အခန်း (၆၀) ဥက္ကဋ္ဌက မန်နေဂျာဆီ ခွင့်တိုင်ခြင်း
ညစာစားပွဲတွင် ဆုံးမစကား ကြားရပြီးနောက် ပိုင်ရှောင်ယွင် အလွန်အမင်း ရှက်ရွံ့သွားလေသည်။
သူမအစ်မက သူမအတွက် အများကြီး လုပ်ပေးခဲ့ပေမယ့် သူမက ကျေးဇူးမတင်တဲ့အပြင် စိတ်ကောက်ပြီး အစာမစားဘဲ နေခဲ့တာကြောင့် အစ်မဖြစ်သူကို ဝမ်းနည်းစေခဲ့လေသည်။
ဒီလိုလုပ်ခြင်းအားဖြင့် သူမက အစ်မဖြစ်သူရဲ့ ဒဏ်ရာပေါ် ဆားသိပ်သလို ဖြစ်နေတာ သံသယဖြစ်စရာ မရှိပေ။
“တောင်းပန်ပါတယ် အစ်ကို။ ညီမ မှားမှန်း သိပါပြီ။ ညီမ ခေါင်းမမာသင့်ဘူး။ ညီမ ဝမ်းနည်းသွားလို့ပါ။”
ပိုင်ရှောင်ယွင် နှုတ်ခမ်းစူလိုက်ပြီး သူမအမှားကို သဘောပေါက်ကာ စိတ်မဆိုးသင့်ဘူးဆိုတာ နားလည်လိုက်လေသည်။
ချင်းလန် က သူမခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
“ဘာလို့ အစ်ကို့ကို တောင်းပန်နေတာလဲ မင်းအစ်မကို တောင်းပန်သင့်တာ။”
ပိုင်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး တောက်ပြောင်နေသော ဖိနပ်လေးနှင့် အဖြူရောင် ခြေအိတ်ရှည် ဝတ်ထားသော ခြေထောက်များဖြင့် ထိုင်ခုံမှ ချက်ချင်း ထရပ်ကာ မျက်နှာချင်းဆိုင်ရှိ ပိုင်ရူယွီ ဆီသို့ ပြေးသွားလေသည်။
သူမ၏ ပန်းရောင် ဂါဝန်လေး တလွင့်လွင့်နှင့် ယိမ်းနွဲ့သွားလာနေပုံမှာ အလွန်အမင်း ချစ်စရာ ကောင်းနေလေသည်။
ထမင်းစားပြီးခါစဖြစ်၍ တူနှင့် ပန်းကန်လုံးကို ချကာ ပြုံးနေသော ပိုင်ရူယွီ ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ယွင် ရုတ်တရက် ခုန်အုပ်လိုက်ပြီး ပိုင်ရူယွီ ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ လည်ပင်းကို ဖက်လိုက်လေသည်။
“အစ်မ၊ တောင်းပန်ပါတယ်၊ ညီမ မရည်ရွယ်ပါဘူး။ ညီမ အရမ်း ဒေါသထွက်သွားလို့ပါ။ အဖေ ညီမတို့ကို ဆက်ဆံပုံကို မြင်ပြီး အရမ်း ဝမ်းနည်းတယ်လို့ ခံစားလိုက်ရလို့ပါ။”
ပိုင်ရှောင်ယွင် က အစ်မဖြစ်သူရဲ့ ရင်ခွင်ထဲမှာ သက်တောင့်သက်သာ ရှိမယ့် အနေအထားကို ရွှေ့လိုက်ပြီး ပြတ်သားစွာ ရေရွတ်လိုက်လေသည်။
“နောက်ဆိုရင် ညီမ အစ်မကို ဘယ်တော့မှ စိတ်မဆိုးတော့ပါဘူး။”
အစ်ကို့စကားကို ကြားပြီးနောက် သူမရဲ့ လုပ်ရပ်တွေက ဘယ်လောက် နာကျင်စေလဲ ဆိုတာ ပိုင်ရှောင်ယွင် သဘောပေါက်သွားလေသည်။
အစ်မဖြစ်သူက သူမကို အချစ်ဆုံးဆိုတာ သူမ သိသည်။
သို့သော် မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ စိတ်ကောက်မှု သေးသေးလေးတွေက အစ်မဖြစ်သူကို စိတ်ဆင်းရဲစေခဲ့လေသည်။
ပိုင်ရှောင်ယွင် အပြစ်ရှိသလို ခံစားရပြီး အစ်မဖြစ်သူရဲ့ မျက်လုံးတွေကို ကြည့်ဖို့တောင် နည်းနည်း ရှက်နေမိလေသည်။
ပိုင်ရူယွီ က မျက်နှာချင်းဆိုင်က ချင်းလန် ကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်လေသည်။ သူမ ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူမ လက်လှမ်းပြီး ညီမလေးရဲ့ ပါးပြင်ကို ဆွဲညှစ်လိုက်ကာ ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်လေသည်။
“ယွင်ယွင် ပျော်ရင် ပြီးတာပါပဲ။ အစ်မ စိတ်မဆိုးပါဘူး။ အစ်မက ညီမလေးကို အမြဲတမ်း စောင့်ရှောက်ပေးမှာပါ။”
ဒီနေ့ကစပြီး အစ်မနဲ့ ညီမလေး ဒီအိမ်မှာ အတူတူ နေကြမယ်၊ တို့နှစ်ယောက်တည်း ပိုင်ဆိုင်တဲ့ အိမ်လေးပေါ့။
ဘယ်လောက်ပဲ ဝမ်းနည်းတယ်လို့ ခံစားရပါစေ ပိုင်ရူယွီ ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပေ။
ဒါက သူမရဲ့ ညီမအရင်းလေး သူမ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ပြီး အရမ်း ချစ်ရတဲ့ ညီမလေးကို ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ။
ဘေးနားက ချင်းလန် ကို ကြည့်ရင်း ပိုင်ရူယွီ ရင်ထဲမှာ နွေးထွေးတဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်ပေါ်လာလေသည်။
ပိုင်မိသားစု မရှိတော့ရင် သူမ ပိုပြီး လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းနိုင်မလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
“ဟုတ်တယ် ညီမတို့ သုံးယောက်တည်း ပိုင်ဆိုင်တဲ့ အိမ်လေး၊ အဲ့ဒီမှာ အစ်ကိုလည်း ရှိတယ်”
ပိုင်ရှောင်ယွင် က အလေးအနက် ခေါင်းညိတ်လိုက်ပြီး ချင်းလန် ကို မိသားစုဝင် အဖြစ် ထည့်သွင်းဖို့ မမေ့ပေ။
အဲ့ဒီနောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ ရေရွတ်လိုက်လေသည်။
“ညီမ စိတ်မဆိုးတော့ပါဘူး။ ညီမကို ချစ်တဲ့ အဖေ မရှိတော့ပေမယ့် ညီမမှာ အစ်ကို ရှိနေသေးတာပဲ။ အစ်ကိုက အဖေ့ထက် အများကြီး ပိုကောင်းတယ်။ အဖေ့ကို ညီမ ဂရုမစိုက်တော့ဘူး”
ပြီးတော့ အစ်မမှာ ညီမပဲ ကျန်တော့တာ။ ညီမ အစ်မကို ကောင်းကောင်း စောင့်ရှောက်ပေးမယ်။
ပိုင်ရူယွီ ကိုယ့်ဘာသာကိုယ် ခါးသက်သက် ပြုံးလိုက်မိလေသည်။
ညီမလေးက
“အစ်ကို”
လို့ ထပ်ခါထပ်ခါ ခေါ်နေတာ ကြားရတော့ ထူးဆန်းတဲ့ မသက်မသာ ဖြစ်မှု တစ်ခု ခံစားလိုက်ရလေသည်။
မနာလို ဖြစ်တာတော့ မဟုတ်ပေ နည်းနည်း ထူးဆန်းပြီး နေရခက်သလို ခံစားရရုံပင်။
ဟုတ်တယ်...
ညီမလေးက သူမအစ်ကိုက သူမကို ချစ်တယ်လို့ ပြောနေပေမယ့် သူမ မသိတာက သူမအစ်ကိုက သူမ အစ်မနဲ့ တူတူနေဖူးပြီးပြီဆိုတာကိုပင်။
ချင်းလန် ကို တွေးလိုက်တိုင်း အဲ့ဒီညရဲ့ အချိန်တွေကို ခံစားနေရမိလေသည်။
………………..
ညီအစ်မနှစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ သံယောဇဉ် ရှိပြီး ရင်းနှီးတဲ့ စကားလုံးတွေ ဖလှယ်နေကြလေသည်။
ခဏကြာတော့ အချိန်လင့်နေပြီ ဖြစ်၍ ချင်းလန် မတ်တပ်ရပ်လိုက်ပြီး လက်ချင်းချိတ်ထားသော ညီအစ်မနှစ်ယောက်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက် ဒီလောက် သင့်မြတ်နေတာ မြင်ရတာ ဝမ်းသာပါတယ်။ ဒီည ညီအစ်မ နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး။”
“အစ်ကိုက ပြန်တော့မလို့လား အခုမှ ရောက်တာကို။”
ပိုင်ရှောင်ယွင် နှုတ်ခမ်းစူလိုက်ပြီး မလိုလားတဲ့ပုံ ပေါက်နေလေသည်။
ပိုင်ရူယွီ က ညီမလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး အပေါ်ထပ် တက်ဖို့ တိုက်တွန်းလိုက်ကာ ချင်းလန် ကို ဒီမှာ ဆက်နေအောင် အကောင်းဆုံး ကြိုးစားပါ့မယ်လို့ တိတ်တဆိတ် ကတိပေးလိုက်လေသည်။
အဲ့ဒီတော့မှ ပိုင်ရှောင်ယွင် က ခြေလှမ်းအနည်းငယ် လှမ်းတိုင်း နောက်လှည့်ကြည့်ရင်း အပေါ်ထပ်သို့ တက်သွားလေသည်။
ဧည့်ခန်းထဲမှာ တိတ်ဆိတ်သွားပြီး ချင်းလန် နဲ့ ပိုင်ရူယွီ သာ ကျန်ရစ်ကာ တစ်ယောက်နဲ့တစ်ယောက် ကြောင်တောင်တောင် ကြည့်နေမိကြလေသည်။
“ဘာလဲ၊ ငါ ဒီမှာ နေတာက မင်းတို့ ညီအစ်မနှစ်ယောက်ကို နှောင့်ယှက်သလို ဖြစ်နေတယ်လို့ မထင်ဘူးလား”
ချင်းလန် က နောက်ပြောင်သလို ပြောလိုက်လေသည်။
ပိုင်ရူယွီ ဆွဲဆောင်မှု ရှိစွာ မျက်လုံး လှန်ကြည့်လိုက်ပြီး နှာမှုတ်လိုက်လေသည်။
“ရှင် ဘယ်လို ထင်လို့လဲ ယွင်ယွင် က ရှင့်ကို အရမ်း ဂရုစိုက်နေတော့ ကျွန်မက အစ်မကြီး တစ်ယောက် အနေနဲ့ နည်းနည်း မနာလို ဖြစ်မိတယ်။”
“အရမ်း နောက်ကျနေပြီ၊ ဘာကိစ္စ ပြန်မှာလဲ အိမ်မှာ နားလို့ရတဲ့ အခန်းတွေ ရှိပါတယ်။ တကယ် လိုအပ်ရင် ကျွန်မ ယွင်ယွင် အခန်းမှာ သွားအိပ်မယ်၊ ရှင် ကျွန်မ အခန်းမှာ အိပ်လိုက်လေ။”
ချင်းလန် ခေါင်းခါလိုက်လေသည်။
“ဒါဆို နေရတာ ပိုပြီးတောင် အဓိပ္ပာယ် မရှိတော့ဘူး။ မင်း မရှိရင်ငါနေပြီး ဘာလုပ်ရမှာလဲ”
သူက ပိုင်ရူယွီ ရဲ့ သွယ်လျပြီး ဆွဲဆောင်မှု ရှိတဲ့ ကောက်ကြောင်းတွေကို ရယ်ချင်စိတ်နဲ့ ငေးကြည့်လိုက်လေသည်။
ပိုင်ရူယွီ ခဏလောက် တွန့်ဆုတ်နေပြီးမှ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်လေသည်။
“ရှင် ဒီလောက် ညဉ့်နက်ကြီး ကျွန်မကို ကူညီပေးခဲ့တာဆိုတော့၊ ရှင် ဒီမှာ နေပြီး ယွင်ယွင် အိပ်ပျော်သွားတာနဲ့ ကျွန်မ ရှင့်ဆီ လာခဲ့မယ်။”
ချင်းလန် ကူညီပေးခဲ့လို့ ကျေးဇူးတင်တာလား၊ ဒါမှမဟုတ် မကြာသေးမီက သူမ တကယ်ပဲ ရင်ထဲမှာ ဟာတာတာ ဖြစ်နေလို့လား ဆိုတာ မရှင်းလင်းပေ။
တစ်ယောက်တည်း နည်းနည်းလောက် နေလိုက်ရတာနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပြီး ပိုင်ရှောက်ချွမ် ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြီးက စိတ်ထဲမှာ တဖျတ်ဖျတ် ပေါ်လာတတ်လေသည်။
ဆန့်ကျင်ဘက် အနေနဲ့ ချင်းလန် နဲ့ အတူရှိနေရင် အနိုင်ကျင့်ခံရပြီး နည်းနည်း နာကျင်ရပေမယ့်၊ ပြီးသွားတဲ့အခါ စိတ်တွေ လုံးဝ ရှင်းလင်းသွားပြီး ဘာကိုမှ ဂရုမစိုက်တော့တဲ့ ခံစားမှုမျိုးကို သူမ တောင့်တနေမိလေသည်။
သူမ လုံးဝ ဖမ်းစားခံလိုက်ရသလိုပင်။
ချင်းလန် က လိမ္မာပါးနပ်မှု မရှိစွာနဲ့ ငြင်းပယ်လိုက်လေသည်။
“နောက်တစ်ခါမှပေါ့။”
တစ်ဖက်မှာ သူ ဒီည တကယ် လုပ်စရာ ရှိနေလို့ပင် ပိုင်ရှောက်ချွမ် က ပိုင်ရှောက်ယဲ့ ကို ရှာဖို့ ရဲ့ဖန် ကို ခိုင်းထားပြီးပြီ။
ကျွင်းဇီ ကို မယုံလို့ မဟုတ်ပေမဲ့ ရဲ့ဖန် က သွေးဝံပုလွေ ကြေးစားစစ်သားအဖွဲ့ ရဲ့ ခေါင်ဆောင် ဖြစ်ပြီး သူ့ခွန်အားက အလွန် ကြောက်စရာ ကောင်းလေသည်။
အခြေအနေကို သေချာအောင် သူကိုယ်တိုင် အရင်လုပ်ရမယ် မဟုတ်ရင် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမှာကို သူ မလိုလားပေ။
နောက်တစ်ဖက်မှာတော့ သူ ဒီနေ့ တစ်နေ့လုံး မနားမနေ အလုပ်လုပ်ခဲ့ရတာလေ။
နေ့ဝက်လောက်ပဲ ရှိသေးပေမယ့် သူ နည်းနည်း အားနည်းနေသလို ခံစားနေရတုန်းပင်။
ပိုင်ရူယွီ ၏ လှပသော မျက်လုံးများက ချင်းလန် ကို ကြည့်ရင်း ထူးခြားတဲ့ အရိပ်အယောင်များဖြင့် တောက်ပနေလေသည်။
“ရှင် ပြန်ဖို့ ဒီလောက် အလျင်လိုနေတာ မူယွီယန် ကို သွားတွေ့မလို့လား ကျွန်မ ပြောလိုက်မယ်၊ အလှပ ဆေးပြား ကိစ္စကို ကျွန်မဆီ လွှဲထားပြီးပြီနော်။ သူမရဲ့ ဆွဲဆောင်မှုတွေနဲ့ အလိမ်မခံပါနဲ့။”
သူမရဲ့ ဖိတ်ခေါ်မှု ငြင်းပယ်ခံလိုက်ရလို့ နည်းနည်း မသက်မသာ ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် တစ်ခု ဖြစ်သွားလေသည်။
ချင်းလန် သာ မူယွီယန် ကို သွားတွေ့ခဲ့ရင် သူမ ဒေါသထွက်လွန်းလို့ တစ်ညလုံး အိပ်ပျော်မှာ မဟုတ်တော့ပေ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ချင်းလန် ချက်ချင်း ခေါင်းခါလိုက်လေသည်။
“သူနဲ့ ဘာဆိုင်လို့လဲ”
သူ ရှေ့တိုးသွားပြီး ပိုင်ရူယွီ ရဲ့ သွယ်လျတဲ့ ခါးကို ဖက်လိုက်ကာ အလေးအနက် ပြောလိုက်လေသည်။
“ရူယွီ ကုမ္ပဏီ ကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းကို ငါ လုံးဝယုံတယ်။ ငါ လုံးဝ ဝင်မစွက်ဖက်ဘူး။”
“ငါ အာမခံတယ်၊ ဒါပေမဲ့ ကိစ္စတစ်ခု အတွက် မင်းဆီမှာ ခွင့်တောင်းစရာ လိုနေတယ်။”
“ဘာအတွက် ခွင့်တောင်းရမှာလဲ”
ပိုင်ရူယွီ လုံးဝ နားမလည် ဖြစ်သွားလေသည်။
ချင်းလန် က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“မန်နေဂျာ ပိုင် ဆီကနေ တစ်ညလောက် အနားယူဖို့ဥက္ကဋ္ဌကို တစ်ရက်လောက် ခွင့်ပေးဖို့ တောင်းဆိုချင်လို့ပါ။”