အခန်း (၇၁) အလွန်အမင်းတည်ငြိမ်သော ကျွင်းဇီ
“လောမနေနဲ့။ တစ်ယောက်ချင်းစီ စာရင်းသွင်းပေးမယ်။ အရည်အချင်းရှိတဲ့ ဘယ်သူ့ကိုမဆို လက်ခံနိုင်ပေမယ့် အဓိက လိုအပ်ချက်ကတော့ ငါတို့ကို လုံးဝ သစ္စာမဖောက်ရဘူး ဆိုတာပဲ”
ကျွင်းဇီ လက်မြှောက်လိုက်ပြီး လူသစ်စုဆောင်းရေး စံနှုန်းတွေကို ရှင်းပြရင်း ရှည်လျားတဲ့ မိန့်ခွန်းကို စတင် ပြောကြားလိုက်လေသည်။
ချင်းလန် က ခဏလောက် စောင့်ကြည့်ပြီးနောက် မျက်နှာပေါ်မှာ အပြုံးရေးရေးလေး ပေါ်လာကာ
ကျွင်းဇီ ရဲ့ စွမ်းဆောင်ရည်ကို သူ အလွန် ကျေနပ်အားရမိလေသည်။
သို့သော် ကျွင်းဇီ ရွေးချယ်ပြီးရင် သူက ဒီလူတွေနဲ့ နည်းနည်းလောက် ထိတွေ့ဆက်ဆံဖို့ လိုအပ်သေးပြီး အတူတူ ထမင်းစားဖို့က မလွဲမသွေ လိုအပ်လေသည်။
တကယ်လို့ တစ်ယောက်ယောက်ကို ကိုယ့်အတွက် အလုပ်လုပ်စေချင်တယ် ဆိုရင် မိတ်ဆွေဖွဲ့သလိုမျိုး ကြိုတင်ပြီး ရင်းနှီးအောင် လုပ်ရပေမည်။ အရင်ဆုံး ယဉ်ကျေးပြပါ ပြီးမှ အလုပ်ခိုင်းပါ ဆိုသည့်အတိုင်းပင်။
ညနေစောင်းချိန် ရောက်သောအခါ ချင်းလန် သည်ဟိုတယ်တွင် သီးသန့်ခန်း အများအပြားကို အထူးတလည် ကြိုတင်မှာယူလိုက်လေသည်။
အခု ချင်းလန် ရှိနေတဲ့ အခန်းထဲမှာ လူ ၁၅ ယောက် ပဲကျန်တော့ပေသည်။
ကျွင်းဇီ နဲ့ ချင်းလန် ကို ဖယ်လိုက်ရင် ကျန်တဲ့ ၁၃ ယောက်စလုံးက ကျွင်းဇီ ရွေးချယ်ထားတဲ့ ကျွမ်းကျင် တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြလေသည်။
သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းကြည့်ရသလောက် ဘယ်သူမှ အမှတ် ၅၀ အောက် မရှိကြပေ။
အနားယူပြီးတာတောင်မှ ဒီလူတွေရဲ့ စွမ်းရည်တွေက လုံးဝ ကျဆင်းမသွားဘဲ သိသိသာသာ တိုးတက်လာကြသေးသည်။
ဒီလူတွေ အကုန်လုံး ပေါင်းပြီး ရဲ့ဖန် ကို ကိုင်တွယ်မယ်ဆိုရင်၊ သူ့ကို မသတ်နိုင်ရင်တောင် အဆိုးဆုံး အခြေအနေမှာ ရဲ့ဖန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာ သေချာလေသည်။
“သခင်လေး ချင်း၊ သခင်လေးက အစည်းအဝေး ခန်းမထဲမှာ တောက်လျှောက် ထိုင်နေလိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားခဲ့မိဘူး။ အံ့ဩစရာပဲ။”
“ဟုတ်တယ်၊ ကျွန်တော် သိသားပဲ သခင်လေး ချင်း ကို စတွေ့ကတည်းက သူက သာမန်လူတစ်ယောက် မဟုတ်ဘူး ဆိုတာ သိသာနေတာပဲ”
“သခင်လေး ချင်း၊ သခင်လေးကို ဂုဏ်ပြုပြီး တစ်ခွက်လောက် မော့ပါရစေ”
“…”
အဖွဲ့ထဲ ဝင်လာတော့မယ့် ကိုယ်ရံတော် ၁၃ ယောက်စလုံးက သူ့ကို ယဉ်ကျေးစွာ မြှောက်ပြောကြလေသည်။ ချင်းလန် လည်း မငြင်းဆန်ဘဲ တစ်ယောက်ချင်းစီ လိုက်လံ နှုတ်ဆက်ကာ သောက်ပေးလိုက်လေသည်။
စားသောက်ပြီးနောက်......
ချင်းလန် လက်ခုပ်တီးလိုက်ရာ သီးသန့်ခန်း တံခါး ပွင့်လာပြီး အဖြူအမည်း လုပ်ငန်းဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသမီး တစ်တန်း အပြင်မှ ဝင်လာကြလေသည်။
ဟိုတယ်က အနှိပ်ခန်းနဲ့ ကပ်လျက် ဖြစ်တာကြောင့် ဒီ အနှိပ်သည်မလေးတွေကို ရှာရတာ လွယ်ကူလွန်းလှလေသည်။
သူတို့ တစ်ယောက်ချင်းစီမှာ ကျက်သရေရှိပြီး တင့်တယ်တဲ့ ကိုယ်လုံးကိုယ်ပေါက်တွေ ရှိကြကာ အရှေ့ရော အနောက်ပါ အချိုးအစား ကျနလှလေသည်။
နောက်ဆုံး ဝင်လာတဲ့သူက တံခါးပိတ်လိုက်ပြီးနောက် အမျိုးသမီး ၇ ယောက် ၈ ယောက်လောက်အထဲတွင် ရှိလေသည်။
သူတို့ရဲ့ သွယ်လျတဲ့ ကိုယ်လုံးတွေက ရှိနေသူ အားလုံးရဲ့ အာရုံကို ဖမ်းစားသွားတော့သည်။
ဂလု......
တစ်ယောက်ယောက်က မသိစိတ်ကနေ တံတွေး မျိုချလိုက်မိလေသည်။
ချင်းလန် ပြုံးလိုက်ပြီး တိုက်တွန်းလိုက်ကာ
“မတ်တပ်ရပ်မနေကြနဲ့၊ ထိုင်ကြလေ။”
အမျိုးသမီးတွေက ဝင်ထိုင်လိုက်ကြရာ အမျိုးသား နှစ်ယောက်ကြားမှာ အမျိုးသမီး တစ်ယောက်နှုန်း ဖြစ်သွားလေသည်။
ဘယ်သူပဲ ဖြစ်ဖြစ် ခေါင်းတွေ တောင်လှည့် မြောက်လှည့် ဖြစ်ကုန်ကြပြီး မျက်လုံးထောင့်ကနေ မသိမသာ ခိုးကြည့်နေမိကြသည်။အိုဟွမ်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး မေးလိုက်လေသည်။
“သခင်လေး ချင်း၊ ဒီအလှပဂေးလေးတွေရဲ့ ကိုယ်ပေါ်က အမည်းရောင် အရာတွေက ဘာတွေလဲ”
အမျိုးသမီးတိုင်းရဲ့ ကိုယ်ပေါ်မှာ အမည်းရောင် အမှုန့်တွေ ပေကျံနေပြီး ထူးခြားစွာ လှပကာ မျက်စိကျစရာ ဖြစ်နေလေသည်။
ချင်းလန် ပြုံးပြီး ပြောလိုက်လေသည်။
“ဒါက ဖက်ရှင် ရေစီးကြောင်း တစ်ခုပါ၊ ရှက်မနေကြပါနဲ့။ ငါတို့ အားလုံး အပျော်လာကြတာပဲ၊ စိတ်လွတ်ကိုယ်လွတ်သာ နေကြပါ။”
သူအမျိုးသမီးတွေကို ခေါ်လာတာ ပျော်ပါးဖို့ သက်သက် မဟုတ်ဘဲ၊ အရေးအကြီးဆုံးက ဒီလူတွေရဲ့ စရိုက်ကို စမ်းသပ်ဖို့ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် တချို့ကိစ္စတွေက လျှို့ဝှက်ပြီး သာမန် ကိုယ်ရံတော်တွေကို လုပ်ခိုင်းဖို့ ယုံကြည်ရခက်လေသည်။
သူ့ရှေ့က အထူးတပ်ဖွဲ့ဝင် စစ်သားဟောင်းတွေက စွမ်းရည်ပိုင်းမှာ အရည်အချင်း ပြည့်မီကြပြီး သစ္စာစောင့်သိမှု အပိုင်းမှာလည်း ကျွင်းဇီ ရဲ့ ဆုံးဖြတ်ချက်ကို သူ ယုံကြည်သည်။
သူ ဆက်လုပ်ဖို့ လိုတာက သူတို့ရဲ့ စရိုက်ကို အသုံးချပြီး ကောင်းကောင်း ဆုံးမပေးဖို့ပင်။
ဒီအမျိုးသမီးတွေ ပေါ်လာကတည်းက သီးသန့်ခန်းထဲက အပူချိန်က မြင့်တက်သွားသလို ဖြစ်နေလေသည်။
မျက်လုံးထဲမှာ အပြုံးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အမူအရာတွေနဲ့အတူ သူမတို့က ဂုဏ်ပြုစကား ပြောရင်း ဒီသန်မာတဲ့ အမျိုးသားတွေကို ခန္ဓာကိုယ်ချင်း ရံဖန်ရံခါ ထိတွေ့လိုက်ကြရာ သူတို့ရဲ့ ဝိညာဉ်တွေ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလုနီးပါး ခံစားလိုက်ရစေသည်။
ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မဆင်မခြင် အပြုအမူတွေ မလုပ်ကြဘဲ မတ်မတ် ထိုင်နေကြပြီး အများဆုံး ဘေးတိုက် တစ်ချက်နှစ်ချက်လောက်သာ ကြည့်ရဲကြလေသည်။
“အဟမ်း...”
ချင်းလန် က သူ့ဘယ်ဘက်က ကျွင်းဇီ ကိုကြည့်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
“ဒါ မင်း အကြိုက်ဆုံး အချိန်မဟုတ်ဘူးလား ဘာဖြစ်လို့လဲ၊ နည်းနည်း အနေရခက်နေတာလား”
ကျွင်းဇီ က ရှက်ရွံ့စွာ ရယ်မောလိုက်လေသည်။
“သခင်လေး မသိလို့ပါ၊ ကျွန်တော် ဒီရက်ပိုင်း မန်နေဂျာ ကျန်း နဲ့ ရင်းနှီးနေတာ။ ကျွန်တော်တို့ ဆက်ဆံရေးက တော်တော် မြန်မြန်တိုးတက်လာတယ်။ တကယ်လို့ ကျွန်တော် မဆင်မခြင် တစ်ခုခု လုပ်မိပြီး သူ သိသွားရင် ကျွန်တော့် နားရွက်ကို လိမ်ချိုးပစ်မှာ သေချာတယ်”
“မိန်းမကြောက်ကြီးလား”
ချင်းလန် ရယ်ချင်သွားလေသည်။
ဒါကို ကြည့်ရတာ ကျွင်းဇီ ကို အားကိုးပြီး အသက်ဝင်တဲ့ လေထု ဖန်တီးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။
သူက လက်ထဲက ဖန်ခွက်ကို ထိလိုက်ပြီး ခဏလောက် ကစားနေကာ မတော်တဆ ကြမ်းပြင်ပေါ် လွတ်ကျသွားသလို လုပ်လိုက်ရာ ကွဲကြေသွားသံ ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပဲ သီးသန့်ခန်း တစ်ခုလုံးက မီးတွေ ချက်ချင်း ပျက်သွားပြီး မှောင်အတိ ကျသွားတော့သည်။
“အွတ်၊ ဘယ်သူလဲ ဘယ်သူလဲ စိတ်ပျက်စရာ ကောင်းလိုက်တာ...”
“အို၊ ကျေးဇူးပြုပြီး အဲ့လို မလုပ်ပါနဲ့”
“…”
သီးသန့်ခန်းထဲကနေ မိန်းကလေးတွေရဲ့ ရယ်မောသံတွေ၊ ဆူညံသံတွေ ထွက်ပေါ်လာလေသည်။
ခဏကြာတော့ မီးပြန်လာပြီး အခန်းက အရင်ကလို တည်ငြိမ်တဲ့ အခြေအနေ ပြန်ရောက်သွားလေသည်။
အဲ့ဒီ အမျိုးသမီးတွေရဲ့ ကိုယ်ပေါ်က အမည်းရောင် အမှုန့်တွေသာ ပွတ်သပ်ခံလိုက်ရသလို ပျောက်ကွယ်လုနီးပါး ဖြစ်မနေရင် လူအများစုက ဘာမှ မဖြစ်ခဲ့ဘူးလို့ ထင်သွားလောက်ပေသည်။
ချင်းလန် ၏ မျက်နှာ အေးစက်သွားပြီး အောက်ဘက်ရှိ လူ ၁၃ ယောက်ကို ကြည့်လိုက်လေသည်။
“လက်တွေ ထုတ်ပြစမ်း”
အိုဟွမ် ဦးဆောင်တဲ့ လူ ၁၃ ယောက်က အမည်းရောင် အမှုန့်တွေ ပေကျံနေတဲ့ လက်တွေကို စားပွဲပေါ် ဖြည်းညှင်းစွာ တင်လိုက်ကြပြီး အားလုံး အလွန်အမင်း ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြလေသည်။
ချင်းလန် က အေးစက်စွာ ဆူပူလိုက်လေသည်။
“ငါက မင်းတို့ရဲ့ တည်ငြိမ်မှုကို စမ်းသပ်ချင်ရုံပါ၊ ဒါပေမဲ့ မင်းတို့ အားလုံး ငါ့ကို ဒီလောက် စိတ်ပျက်စေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး”
“အနာဂတ်မှာ ငါ မင်းတို့ကို တာဝန်တွေ ပေးတဲ့အခါ သူတို့က မင်းတို့ကို မိန်းမတစ်ယောက် ပေးလိုက်ရုံနဲ့ ငါ့မစ်ရှင်ကို လုံးဝ မေ့ပစ်ပြီး လျစ်လျူရှုလိုက်ကြတော့မှာလား”
ရက်ရောတဲ့ အကျိုးခံစားခွင့်တွေက ချိုမြိန်တဲ့ မုန့်လို ဖြစ်ပြီး၊ အဲ့ဒီနောက်မှာ ပြင်းထန်တဲ့ ဆူပူကြိမ်းမောင်းမှု လိုက်လာလေသည်။
သူတို့ကို စည်းကမ်း မချမှတ်ရင် ဒီလူတွေကို ထိန်းချုပ်ရ ခက်ခဲပေလိမ့်မည်။ ကျွင်းဇီ ကို အရာရာ အမိန့်ပေးခိုင်းလို့ မရဘူး မဟုတ်လား။
သူက သခင်လေးလား၊ ဒါမှမဟုတ် ကျွင်းဇီ က သခင်လေးလား။
“သခင်လေး ချင်း၊ ကျွန်တော်တို့... ကျွန်တော်တို့ မှားမှန်း သိပါပြီ။”
“ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဒီလောက် မမဲ့သင့်ပါဘူး”
“ဒီကောင်မလေးတွေက တကယ် လှလွန်းတော့ ကျွန်တော်တို့ ခဏတာ မလွန်ဆန်နိုင် ဖြစ်သွားတာပါ။”
“…”
ချင်းလန် လှောင်ပြောင်လိုက်လေသည်။
“မင်းတို့ မထိန်းချုပ်နိုင်ဘူး ဟုတ်လား မင်းတို့က လူတွေ ဖြစ်ပြီး ကျွင်းဇီ က လူ မဟုတ်လို့လား ကျွင်းဇီ၊ လက်ထုတ်ပြစမ်း”
ကျွင်းဇီ က သူ့လက်တွေကို စားပွဲပေါ် အမြန် ဖြန့်တင်လိုက်လေသည်။ အသားမာ တက်နေသော်လည်း အမည်းရောင် အမှုန့် လုံးဝ ပေကျံမနေပေ။
“ကျွင်းဇီ ကို ကြည့်စမ်း၊ အဲ့ဒါကမှ တကယ့် ကိုယ်ရံတော် တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းနဲ့ တည်ငြိမ်မှုပဲ။ ငါ မင်းတို့ကို ဝေဖန်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းတို့ ကောင်းကောင်း မလုပ်နိုင်သေးတဲ့ အပိုင်းတွေ ရှိနေတယ်။ မင်းတို့ ကျွင်းဇီ ဆီကနေ သင်ယူဖို့ လိုတယ်၊ နားလည်လား”
ချင်းလန် က လေးလေးနက်နက် ပြောလိုက်လေသည်။
အိုဟွမ် နဲ့ တခြား ၁၂ ယောက်တို့က ရှက်ရွံ့စွာ ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ကြလေသည်။
တချို့လူတွေက ကျွင်းဇီ ကို လက်မထောင်ပြပြီး
“အစ်ကို ကျွင်း၊ အစ်ကိုက တကယ် အံ့ဩစရာပဲ ဒါကို သည်းခံနိုင်တယ်။ အစ်ကိုက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ပဲ”
လို့ပြောလိုက်ကြလေသည်။
“ဟီးဟီး မဟုတ်ပါဘူး။”
ကျွင်းဇီ က သွားဖြဲပြီး ရယ်ပြလိုက်ရာ မည်းနက်နေတဲ့ သွားတွေကို မြင်လိုက်ရလေသည်။