အခန်း (၇၂) အပြစ်ပေးခံရခြင်း
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ကျွင်းဇီ က တကယ်ပဲ ထိပ်တန်း ဟောပြောသူ ပီသပေသည်။ သူ့ရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ လုံးဝ မတူဘူး။
တခြားလူတွေက လက်ကို သုံးကြပေမယ့်၊ သူက ပါးစပ်ကို သုံးတယ်။
ဒါကို မြင်လိုက်ရတော့ ဘေးနားကမိန်းကလေးတွေ ပြုံးနေတာကို မထိန်းနိုင်ကြတော့ဘဲ သီးသန့်ခန်းထဲက လေထုက ပျော်ရွှင်ပြီး ပိုမို ကြည်နူးစရာ ကောင်းလာလေသည်။
ကိုယ်ရံတော် ၁၃ ယောက်စလုံး ကျွင်းဇီ ကို လက်မထောင်ပြကြပြီး၊ တချို့ဆိုရင် အသံထွက် ရယ်မောနေကြလေသည်။
သေစမ်း......
ကျွင်းဇီ ထိတ်လန့်သွားပြီး တစ်ခုခု မှားနေမှန်း သိလိုက်တာကြောင့် သူ့ပါးစပ်ကို လက်နဲ့ အမြန် အုပ်လိုက်လေသည်။
ကိုယ့်ပါးစပ် ကိုယ်ပြန်ရိုက်ပြီး သတ်ပစ်လိုက်ချင်လေသည်။
သခင်လေး ဘာတွေးနေလဲ ဆိုတာ သူ ခန့်မှန်းမိပြီးသား ဖြစ်ပေမယ့်၊ သူ့မျက်နှာ အမူအရာကို မထိန်းချုပ်နိုင်ခဲ့ဘဲ သူ့ရဲ့ အသေးစား လှုပ်ရှားမှုလေးတွေက ပေါ်သွားခဲ့လေသည်။
ကျွင်းဇီ တစ်ခုခု မှားနေမှန်း သတိထားမိပြီး ပါးစပ် ချက်ချင်း ပိတ်သွားတာကို မြင်လိုက်ရတော့ ချင်းလန် က အေးစက်စွာ ပြောလိုက်လေသည်။
“တမင်သက်သက် ကျူးလွန်တယ် ဆိုတာ သိသာနေတဲ့အတွက် ပြစ်ဒဏ် နှစ်ဆ တိုးမယ်။ နောက်လ လစာထဲကနေ နှစ်သောင်း ဖြတ်မယ်”
ဒီကိုယ်ရံတော် အသစ်တွေ ရှေ့မှာ သူ့ကိုယ်သူ အရှက်ခွဲဖို့ ဆိုတာ မဖြစ်နိုင်ပေ။ သူ လုပ်ဖို့ လိုအပ်တာက သူ့ရဲ့ အာဏာကို တည်ဆောက်ဖို့ပင်။ စံပြ မလုပ်ပြနိုင်မှတော့ သူ့ရဲ့ လူယုံကို ဆွဲထုတ်ပြီး သတိပေးတဲ့ အနေနဲ့အပြစ် ပေးရုံသာ တတ်နိုင်တော့သည်။
ကျွင်းဇီ ခေါင်းငုံ့ပြီး ပြောလိုက်လေသည်။
“သခင်လေး၊ ကျွန်တော် မှားမှန်း သိပါပြီ၊ ပြစ်ဒဏ်ကို လက်ခံပါတယ်။”
ကိုယ်ရံတော် ၁၃ ယောက်စလုံး လေထုထဲက တင်းမာမှု ကို အာရုံခံမိပြီး သူတို့ရဲ့ နောက်ပြောင်နေတဲ့ မျက်နှာထားတွေကို သိမ်းဆည်းလိုက်ကြလေသည်။
ချင်းလန် ရဲ့ လေးနက်တဲ့ မျက်နှာထားကို မြင်လိုက်ရတော့ သူတို့ အနည်းငယ် မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
ကျွင်းဇီ လို ယုံကြည်ရတဲ့ လူယုံတောင်မှ ဒီလောက် လွယ်လွယ်နဲ့ အပြစ်ပေးခံရရင်၊ သူတို့သာ အမှားလုပ်မိရင် ချက်ချင်း အလုပ်ထုတ်ခံရမှာ မဟုတ်ဘူးလား။
သူတို့ သူ့ကို လျှော့တွက်ရဲတဲ့ သတ္တိ မရှိတော့ပေ။
ခဏလောက် တုံ့ဆိုင်းပြီးနောက် ချင်းလန် တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ပြန်ကြတော့၊ မင်းတို့ အားလုံး...”
သူက ကိုယ်ရံတော် ၁၃ ယောက်ကို ထပ်မကြည့်တော့ဘဲ ဟိုတယ်ကနေ ထွက်ခွာသွားလေသည်။
ဒါက စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု တစ်မျိုး ဖြစ်သည်။ ဒီနေ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို သူ အလွန် မကျေနပ်ကြောင်း ပြသလိုက်ခြင်းပင်။
ကျွင်းဇီ က အဖွဲ့ကို စီစဉ်ပေးပြီးနောက် ချင်းလန် ကို အိမ်သို့ အလျင်အမြန် လိုက်ပို့လေသည်။
လမ်းတစ်လျှောက်လုံး ကျွင်းဇီ က မောပန်းသွားတဲ့အထိ တောင်းပန်စကားတွေ တရစပ် ပြောနေပြီး အလွန်အမင်း အပြစ်ရှိသလို ခံစားနေရလေသည်။
ချင်းလန် က ကိစ္စမရှိကြောင်း လက်ကာပြပြီး ပြောလိုက်လေသည်။
“ဒါက ဟန်ပြ သက်သက်ပဲ အလေးအနက် မထားနဲ့။ မင်း ခေါ်လာတဲ့ လူတွေ အားလုံး ပေါင်းရင်တောင် မင်းလောက် ငါ့အတွက် အရေးမကြီးဘူး၊ နားလည်လား”
သူက လူရှေ့သူရှေ့မှာ သူ့အာဏာကို တည်ဆောက်ဖို့ လိုသလို ကွယ်ရာမှာတော့ သူ့စစ်သားတွေရဲ့ သစ္စာရှိမှုကို ရယူဖို့ လိုအပ်လေသည်။လူရှေ့နဲ့ ကွယ်ရာမှာ လုံးဝ ကွာခြားသည် ပါးနပ်တဲ့ သူခိုးအိုကြီးတွေ လုပ်သလိုပေါ့။
“သခင်လေး၊ သခင်လေးရဲ့ အတွေးတွေကို ကျွန်တော် နားလည်ပါတယ်။ တကယ်လို့ အဲ့ဒီကောင်တွေထဲက ဘယ်သူမဆို သခင်လေးကို သစ္စာဖောက်ရဲရင်၊ သူတို့ကို တန်ဖိုးပြန်ပေးဆပ်ခိုင်းမယ့် ပထမဆုံးလူက ကျွန်တော် ဖြစ်စေရမယ်”
ကျွင်းဇီ က စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။
သူ့စကားတွေကြောင့် စိတ်လှုပ်ရှားသွားပြီး ချင်းလန် ကို ကြည့်တဲ့ သူ့အကြည့်တွေက ပိုမို သစ္စာရှိလာလေသည်။
“အင်း”
ချင်းလန် က ရိုးရိုးလေး ပြန်ဖြေလိုက်သည်။
ဗီလာကို ပြန်ရောက်တော့ သူက ကျွင်းဇီ ကို ပျော်ပါးဖို့ လွှတ်လိုက်ပြီး ဘားမှာ သွားနားလိုက်ဖို့ ပြောလိုက်လေသည်။
တစ်ခါတစ်ရံမှာ အရမ်းကြီး ဖိအားပေးလို့ မရပေ မဟုတ်ရင် ကျွင်းဇီ ဆီမှာ ထူးဆန်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာမှာကို သူ တကယ် ကြောက်နေမိသည်။
အပြာရောင် ရင့်ရင့် တံခါးကြီးကနေ ဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ အိမ်ကြီးက စုရှောင်းရှောင်း ရောက်လာကတည်းက ဖုန်တစ်စက်မှ မရှိဘဲ သန့်ရှင်းနေလေသည်။
သူတို့ ဆက်ဆံရေးက ဒီအဆင့်ထိ ရောက်နေပြီ ဖြစ်ပေမယ့် စုရှောင်းရှောင်း က အိမ်ဖော် တစ်ယောက်လို နေတုန်းပဲ ဖြစ်ပြီး နေ့တိုင်း သူ့အတွက် အရာရာ လုပ်ပေးနေလေသည်။
သူမ ပြောစကားအရ တစ်နေ့လုံး ဘာမှ မလုပ်ရရင် နေရခက်တယ်တဲ့။
မီးဖိုချောင်ထဲတွင် စုရှောင်းရှောင်း က ရေစီးသံနဲ့အတူ ပန်းကန်ဆေးနေလေသည်။
ချင်းလန် က စားပွဲပေါ်က ပန်းကန်လုံး တစ်လုံးကို ကောက်ယူပြီး တခြား ရေကန်တစ်ခုမှာ စဆေးလေသည်။
စုရှောင်းရှောင်း လန့်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ချင်းလန် လက်ထဲက ပန်းကန်လုံးကို အမြန် လုယူပြီး မယုံကြည်နိုင်စွာ ပြောလိုက်လေသည်။
“သခင်လေး၊ ဘာလို့ လုပ်နေတာလဲ သွားနားလိုက်ပါဦး။ ပန်းကန်ခွက်ယောက်တွေ သိပ်မရှိပါဘူး၊ ခဏလေးနဲ့ ပြီးသွားမှာပါ။ မထိပါနဲ့ လက်တွေ ပေကုန်လိမ့်မယ်။”
ချင်းလန် က သူမကို လျစ်လျူရှုပြီး ပန်းကန်တွေကို ဆက်ဆေးကာ ရေကန်ဘေးက နောက်ဆုံး ပန်းကန်ပြားလေးကို ယူလိုက်လေသည်။
စုရှောင်းရှောင်း အိမ်မှာ တစ်ယောက်တည်း ရှိနေတာကြောင့် ဟင်းနည်းနည်းပဲ ချက်ပြီး သဘာဝကျကျပဲ ပန်းကန်ခွက်ယောက် သိပ်မများလှပေ။
သူက ထူးဆန်းစွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ငါ က မထိရဘူး၊ မင်းကတော့ ထိလို့ရတယ် ပေါ့ မင်းတစ်ယောက်တည်းကပဲ ငါ့ကို ဂရုစိုက်ခွင့် ရှိတယ်၊ ငါကတော့ မင်းကို ဂရုစိုက်ခွင့် မရှိဘူး ပေါ့”
“သခင်လေး...”
စုရှောင်းရှောင်း က ချွဲနွဲ့စွာ ပြောလိုက်ပြီး ပါးပြင်များ နီရဲလာလေသည်။
သူမက အရင်လိုပဲ အပြစ်ကင်းစင်နေဆဲ ဖြစ်ပြီး တစ်ချက်ကြည့်ရုံနဲ့ သိသာနေတဲ့ သူမရဲ့ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ဘဲ ဟန်ဆောင် တိုင်တောလိုက်လေသည်။
“သခင်လေး၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့၊ ဒါတွေက ကျွန်မ လုပ်သင့်တဲ့ အရာတွေပါ။”
သူမက မီးဖိုချောင်ထဲမှာ ဆက်နေနေတဲ့ ချင်းလန် ကို ကြည့်ပြီး သံသယ ဝင်လာလေသည်။
ပုံမှန်ဆို သခင်လေးက လက်ဖျားနဲ့တောင် မတို့ဘူး၊ ဘာလို့ ဒီနေ့ကျမှ လုံးဝ မတူတဲ့ လူတစ်ယောက်လို ပြုမူနေရတာလဲ။
သူမ စိတ်ဝင်တစား ရေရွတ်လိုက်လေသည်။
“သခင်လေး၊ ဒီနေ့ သခင်လေး ပုံစံက နည်းနည်း ထူးဆန်းနေတယ်။ ဘာတွေ တွေးနေတာလဲဟင်”
ချင်းလန် က နွေးထွေးစွာ ပြုံးပြီး နားလည်ရခက်တဲ့ ပုံစံနဲ့ ပြောလိုက်လေသည်။
“လမင်းက ကမ္ဘာမြေကို နေ့ရောညပါ လှည့်ပတ်နေပေမယ့်၊ ကမ္ဘာမြေက သူ့ကို လျစ်လျူရှုပြီး နေမင်းကိုပဲ ဆက်လက် လှည့်ပတ်နေတယ်၊ ပြင်းထန်တဲ့ မီးတောက်တွေရဲ့ ပူပြင်းတဲ့ အလင်းရောင် အောက်မှာတောင်မှပေါ့။”
“တစ်နေ့ကျတော့ နေမင်းက ကမ္ဘာမြေကို မေးလိုက်တယ်။”
“မင်း ပုံစံက နည်းနည်း ထူးဆန်းနေတယ်။ မင်းကို အရမ်းချစ်တဲ့ လမင်းကိုကျတော့ ဘာလို့ လျစ်လျူရှုပြီး ငါ့နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ မင်း ဘာတွေ တွေးနေတာလဲ”
“ကမ္ဘာမြေက အကူအညီမဲ့စွာ ပြောလိုက်တယ်။”
“ကျွန်တော်က နေမင်းကိုပဲ ချစ်တာပါ။”
စုရှောင်းရှောင်း က ဆေးပြီးသား ပန်းကန်ခွက်ယောက်တွေကို ဗီဒိုထဲ ထည့်ရင်း စိတ်ဝင်တစား မေးလိုက်လေသည်။
“နေမင်းကို ကြိုက်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်”
ချင်းလန် ရှေ့တိုးသွားပြီး သူမရဲ့ နားထင်ကို ထိကာ လေမှုတ်ထုတ်လိုက်လေသည်။
“နေမင်း အတွက် စာလုံးတစ်လုံးတည်းနဲ့ နာမည်က ဘာလဲ”
(Ri - နေ / တရုတ်စကားလုံးတွင် ‘Ri’ သည် ‘လိင်ဆက်ဆံသည်’ ဟူသော အဓိပ္ပာယ်လည်း ရသည်။)
ရွှပ်.......
သူမရဲ့ တုံ့ပြန်မှု နှေးကွေးပေမယ့် ဒီအချိန်မှာ တစ်ခုခု မှားနေမှန်း စုရှောင်းရှောင်း သဘောပေါက်လိုက်လေသည်။
သူမ ခြေထောက်တွေ ပျော့ခွေသွားပြီး အသံက ရှစ်ဆလောက် တိုးသွားလေသည်။
“သခင်လေး၊ ကျွန်မ... ကျွန်မ နည်းနည်း ကြောက်နေတုန်းပဲ။”
“ကြောက်နေတုန်းပဲ... ကောင်းပြီလေ၊ အဲ့ဒါဆို ငါ သည်းခံလိုက်ပါ့မယ်။”
ချင်းလန် ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်လေသည်။
သူ့ရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံစံက မီးဖိုချောင်ထဲ ဝင်လာတုန်းက ရှိခဲ့တဲ့ နွေးထွေးတဲ့ အပြုံးနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
စုရှောင်းရှောင်း ရဲ့ ရင်ထဲမှာ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရပြီး စောစောက စကားတွေကို ပြောမိလို့ နောင်တရသွားလေသည်။
သူမ ခဏလောက် တွန့်ဆုတ်နေပြီးမှ ချင်းလန် ရဲ့ ခါးကို ဖက်လိုက်ကာ သူ့ရင်ဘတ်မှာ ခေါင်းအပ်ပြီး ထစ်အအ ပြောလိုက်လေသည်။
“သခင်လေး... ကျွန်မ မကြောက်တော့ပါဘူး။”
အာ...
ချင်းလန် က သူမကို ပွေ့ချီလိုက်ပြီး လေပွေလို အရှိန်နဲ့ အပေါ်ထပ်ကို ခေါ်သွားတာကြောင့် စုရှောင်းရှောင်း အံ့ဩတကြီး အသက်ရှူမှားသွားလေသည်။
ဘုန်း.....
တံခါးကို ခြေထောက်နဲ့ ကန်ပိတ်လိုက်ပြီးတာနဲ့
အလုပ်မစခင်မှာပဲ ချင်းလန် တစ်ခုခု သတိရသွားပုံရပြီး တံခါးကနေ အပြင်ပြန်ထွက်ကာ စာကြည့်ခန်းဆီ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
သူ ပြန်လာတဲ့အခါ အဖြူအမည်း အိမ်ဖော်ဝတ်စုံ တစ်စုံကို ကိုင်ဆောင်လာခဲ့လေသည်။
ဘုန်း......
တံခါးကို ခြေထောက်နဲ့ ထပ်ကန်ပိတ်လိုက်ပြန်လေသည်။