းတို့ သူဌေးကို သတ်လိုက်တာလဲ”
“မင်း....မင်း.....”
လူမိုက်ရဲ့ ခြေထောက်တွေ တုန်နေလေသည်။
ဘုန်း.....
တတိယမြောက် သေနတ်သံနှင့်အတူ စော်ကားမော်ကား ပြောဖို့ ကြံရွယ်ထားတဲ့ လူမိုက်လည်း နောက်ပြန် လဲကျသွားပြီး ပက်လက်လန် ကျသွားလေသည်။
စတုတ္ထမြောက် သေနတ်သံ ထွက်ပေါ်လာလေသည်။
ပဉ္စမမြောက် သေနတ်သံ ထွက်ပေါ်လာလေသည်။
စကားပြော နှေးတဲ့သူ၊ အဖြေမှားပေးတဲ့သူ၊ စကားထစ်တဲ့သူ အားလုံး အပစ်ခံရလေသည်။
ဒီအချိန်မှာ ချင်းလန် က အရင်က ယဉ်ကျေးသိမ်မွေ့တဲ့သူ မဟုတ်တော့ဘဲ လူသတ်နတ်ဆိုး တစ်ကောင် ဖြစ်နေလေသည်။
ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက် မသိစိတ်က လှုံ့ဆော်သလို ချင်းလန် က နောက်တစ်ယောက်ကို သေနတ်နဲ့ ချိန်လိုက်လေသည်။
“ပြောစမ်း၊ ဘယ်သူ ပစ်လိုက်တာလဲ”
“ဟုတ်၊ ဟုတ်ကဲ့၊ ကျွန်တော်ပါ!”
ချူလုံ ၏ အသံ တုန်ယင်နေပြီး ခြေထောက်များလည်း တုန်ခါနေလေသည်။
နဂါးနက် အသင်း ရဲ့ ခေါင်းဆောင်ကြီးတွေတောင်မှ ချင်းလန် ရဲ့ လွှမ်းမိုးထားတဲ့ သတ်ဖြတ်လိုစိတ်ကြောင့် တော်တော်လေး ကြောက်လန့်နေကြလေသည်။
ကျန့်ဟူ က ချင်းလန် ကို မယှဉ်နိုင်ဘူး ဆိုတာ သူ သိသလို၊ ဒီကိစ္စ ပြီးသွားရင် သူ သေချာပေါက် အနှိပ်ကွပ် ခံရမယ် ဆိုတာလည်း သူ သိလေသည်။
ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ချင်းလန် က သေနတ်စပစ်ပြီး လူငါးယောက်လောက်ကို ဆက်တိုက် သတ်ပစ်လိမ့်မယ်လို့ သူ တကယ် မမျှော်လင့်ထားခဲ့မိပေ။
ကျည်အိမ်ထဲမှာ ကျည်ဆန် တစ်တောင့်လောက်ပဲ ကျန်တော့မှာ ဖြစ်ပြီး ချူလုံ အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။
နောက်ဆုံး ကျည်ဆန်ကို သူ့ကို ကျွေးလိုက်မှာ ကြောက်နေမိလေသည်။
ချင်းလန် သတ်ဖြတ်လိုစိတ် ငြိမ်သက်သွားပြီး သေနတ်ကို ကိုယ်ရံတော်ဆီ ပစ်ပေးလိုက်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။
“ဦးလေး ချူ၊ ဘာတွေ ပြောနေတာလဲ”
“ဘယ်လိုလုပ် ဦးလေးက ပစ်လိုက်တာ ဖြစ်နိုင်မှာလဲ
ဒါက ကျွန်တော့် ကိုယ်ရံတော် ပစ်လိုက်တာ ရှင်းနေတာပဲဟာ။မကြောက်ပါနဲ့ ကိစ္စမရှိပါဘူး။”
“ဒီမှာ ဖြစ်ပျက်နေတာတွေက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့က လာကြည့်တဲ့သူ သက်သက်ပါ။ တော်ကြာ လူတွေ ရောက်လာရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။”
“ဘာပဲဖြစ်ဖြစ် အထူးစစ်ဆင်ရေး အေးဂျင့်တွေက ခုခံဖို့ ကြိုးစားတဲ့ မူးယစ်ဆေး ရောင်းသူ အနည်းငယ်ကို ပစ်သတ်လိုက်တာ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။”
“ဒါက ကောင်းတဲ့ကိစ္စ၊ အရမ်း ကောင်းတဲ့ကိစ္စပဲ ပြည်သူလူထုကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးတာလေ”