အခန်း (၆၇) ညီအစ်မ ဆက်ဆံရေး
လင်းယိုချူ စိတ်ငြိမ်သွားပြီး ဒုတိယအကြိမ် တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မူယွီယန် က အာနင် နဲ့အတူ နောက်ဆုံးမှာ ရောက်လာခဲ့လေသည်။
အခြေအနေက အခု ငြိမ်သက်သွားပြီး လင်းယိုချူ ရဲ့ အမှန်တရားကို ဖော်ထုတ်မယ့် စီမံကိန်း ဆိုတာကြီးက လုံးဝ ပျက်စီးသွားလေသည်။
အာနင် ကမကျေနပ်ပေမယ့် မူယွီယန် ကို ထွက်သွားခွင့် ပြုလိုက်ရုံမှတပါး အခြား မတတ်နိုင်တော့ပေ။
“ဒါ နားလည်မှု လွဲတာပါ ချင်းလန်၊ စိတ်မဆိုးပါနဲ့။ သူက တကယ်တော့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း လင်းယိုချူ ပါ၊ ယန်ကျင်း က လင်းမိသားစု ရဲ့ သမီးကြီးလေ။”
မူယွီယန် က ချင်းလန် ရှေ့မှာ ဒုက္ခရောက်နေတဲ့ မျက်နှာထားနဲ့ ရပ်နေပြီး ယုံကြည်မှု သိပ်မရှိဘဲ ရှင်းပြလိုက်လေသည်။
“သူက ငါ့ကောင်းကျိုးအတွက် ဒီလိုတွေ လုပ်ခဲ့တာပါ၊ ကျေးဇူးပြုပြီး သူ့ကို စိတ်မဆိုးပါနဲ့နော်။”
ချင်းလန် က သံသယဖြစ်စွာ ကြည့်လိုက်ပြီး လင်းယိုချူ နဲ့ မူယွီယန် ကို တစ်လှည့်စီ ကြည့်ကာ ဘာမှ မသိဘဲ ရုတ်တရက် အလင်းပွင့်သွားသလို ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက်က အချစ်ဆုံး သူငယ်ချင်းတွေလား ဘာလုပ်နေကြတာလဲ၊ ငါ့ကို ပြဇာတ် ကပြနေကြတာလား”
အာနင် ရဲ့ အကူအညီနဲ့ လင်းယိုချူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
“ချင်းလန်၊ ဟန်ဆောင်မနေနဲ့တော့။ နင် ငါ့ကို မြင်ကတည်းက ရိပ်မိပြီးသား မဟုတ်လား နင် ဘယ်လို ညစ်ပတ်တဲ့ အတွေးတွေ တွေးနေလဲ ဆိုတာ ငါ မသိဘူး မထင်နဲ့။ အလကားပဲ။ ယွီယန် ကို ဖုံးကွယ်လို့ ရရင် ရမယ်၊ ငါ့ရဲ့ စူးရှတဲ့ မျက်လုံးတွေကိုတော့ ရှောင်လွှဲလို့ မရဘူး”
“ဟားဟား...”
ချင်းလန် ရယ်မောလိုက်ပြီး မူယွီယန် ကို တစ်ချက် ကြည့်လိုက်လေသည်။
“ကြည့်ရတာ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းက ငါ့အပေါ် နက်ရှိုင်းတဲ့ အစွဲအလမ်းတွေ ရှိနေပုံရတယ် ဘာပဲဖြစ်ဖြစ် ငါ့မှာ လုပ်စရာ ရှိသေးတယ်၊ မင်းတို့ကို မနှောင့်ယှက်တော့ဘူး။”
ပြောပြီးနောက် သူ လှည့်ထွက်သွားဖို့ ပြင်လိုက်လေသည်။
“မသွားပါနဲ့”
မူယွီယန် ရဲ့ နှလုံးသား ကျပ်တည်းသွားပြီး သူ့ကို အလျင်အမြန် လှမ်းဆွဲလိုက်ကာ လင်းယိုချူ ကို ရှက်ရွံ့မှု၊ ဒေါသတို့ဖြင့် စူးစိုက်ကြည့်လိုက်လေသည်။
“နင် ပြဿနာ ရှာလို့ မဝသေးဘူးလား ငါ့ကို ဘယ်လို အခြေအနေမျိုး ရောက်အောင် ပို့မှ ကျေနပ်မှာလဲ”
သူမ တကယ်ပဲ စိတ်ဒုက္ခရောက်ရမှာကို ကြောက်နေမိလေသည်။
သူမ ချင်းလန် နဲ့ အဆင်မပြေ ဖြစ်နေပြီးသား၊ အခု လင်းယိုချူ က ဒီလို လုပ်ရပ်မျိုး လုပ်လိုက်တော့ သူမကို မီးတွင်းထဲ တွန်းချလိုက်သလို ဖြစ်နေပြီ။
လင်းယိုချူ နှုတ်ခမ်းစူလိုက်ပြီး ချင်းလန် နဲ့ ဆက်ငြင်းချင်နေသေးပေမယ့် မူယွီယန် ရဲ့ သိသိသာသာ ဒေါသထွက်နေတဲ့ အကြည့်ကို မြင်လိုက်ရတော့ သူမ ဒေါသကို မျိုသိပ်လိုက်ရပြီး နှာမှုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းလှည့်သွားလေသည်။
မူယွီယန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ချင်းလန် ကို အကူအညီမဲ့စွာ ကြည့်ကာ ရှင်းပြလိုက်လေသည်။
“တကယ်တော့ ငါ ဒီနေ့ လုပ်စရာ ကိစ္စတချို့ရှိနေတယ်။ အလှပ ဆေးပြား ရဲ့ ထုတ်ကုန် အစီရင်ခံစာ ထွက်လာပြီး ငါ့ဆီမှာ ပါလာတယ်။ အလှပ ဆေးပြား ရဲ့ ဖော်မြူလာ ပေးတဲ့သူ အနေနဲ့ နင် ကြည့်ပြီး အကြံပြုချက်တချို့ ပေးပါလား။”
“နင် ကုမ္ပဏီထောင်ပြီး ပိုက်ဆံ မရှာချင်ဘူးလား ဒီ အလှပ ဆေးပြား က နင့်ကုမ္ပဏီရဲ့ အမြတ်အစွန်း ရဖို့ ပထမဆုံး ခြေလှမ်းပဲ၊ ဒါကြောင့် နင် အလေးအနက်ထားဖို့ လိုတယ်”
“ဟိုတယ်မှာ သီးသန့်ခန်း ယူပြီး စားရင်းသောက်ရင်း စကားပြောကြမလား”
ခဏလောက် စဉ်းစားပြီးနောက် ချင်းလန် ခေါင်းညိတ်လိုက်လေသည်။
“စီးပွားရေး အကြောင်း ပြောဖို့က ပိုအရေးကြီးတာပေါ့။”
သူတို့ ကိုင်ယွမ် နိုင်ငံတကာ ဟိုတယ်သို့ ပြန်ရောက်လာပြီး အဆင့်မြင့် သီးသန့်ခန်း တစ်ခန်းကို ကြိုတင်မှာယူလိုက်ကြလေသည်။
ရေချိုးပြီးနောက် လင်းယိုချူ သည် ပိုမို ရင့်ကျက်သော ဝတ်စုံတစ်ခုကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။
အဖြူရောင်တီရှပ် နဲ့ ပန်းရောင် စကတ်ဝတ်ထားပြီး အရင်ကဝတ်စုံလောက် ကလေးမဆန်တော့သော်လည်း သူမသည် ဆွဲဆောင်မှု ရှိပုံ ပေါက်နေဆဲပင်။
သူမ မူယွီယန် ဘေးမှာ ဝင်ထိုင်လိုက်ပြီး မူယွီယန် ကို ချင်းလန် ၏ လက်တွင်းမှ ကယ်တင်ချင်နေမိလေသည်။
ဒါပေမဲ့ မူယွီယန် က သူမကိုစိတ်မဝင်စားတော့ဘဲ ချင်းလန် နှင့် အလှပ ဆေးပြား အကြောင်း အစီရင်ခံစာကို ဆွေးနွေးနေလေသည်။
ချင်းလန် သည် အစီရင်ခံစာကို သေသေချာချာ စစ်ဆေးဖတ်ရှုပြီး စာကြောင်းများကို ရံဖန်ရံခါ လက်ညှိုးထိုးပြကာ ခေါင်းညိတ်နေလေသည်။
“ဒီ အစီရင်ခံစာကကောင်းပါတယ်၊ ဒါပေမဲ့ အားနည်းချက်တွေ ရှိနေသေးတယ်။”
“ကောင်းပြီ၊ ငါတို့နှစ်ယောက်စလုံး အားတဲ့အချိန် တစ်ချိန်ချိန် ရှာပြီး ဒီ အစီရင်ခံစာကို ဆွေးနွေးကြတာပေါ့။”
“ကောင်းပြီ”
မူယွီယန် အလေးအနက် ခေါင်းညိတ်လိုက်သော်လည်း ၎င်း၏ နောက်ကွယ်ရှိ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။
ချင်းလန် ရယ်မောလိုက်ပြီး စကားလွှဲလိုက်ကာကြက်တောင်ပံ တစ်ခုကို ကောက်ယူပြီး မူယွီယန် ရဲ့ ပန်းကန်လုံးထဲ ထည့်ပေးလိုက်လေသည်။
“စားကြရအောင်။ တချို့လူတွေ ရေချိုးတာ စောင့်နေရတာ ကြာလွန်းလို့ အစားအသောက်တွေတောင် အေးကုန်ပြီ။”
မူယွီယန် တိတ်တဆိတ် ဝမ်းသာသွားလေသည်။ကြက်တောင်ပံက သူမ အကြိုက်ဆုံး ဟင်းပွဲတွေထဲက တစ်ခု ဖြစ်လေသည်။
သူမအမေ ထျန်ဟိုင်မြို့ ကို လာတုန်းကဆိုရင် သူမ ချင်းလန် နဲ့ ဒါကို လုစားခဲ့ဖူးသေးသည်။
မမျှော်လင့်ဘဲ ချင်းလန် က သူမရဲ့ အကြိုက်တွေကို မှတ်မိနေသေးသည်။ ဒါက သူမ သူ့နှလုံးသားထဲကနေ လုံးဝ ပျောက်ကွယ်မသွားသေးဘူး ဆိုတဲ့ အဓိပ္ပာယ်လား။
မူယွီယန် ကြက်တောင်ပံကို အနည်းငယ် ကိုက်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်လေသည်။
“အရသာ တကယ် ရှိတယ်၊ စားကောင်းလိုက်တာ။”
သူတို့နှစ်ဦး စုံတွဲတစ်တွဲလို အရမ်း လိုက်ဖက်ညီနေတာကို မြင်လိုက်ရတော့ လင်းယိုချူ သည်းမခံနိုင်တော့ပေ။
သူမ ဒီအခြေအနေကို ဖျက်ဆီးပစ်ရမယ် မဟုတ်ရင် သူမရဲ့ ရိုးအတဲ့ သူငယ်ချင်းက လမ်းမှားရောက်သွားပြီး ချင်းလန် ရဲ့ ထောင်ချောက်ထဲကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်။
သူမ ဘေးနားက မည်းနက်နေတဲ့ ကြက်သွန်ဖြူ တစ်မွှာကို ကောက်ယူပြီး မူယွီယန် ရဲ့ ပန်းကန်လုံးထဲ ထည့်ပေးလိုက်လေသည်။
“ယွီယန်၊ ဗိုက်ဆာရင် များများစား။”
မူယွီယန် ငုံ့ကြည့်လိုက်ပြီး မျက်ခုံး အနည်းငယ် တွန့်သွားသော်လည်း တူကို ထိဖို့ ရည်ရွယ်ချက် မရှိပေ။
လင်းယိုချူ နောက်ထပ် ကြက်သွန်ဖြူ တစ်မွှာ ကောက်ယူလိုက်လေသည်။
“ယွီယန်၊ ဒီကြက်သွန်ဖြူကို လျှော့မတွက်နဲ့။ ဒါကို ငါ့ဟိုတယ်က စားဖိုမှူး ကိုယ်တိုင် ပေါင်းထားတာ။ အရသာကောင်းတယ်”
ကြက်သွန်ဖြူကို နှုတ်ခမ်းနား တေ့လိုက်တဲ့ အခိုက်အတန့်မှာပဲ အလွန် ရွံစရာကောင်းတဲ့ အနံ့ဆိုးကြီး တစ်ခုကို ရလိုက်ပြီး အလိုအလျောက် သူမ မျက်နှာ ရှုံ့မဲ့သွားကာညည်းညူလိုက်မိလေသည်။
မူယွီယန် ပို၍ မျက်မှောင်ကြုတ်လိုက်တော့
လင်းယိုချူ အကျပ်ရိုက်သွားလေသည်။
အသက်အောင့်ပြီး ကြက်သွန်ဖြူကို ပါးစပ်ထဲ ထည့်ကာ ကိုက်လိုက်ပြီး အာမေဋိတ်သံ ပြုလိုက်လေသည်။
“ဝိုး၊ ဒီကြက်သွန်ဖြူက အရမ်း စားကောင်းတာပဲ ပါးစပ်ထဲမှာ အရည်ပျော်သွားသလိုပဲ တို့ဟူးပုပ်လိုပဲ အရသာ ရှိတယ်အရမ်း မွှေးတာပဲ အွတ်”
သူမ ချီးကျူးပြောဆိုလိုက်တဲ့အခါ သူမရဲ့ ကြီးမားပြီး အရည်လဲ့နေတဲ့ မျက်လုံးတွေက တောက်ပတဲ့ အလင်းရောင်တွေနဲ့ လက်နေပေမယ့် စကားမဆုံးခင်မှာပဲ သူမ ထပ်ပြီး ပျို့တက်လာကာ မျက်ရည်တွေ၊ နှပ်တွေပါ ထွက်လာပြီး နှာခေါင်းတွေ ပူစပ်လာတဲ့အထိ သီးသွားလေသည်။
မူယွီယန် ရဲ့ ထူးဆန်းတဲ့ အကြည့်နဲ့ စိုက်ကြည့်တာ ခံနေရတော့ လင်းယိုချူ မကျေမနပ် ဖြစ်မိပေမယ့် အတင်း တည်ငြိမ်အောင် နေလိုက်ရလေသည်။
“ခုနက မိုးမိထားလို့ အအေးမိချင်သလို ဖြစ်နေတာ ဒါနဲ့ဘာမှ မဆိုင်ပါဘူး။ နည်းနည်း ပျို့ချင်သလို ဖြစ်သွားရုံပါ၊ အွတ်”
ငါ ဆက်ပြီး ဟန်ဆောင်မနေနိုင်တော့ဘူး။
လင်းယိုချူ စားပွဲကို လက်နဲ့ ရိုက်လိုက်ပြီး ပါးစပ်ထဲက ကြက်သွန်ဖြူ အားလုံးကို ကြမ်းပြင်ပေါ် ထွေးထုတ်လိုက်ကာ အပြေးဝင်လာတဲ့ စားပွဲထိုးကိုလက်ညှိုးထိုးပြပြီး မေးလိုက်လေသည်။
“ဘယ်စားဖိုမှူးက ဒီဟင်းကို ချက်တာလဲ သူ့ကို ကောင်တာကို သွားပြီး လုပ်ခ ရှင်းခိုင်းလိုက်၊ ပြီးရင် ဒီကနေ ထွက်သွားခိုင်းလိုက်”
“ဟုတ်ကဲ့ပါ။”
စားပွဲထိုးက အမြန် ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်ကာ ထွက်သွားလေသည်။
သီးသန့်ခန်းထဲ ပြန်လည် တိတ်ဆိတ်သွားလေသည်။
လင်းယိုချူ ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်နှာ ပူထူကာ နာကျင်နေလေသည်။ သူမ ထိုင်နေပြီး လက်ပိုက်ကာ တစ်ယောက်ယောက်ကို စိတ်ဆိုးနေသလို ဖြစ်နေလေသည်။
မူယွီယန် က ဖန်ခွက်ကို မြှောက်လိုက်ပြီး တိုက်တွန်းလိုက်လေသည်။
“ယိုချူ၊ စိတ်မဆိုးပါနဲ့။ မကောင်းရင် မစားနဲ့ပေါ့။ ဒီနေ့စိတ်ညစ်စရာတွေကို အဆုံးသတ်ဖို့ တစ်ခွက်လောက် မော့လိုက်ကြရအောင်၊ ပြီးရင် ဒီမှာတင် ပြီးပါစေတော့။”
လင်းယိုချူ တစ်နေ့လုံး ကံဆိုးနေသလို ခံစားရပြီး အလွန်အမင်း နစ်နာသည်ဟု ခံစားနေရလေသည်။
ချင်းလန် ကို ကြည့်တဲ့ သူမရဲ့ အကြည့်တွေက ပိုပိုပြီး ရန်လိုလာလေသည်။
သို့သော် မူယွီယန် ရဲ့ ကြားဝင်ဖြန်ဖြေမှုအောက်မှာ သူတို့ ခွက်မြှောက်ပြီး သဘောတူသလို ဟန်ဆောင်လိုက်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
သူတို့ သုံးယောက် ခွက်ချင်းတိုက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကြလေသည်။