အခန်း (၆၃) ချင်းလန်ရဲ့ တကယ့်ပုံစံကို ဖော်ထုတ်ခြင်း
ပိုင်မိသားစု အိမ်တော်ဝင်းတွင် မနက်စောစော အချိန်ရောက်နေပြီ ဖြစ်၍ ကောင်းကင်ကြီးက စတင် လင်းလက်လာနေပြီ ဖြစ်လေသည်။
စာကြည့်ခန်းထဲတွင် ရှိနေသော ပိုင်ရှောက်ချွမ် သည် တစ်ညလုံး ဒေါသထွက်ကာ အိပ်မပျော်ပေ။
တစ်ညလုံး ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ရဲစခန်းဆီကရော နဂါးနက် အသင်း ဆီကရော ဘာသတင်းမှ မကြားရသေးပေ။
ဒီကိစ္စကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူမှုက ကြီးမားလွန်းလို့ ထျန်ဟိုင်မြို့ ရဲ့ နေရာအများစုကို တုန်လှုပ်စေခဲ့လေသည်။
ထျန်ဟိုင်မြို့ ရဲ့ လေဆိပ် နဲ့ ရထားဘူတာရုံတွေက အထူး ဂရုစိုက် စောင့်ကြည့်ခံရနေရလေသည်။
မနေ့ညက သူ့သား ပြန်ပေးဆွဲ ခံလိုက်ရတာ သူတို့ ဘယ်ကိုများ ထွက်ပြေးနိုင်မှာလဲ။
“ရှောင်ယဲ့ သားကို နာကျင်အောင် လုပ်တဲ့ ဘယ်သူ့ကိုမဆို အဖေ လွှတ်ပေးမှာ မဟုတ်ဘူး”
ပိုင်ရှောက်ချွမ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံကြိတ်ကာ မျက်လုံးများ နီရဲလာလေသည်။
အဲ့ဒီအချိန်မှာပဲ တံခါးပွင့်လာပြီး မျက်နှာ ဖြူဖျော့နေသော ရဲ့ဖန် သည် အပြင်မှ လမ်းလျှောက် ဝင်လာလေသည်။
ပိုင်ရှောက်ချွမ် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ့ကို ကြိုဆိုကာ မျှော်လင့်ချက်ဖြင့် မေးလိုက်လေသည်။
“မစ္စတာ ရဲ့၊ ကျွန်တော့်သားနဲ့ ပတ်သက်ပြီး သတင်းရတာများ ရှိလား။”
သူက ရဲ့ဖန် ရဲ့ နောက်ခံနဲ့ နေရာတိုင်းမှာ အဆက်အသွယ် ရှိတာကို သိထားတာကြောင့် သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားဆဲ ဖြစ်လေသည်။
ရဲ့ဖန် ခေါင်းခါလိုက်လေသည်။
“မရှိဘူး ရဲတွေနဲ့ နဂါးနက် အသင်း ဘက်ကရော ဘယ်လိုလဲ”
သူ သတင်းမရတာတင် မကဘူး၊ တိတိကျကျ ပြောရရင် သူ လိုက်ရှာဖို့တောင် စိတ်ကူးမရှိခဲ့ပေ။ ပထမအချက်က သူ ဒီရက်ပိုင်း စိတ်အခြေအနေ မကောင်းလို့ ဒီကိစ္စတွေကို စိတ်မဝင်စားပေ။
ဒုတိယအချက်က မနေ့ညက ဘာစားမိမှန်း မသိဘဲ အန်တာရော ဝမ်းသွားတာရော ဖြစ်ပြီးတော်တော်လေး ဒုက္ခရောက်ကာ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရလို့ပင်။
ဒီကာလအတွင်း သူ တဖြည်းဖြည်း စိတ်မသက်မသာ ပိုဖြစ်လာသည်။
တစ်ခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲ စိတ်တိုလာတတ်ပြီး လှပတဲ့ မိန်းမတစ်ယောက်ကို မြင်ရင် သူမ သူ့ကို ကြိုက်နေမှာပဲလို့ မကြာခဏ ထင်မိတတ်သည်။
ဒါပေမဲ့ တကယ်တမ်း စကားသွားပြောကြည့်တဲ့အခါကျတော့ သူမက သူ့ကို လုံးဝ ဂရုမစိုက်ပေ။
ကံတရားနဲ့ ပတ်သက်ရင်လည်း အလွန် ဆိုးရွားနေသည်။
ပိုင်ရှောက်ချွမ် က သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး မျက်နှာ ဖြူဖျော့နေတာကို သတိထားမိရာ တစ်ညလုံး လိုက်ရှာထားလို့ ဖြစ်မယ်လို့ ယူဆလိုက်လေသည်။
သူက စိတ်ရှည်လက်ရှည် သက်ပြင်းချလိုက်ပြီး
“အဲ့ဘက်မှာလည်း သတင်း မရသေးဘူး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာ ရဲ့။ ဒါပေမဲ့ ဒီကိစ္စမှာ ခင်ဗျားရဲ့ အကူအညီ လိုသေးတယ်။ ပြီးသွားရင် ကျွန်တော် အရမ်း ကျေးဇူးတင်မိမှာပါ”
ရဲ့ဖန် က စိတ်ချစေရန် ခေါင်းညိတ်ပြလိုက်လေသည်။
“စိတ်မပူပါနဲ့၊ ပြန်ပေးဆွဲသမားတွေက ပိုက်ဆံ လိုချင်ကြတာ ဖြစ်လောက်တယ်၊ သခင်လေး ပိုင် ကို သူတို့ ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး။”
သူ စကားဆုံးတာနဲ့ ပိုင်ရှောက်ချွမ် ဆီ ရဲစခန်းက ဖုန်းဝင်လာလေသည်။ ရဲအရာရှိရဲ့ ပြောစကားကို နားထောင်ပြီးနောက် ပိုင်ရှောက်ချွမ် စကားမပြောနိုင်အောင် မှင်တက်သွားလေသည်။
သူ ကိုင်ထားတဲ့ ဖုန်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။
သူ့မျက်လုံးတွေက ဝေဝါးသွားပြီး အသက်မဲ့နေကာ ဆယ်နှစ်လောက် အိုစာသွားသလို ဖြစ်နေလေသည်။ အဲ့ဒီနောက် သူ့မျက်လုံးထဲကနေ ဒေါသလှိုင်းလုံးကြီး ပေါက်ကွဲထွက်ပေါ်လာလေသည်။
“ဘယ်သူလဲ ဘယ်သူက ငါ့သားကို သတ်လိုက်တာလဲ”
ဟိန်းဟောက်သံကြီးက စာကြည့်ခန်းထဲ ပဲ့တင်ထပ်သွားကာ ပိုင်ရှောက်ချွမ် က အဝတ်အစားတောင် မလဲနိုင်တော့ ဘဲအပြေးထွက်သွားလေသည်။
ရဲ့ဖန် ကတော့ အံ့ဩမှင်တက်ပြီး ဒုက္ခရောက်နေသလို ရပ်ကျန်ရစ်ခဲ့လေသည်။
နောက်နေတာလား သူက ပိုင်ရှောက်ယဲ့ ဘာမှ မဖြစ်လောက်ပါဘူးလို့ ပြောပြီးကာရှိသေး၊ နောက်ထပ် ဖုန်းဝင်လာပြီး ပိုင်ရှောက်ယဲ့ အသတ်ခံလိုက်ရပြီတဲ့လား။
ဒါ ကံဆိုးတာပဲလား။
အခြားတစ်ဖက်တွင်........
ကျန်းနန် အမှတ် ၁ ဗီလာ ရပ်ကွက်
မူယွီယန် ၏ နေအိမ်
ဧည့်ခန်းထဲတွင် ဝက်ဝံရုပ်ပုံ တီရှပ်အဖြူ ဝတ်ထားသော ကောင်မလေး တစ်ယောက်က ဆိုဖာပေါ် ထိုင်နေလေသည်။
သူမက သွယ်လျတဲ့ လက်လေးတွေနဲ့ မူယွီယန် ရဲ့ ပခုံးကို နှိပ်နယ်ပေးရင်း တိုးတိုးလေး ပြောလိုက်လေသည်။
“မမမူ ဒီနေ့ အလုပ်လုပ်ဖို့ စိတ်မပါဘူးဆိုရင် ကျွန်မနဲ့အတူ ဈေးဝယ်ထွက်ရအောင်လေ ကျွန်မတို့ ဈေးဝယ်မထွက်တာ ကြာပြီပဲ”
မူယွီယန် က သူမကို ဘေးတိုက် ကြည့်လိုက်ပြီး စိတ်မပါသလို ခေါင်းခါလိုက်လေသည်။
“စိတ်မဝင်စားဘူး။”
လင်းယိုချူ က ချွဲနွဲ့သလို နှာခေါင်းရှုံ့လိုက်ပြီး မူယွီယန် ရဲ့ လက်မောင်းကို ညင်သာစွာ လှုပ်ခါလိုက်လေသည်။
“မမ မူ၊ ကျွန်မတို့ အတူတူ ရုပ်ရှင်သွားကြည့်ရင်ကော ဟာသကားသစ် တစ်ကား ထွက်ထားတယ်၊ သုံးသပ်ချက်တွေက တော်တော်ကောင်းတယ်တဲ့။ သွားကြည့်ပြီး စိတ်ပြေလက်ပျောက် ဖြစ်အောင် လုပ်ကြရအောင်လေ၊ နော်...”
“ငါ စိတ်မပါဘူး။”
မူယွီယန် က ထပ်မံ ငြင်းပယ်လိုက်ပြီး စိတ်ပျက်စွာ မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ယိုချူ၊ ငါ့ကို မမ မမ လို့ ခေါ်နေတာ ရပ်လိုက်တော့၊ နင်က ငါ့ထက် တစ်လ ပိုကြီးတာလေ”
လင်းယိုချူ စိတ်ထဲကနေ တွေးလိုက်လေသည်။
“သူမက အသက်ပိုကြီးပေမယ့် ပိုငယ်သလို ထင်ရတယ်။ နည်းနည်း ပိုပြီး ကလေးဆန်ဆန် ဝတ်လိုက်ရင် လူအများစုက အထက်တန်း ကျောင်းသူလို့ ထင်သွားကြမှာ”
ငါ မူယွီယန် ကို
“မမ”
လို့ ခေါ်တုန်းက ဘယ်တုန်းကမှ အငြင်းမခံခဲ့ရဖူးဘူး၊ ဒါ ပထမဆုံးအကြိမ်ပဲ။
သိသာပေသည်။ မူယွီယန် ရဲ့ နှလုံးသားက အဲ့ဒီ လူယုတ်မာကြောင့် ကွဲကြေသွားပြီပဲ။
သူမ မကျေမနပ် ညည်းညူလိုက်လေသည်။
“ယွီယန်၊ သူက လူယုတ်မာ တစ်ယောက်ပဲ ဒီလောက်ထိ ဝမ်းနည်းနေဖို့ လိုလို့လား အလုပ်မသွားတာက ထားလိုက်ပါတော့၊ ငါ့ကိုပါ လျစ်လျူရှုနေတယ်။ နင် ငါ့ကို အချစ်ဆုံး သူငယ်ချင်းလို့ သတ်မှတ်သေးရဲ့လား နင့်မျက်လုံးထဲမှာ ငါ့ကို ကိုယ့်လူလို သဘောထားသေးရဲ့လား”
မူယွီယန် က တီဗီကို တွေဝေငေးမော ကြည့်နေပြီး ခေါင်းမလှည့်ဘဲ တိုးတိုးလေး ပြောလိုက်လေသည်။
“နင်သာ မဟုတ်ရင် ငါ ချင်းလန် အကြောင်း နင့်ကို ပြောပြမယ်လို့ ထင်နေလား”
မူယွီယန် ရဲ့ နှလုံးသားထဲမှာ လင်းယိုချူ က သူမရဲ့ အချစ်ဆုံး သူငယ်ချင်း အဖြစ် အလွန် မြင့်မားတဲ့ နေရာ ရထားလေသည်။ မဟုတ်ရင် သူမ ချင်းလန် အကြောင်း ပြောပြခဲ့မှာ မဟုတ်ပေ။
“တန်လို့လား သူက လူယုတ်မာ တစ်ယောက်လေ။ ယွီယန်၊ နင်က အရမ်း တော်တာ၊ ဘာလို့ ဒီကောင်ကို ဒီလောက် စွဲလမ်းနေရတာလဲ လူယုတ်မာ အားလုံးက အတူတူပဲ။ အခု သူ ဂရုမစိုက်သလို နေတာကို အလိမ်မခံနဲ့၊ သူ တိတ်တဆိတ် ပျော်နေလောက်ပြီ နင် ဒီလောက် ဝမ်းနည်းပူဆွေးနေတာ သိရင် သူ အရမ်းပျော်ပြီး ဂုဏ်ယူနေမှာ၊ တခြားသူတွေကိုတောင် လိုက်ကြွားနေဦးမှာ”
လင်းယိုချူ ၏ လေသံတွင် နာကြည်းမှုများ ပြည့်နှက်နေလေသည်။ ဆက်ဆံရေး တစ်ခု စတင်ပြီးမှ အမျိုးသမီးကို စွန့်ပစ်လိုက်တဲ့ လူယုတ်မာတွေ၊ အထူးသဖြင့် မြို့တော်က လူရှုပ်လူပွေ အသိုင်းအဝိုင်းက လူတွေကို သူမ အများကြီး မြင်ဖူးလေသည်။
အဲ့ဒီ လူယုတ်မာတွေက ကောင်မလေးတွေကို ဘယ်လို ရအောင်ယူမလဲ ဆိုတာကိုပဲ အချိန်တိုင်း ပြောနေကြပြီး၊ လူတွေအပေါ် ပိုက်ဆံနဲ့ ပေါက်တတ်ကြသည်။ သူတို့က ရွံစရာ ကောင်းလိုက်တာ။
မူယွီယန် က ခေါင်းအေးအေးထားနိုင်ပြီး ဒီလို လူယုတ်မာတွေရဲ့ ထောင်ချောက်ထဲ ကျရောက်မှာ မဟုတ်ဘူးလို့ သူမ မူလက ထင်ခဲ့သည်။
အနည်းဆုံး လွန်ခဲ့တဲ့ လဝက်လောက်တုန်းက မူယွီယန် မှာ ချင်းလန် အပေါ် ဘာခံစားချက်မှ မရှိခဲ့သလို မုန်းတယ်လို့တောင် ပြောလို့ရခဲ့သည်။
သူမက ချင်းလန် ရဲ့ မကောင်းတဲ့ အချက်တွေကို မကြာခဏပြောလေ့ ရှိခဲ့သည်။
ဒါပေမယ့် အချိန်တိုအတွင်း မူယွီယန် ရဲ့ ချင်းလန် အပေါ် သဘောထား ဒီလောက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားလိမ့်မယ်လို့ လင်းယိုချူ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ဒါက တော်တော်ကိုတုန်လှုပ်စေတဲ့ ပြောင်းလဲမှုကြီးပဲ။
“ဒါ ချင်းလန် ပဲလေ ဒီကောင် တမင်သက်သက် လုပ်တာသေချာတယ် သူက နင့်ကို မျှော်လင့်ချက် ထားစေချင်ရုံ သက်သက်ပဲ။ဒါက လူယုတ်မာတွေ သုံးနေကျ နည်းဗျူဟာပဲ”
“တစ်ခုရှိတာက ယွီယန်၊ နင်က နေ့တိုင်း ကုမ္ပဏီ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ တခြား ရည်းစားထားဖူးတဲ့ ကောင်မလေးသာ ဆိုရင် ဒီလို အောက်တန်းစား လှည့်ကွက်မျိုးကို ဘယ်တော့မှ ခံရမှာ မဟုတ်ဘူး”
“စောင့်ကြည့်နေလိုက်၊ နင် ချင်းလန် အပြင်ထွက်လာအောင် မျှားခေါ်လိုက်၊ ငါ့မှာ သူ့ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာဖုံးကို ခွာချဖို့ နည်းလမ်းပေါင်း တစ်ရာ ရှိတယ်”
မူယွီယန် လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
“မဆင်မခြင် ဘာမှ မလုပ်နဲ့။ ဒါက နင်နဲ့ ဘာမှ မဆိုင်ဘူး။ ငါ့ကို နောက်ထပ် ပြဿနာ မရှာပေးနဲ့တော့။ ဒီရက်ပိုင်း ငါ့ခေါင်းထဲမှာ အကြောင်းအရာတွေ အများကြီး ရှိနေပြီးသား။”
လင်းယိုချူ ရဲ့ စေတနာကို သူမ နားလည်ပေမယ့် သူမ အချစ်ဆုံး သူငယ်ချင်းရဲ့ စရိုက်ကို ကောင်းကောင်း သိလေသည်။
သူမက ထူးဆန်းပြီး ဆိုးသွမ်းတတ်တယ်၊ သူမ ဘယ်လောက် တော်ကြောင်း အမြဲ ပြောတတ်ပေမယ့် တကယ်တမ်းကျတော့ အပြောသာ ရှိပြီး လက်တွေ့ မရှိပေ။
သူမက ဆရာကြီး လို ဟန်ဆောင်နေပေမယ့် သူမက ရည်းစား တစ်ခါမှ မထားဖူးပေ။
လင်းယိုချူ က မူယွီယန် ရဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်ပြီး မနာလိုစိတ်နဲ့ အေးစက်စွာ နှာမှုတ်လိုက်ကာ အာနင် ကို ကြည့်ပြီး စကားစပြောလိုက်လေသည်။
“မမ အာနင်၊ ယွီယန် ဒီလိုစိတ်ဓာတ်ကျနေတာကို ဆက်ကြည့်နေချင်သေးလား အပြင်လူ တစ်ယောက် အနေနဲ့ ချင်းလန် ဘယ်လို လူစားလဲ ဆိုတာ မမ ကောင်းကောင်း သိသင့်တယ်”
“ယွီယန် က အရွယ်ရောက်စ အပျိုဖော်ဝင်ချိန်ကို ဖြတ်သန်းနေတယ် ဆိုရင်တောင် ဒီလို လူယုတ်မာမျိုးနဲ့ မပတ်သက်သင့်ဘူး။ ငါ့ကို ကူညီပေး ငါတို့ ပူးပေါင်းပြီး ယွီယန် ကို ကူကြရအောင်။”
ချင်းလန် ရဲ့ တကယ့်ပုံစံ ပေါ်လာတာနဲ့ အားလုံး ပျော်ရွှင်သွားကြလိမ့်မယ်။
မူယွီယန် က စူးရှစွာ ပြန်ပြောလိုက်လေသည်။
“နင် ဘယ်လိုလုပ် ရဲတာလဲ”
လင်းယိုချူ က သွားဖြဲပြီး လက်သည်းထုတ်ကာ ရှေ့သို့ ခုန်အုပ်လိုက်ပြီး ဦးဆောင်လိုက်လေသည်။
“ဘာကြောက်စရာ ရှိလို့လဲ မမေ့နဲ့နော်၊ ငါက တိုက်ကွမ်ဒိုနှစ်နှစ် သင်ထားတဲ့ သင်တန်းသူပဲ”
မိနစ် အနည်းငယ် ကြာပြီးနောက်
မူယွီယန် ထိန်းချုပ်ခံလိုက်ရလေသည်။ အာနင် ဘေးမှာ ရပ်နေပြီး အကူအညီမဲ့နေပုံ ပေါက်ကာ ပြောလိုက်လေသည်။
“သခင်မလေး၊ တကယ်ပဲ အပြင်လူ တစ်ယောက် အနေနဲ့ သခင်မလေး ဒီလို ဖြစ်နေတာ မြင်ရတာ စိတ်မကောင်းပါဘူး။ မစ္စ လင်း ပြောတာ မှန်ကောင်း မှန်နိုင်ပါတယ်။ ချင်းလန် ကလူယုတ်မာ တစ်ယောက် တကယ် ဖြစ်နေရင်ကော”
“ယွီယန်၊ ရုန်းမနေနဲ့တော့။ ချင်းလန် ဒီနေ့ သေချာပေါက် အရှက်ကွဲရတော့မယ်”
လင်းယိုချူ က မူယွီယန် ရဲ့ ဖုန်းနဲ့ ခဏလောက် ကစားပြီးနောက် မျက်နှာပြင်ကို မြှောက်ပြကာ အောင်နိုင်သူလို ပြောလိုက်လေသည်။
“အကုန် စီစဉ်ပြီးပြီ။ နေရာက ငါ့ဟိုတယ်ပဲ ငါ ချင်းလန် ရဲ့ တကယ့်ပုံစံကို ဘယ်လို ဖော်ထုတ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်”
လင်းယိုချူ ၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုများ ပြည့်နှက်နေလေသည်။
သူမမှာ ချင်းလန် ရဲ့ တကယ့်ပုံစံကို ဖော်ထုတ်ဖို့ လှည့်ကွက်တွေ မရေမတွက်နိုင်အောင် ရှိနေလေသည်။
လင်းယိုချူ က သာမန် လူယုတ်မာ တစ်ယောက်ကို လက်ချောင်းလေး တစ်ချက် လှုပ်ရုံနဲ့ ဖော်ထုတ်နိုင်လေသည်။
ဟင်းဟင်း.......
နင် တခြား မိန်းကလေးတွေကို အနိုင်ကျင့်ချင် ကျင့်လို့ ရမယ်၊ ဒါပေမဲ့ လင်းယိုချူ ရဲ့ အချစ်ဆုံး သူငယ်ချင်းကို အနိုင်ကျင့်ချင်တယ် ဟုတ်လား။
လင်းယိုချူ ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အပြုံးများ ပြည့်နှက်နေကာ သူမ စိတ်ထဲကနေ တွေးလိုက်လေသည်။
“ချင်းလန်၊ ငါ နင့်ကို မျက်နှာသာ မပေးဘူးလို့ အပြစ်မတင်နဲ့နော်။ နင်က ပစ်မှတ် မှားရွေးလိုက်တာကိုး။ ဒီတစ်ခါ ငါ နင့်ကို ဘယ်လို ကိုင်တွယ်မလဲ၊ နင့်ကို ဘယ်လို မျက်နှာပျက်အောင် လုပ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်”