အခန်း (၆၆) နိုင်ငံသားကျင့်ဝတ်
သူ စကားမဆုံးခင်မှာပဲ လေးထောင့်စပ်စပ် မျက်နှာရှိတဲ့ အလယ်လတ် အသက်အရွယ် ရဲအရာရှိက သူ့အနား ရောက်လာပြီးပြီ ဖြစ်လေသည်။
သူက ခါးမှာ ချိတ်ထားတဲ့ ဆက်သွယ်ရေး စက်ကို ပိတ်လိုက်ပြီး တင်းမာစွာ မေးလိုက်လေသည်။
“ဘာလို့ အထဲဝင်ပြီး မိုးမခိုပဲ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ ရဲခေါ်လိုက်တာမင်းလား”
သူက ချင်းလန် ကို အနည်းငယ် ရန်လိုတဲ့ အကြည့်နဲ့ ကြည့်လိုက်လေသည်။
သူရှေ့က မြင်ကွင်းက တော်တော်လေး ကွာခြားနေသည်။
တစ်ယောက်ကတော့ တောက်ပ ခန့်ညားတဲ့ လူငယ်လေး ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ရေနစ်နေတဲ့ ကြွက်တစ်ကောင်လို အရိုးထိအောင် စိုရွှဲနေတဲ့ လင်းယိုချူ ဖြစ်လေသည်။
သူတို့ပုံစံက ရန်ဖြစ်ပြီးခါစ စုံတွဲလေး တစ်တွဲလို ဖြစ်နေလေသည်။
ချင်းလန် ပြုံးပြီး ခေါင်းညိတ်လိုက်ကာ လင်းယိုချူ ကို လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။
“ကျွန်တော် ရဲခေါ်လိုက်တာပါ။ ဒီကောင်မလေးက အထက်တန်း ကျောင်းသူလေးပါ၊ မိဘတွေ ရန်ဖြစ်ပြီး သူ့ကို ရိုက်လို့ အိမ်မပြန်ရဲ ဖြစ်နေတာ။ သူ့ကို အိမ်ပြန်ပို့ပေးလို့ ရမလားခင်ဗျာ”
နားလည်မှုလွဲနေတာကို သဘောပေါက်သွားပြီးနောက် ရဲအရာရှိကြီးက သူ့အကြည့်တွေကို ပျော့ပျောင်းလိုက်ပြီး အာရုံစိုက်မှုကို ချင်းလန် ဆီကနေ လင်းယိုချူ ဆီ ရွှေ့လိုက်လေသည်။
သနားစရာ ကျောင်းသူလေး တစ်ယောက်ပါလားလို့ စိတ်ထဲကနေ တွေးလိုက်မိလေသည်။
သူက ညင်သာစွာ ပြောလိုက်လေသည်။
“သမီး အိမ်လိပ်စာ ပြောပြ၊ ဦးလေး လိုက်ပို့ပေးမယ်။”
“အာ... ဒါက...”
လင်းယိုချူ နည်းနည်း တုန်လှုပ်သွားလေသည်။ ရဲကို မြင်လိုက်ရတော့ သူမ မသိစိတ်ကနေ နည်းနည်း စိုးရိမ်မကင်း ဖြစ်သွားမိသည်။
“ရဲအရာရှိ ဦးလေးကြီးကို ဒုက္ခပေးစရာ မလိုပါဘူး။”
ချင်းလန် က သံသယဖြစ်စွာ မေးလိုက်လေသည်။
“ခုနကပဲ တစ်ယောက်တည်း အိမ်ပြန်ရမှာ ကြောက်တယ် ဆို ပြီးတော့ ငါ့ကို အိမ်ပြန်လိုက်ပို့ပြီး နွေးအောင် လုပ်ပေးပါလို့ ပြောတယ်မလား ဘာတွေ ဖြစ်နေတာလဲ ငါ့အိမ်က မင်းအိမ်ထက် ပိုနွေးတယ်လို့ ထင်လို့လား”
လင်းယိုချူ က ချင်းလန် ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး စိတ်ထဲကနေ အော်ဟစ်နေမိလေသည်။
“ဒီကောင်က ဘာလို့ စကားတွေ ဒီလောက် များနေရတာလဲ ပါးစပ်ပိတ်ထားလို့ မရဘူးလား။”
ရဲအရာရှိကြီး မျက်မှောင်ကြုတ်လိုက်ပြီး ဘာတွေ ဖြစ်နေလဲ ဆိုတာ သဘောပေါက်သွားကာ မျက်နှာထား အေးစက်သွားလေသည်။
“တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ မှတ်ပုံတင် ထုတ်ပြစမ်း”
လင်းယိုချူ စကားထစ်သွားလေသည်။
“အမ်... သမီး မှတ်ပုံတင် ယူလာဖို့ မေ့သွားလို့။”
သူမ ဆက်ပြီး ဖုံးကွယ်မထားရဲတော့ဘဲ ရိုးသားစွာ ဝန်ခံလိုက်ရလေသည်။
“တကယ်တော့ သမီးက ကျောင်းသူ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ။ သူငယ်ချင်းနဲ့ နောက်နေတာပါ။ အလေးအနက် မထားပါနဲ့နော် ဦးလေးကြီး။ ဒါတွေ အကုန်လုံးက နားလည်မှုလွဲတာပါ။”
ချင်းလန် က ဒဏ်ရာပေါ် ဆားထပ်သိပ်လိုက်လေသည်။
“နားလည်မှု လွဲတာ ဘာ နားလည်မှု လွဲတာလဲ ခုနကပဲ မင်းက အထက်တန်း ကျောင်းသူပါလို့ ပြောခဲ့တယ် မဟုတ်လား ပြီးတော့ ငါတို့က အခုမှ တစ်ခါပဲ တွေ့ဖူးတာလေ၊ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်သွားရတာလဲ”
“ဒင်! လင်းယိုချူ ရဲ့ ဒေါသအဆင့် ဆက်လက် မြင့်တက်နေပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +1000 ရရှိသွားပါပြီ။”
ရဲအရာရှိကြီးက လင်းယိုချူ ကို ရွံရှာသလို တစ်ချက် ကြည့်လိုက်လေသည်။ သူက ချမ်းသာတဲ့ ယောကျ်ားတွေကို လိုက်ချိတ်ဖို့ ကြိုးစားနေတဲ့ သူမလို မိန်းမမျိုးတွေကို မုန်းတီးလေသည်။
သူ့သားက ဒီလို အပျော်အပါးမက်တဲ့ မိန်းကလေးမျိုးနဲ့ ငြိစွန်းခဲ့ဖူးပြီး အခုထိ နာလန်မထူနိုင်သေးပေ။
အခု ချင်းလန် ပြောတာ ကြားရတော့ လင်းယိုချူ က တမင်တကာ စကား လာပြောတဲ့ မိန်းကလေး တစ်ယောက်လို့ သူ အလိုအလျောက် ယူဆလိုက်လေသည်။
သူက တင်းမာတဲ့ မျက်နှာထားနဲ့ လင်းယိုချူ ကို အေးစက်စွာ စိုက်ကြည့်ပြီး ဆူပူလိုက်လေသည်။
“ပြည်သူ့ဝန်ထမ်းတွေကို အမှုအခင်း ကိုင်တွယ်ရာမှာ နှောင့်ယှက်ပြီး အချိန်ဖြုန်းနေတာ၊ ဒါ ရယ်စရာလို့ ထင်နေလား”
လင်းယိုချူ ကျုံ့ဝင်သွားလေသည်။ ချင်းလန် ဆိုတဲ့ အဲ့ဒီ လူယုတ်မာက ရဲခေါ်ပြီးတော့ လူပုံအလယ်မှာ သူမကို ချောက်ချလိမ့်မယ်လို့ သူမ တကယ် မမျှော်လင့်ထားခဲ့မိပေ။
အခု ရဲအရာရှိကြီး စိုက်ကြည့်တာ ခံနေရတော့ သူမ အားနည်းစွာ ပြောလိုက်လေသည်။
“တောင်းပန်ပါတယ်၊ သမီး မရည်ရွယ်ပါဘူး။”
ရဲအရာရှိကြီးက အေးစက်စွာ ပြောလိုက်လေသည်။
“တောင်းပန်ပါတယ် ဆိုရုံနဲ့ လုံလောက်ရင် ရဲဝန်ထမ်းတွေ ရှိနေဖို့ ဘာအကြောင်းထူးဦးမှာလဲ”
သူက အိတ်ကပ်ထဲက နိုင်ငံသား ကျင့်ဝတ် စည်းကမ်း စာအုပ် တစ်အုပ်ကို ထုတ်ပြီး လင်းယိုချူ ကို ကမ်းပေးလိုက်လေသည်။
“ဒါကို အစကနေ အဆုံးထိ အသံထွက် ဖတ် သုံးရက်အတွင်း အလွတ်ကျက်ထား၊ ပြီးရင် စခန်းကို လာပြီး လူရှေ့သူရှေ့မှာ ရွတ်ပြရမယ်။”
လင်းယိုချူ စာအုပ်စိမ်းလေးကို ကိုင်ထားရင်း မျက်နှာ ဖြူဖျော့သွားပြီး ခေါင်းမူးလာသလို ခံစားလိုက်ရလေသည်။
အလွတ်ရွတ်ရမယ်။
နိုင်ငံသား ကျင့်ဝတ် စာအုပ်ကိုလား။
သူမ မူလက ချင်းလန် ရဲ့မျက်နှာဖုံးကို ခွာချပြီး မူယွီယန် ရှေ့မှာ အရှက်ကွဲပြီး သေချင်လောက်အောင် ဖြစ်သွားစေဖို့ ရည်ရွယ်ခဲ့တာလေ။
ဒါပေမဲ့ အခုတော့.....
ဘယ်လိုလုပ်ပြီး သူမက ဒီလို ကံကြမ္မာနဲ့ ကြုံတွေ့သွားရတာလဲ။
ဒီလို ဖြောင့်မတ်ပြီး အဂတိ မလိုက်စားတဲ့ ရဲအရာရှိမျိုးနဲ့ တွေ့ရင် သူမ ဘာလုပ်နိုင်မှာလဲ။
သူမလည်း မတရားခံရသလို ခံစားနေရပြီး စိတ်မသက်မသာ ဖြစ်နေကာ ကျင့်ဝတ် စာအုပ်ကို ဆုပ်ကိုင်ထားလိုက်လေသည်။
ရဲအရာရှိကြီး စောင့်ကြည့်နေတဲ့ အောက်မှာ လူအများအပြားရဲ့ ရှေ့မှာ သူမ တစ်လုံးချင်းစီ အသံထွက် ဖတ်လိုက်လေသည်။
“မျိုးချစ်စိတ်နဲ့ ဥပဒေ လိုက်နာမှု...”
မရေမတွက်နိုင်တဲ့ အကြည့်တွေအောက်မှာ လင်းယိုချူ သူမ နှလုံးသားကို ဓားနဲ့ ထပ်ခါထပ်ခါ ထိုးခံနေရသလို ခံစားလိုက်ရလေသည်။
သူမ ဒေါသတွေ ပြည့်နှက်နေပေမယ့် ရဲရှေ့မှာ မထုတ်ပြရဲတာကြောင့် ဒေါသအားလုံးကို ချင်းလန် ဆီ လွှဲပြောင်းပေးလိုက်ရုံသာ တတ်နိုင်တော့သည်။
ခဏကြာတော့ ကျင့်ဝတ် စာအုပ်ကို ရွတ်ဖတ်ပြီးနောက် ရဲအရာရှိကြီး လှည့်ထွက်သွားလေသည်။
မထွက်သွားခင် လင်းယိုချူ အနေနဲ့ သုံးရက်နေရင် သူ့ဆီ လာပြီး အလွတ် ရွတ်ပြရမယ် ဆိုတာကို ထပ်လောင်း သတိပေးသွားလေသည်။
ရဲထွက်သွားတာနဲ့ လင်းယိုချူ ဟိန်းဟောက်ပြီး ချင်းလန် ဆီ ခုန်အုပ်လိုက်ကာ သွားဖြဲလက်သည်းထုတ်ပြီး ရန်မူလိုက်လေသည်။
“ချင်းလန် ငါ နင်နဲ့ သေတဲ့အထိ တိုက်ခိုက်မယ် နင် ငါ့ကို အရှက်ခွဲရဲတယ်၊ နင် ရဲခေါ်ရဲတယ်ပေါ့ လူယုတ်မာ၊ ခွေးမသား”
လင်းယိုချူ ဆီမှာ တိုက်ကွမ်ဒို နှစ်နှစ် သင်ထားတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနေလေသည်။
ထိုးချက် ကန်ချက်တိုင်းက ပုံစံကျပြီး သန်မာထက်မြက်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ ထိုးချက်တွေလို ဖြစ်နေလေသည်။
သူမ ရှေ့သို့ ခုန်အုပ်လိုက်သောအခါ ချင်းလန် အမြန် နောက်ဆုတ်လိုက်ပြီး မတော်တဆခြေချော်ပြီး နောက်သို့ လဲကျသွားသလို လုပ်လိုက်လေသည်။
လင်းယိုချူ သူ့ဆီ ပြေးဝင်လာတာကို မြင်တော့ သူ အလျင်အမြန် လက်လှမ်းပြီး သူမရဲ့ထင်ရှားနေတဲ့ ရင်သားတွေကို လှမ်းဆွဲလိုက်ပြီး အဲ့ဒါကို အားပြုကာ သူ့ကိုယ်သူဟန်ချက် ပြန်ထိန်းလိုက်လေသည်။
ဆန့်ကျင်ဘက် အနေနဲ့ လင်းယိုချူ ကတော့ သက်ရောက်မှု အားကြောင့် ရေအိုင်ထဲ လွင့်စင်ကျသွားလေသည်။
နာတယ်....
အိုး......
လင်းယိုချူ သူမ လဲကျတော့မယ်လို့ ထင်လိုက်ပေမယ့် မလဲကျခဲ့ပေ။ လေထဲမှာ ရပ်တန့်နေပြီး ညာဘက် ရင်ဘတ်က စူးရှတဲ့ နာကျင်မှု တစ်ခု ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားလေသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ချင်းလန် က သူမ ရင်ဘတ်ပေါ် လက်တစ်ဖက် တင်ထားပြီး ဟန်ချက် ထိန်းပေးထားကာ သူမ မလဲကျအောင် လေထဲမှာ ထိန်းထားပေးတာ တွေ့လိုက်ရလေသည်။
“ချင်းလန် လူယုတ်မာ၊ နင် ငါ့ကို အခွင့်ကောင်း ယူနေတာလား လွှတ်၊ ငါ့ကို လွှတ်”
လင်းယိုချူ က ဆူပူလိုက်လေသည်။
သူမ ဒီလို အရှက်ခွဲခံရတာမျိုး တစ်ခါမှ မကြုံဖူးပေ။
သူမရဲ့ အားနည်းချက်ကို အမြတ်ထုတ်ခံလိုက်ရပြီး၊ သူမ ရင်ဘတ်ကို ဆုပ်ကိုင်ထားတဲ့ လက်ကြောင့်သာ မတ်မတ် ရပ်နေနိုင်ခြင်း ဖြစ်သည်။
နာကြည်းမှုနဲ့ ရင်ဘတ်ထဲက တကယ့် နာကျင်မှုတို့က သူမကို ဒေါသထွက်စေလေသည်။
ချင်းလန် ငုံ့ကြည့်လိုက်ပြီး လင်းယိုချူ ရဲ့ ရင်ဘတ်ပေါ်က လက်ကို တစ်ချောင်းချင်းစီ ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်လေသည်။
“မလုပ်နဲ့...”
လင်းယိုချူ သူမရဲ့ လက်ရှိ အခြေအနေကို အခုမှ သတိရလိုက်ပြီး
“မလုပ်နဲ့”
လို့ ပြောလို့တောင် မဆုံးသေးခင်မှာပဲ သူမရှေ့မှာ တင်ထားတဲ့ လက်က ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်လေသည်။
ဘုန်း.....
လင်းယိုချူ ရေအိုင်ထဲကို ဖင်ထိုင်လျက် ထပ်မံ ကျသွားပြန်လေသည်။ သူမ လုံးဝ စိတ်ရှုပ်ထွေးသွားပြီး သူမရဲ့ တင်ပါးတွေ ခုနစ်စ၊ ရှစ်စလောက် ကွဲသွားသလို ခံစားလိုက်ရလေသည်။
ချင်းလန် က နည်းနည်း ရှက်သလို ပြောလိုက်လေသည်။
“တကယ် တောင်းပန်ပါတယ်။ ခုနက ဟန်ချက် ပျက်သွားလို့ ရုတ်တရက်ကြီး လုပ်မိသွားတယ်။ မင်းကို တွဲထူပေးမလို့ပါ၊ ဒါပေမဲ့ ကိုင်မိတဲ့ နေရာက မမှန်ဘူး ဖြစ်သွားတယ်၊ ပြီးတော့ မင်းကလည်း အော်ဟစ်နေတော့ လွှတ်ပေးလိုက်ရတာ။”
လင်းယိုချူ နစ်နာသလို ခံစားရရုံတင်မကဘဲ ခန္ဓာကိုယ်လည်း တော်တော် နာကျင်နေလေသည်။
သူမ အသံကျယ်ကြီးနဲ့ ကျိန်ဆဲလိုက်လေသည်။
“ဘာတွေ ဟန်ဆောင်နေတာလဲ နင် တမင်သက်သက် လုပ်တာ ခြေချော်တယ် ဟုတ်လား”
“ခြေထောက်နှစ်ဖက်နဲ့ ပုံမှန် လမ်းလျှောက်နေရင်း ဘယ်လိုလုပ် ခြေချော်ပြီး လဲကျနိုင်မှာလဲ”
ချင်းလန် မျက်လုံး လှန်ကြည့်လိုက်လေသည်။
“မင်းကို ရှင်းပြရမှာ ပျင်းတယ်။ ဘာပဲဖြစ်ဖြစ် ပါးစပ်နှစ်ပေါက် ပါတဲ့ မင်းလို မိန်းမမျိုးနဲ့ ငါ ငြင်းမနေနိုင်ဘူး”
“ငါ...”
လင်းယိုချူ တစ်ခုခု ပြောမလို ပါးစပ်ဟလိုက်ပေမယ့် ဘယ်က စပြောရမှန်း မသိတော့ပေ။
နစ်နာတဲ့ခံစားမှုနဲ့ နဲ့ ထူးဆန်းတဲ့ ခံစားမှု တစ်ခု သူမအတွင်းမှာ တစ်ပြိုင်နက်တည်း မြင့်တက်လာသလို ခံစားလိုက်ရလေသည်။