အခန်း(၇)ရုပ်ဆိုးသော ဘဲမလေးကနေ ဖီးနစ်ဖြစ်လာခြင်း
အမျိုးသမီးရဲ့အော်သံအောက်မှာ
တမင်ရှောင်ရှားနေခဲ့တဲ့ အရောင်းဝန်ထမ်းကမတတ်နိုင်တော့ပဲ နောက်ဆုံးမှာသူတို့
ဆီလျှောက်လာခဲ့သည်။
သူမရှေ့က မြင်ကွင်းကိုမြင်လိုက်တဲ့အခါ သူမရဲ့ ဦးရေပြားမှာပါ စူးခနဲဖြစ်သွားခဲ့လေသည်။
“ကျွန်မ... ကျွန်မ မရည်ရွယ်ပါဘူး”
စုရှောင်းရှောင်းက ပိုးပဝါကိုတင်းတင်း
ဆုပ်ကိုင်ထားပြီး သူမရဲ့ စိတ်ဝိညာဉ်က ကြောက်လန့်တကြား ထွက်မတတ်
ဖြစ်နေလေသည်။
“ဒီပိုးပဝါက မညစ်ပတ်ပါဘူး။ကျွန်မယူသွားပြီးလျှော်ပေးပါ့မယ်။သန့်ရှင်းအောင် လျှော်ပြီးပြန်ပေးပါ့မယ်။”
အရောင်းဝန်ထမ်းက ခါးသီးစွာ
ခေါင်းခါလိုက်သည်။
“အဲဒါတော့ မဖြစ်နိုင်ဘူး။ကျွန်မတို့
ဆိုင်ရဲ့စည်းမျဉ်းအရဒီပိုးပဝါကိုအရောင်းကောင်တာပေါ် ပြန်တင်လို့ မရတော့ပါဘူး”
အမျိုးသမီးသုံးယောက်ရဲ့ အံ့အားသင့်
နေတဲ့ အကြည့်တွေအောက်မှာချင်းလန်
က ပိုးပဝါကို ယူလိုက်ပြီး စုရှောင်းရှောင်းရဲ့ နှာခေါင်းကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ပြီးတော့ သန့်ရှင်းမှုကိုစွဲလမ်းနေတဲ့သူ
တစ်ယောက်လိုမျိုးကျေနပ်စွာနဲ့ ပြောလိုက်လေသည်။
“အခုမှပဲ နောက်ဆုံးတော့ သန့်သွားပြီ။”
ပြီးတော့ သူကပိုးပဝါကို ထပ်ကြည့်လိုက်ပြီး
“နှမြောစရာပဲ ဒီပိုးပဝါက အခုနည်းနည်း ညစ်ပတ်သွားပြီဆိုတော့ သုံးလို့ မရတော့ဘူး။ငါ ဒါကိုဝယ်ပြီး မင်းကို လက်ဆောင်ပေးမယ် ဘယ်လိုလဲ”
ပိုးပဝါကို တောက်တောက်ပပဝတ်ဆင်
ထားတဲ့ အမျိုးသမီးဆီ ကမ်းပေးလိုက်သည်။
အမျိုးသမီးလည်း ခဏ အံ့ဩသွားပြီး မသိစိတ်နဲ့ မေးလိုက်လေသည်။
“ဘာလို့ ကျွန်မကို ပေးတာလဲ”
ချင်းလန်က နွေးထွေးပြီး လန်းဆန်းတဲ့ အပြုံးကို ပြုံးပြီး
“ဘာပဲဖြစ်ဖြစ် ညစ်ပတ်တဲ့ အရာတွေက ညစ်ပတ်တဲ့ လူတွေနဲ့ပဲ လိုက်ဖက်တယ် မဟုတ်လား”
“နင် နင် ငါ့ကို စော်ကားရဲတယ်”
ထိုအမျိုးသမီးက စုရှောင်းရှောင်း
ဆိုင်ထဲကို ပထမဆုံးအကြိမ် ဝင်လာကတည်းက သူမကိုလှောင်ပြောင်ရခြင်းရဲ့ အကြောင်းရင်းက ချင်းလန်က
စုရှောင်းရှောင်းရဲ့ ဘေးမှာ ရပ်နေတာကို
မနာလိုတာကြောင့် ဖြစ်လေသည်။
ဘာလို့ အောက်တန်းစား သန့်ရှင်းရေးသမား တစ်ယောက်က ဒီလို ချောမောတဲ့ ကောင်လေးနဲ့ အတူ ရပ်နေရတာလဲ။
ဒါပေမယ့် အခုတော့ချင်းလန်က သူမရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး ခွေးမ လို့ ခေါ်နေသလို ဖြစ်နေတော့ ထိုအမျိုးသမီးကချက်ချင်း ဒေါသထွက်လာကာ
အော်ဟစ်လိုက်သည်။
“နင် ငါ့ရဲ့ ယောက်ျားက
ဘယ်သူလဲဆိုတာ သိလား”
ချင်းလန်က အပြစ်ကင်းစွာ
ခေါင်းခါလိုက်ပြီး
“မသိဘူး။ မင်းသူ့ကိုခေါ်ပြီး ငါနဲ့တွေ့ခိုင်းရင်ရော ဘယ်လိုလဲ”
“ရှင်စောင့်နေ ဒီနေ့ရှင့်ကိုသင်ခန်းစာ
မပေးရရင် ကျွန်မရှင့်ရဲ့ မျိုးရိုးနာမည်ကို
ယူလိုက်မယ်”
အမျိုးသမီးကခွေးတစ်ကောင်းလို
ဒေါသတကြီး ထွက်သွားလေသည်။
“သခင်လေး ဒီပိုးပဝါက...”
စုရှောင်းရှောင်းက ပိုးပဝါကို လက်ထဲမှာ ကိုင်ထားပြီးထိတ်လန့်တကြား
ဘာလုပ်ရမှန်း မသိဖြစ်နေပေသည်။
သခင်လေးက ခုနက သူမဘက်ကနေ
ကူပြောပေးနေတာလား။
မဖြစ်နိုင်ဘူးမလား။မဖြစ်နိုင်ဘူး။
သခင်လေးက ဘယ်လိုလူမျိုးမလို့လဲ။ သူက သူမအတွက် ဘယ်လိုလုပ် ကူပြော
ပေးနိုင်မှာလဲ။ပြီးတော့ ကူပြောပေးရအောင်လဲ သူမကဘာမှမဟုတ်ပေ။
ဒါကသခင်လေးက အဲ့ဒီ့အမျိုးသမီးရဲ့
အသံကို စိတ်အနှောင့်အယှက် ဖြစ်ပြီး တမင်တကာ မောင်းထုတ်လိုက်တာ
ဖြစ်ရမယ်။
ချင်းလန်က ခပ်ဟဟပြံးပြလိုက်သည်။
သူ့ရဲ့နွေရာသီလေပြေလို နူးညံ့တဲ့အပြုံးက စုရှောင်းရှောင်းရဲ့ ထိတ်လန့်နေတဲ့ နှလုံးသားလေးကို ပွတ်သပ်ပေးလိုက်ရာ သူမကို အေးမြမှုနဲ့ သက်တောင့်သက်သာ ခံစားရစေပြီး စုရှောင်းရှောင်းရဲ့ ပါးပြင်နှစ်ဖက်ကို ပန်းသီးမှည့်လေးတစ်လုံးလို ချက်ချင်း နီစွေးသွားစေခဲ့လေသည်။
“ဒင်! အမျိုးသမီးဇာတ်လိုက်
စုရှောင်းရှောင်းသည် ပြင်းထန်သော
စိတ်လှုပ်ရှားမှုကို ခံစားရသည်။အိမ်ရှင်အား ဗီလိန်အမှတ် +၈၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
“မင်း ဒီပိုးပဝါကို ကြိုက်တယ်ဆိုရင် သိမ်းထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သုံးပြီးသား ဖြစ်သွားပြီလေ။မကြိုက်ဘူးဆိုရင်တော့ အမှိုက်ပုံးထဲ ပစ်လိုက်ပေါ့။”
စုရှောင်းရှောင်းကပိုးပဝါကို ဆုပ်ကိုင်ထားပြီး မလိုချင်သလို ခေါင်းခါလိုက်သည်။
“မပစ်ပါဘူး ဒါပေမယ့် ကျွန်မဝယ်ဖို့ မတတ်နိုင်ဘူး။”
ချင်းလန်က သဘာဝကျစွာ လေသည်။
“မင်းကို အဝတ်အစားအသစ်တွေ ဝယ်ခိုင်းတာက အိမ်ဖော်တစ်ယောက်အနေနဲ့ မရှိမဖြစ်လိုတဲ့အရာတွေမလို့လေ။ ဒီပိုးပဝါကလည်း အတူတူပဲ။ဒါကိုလဲ မင်းအတွက် လက်ဆောင်လို့မှတ်လိုက်။”
သူက ဆိုင်ထဲကဖန်ပြခန်းထဲက သီးသန့် ချိတ်ထားတဲ့ အဝတ်အစား တချို့ကို လက်ညှိုးထိုးပြပြီး စုရှောင်းရှောင်းရဲ့
သွယ်လျတဲ့ ပခုံးကို ပုတ်လိုက်ကာ
“ဒီတစ်ထည် ဟိုတစ်ထည် ပြီးတော့
ဟိုဘက်က တစ်ထည်ကိုရော အားလုံး
စမ်းဝတ်ကြည့်လိုက်။”
စုရှောင်းရှောင်းက ဒီအချိန်မှာချင်းလန်ရဲ့ တောင်းဆိုမှုကို ငြင်းဆိုဖို့ မတတ်နိုင်တော့ဘဲ အရောင်းဝန်ထမ်း ကမ်းပေးတဲ့ အဝတ်အစားတွေကို နာခံစွာယူပြီး အဝတ်လဲခန်း ထဲဝင်သွားလေသည်။
မကြာခင်မှာပဲ လုံးဝပြောင်းလဲ
သွားတဲ့ စုရှောင်းရှောင်းဟာ ဂါဝန်ရှည်
တစ်ထည်ကိုဝတ်ဆင်ပြီး ထွက်လာခဲ့
လေသည်။
ဂါဝန်က အနက်ရောင်ဖြစ်ပြီး
ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေကာ
နူးညံတဲ့ ရင်သားအနည်းငယ်ကို လှစ်ဟာ
ပြထားလေသည်။သူမရဲ့ ဖြောင့်စင်းပြီး အချိုးကျတဲ့ ခြေတံလှလှလေးနှစ်ချောင်းကလည်းဒေါက်မြင့်ဖိနပ်ကိုစီးထားကာ အရပ်ကိုနောက်ထပ် လက်မအနည်းငယ်ပို မြင့်သွားစေလေသည်။
စုရှောင်းရှောင်းရဲ့ သဘာဝအတိုင်း
မခြယ်မသထားတဲ့ လှပတဲ့မျက်နှာလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူမက
လန်းဆန်းပြီး တက်ကြွနေတဲ့ မိန်းမငယ်လေး ပုံစံပေါ်နေလေသည်။
အရောင်းဝန်ထမ်းရဲ့ မျက်လုံးတွေက
လင်းလက်သွားပြီး စိတ်ရင်းနဲ့ ပြောလိုက်လေသည်။
“အရမ်းလှလိုက်တာ”
သူမက အဝတ်အစားလုပ်ငန်းမှာ လုပ်ကိုင်နေတာဆိုတော့ လူကအဝတ်အစားပေါ် မှီခိုပြီး မြင်းကကုန်းနှီးပေါ် မှီခိုတယ် ဆိုတဲ့ စကားကို သေချာနားလည်လေသည်။
ဒါပေမယ့် စုရှောင်းရှောင်းကျတော့
အဝတ်အစား ပြောင်းဝတ်လိုက်တာနဲ့
ရုပ်ဆိုးဆိုး ဘဲကလေးကနေ ဖီးနစ်တစ်ကောင်လို ပြောင်းလဲသွားသလိုပင်။
ခြားနားမှုက အရမ်းကြီးလေသည်။
နှိုင်းယှဉ်ကြည့်ရင် ချင်းလန်ကပိုပြီး တည်ငြိမ်လေသည်။အမျိုးသမီးဇာတ်
လိုက် တစ်ယောက်အနေနဲ့ စုရှောင်းရှောင်းရဲ့ရုပ်ရည်က ဘယ်လိုလုပ် မထင်ရှားဘဲ
နေနိုင်မှာလဲ။
သူမအရင်က အရမ်းခက်ခဲခဲ့တာကြောင့် အစားအသောက်ကောင်းကောင်း
မစားရဘဲ အဝတ်အစားကိုညံ့ဖျင်းစွာ ဝတ်ဆင်ခဲ့ရတာကြောင့်သာ သာမန်လို
ပုံပေါ်နေခဲ့တာပင်။
သူ့ရဲ့ ဗီလာမှာခဏလောက် နေပြီး အနည်းငယ် ပြင်ဆင်မှုကိုခံလိုက်ရရင်
မူရန်အင်တာနေရှင်နယ် က မူယွီရန် နဲ့တောင်စုရှောင်းရှောင်းကယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်ပေမည်။
“ဒီတစ်ထည် ကောင်းတယ်ထုပ်လိုက်။
အခု နောက်တစ်ထည် စမ်းဝတ်ကြည့်လိုက်။”
ချင်းလန်က အလွယ်တကူ ဆုံးဖြတ်လိုက်သည်။
နောက်ထပ် အဝတ်အစားတစ်စုံ ပြောင်းဝတ်ထားတဲ့ စုရှောင်းရှောင်းကအဝတ်လဲခန်းထဲကနေ သတိထားပြီး ထွက်လာလေသည်။
အဖြူရောင် ကြိုးတစ်ချောင်းထိုးဝတ်စုံက က စုရှောင်းရှောင်းရဲ့ ကြည်လင်တောက်ပတဲ့ လည်ပင်းရိုး ကို ဖော်ပြနေပြီး သူမရဲ့ ချောမွေ့ပြီးကွေ့ကောက်နေတဲ့ အချိုးအကွေ့တွေကိုလည်းဖော်ပြနေလေသည်။
အနီရောင်ဖျော့ဖျော့ စကတ်တိုက သူမရဲ့ ဒူးအထက် တစ်လက်မအကွာအထိ ရောက်နေပြီး စုရှောင်းရှောင်း တစ်ခါမှမဝတ်ရဲခဲ့တဲ့ ပုံစံဖြစ်လေသည်။
သူမကချင်းလန်ကို စိုးရိမ်တကြီးကြည့်ပြီး
ခြင်တစ်ကောင်လိုအသံလေးဖြင့် တိုးလျစွာပြောလိုက်လေသည်။
“သခင်လေး ကျွန်မလှရဲ့လား”
“လှတယ် ယူလိုက်။နောက်တစ်ထည်ထပ်ဝတ်ကြည့်။”
“…”
အဝတ်အစား တစ်ဒါဇင်ကျော်လောက်ကိုဝတ်ကြည့်ပြီးတော့အားလုံးက သူမနဲ့ အံဝင်ခွင်ကျ ဖြစ်နေလေသည်။
စုရှောင်းရှောင်းရဲ့ ခန္ဓာကိုယ်က သဘာဝ အဝတ်ချိတ် တစ်ခုလို ဖြစ်နေပြီး ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေဝတ်ဖို့အတွက် အရမ်းကိုသင့်လျော်လေသည်။
“မစ္စတာချင်း က အရမ်းတော်တာပဲ။သူ ရွေးလိုက်တဲ့ အဝတ်အစားတွေအကုန်လုံးက မစ္စစု နဲ့ အရမ်းလိုက်တယ်။”
အရောင်းဝန်ထမ်းက ချိုသာစွာ ပြုံးပြီးပြောလိုက်လေသည်။
သူမက ချင်းလန်နဲ့ စကားပြောရတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပေသည်။သာမန်စကားတွေကတောင်လူကို
ဆက်ပြောချင်အောင် ဆွဲဆောင်နေလေသည်။
ချင်းလန်က ပခုံးတွန့်ပြီး
“ကျွန်တော်တို့ ခုနက စမ်းဝတ်ခဲ့တဲ့ အဝတ်အစားအားလုံးကို ထုပ်ပိုးပေးပါဦး။ အော် ဟိုပိုးပဝါကိုပါ ထုပ်ပေးပါ။”
စုရှောင်းရှောင်းက တိုးတိုးလေး ရေရွတ်လိုက်တယ်။
“အရမ်း များလွန်းတယ်။ ဒီအဝတ်အစားတွေက အရမ်းဈေးကြီးလွန်းတယ်။”
ချင်းလန်က ခေါင်းလှည့်ပြီး သူ့နှုတ်ခမ်းပေါ်မှာစနောက်ချင်တဲ့အပြုံး တစ်ခုပေါ်နေ
လေသည်။
“မင်းခွဲလိုက်တဲ့ ကြွေပန်းအိုး ထက်ပိုဈေးကြီးတာလား”
စကားတစ်ခွန်းတည်းနဲ့တင် စုရှောင်းရှောင်း
ပါးစပ်ကိုပိတ်လိုက်လေသည်။
စုရှောင်းရှောင်း စကားမပြောနိုင်တော့ဘဲ နာခံစွာ အိတ်ဆွဲရုံသာရှိတော့လေသည်။
“ကတ်”
အရောင်းဝန်ထမ်းက အကုန်လုံးပြီးစီးသွားပြီးယွမ်လေးသိန်းကျော် အကောင့်ထဲ ရောက်လာတဲ့ အကြောင်းကြားသံ ထွက်လာတဲ့ အခါမှသာ သူမသတိပြန်ရလာလေသည်။
သူမ ဘယ်လိုမှော်အတတ်အောက်မှာကျသွားတာလဲ။
ခုနကမှ သူမဟာ ယွမ်လေးသိန်းကျော်
တန်တဲ့အရောင်းအဝယ်တစ်ခုကိုလုပ်ပြီး ကော်မရှင်ခ ယွမ်တစ်သောင်းကျော် ရလိုက်လေသည်။
ဒီမတိုင်ခင်တုန်းက ချင်းလန်က ပိုက်ဆံရှင်းနိုင်ပါ့မလားလို့ ဘာလို့သံသယတစ်စက်ကလေးမှ မဝင်ခဲ့တာပါလိမ့်။
ချင်းလန်နဲ့ စုရှောင်းရှောင်းတို့ ဆိုင်ထဲကနေ ထွက်လာချိန်မှာပဲ အပြင်ဘက်ကနေစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့အသံ
တစ်ခုထွက်ပေါ်လာလေသည်။
“ယောက်ျား ဒီမှာ ဒီနေရာမှာပဲ။ ခုနကသူတောင်းစား နှစ်ယောက်က ကျွန်မကို ခွေးမ လို့ ခေါ်သွားတယ်။ရှင်ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးရမယ်”