အခန်း (၆၄) လင်းယိုချူ မိုးမိသွားပြီ
ချင်းလန် က ကိုင်ယွမ် နိုင်ငံတကာ ဟိုတယ်ဆီ ဦးတည်သွားနေချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်လေသည်။
ကျွင်းဇီ က လက်တစ်ဖက်နဲ့ စတီယာရင်ကို ကိုင်ထားပြီး ကျန်တစ်ဖက်နဲ့ ချင်းလန် ကို လက်မထောင်ပြကာ ပြောလိုက်လေသည်။
“သခင်လေး၊ မိန်းမတွေကို ကိုင်တွယ်တဲ့ နေရာမှာတော့ သခင်လေးက အတော်ဆုံးပဲလို့ ကျွန်တော် ပြောရလိမ့်မယ်”
“သခင်လေးက သားကောင်ရှာနေတဲ့ မုဆိုးတစ်ယောက်လိုပဲ။ ပစ်မှတ်ထားလိုက်ပြီဆိုရင် မဖမ်းမိတဲ့ သားကောင်ရယ်လို့ မရှိဘူး အံ့ဩစရာပဲ”
“မစ္စမူ က အရင်တုန်းက သခင်လေးကို အမြဲ လျစ်လျူရှုခဲ့တာ၊ ရွံရှာသလို ကြည့်ခဲ့တာတွေကို မှတ်မိသေးတယ် ဒါပေမဲ့ အခုတော့ သူက သခင်လေးအိမ်ကို ရက်အနည်းငယ်ကြာတိုင်း ရောက်လာပြီး အခု နေ့လည်စာ စားဖို့တောင်ခေါ်နေပြီ။ သူ သခင်လေးကို သိမ်းသွင်းဖို့ ကြိုးစားနေတာ သိသာတယ်”
ကျွင်းဇီ က ချင်းလန် ကို တကယ်ပဲ လေးစားအားကျမိလေသည်။
သူက မူယွီယန် လို အေးစက်ပြီး လှပတဲ့ အမျိုးသမီး CEO တစ်ယောက်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။
တခြားသူတွေ မသိပေမယ့် သခင်လေးက တစ်ပြိုင်နက်တည်းအလုပ်တွေ အများကြီး လုပ်နေတယ်ဆိုတာ သူ သိနေလို့ပင်။
ဆောင်ရွက်သမျှအားလုံးလည်း အားလုံးက အောင်မြင်ခဲ့လေသည်။
ဒါက လုံးဝ မယုံကြည်နိုင်လောက်အောင်ပင် အရမ်းကို မိုက်လွန်းလေသည်။
ချင်းလန် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။
မုဆိုး ဟုတ်လား.....
ဘယ်လို မုဆိုးမျိုးလဲ.....
ကြေးစား မုဆိုးလား.....
တခြားအကြောင်းပြချက်တွေသာ မရှိရင် သူက ဘာကိစ္စ မူယွီယန် နဲ့ ညစာစားဖို့ အချိန်ပေးနေမှာလဲ။
မူယွီယန် ရဲ့ စိတ်ခံစားချက်တွေ ပြင်းပြင်းထန်ထန် ပြောင်းလဲနေတယ် ဆိုတဲ့ စနစ် အသိပေးချက်ကိုသာ သတိမထားမိရင် သူက စုရှောင်းရှောင်း ကို ဒုတိယမြောက် သင်ခန်းစာ စပေးပြီး သူမကို ဆက်လက် သင်ကြားပေးနေလောက်ပြီ။
အဲ့ဒါက မူယွီယန် နဲ့ အပြင်ထွက်စားတာထက် ပိုပြီး သက်တောင့်သက်သာ မရှိဘူးလား။
ကားက ကိုင်ယွမ် နိုင်ငံတကာ ဟိုတယ် ဝင်ပေါက်အပြင်ဘက်မှာ ညင်သာစွာ ရပ်တန့်သွားလေသည်။
မိုးရွာနေတာကြောင့် ချင်းလန် က ထီးတစ်ချောင်း ဆောင်းပြီး ထွက်လာခဲ့ကာ သူ့ရဲ့ ကိုယ်နဲ့ကွက်တိချုပ်ထားတဲ့ ဝတ်စုံက သူ့ရဲ့ ခန့်ညားတဲ့ပုံစံကို ပေါ်လွင်စေလေသည်။
ဟိုတယ် ဝင်ပေါက်မှာ ချင်းလန် ရပ်တန့်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကို တစ်ချက် ကြည့်လိုက်လေသည်။
ကောင်မလေးလို့ ခေါ်ပေမယ့် သူမက အရပ် ၁.၆ မီတာကျော် ရှိနေပြီ ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် အရ ပြောရရင် သူမက အရမ်း ကျက်သရေ ရှိလှသည်။
သူမက အဖြူအမည်း ရောစပ်ထားတဲ့ ဂျပန် ကျောင်းသူ ဝတ်စုံ နဲ့ အဖြူရောင် ခြေအိတ်ရှည် နှစ်ဖက်ကို ဝတ်ဆင်ထားပြီး၊ အဲ့ဒါက သူမရဲ့ ခြေတံရှည်တွေကို ပြီးပြည့်စုံစွာ ပေါ်လွင်စေလေသည်။
အရေးအကြီးဆုံးက ချင်းလန် တွေ့လိုက်ရတာက ဒီကောင်မလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပိုင် ညီအစ်မတွေထက် လုံးဝ လျော့နည်းခြင်း မရှိတဲ့အပြင် ဝတ်စုံအောက်မှာ ပိုပြီးတောင် မျက်စိကျစရာ ကောင်းပြီး အထင်ကြီးစရာ ဖြစ်နေခြင်းပင်။
ဒီလို အားကျစရာကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်အပြင် သူမမှာ နူးညံ့သိမ်မွေ့ပြီး သန့်စင်တဲ့ မျက်နှာလေး ရှိနေတာကြောင့် ၁၇ နှစ်၊ ၁၈ နှစ် အရွယ် ကောင်မလေး တစ်ယောက်လို ထင်ရလေသည်။
“ဒင်! ဇာတ်လိုက်မင်းသမီး လင်းယိုချူ စိတ်ခံစားမှု အတက်အကျတွေကို ကြုံတွေ့လိုက်ရပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +100 ရရှိသွားပါပြီ။”
ဟိုတယ် ဝင်ပေါက်မှာ လင်းယိုချူ က ခြေကို စောင့်နင်းရင်း အလျင်လိုနေကာ သူမရဲ့ ကြီးမားပြီး အရည်လဲ့နေတဲ့ မျက်လုံးနှစ်လုံးက အပြင်ဘက်က လမ်းမကြီးကို စိုက်ကြည့်နေလေသည်။
သူမက အပြင်ထွက်ပြီး တက္ကစီ တစ်စီးစီးကို တားချင်နေပုံ ပေါက်ပေမယ့် တကယ်တမ်းကျတော့ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း ဖြစ်လေသည်။
“သေစမ်း၊ ချင်းလန် က ဘာဖြစ်နေတာလဲ ငါ ထီးမပါတာ သူ မမြင်ဘူးလား သူ့မှာ လူကြီးလူကောင်း ဆန်တဲ့ အမူအကျင့် လုံးဝ မရှိဘူး။ အနည်းဆုံးတော့ အပေါ်တက်လာပြီး ငါ့ကိုခေါ်လို့ မရဘူးလား”
လင်းယိုချူ နည်းနည်း ဒေါသထွက်နေမိသည်။ ဒီလို ဆိုးရွားတဲ့ ရာသီဥတုမှာ သူမက ဒီလောက် ပါးပါးလျလျ ဝတ်ထားပြီး အပြင်မှာက မိုးသည်းထန်စွာ ရွာနေသည်။
သူမကို မြင်တဲ့ ဘယ်ယောကျ်ားမဆို သူမကို ကားကြုံလိုက်ပို့ဖို့ စဉ်းစားကြမှာ သေချာသည်။
ချင်းလန် တစ်ယောက်တည်းသာ မလုပ်ခဲ့တာ။
အဓိက အချက်က သူက အဲ့ဒီမှာ ရပ်ပြီး ကြည့်နေရုံပဲ၊ ရှေ့လည်း မတိုးသလို ဟိုတယ်ထဲလည်း မဝင်လာပေ။
အကုန်ပုံအောလိုက်မယ်.....
ချင်းလန် ရဲ့ တကယ့်ပုံစံကို ဖော်ထုတ်ဖို့အတွက် လင်းယိုချူ က နာကြည်းစွာ ရေရွတ်လိုက်ပြီး မိုးလုံလေလုံ အမိုးအောက်ကနေ ခြေတစ်လှမ်း လှမ်းထွက်လိုက်ကာ တမင်တကာ ခြေချော်ပြီး မှောက်ရက်လဲကျသလို လုပ်လိုက်ပြီး မြေကြီးပေါ် ပုံလျက်သား ကျသွားလေသည်။
ဟိုတယ်ရဲ့ စောင့်ကြည့်ရေး အခန်းထဲမှာ မူယွီယန် နဲ့ အာနင် တို့က LCD မျက်နှာပြင် ရှေ့မှာ ထိုင်နေကြပြီး ကင်မရာကနေတဆင့် တွေ့နေရလေသည်။
လင်းယိုချူ မိုးထဲ လဲကျသွားတာကို မြင်လိုက်ရတော့ မူယွီယန် က စိုးရိမ်တကြီး ပြောလိုက်လေသည်။
“ယိုချူ က ဘယ်လိုလုပ် ဒီလို လုပ်ရက်တာလဲ ဒါက ချင်းလန် ရဲ့ စာနာစိတ်ကို အလွဲသုံးစား လုပ်နေတာ သိသာတယ်လေ။ပြီးတော့ ဒီလောက် မိုးသည်းနေတာ၊ ချင်းလန် သူ့ကို စကားလာပြောစေချင်ရင်တောင် ဒီလောက်ထိ ကိုယ့်ကိုယ်ကို အရှက်ခွဲစရာ မလိုပါဘူး”
“မဖြစ်ဘူး၊ ငါ ထီးသွားပေးမှ ရမယ်။ ယိုချူ ကို ဒီလို မိုးရေထဲမှာမထားနိုင်ဘူး။”
အာနင် က သူမလမ်းကို အမြန် ပိတ်လိုက်ပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည်။
“သခင်မလေး၊ ကျေးဇူးပြုပြီး ကိစ္စတွေကို ပိုမဆိုးစေပါနဲ့။ မစ္စ လင်း က သခင်မလေးအတွက် ချင်းလန် ရဲ့ တကယ့်ပုံစံကို ဖော်ထုတ်ဖို့ မိုးရေထဲမှာ အများကြီး ပေးဆပ်ထားပြီးပြီ။ သခင်မလေး အခု ထွက်သွားရင် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို အလကား ဖြစ်အောင် လုပ်လိုက်သလို မဖြစ်သွားဘူးလား”
အာနင် က မအပေ သူမက မူယွီယန် နဲ့ အတူနေလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လို့ သူမအကြောင်း ကောင်းကောင်း သိလေသည်။
မူယွီယန် သာ ထွက်သွားရင် လင်းယိုချူ မိုးရေထဲမှာ ဆက်နေစရာ မလိုတော့ပေမယ့် သူမရဲ့ အထောက်အထားက သေချာပေါက် ပေါ်သွားလိမ့်မယ်။
သူမ မစ္စ လင်း ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကား ဖြစ်သွားတာကို မမြင်ချင်ပေ။
သူမ တွန့်ဆုတ်နေစဉ်မှာပဲ ဗီဒီယိုထဲက ချင်းလန် လှုပ်ရှားလိုက်တာကို အာနင် က အမြန် ပြောလိုက်လေသည်။
“သခင်မလေး၊ ကြည့်ပါဦး ချင်းလန် တစ်ခုခုလုပ် တော့မယ်”
လင်းယိုချူ သည် ရေအိုင်ထဲတွင် အရိုးထိအောင် စိုရွှဲနေလေသည်။ သူမ၏ အဖြူအမည်း ဝတ်စုံက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေလေသည်။ သူမက ဒူးတွေကို ပိုက်ပြီး မိုးရေထဲမှာ ထိုင်ချလိုက်ကာ ထိန်းမနိုင်သိမ်းမရ ရှိုက်ငိုနေလေသည်။
သူမက သနားစရာကောင်းပြီး အကူအညီမဲ့နေတဲ့ပုံပေါက်နေလေသည်။
ပုံမှန်စိတ် အနည်းငယ် ရှိတဲ့ ဘယ်ယောကျ်ားမဆို ဒီလို လှပတဲ့ မိန်းမပျိုလေး မိုးရေထဲမှာ စိုရွှဲနေတာကို ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ပေ။
လင်းယိုချူလိုမိန်းကလေးမျိုးဆိုရင် ပိုလို့တောင် သေချာနေသေးသည်။
သူမရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်အပေါ် သူမမှာ ယုံကြည်မှု အပြည့် ရှိသည်။
ချင်းလန် သာ သူမနဲ့ စကားပြောဖို့ ဆန္ဒရှိရင် သူမ သူ့ကို ဒီနေရာကနေ ထွက်ခွာသွားအောင် လှည့်စားနိုင်မယ်လို့ ယုံကြည်နေလေသည်။
ချင်းလန် ထွက်သွားရင် ကတိဖျက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ယောကျ်ားတစ်ယောက်က သူစိမ်း မိန်းမတစ်ယောက်နဲ့ ထွက်သွားတာ ဘာလုပ်ဖို့ ကြံစည်နေတာလဲ သူ့ရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်တွေကို ခန်မှန်းစရာကိုမလိုပေ။
အဲ့အခါကျ သူက သေချာပေါက် လူယုတ်မာပဲ။
ခဏလောက် စောင့်ပြီးနောက် လင်းယိုချူ က မျက်လုံးထောင့်ကနေ ချင်းလန် ကို အကဲခတ်နေလိုက်သည်။ သူ လှုပ်ရှားလိုက်တာကို မြင်တော့ သူမ ဝမ်းသာသွားလေသည်။
ဒါပေမဲ့ ချင်းလန် က သူမဆီ လျှောက်မလာဘဲ သူ ခုနကမှ ဆင်းလာတဲ့ ကားဆီ ပြန်သွားတာကို မြင်လိုက်ရတော့ သူမ သံသယ ဝင်သွားပေမယ့် ချက်ချင်း စိတ်သက်သာရာ ရသွားပြန်လေသည်။
သူ ထီးသွားယူတာ ဖြစ်မှာပါ။ အဲ့ဒါမှ ဆက်သွယ်ဖို့ အချက်အလက် တောင်းဖို့ ဆင်ခြေရမှာကိုး။
ဟွန့်.......
ဒါကလူယုတ်မာတွေ သုံးနေကျ လှည့်ကွက်ဟောင်းကြီးပဲ။ သူမရဲ့ စူးရှတဲ့ မျက်လုံးတွေကို ဘယ်လိုလုပ် လှည့်စားလို့ ရမှာလဲ။
ခဏအကြာမှာ ချင်းလန် ကကားပေါ်က ဆင်းလာပြီး ထင်ထားတဲ့အတိုင်း ထီးအပိုတစ်ချောင်း ယူလာလေသည်။
ဒါပေမဲ့ အဲ့ဒီထီးအောက်မှာ နောက်ထပ် လူတစ်ယောက် ပါလာသည် အဲ့ဒါက ယာဉ်မောင်းနဲ့ ကိုယ်ရံတော် ဖြစ်တဲ့ ကျွင်းဇီ မှတပါး အခြားသူ မဟုတ်ပေ။
သူတို့နှစ်ယောက်က လင်းယိုချူ နဲ့ နှစ်မီတာလောက် အကွာအဝေးထိ လျှောက်လာပြီး ဘယ်ပြန်ညာပြန် ကြည့်နေကြလေသည်။
ထီးကို ကိုင်လျက် ချင်းလန် က လင်းယိုချူ ကို မိုးဒဏ် လေဒဏ်ကနေ ကာကွယ်ဖို့ ရှေ့မတိုးတဲ့အပြင် ရယ်ချင်စိတ်နဲ့ ကြည့်ကာ ပြောလိုက်လေသည်။
“ကျွင်းဇီ၊ ဒီကောင်မလေး ဘာဖြစ်နေတယ်လို့ မင်း ထင်လဲ အသည်းကွဲနေတာလား၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေပြီး ဖျက်ချဖို့ ပိုက်ဆံ မတတ်နိုင်တာလား”
ကျွင်းဇီ က စိတ်မပါသလို ပြန်ဖြေလိုက်လေသည်။
“အသည်းကွဲတာ ဖြစ်လောက်တယ်။ ဗိုက်က မပူသေးဘူး၊ ကိုယ်ဝန်ရှိပုံ မရဘူး။”
“ကိုယ်ဝန်က နုသေးလို့ ဗိုက်မပူသေးတာများ ဖြစ်နိုင်မလား”
“ဖြစ်နိုင်တာပဲ။”
“……”
လင်းယိုချူ ကြောင်အသွားလေသည်။ သူမ မော့ကြည့်လိုက်တော့ မျက်ရည်တွေနဲ့ ရောနှောနေတဲ့ မိုးရေတွေက ပါးပြင်ပေါ် စီးကျလာလေသည်။
ပြဇာတ် တစ်ပုဒ်ကို ကြည့်ရသလို ပျော်ရွှင်နေပြီး
သူမကို ပြန်စိုက်ကြည့်နေတဲ့ ချင်းလန် ကို ကြည့်ရင်း သူမ လုံးဝ စကားမပြောနိုင်အောင် ဖြစ်သွားလေသည်။
ဒါ ဘာကြီးလဲ....
သူက လူယုတ်မာ ဟုတ်ရဲ့လား။
သူက ရှင်းရှင်းလင်းလင်ကို တကယ့်ထိပ်တန်း လူယုတ်မာပဲ။
အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက် မိုးရေထဲမှာ စိုရွှဲနေတာကို မြင်ရက်နဲ့ နှစ်သိမ့်မှု မပေးတာက ထားလိုက်ပါတော့ ဒီတိုင်း ကြည့်ချင်တယ် ဆိုရင်လည်း ပြီးတာပါပဲ၊ ဒါပေမဲ့ ဘာလို့ ကားဆီ ပြန်သွားပြီး ကိုယ်ရံတော်ကိုပါ ခေါ်ထုတ်ပြီး သူ့ရှေ့မှာ ရပ်ပြီး ပွဲကြည့်ခိုင်းရတာလဲ။
ဒါက အရှက်ခွဲတာ မဟုတ်ဘူးလား။