အခန်း(၆)ဒဏ်ရာရနေတဲ့ တောကြောငယ်
“ဘာဖြစ်နေတာလဲ။အဝတ်အစားနှစ်စုံ
ရွေးဖို့က အဲဒီလောက်တောင် ခက်ခဲလို့လား။ဘာလို့ ဒီမှာငိုနေတာလဲ။မင်း အဝတ်အစားတွေ ရွေးပြီးပြီလား။”
ချင်းလန်ရဲ့ မျက်နှာကခက်ထန်နေပြီး
အေးစက်စွာ ဆူပူလိုက်သည်။
“သခင်လေး ကျွန်မဆိုင်ပြောင်းလို့
ရမလား။ သခင်လေး ရွေးတဲ့ဆိုင်က အရမ်းဈေးကြီးလွန်းတယ်။ကျွန်မ
မတတ်နိုင်ဘူး။”
စုရှောင်းရှောင်းက ရှိုက်သံပါစွာနဲ့
ပြတ်တောင်းပြတ်တောင်း ပြောလိုက်
သည်။
ချင်းလန်က အေးစက်စွာ မျက်မှောင်
ကြုတ်လိုက်ပြီး
“ဆိုင်ပြောင်းရမယ် အဲဒါဆိုမင်း
အရင်ကဝတ်ခဲ့တဲ့ အဝတ်အစားတွေနဲ့
ဘာကွာတော့မှာလဲ။ဒီဆိုင်မှာပဲဝယ်ရမယ်။ အခု ဝင်တော့။”
သူ့ရဲ့ လေသံက ပြတ်သားနေပြီး
ငြင်းတာကို လက်မခံပေ။
စုရှောင်းရှောင်းကစကားမပြောရဲဘဲ
ချင်းလန်ရဲ့ နောက်ကနေခေါင်းငုံ့ပြီး
ဆိုင်ထဲကို ပြန်ဝင်လာခဲ့တယ်။
“လေကောင်းလေသန့်လေးရမလားမှတ်တယ် အနံ့က ပြန်နံလာပြန်ပြီ”
ရွှေငွေတွေ ဆင်ယင်ထားပြီးတောက်ပစွာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် လျှောက်လာလေသည်။
သူမက ပုပ်နံ့တစ်ခုခုကို အနံ့ရသလိုမျိုး အန်ချင်တဲ့ဟန်နဲ့ နှာခေါင်းကို ပိတ်ထား
လေသည်။
သူမကပြန်ဝင်လာတဲ့ စုရှောင်းရှောင်းကို ကြည့်ပြီး စက်ဆုပ်ရွံရှာစွာနဲ့ ပြောလိုက်
သည်။
“နင့်လိုသန့်ရှင်းရေးသမားက ဒီဆိုင်ကအိတ်တွေဝယ်နိုင်မှာ မလို့လား။
နင်နှစ်လလောက် ထမင်းမစားပဲလုပ်ရင်တောင်မှ တစ်အိတ်ဖိုးတောင် ရမှာမဟုတ်ဘူး။”
“ကျွန်မ... ကျွန်မ တတ်နိုင်ပါတယ်”
စုရှောင်းရှောင်းက ခေါင်းမာစွာ
ကောင်တာဆီသို့ လျှောက်သွားပြီးအိတ်တစ်လုံးရဲ့ ဈေးနှုန်းကိုကြည့်လိုက်တော့
စျေးနှုန်းတွေက သူမရဲ့ အမြင်အာရုံကို
မှုန်ဝါးသွားစေလေသည်။
ဒါ့အပြင် သူမက သခင်လေးမျက်နှာကို
ပျက်စေမယ်ဆိုရင် အလုပ်ထုတ်
ခံရမှာကို ကြောက်နေလေသည်။
ဒီလိုဆိုရင် သူမကို ရဲလက်ထဲ အပ်လိုက်မှာဖြစ်ပြီး သူမရဲ့ ဘဝဟာပျက်စီးသွား
ပေလိမ့်မည်။
“ကျွန်မ... ကျွန်မ အိတ်မဝယ်ဘူး အဝတ်အစား ဝယ်မှာ”
စုရှောင်းရှောင်းက အဝတ်တန်းဆီလျှောက်သွားပြီး တစ်ဖက်ကနေနောက်တစ်ဖက်ကို ထပ်ခါထပ်ခါ လှည့်ပတ်ကြည့်နေပေမယ့် ဘယ်ဟာကို ယူရမလဲမသိပေ။
ကိုးထောင့်ရှစ်ရာရှစ်ဆယ့်ရှစ်
ရှစ်ထောင့်ရှစ်ရာရှစ်ဆယ့်ရှစ်
တစ်သောင်းတစ်ထောင့်ရှစ်ရာ...
သူမက အဝတ်အစား ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်ပြီး ဈေးအသက်သာဆုံးကတောင် ယွမ်ရှစ်ထောင်ကျော် ရှိတာကို
တွေ့လိုက်လေသည်။
သူမဟာ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီး ချွေချွေတာတာ နေထိုင်ကာ ယွမ်ငါးသောင်း စုဆောင်းမိခဲ့သည်။
ဒါပေမယ့် မကြာသေးခင်က
မိဘမဲ့ဂေဟာ က ဒါရိုက်တာက
ကလေးတွေအတွက် ခုတင်တွေဝယ်ဖို့မိတ်ဆွေတွေဆီကနေ အလှူငွေတွေ တောင်းခံတဲ့အခါ စုရှောင်းရှောင်းက
ယွမ် လေးသောင်းငါးထောင်ကို တစ်ခါတည်း လှူဒါန်းခဲ့လိုက်သည်။
သူမမှာအခု ယွမ်ငါးထောင် ကျန်နေပြီး အိမ်လခကြိုပေးပြီးတော့ ဒီပိုက်ဆံက
သူမရဲ့ နေ့စဉ် စားသောက်စရိတ်နဲ့ အသုံးစရိတ်အတွက်ချွေတာ သုံးရင်
လေးလနီးပါးလောက် ခံနိုင်သေးသည်။
ဒါပေမယ့် ဇိမ်ခံပစ္စည်းတွေဝယ်ဖို့ကိစ္စမှာ တော့ တစ်သောင်းကျော်တန်တဲ့ အိတ်တွေထား ဝတ်စုံတစ်ထည်တောင် သူမအခုချက်ချင်း ဝယ်ဖို့ မတတ်နိုင်သလို ဝယ်ဖို့လည်း နှမြောနေမိလေသည်။
အမျိုးသမီးကအဝတ်တန်းရှေ့မှာ
ရပ်နေပြီး သူမရဲ့ နှာခေါင်းရှေ့ကလေကို ယပ်ခတ်နေကာ သူမရဲ့မျက်နှာက လှောင်ပြောင်မှုအပြည့်နဲ့
“ဘာလဲ နင်ဝယ်နိုင်တယ်ဆို ဝယ်လေ
မဝယ်ဘဲဘာလုပ်နေတာလဲ။နင့်လိုသန်ရှင်းရေးသမားတွေက လမ်းဘေးမှာပဲသွားနေသင့်တယ်။အခုလို နေရာတွေကိုလာပြီး
သူများတွေကိုရွံအောင်လာမလုပ်နဲ့”
“သန့်ရှင်းရေးသမားဖြစ်တော့ရောဘာဖြစ်လဲ။ကျွန်မကိုယ့်ဘာသာရှာတဲ့ပိုက်ဆံကသန့်ရှင်းတယ်ပြီးတော့ဘာလို့ ဒီကိုလာလို့
မရရမှာလဲ။ဒီဆိုင်ကရှင်ပိုင်တာမလို့လား။”
စုရှောင်းရှောင်းရဲ့ နူးညံ့တဲ့ခန္ဓာကိုယ်က ဒေါသတကြီး တုန်ယင်နေသည်။
“ကျွန်မ ရှင့်ကိုကျွန်မကို ကြည့်ဖို့လဲမတောင်းဆိုမိပါဘူး။ဘာလို့ ကျွန်မကိုဒီလိုတွေလာပြောနေတာလဲ။ပြီးတော့ကျွန်မ သန့်ရှင်းရေး ယူနီဖောင်း ဝတ်ထားပေမယ့်သေချာလျှော်ထားပါတယ်။အနံ့ဆိုးလုံးဝ
မရှိပါဘူး။ဘာလို့ ကျွန်မကို ဒီလိုဆဲဆိုနေတာလဲ။ပြီးတော့လဲ ကျွန်မရှင့်ကိုမစော်ကားမိပါဘူး။ဘာလို့လာပြီး အနိုင်ကျင့်နေရတာလဲ”
ရက်ရက်စက်စက် အပြောခံရတဲ့
စုရှောင်းရှောင်းဟာ အခုတော့အမွေးတွေ ထောင်နေတဲ့ တောကြောင်ငယ်တစ်ကောင်လို ထိုမိန်းမကို ပြန်လည်ပြောဆိုနေလေသည်။
သို့သော်လည်း သူမရဲ့သဘာဝအရ
အရမ်းကြောက်ရွံ့နေတာကြောင့် သူမရဲ့စကားတွေဟာ နောက်ဆုံးမှာ အားပျော့
လာပြီး မျက်ရည်တွေကျလာလေသည်။
“အိုး ဘုရားရေ ကျေးဇူးပြုပြီးဒီမှာ
မငိုပါနဲ့လား။ငိုချင်ရင် မင်းရဲ့လမ်းဘေး အမှိုက်ပုံကိုပြန်သွား။အရမ်း ဆူညံနေတာ ဘယ်သူမှ ဘာမှမလုပ်ကြတော့ဘူးလား။ အရောင်းဝန်ထမ်းတွေ ဘယ်မှာလဲ။သူ့လိုသန့်ရှင်းရေးသမားကို ဘာလို့ဝင်ခိုင်းထားတာလဲ။”
အမျိုးသမီးရဲ့ အသံ ကြားထဲမှာ
ချင်းလန်က စုရှောင်းရှောင်းရဲ့ဘေးနားမှာ ဒူးထောက်ထိုင်လိုက်ပြီး လက်ကိုင်ပဝါ
တစ်ထည် ကမ်းပေးလိုက်သည်။
“မငိုနဲ့ မျက်ရည်သုတ်လိုက်။”
“ကျေးဇူးတင်ပါတယ်။”
စုရှောင်းရှောင်းက မျက်ရည်သုတ်လိုက်
ပြီး သူမရဲ့နူးညံ့တဲ့ နှာခေါင်းလေးကို ညင်သာစွာ ရှုံ့လိုက်တယ်။
သူမက လက်ထဲမှာ ပဝါကိုကိုင်ထားပြီး
မတ်တပ်ရပ်လိုက်ကာ ချင်းလန်ကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
“တောင်းပန်ပါတယ်။သခင်လေးရဲ့ပဝါကို ကျွန်မညစ်ပတ်သွားမိစေပြီ။ကျွန်မ
ပြန်ရောက်ရင် သန့်ရှင်းအောင်လျှော်ပြီး ပြန်ပေးပါ့မယ်။”
“ဒီပဝါက ငါ့ဟာ မဟုတ်ဘူး။”
ချင်းလန်က အနီးအနားက ပြခန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ငါ အဲဒီကနေ ဆွဲယူလိုက်တာ။”
“အာ”
စုရှောင်းရှောင်းက ဆွံ့အသွားပြီးချက်ချင်းကျောက်ရုပ်လို ဖြစ်သွားလေသည်။
“ရှင်! ရှင်!”
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အမျိုးသမီးက ဒေါသကြောင့် မူးလဲမလို ဖြစ်သွားလေသည်။
သူမက အဲ့ဒီပဝါကို မျက်စိကျနေတာဖြစ်ပြီး သူ့ရဲ့ရည်းစားကို အကြာကြီးပူဆာခဲ့
ပေမယ့် သူကမဝယ်ပေးခဲ့ပေ။အခုတော့
စုရှောင်းရှောင်းက အဲဒါကို ယူပြီးနှာခေါင်း
သုတ်လိုက်တယ်။
“နင်သွားပြီ။နင်တော့ ပြဿနာအကြီးကြီးတတ်ပြီ။နင်က ဝတ်စုံတစ်ထည်တောင်
မဝယ် နိုင်ဘဲကန့်သတ်ထုတ်ထားတဲ့
ပိုးပဝါကို ဖျက်ဆီးပစ်လိုက်တယ်။ဒီပိုးပဝါ ဘယ်လောက်တန်လဲ နင်သိလား။ယွမ် လေးသောင်းနှစ်ထောင်တန်တယ်။ငါတောင် အဲဒါကို ဝယ်ဖို့ ဆုံးဖြတ်ချက်
မချရသေးဘူး။ဒါတောင် မင်းဒီပိုးပဝါကို
နှာခေါင်းသုတ်လိုက်တယ်။”