အခန်း (၇၃) သားကို သန်းငါးရာပေးပါ
နောက်တစ်နေ့ မနက်စောစော........
ချင်းလန် က စနစ် အသိပေးသံကို ဖွင့်လိုက်ပြီး ကျေနပ်ဖွယ် အခိုက်အတန့်ကို ခံစားလိုက်လေသည်။
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း က ပြင်းထန်တဲ့ စိတ်ခံစားမှု အတက်အကျ တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +500 ရရှိသွားပါပြီ။”
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း ရဲ့ နှစ်သက်မှု ဆက်လက် တိုးတက်နေပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +1000 ရရှိသွားပါပြီ။”
“ဒင်! ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် 1000*3 ရရှိသွားပါပြီ။”
ချင်းလန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ကို စုရှောင်းရှောင်း ရဲ့ ကိုယ်ပေါ် ပျင်းရိစွာ တင်လိုက်လေသည်။
အိပ်ချင်မူးတူး ဖြစ်နေတဲ့ စုရှောင်းရှောင်း က ယားကျိကျိ ဖြစ်သွားပြီး အိပ်ချင်မူးတူး မျက်လုံးတွေကို ပွတ်သပ်ကာ နိုးလာခဲ့လေသည်။
သူမ ချင်းလန် ရဲ့ လက်မောင်းကို ဖက်လိုက်ပြီး သူမရဲ့ ရင်ခွင်ထဲ ဆွဲသွင်းကာ သူ့လက်မောင်းပေါ် ခေါင်းအုံးပြီး ချစ်စရာကောင်းစွာ နှုတ်ခမ်းစူလိုက်လေသည်။
ခေါင်းလေးက သူ့လက်မောင်းပေါ်ကနေ ခဏခဏ လျှောကျသွားပြီး ဇွဲမလျှော့ဘဲ ပြန်တင်နေပုံကို ကြည့်ရတာ အလုပ်လုပ်လွန်းပြီး အိပ်ရေးပျက်ထားမှန်း သိသာနေလေသည်။
“နည်းနည်းလောက် ထပ်အိပ်လိုက်ပါဦး။”
ချင်းလန် က သူမခေါင်းလေးကို ချစ်ခင်စွာ ပုတ်ပေးလိုက်ရာ စုရှောင်းရှောင်း က လိမ္မာစွာ ညည်းညူလိုက်ပြီး မျက်လုံးပြန်မှိတ်သွားလေသည်။
သူ ထွက်မသွားဘဲ ကုတင်ခေါင်းရင်းကို မှီကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး ဖတ်ရှုနေလိုက်သည်။
မနက် ကိုးနာရီလောက်မှာ ပိုင်ရူယွီ ဗီလာကို ရောက်လာပြီး လက်ဖက်ရည်ခန်းမှာ ချင်းလန် နဲ့ တွေ့ဆုံလေသည်။
ပိုင်ရူယွီ က ထိုင်ခုံမှာ ထိုင်ပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်ရာ မျက်နှာထားက သိပ်မကောင်းလှပေ။
အကြောင်းပြချက်က ရိုးရှင်းပါတယ်၊ ပိုင်ရှောက်ချွမ် ကြောင့် ထပ်ပြီး ဒေါသထွက်ခဲ့ရတာလေ။
သူမ ပိုင်အုပ်စု အတွက် အလုပ်မလုပ်တော့ပေမယ့် အဓိက စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အချက်အလက် တချို့ကို စိတ်ထဲမှာ မှတ်သားထားဆဲ ဖြစ်လေသည်။
သူမ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို အဆင်ပြေစေဖို့ ပိုင်မိသားစု ဆီက သူမရဲ့ ငွေသားရှယ်ယာကို ပြန်လိုချင်ခဲ့သည်။
ဒါပေမဲ့ သူမ ပိုင်ရှောက်ချွမ် ဆီက ပိုက်ဆံ တောင်းတဲ့အခါ တစ်ပြားတစ်ချပ်မှ ပြန်မရရုံသာမက နှုတ်ဖြင့် စော်ကားခံခဲ့ရပြီး လက်ညှိုးထိုး ဆဲဆိုလုနီးပါး အထိ ဖြစ်ခဲ့လေသည်။
“သူ ဘယ်လိုလုပ် ဒီလို လုပ်ရက်တာလဲ အဲ့ဒီသား က တကယ်ပဲ အလိုလိုက်ခံရဖို့ ထိုက်တန်လို့လား ယွင်ယွင် နဲ့ ငါက သူ့ဆီကနေ တစ်ပြားတစ်ချပ်တောင် မရနိုင်ဘူးပေါ့”
“သူ ပိုက်ဆံ မပေးချင်ရင်တောင် အမေ့ကို ဆွဲထည့်စရာ မလိုဘူး မဟုတ်လား အမေက သူ့ကို သားယောက်ျားလေး မမွေးပေးနိုင်ခဲ့လို့ အမေ့ရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေ အားလုံးက သူ့မျက်လုံးထဲမှာ ဖြတ်သန်းသွားတဲ့ တိမ်တိုက် တစ်ခုလို ဖြစ်သွားရတာလား”
“…”
ပိုင်ရူယွီ တစ်ယောက်တည်း ရေရွတ်ပြီး သူမရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်လိုက်လေသည်။
အနီးနားက နားထောင်နေတဲ့ ချင်းလန် က ဒါကို နည်းနည်း ရယ်ချင်စရာ ကောင်းတယ်လို့ ထင်နေမိသည်။
ပိုင်ရှောက်ချွမ် က သူ့ပိုက်ဆံတွေကို ပိုင်ရှောက်ယဲ့ အတွက် ချန်ထားခဲ့တာလား။
သူက သူတို့အားလုံးကို ဓားနဲ့ ထိုးသတ်ခဲ့တာလေ ဘယ်လိုလုပ် ပေးနိုင်တော့မှာလဲ။
ဟုတ်ပါတယ်၊ ပိုင်ရူယွီ က ဒီအကြောင်းအရာတွေကို မသိတာကြောင့် သူ ထုတ်ပြောမှာ မဟုတ်ပေ။
အစားထိုး အနေနဲ့ သူက စိတ်ဝင်တစား မေးလိုက်လေသည်။
“ဘာလို့ ရုတ်တရက်ကြီး ပိုက်ဆံ လိုနေရတာလဲ ကုမ္ပဏီမှာ ရန်ပုံငွေ ပြတ်နေလို့လား”
ပိုင်ရူယွီ မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ရှင့် လစာကို အလကား ယူရုံတင်မကဘဲ ကုမ္ပဏီ ရှယ်ယာတွေပါ ပိုင်ဆိုင်ထားရတာ ကျွန်မ မနေတတ်ဘူး။ ကျွန်မမှာ သူများဆီက အခွင့်ကောင်းယူတတ်တဲ့ အကျင့် မရှိဘူး။ ကျွန်မ ရင်းနှီးမြှုပ်နှံမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ ကျွန်မ ပိုက်ဆံတချို့ ထည့်လိုက်မယ်။”
“အဲ့ဒါအပြင် လာမယ့်နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာမယ့် ကုမ္ပဏီတွေနဲ့ လုပ်ငန်းတချို့ကို ကျွန်မမြင်ထားတယ်။ အခု ကုမ္ပဏီမှာ ရန်ပုံငွေ မလိုပေမယ့်၊ ဒီလုပ်ငန်းတွေထဲ တကယ် ဝင်ရောက်ဖို့ ဆိုရင်တော့ လုံလောက်မှု မရှိသေးဘူး။”
“ပိုက်ဆံ ဘယ်လောက် ထပ်လိုသေးလဲငါ စီစဉ်ပေးမယ်။”
ချင်းလန် လိုရင်းကို တိုက်ရိုက် ပြောလိုက်လေသည်။
ပိုင်ရူယွီ မျက်မှောင်ကြုတ်ပြီး သံသယဖြစ်စွာပြန်ပြောလိုက်လေသည်။
“ရှင် ကျွန်မကို ဒီလောက်ထိ ယုံကြည်တာလား ကျွန်မ ပိုက်ဆံတွေ ယူပြေးသွားမှာ မကြောက်ဘူးလား ဘာပဲဖြစ်ဖြစ် ထျန်ဟိုင်မြို့ မှာ ကျွန်မလွမ်းစရာ ဘာမှ မရှိဘူး။ ယွင်ယွင် ကို ခေါ်ပြီး တခြား နေရာကို ထွက်သွားတာက မဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးနော်။”
ချင်းလန် နွေးထွေးစွာ ပြုံးပြီး ခေါင်းခါလိုက်လေသည်။
“ငါ မင်းကို ယုံတယ်။ မင်း လုပ်ချင်တာ ဘာမဆို လုပ် ပိုက်ဆံလိုရင်ငါ ပေးမယ်၊ လူအင်အား လိုရင် ငါ ရှာပေးမယ်။”
မူရင်း ဝတ္ထုထဲမှာ ဖော်ပြထားသလိုပဲ ပိုင်ရူယွီ က စီးပွားရေး ဘုရင်မ တစ်ပါး ဆိုတာ သံသယဖြစ်စရာ မရှိပေ။
ဒါ့အပြင် ကျဆင်းနေပြီဖြစ်သော ပိုင်အုပ်စု သည် ပိုင်ရူယွီ ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တည်ငြိမ်မှု ပြန်ရလာရုံသာမက နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုများမှတဆင့် ယွမ် ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိသော အုပ်စုကြီး ဖြစ်လာကာ တရုတ်နိုင်ငံ တစ်ခုလုံးရှိ ထိပ်တန်း ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာခဲ့လေသည်။
အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။
အခု ပိုင်ရူယွီ ခေါင်းထဲမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်တွေ အားလုံးက အနာဂတ်မှာ ထိပ်တန်း ရောက်လာမယ့် ကုမ္ပဏီတွေ၊ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကို ဦးဆောင်မယ့် လုပ်ငန်းတွေ ဖြစ်နေတာပင်။
ပိုက်ဆံ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ ဆယ်ဆ၊ အဆ တစ်ရာလောက်တောင် အမြတ်ပြန်ရနိုင်တယ်။
ဒီလို ရွှေတွင်းကြီးကို သူ ဘယ်လိုလုပ် မယုံကြည်ဘဲ နေနိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် ပိုင်ရူယွီ က အဓိက အမျိုးသမီး ဇာတ်ကောင်တွေထဲက တစ်ယောက်လေ။ သူမ တစ်ယောက်ယောက် နောက်ကို လိုက်ပြီ ဆိုတာနဲ့ လုံးဝ သစ္စာရှိပြီး နှလုံးသားကိုပေးမယ့်သူ ဖြစ်လေသည်။
သူမက စကားကြီးစကားကျယ် ပြောကောင်း ပြောလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်း သစ္စာဖောက်မယ့်သူ မဟုတ်ပေ။
ပိုင်ရူယွီ နှုတ်ခမ်းကို စေ့လိုက်ပြီး ချင်းလန် ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေကို စိုက်ကြည့်နေမိလေသည်။ စိတ်လှုပ်ရှားမိတာအပြင် အဓိပ္ပာယ်မရှိဘူး ဆိုတဲ့ ခံစားချက်ကိုလည်း သူမ ခံစားလိုက်ရလေသည်။
သူမအဖေဆီက မိသားစု ပိုင်ဆိုင်မှု ဝေစုကို ပြန်တောင်းတုန်းကတော့ စော်ကားမှုတွေနဲ့သာ ကြုံတွေ့ခဲ့ရသည်။
ဒါပေမဲ့ ချင်းလန် ကျတော့ သူမရဲ့ စိတ်ကူး ဖြစ်နိုင်ခြေကိုတောင် မရှင်းပြရသေးဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံနဲ့တင် သူမကို ယုံကြည်ပေးခဲ့တယ်။
ပိုင်ရှောက်ချွမ် နဲ့ ယှဉ်လိုက်ရင် ချင်းလန် က သူမအဖေနဲ့ ပိုတူနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရလေသည်။
ခုလေးတင် ခေါင်းထဲ ဝင်လာတဲ့ အဓိပ္ပာယ်မရှိတဲ့ အတွေးကြောင့် ပိုင်ရူယွီ ရဲ့ ပါးပြင်တွေ လျင်မြန်စွာ နီရဲလာလေသည်။
သူမ ခေါင်းခါလိုက်ပြီး အခြေအမြစ်မရှိတဲ့ အတွေးတွေကို အတင်း မောင်းထုတ်လိုက်ကာ လက်တစ်ဖက် ဆန့်ထုတ်လိုက်လေသည်။
“သန်းငါးရာ၊ အရင်ဆုံး သန်းငါးရာလောက် ပေးပါလား။”
လက်တွေ့မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုတာ ပိုက်ဆံများလေ ပိုကောင်းလေ ဆိုပေမယ့်၊ သူမ ချင်းလန် ကို ယုံကြည်တာကြောင့် သူ့ကို အကျပ်ရိုက်အောင် မလုပ်ချင်ဘဲ အနည်းဆုံး စံနှုန်းကိုသာ ပြောလိုက်ခြင်း ဖြစ်လေသည်။
ချင်းလန် ခဏလောက် စဉ်းစားလိုက်လေသည်။
“သန်းငါးရာ အခုလောလောဆယ် ကိုယ့်ဆီမှာ ငွေသား အဲ့လောက် အများကြီး မရှိဘူး။”
ပိုင်ရူယွီ ပြုံးပြီး ပြောလိုက်လေသည်။
“ဒါဆို မေ့လိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အလှပ ဆေးပြား တွေက ထုတ်လုပ်မှု စတင်နေပြီပဲ။ ဈေးကွက်ထဲ ရောက်တာနဲ့ အမြတ်အစွန်း မြန်မြန် ရလာမှာပါ။ တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျရင် နည်းနည်းလောက် လျော့မြတ်ရုံပဲ ရှိမှာပါ။ အမှီတော့ လိုက်နိုင်ပါသေးတယ်။”
“ကိုယ့်ဆီမှာ မရှိဘူးလို့ပဲ ပြောတာပါ၊ မရနိုင်ဘူးလို့ မပြောပါဘူး။”
ချင်းလန် ခါးသက်သက် ပြုံးပြီး ပြောလိုက်လေသည်။
“ကိုယ် အခုချက်ချင်း နည်းလမ်း ရှာပေးမယ်။”
သူမအပေ ရင်းနှီးမြှုပ်နှံမှု စောစောလုပ်လေ အမြတ်အစွန်း ပိုများလေ ဆိုတာ သူ သိသည်။
မဟုတ်ရင် နောက်ကျမှ ဈေးကွက်ထဲ ဝင်တဲ့အခါ အမြတ်အစွန်း အများစုကို တခြား အရင်းရှင်တွေက ယူသွားကြလိမ့်မယ်၊ အဲ့ဒီကျမှ ကြိုးစားနေလို့ ဘာထူးတော့မှာလဲ။
ချင်းလန် က အကျန်အကြွင်း လေးကိုပဲ လိုချင်တဲ့ သူမဟုတ်ပေ။
ဖုန်းကို ထုတ်လိုက်ပြီး အမေ့ဆီကို နှိပ်ပြီး ခေါ်ဆိုလိုက်လေသည်။
ဖုန်းဝင်သွားပြီးနောက် တစ်ဖက်မှ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ရှောင်လန် ဒီနေ့ ဘယ်လေတိုက်လို့ မေမေ့ဆီ ဖုန်းဆက်တာလဲ မေမေ့ကို လွမ်းလို့လား”
“မေမေ့ကို လွမ်းရင် အမြန် ပြန်လာခဲ့လေ။ ထျန်ဟိုင်မြို့ မှာပဲ နေမနေနဲ့။ အဘိုးက သားအကြောင်း အမြဲ မေးနေပြီး သားကို အရမ်း သတိရနေတာ၊ ဒါပေမဲ့ သားဆီ ဖုန်းဆက်ဖို့ကျတော့ ရှက်နေတာလေ။”
ချင်းလန် က ရက်စက်ပြီး စကားနည်းလေသည် သူက လိုရင်းကို တိုက်ရိုက် ပြောပြီး ပိုက်ဆံ တောင်းလိုက်လေသည်။
“သားဆီ သန်းငါးရာ လွှဲပေးပါ”