အခန်း (၅၉) စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များ
“ဒင်! သင်သည် ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း ကို သိမ်းပိုက်လိုက်နိုင်ပါပြီ။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +50000 ရရှိသွားပါပြီ!”
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်းသည် ပြင်းထန်တဲ့ စိတ်ခံစားမှု အတက်အကျ တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +1000 ရရှိသွားပါပြီ။”
နားထဲမှာ စနစ် အသိပေးသံတွေကို ကြားလိုက်ရတော့ ချင်းလန် ထရပ်လိုက်ပြီး အိပ်ပျော်နေတဲ့ စုရှောင်းရှောင်း ကို စောင်ခြုံပေးကာ နဖူးလေးကို ညင်သာစွာ နမ်းလိုက်ပြီး အခန်းထဲက ထွက်သွားလေသည်။
တံခါးပိတ်သွားတဲ့ အချိန်မှာပဲ၊ ကုတင်ပေါ်မှာ အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ စုရှောင်းရှောင်း က မျက်လုံးတွေ ဖွင့်လိုက်ကာ သူမရဲ့ မျက်နှာလှလှလေးက မူးနေသလို နီရဲနေလေသည်။
သူမက သခင်လေး ခုလေးတင် သုံးသွားတဲ့ ခေါင်းအုံးကို ဖက်လိုက်ပြီး ခေါင်းကို အထဲမှာ မြှုပ်နှံကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း အနည်းငယ် ပြုံးလိုက်မိလေသည်။
သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေလေသည်။
အိမ်က ထွက်လာပြီးနောက် ချင်းလန် က ပိုင် ညီအစ်မတွေ နေထိုင်တဲ့ ဗီလာဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။
တစ်ညတည်းနဲ့ မနားမနေ တစ်နေရာပြီး တစ်နေရာ ပြေးလွှားနေရပေသည်။
သူ ရောက်ရောက်ချင်းမှာပဲ ပိုင်ရူယွီ က ဧည့်ခန်းထဲကနေ ထွက်လာပြီး ကြိုဆိုလိုက်ကာ
သူမ မျက်နှာပေါ်မှာ ခါးသီးမှုတွေ ပြည့်နှက်နေပြီး
“ဒီလောက် ညဉ့်နက်ကြီး ရှင့်ကို ခေါ်လိုက်မိတာ အရမ်း အားနာပါတယ်။ ဒါပေမဲ့ ယွင်ယွင် က စိတ်အခြေအနေ မကောင်းဖြစ်ပြီး အစာမစားဘဲ နေနေလို့ ကျွန်မ တကယ် မတတ်နိုင်တော့လို့ပါ”
ဟု ပြောလိုက်လေသည်။
ချင်းလန် က သိလျက်နဲ့ မေးလိုက်လေသည်။
“ဘာဖြစ်လို့ ထပ်ပြီး ရန်ဖြစ်နေကြတာလဲ”
ပိုင်ရူယွီ ရဲ့ မျက်လုံးထဲမှာ နာကြည်းမှု အရိပ်အယောင် ဖြတ်ခနဲ ပေါ်လာပေမယ့် သူမ ဂရုမစိုက်သလို ခေါင်းခါလိုက်လေသည်။
“ထားလိုက်ပါတော့၊ ကျွန်မတို့ မျက်နှာဖုံးတွေ ခွာချလိုက်ပြီဆိုတော့ ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။ အဲ့ဒီ သား ကိစ္စပဲ။ အဲ့ဒီသား ကို ဘယ်သူ ပြန်ပေးဆွဲသွားလဲ မသိဘူး။ အဖေ... ပိုင်ရှောက်ချွမ် က အိမ်မှာ ဒေါသတွေထွက်ပြီး အရူးတစ်ယောက်လို ဖြစ်နေတယ်၊ ပြီးတော့ ကျွန်မ လူငှားပြီး လုပ်ခိုင်းတယ်လို့တောင် သံသယ ဝင်နေသေးတယ်”
“ယွင်ယွင် နဲ့ ကျွန်မ သည်းမခံနိုင်တော့လို့ ထွက်လာခဲ့လိုက်တာ။ ကျွန်မတို့ ဘယ်တော့မှ ပြန်မသွားတော့ဘူး။ ပိုင်ရှောက်ချွမ် က အဲ့ဒီ့သား ကိုပဲ သူ့သားအရင်းလို့ မြင်မှတော့ အဲ့ဒီသား နဲ့ပဲ နေပါစေတော့”
“ရဲ့ဖန် ကရော သူက ခင်ဗျားတို့ ညီအစ်မတွေရဲ့ ကိုယ်ရံတော်လေ။ သူကော ဒီအနီးအနားမှာ နေတာလား”
ချင်းလန် ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပေ။
သူ နည်းနည်း စိုးရိမ်သလိုနဲ့ မေးလိုက်လေသည်။
“တကယ်လို့ အဲ့ဒီကောင်က ခင်ဗျားတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ”
ပိုင်ရူယွီ က ချင်းလန် ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး သူ့အမူအရာမှာ ဟန်ဆောင် စိုးရိမ်နေတာမျိုး မတွေ့ရတာကြောင့် ပိုမို နူးညံ့တဲ့ လေသံနဲ့ ပြန်ဖြေလိုက်လေသည်။
“ရဲ့ဖန် က ဒီရက်ပိုင်း ကျွန်မတို့နဲ့ အလုပ်လုပ်ဖို့ အချိန်မရသေးဘူး။ ရဲ့ဖန် ရဲ့ စရိုက်က မကောင်းပေမယ့် ပိုင်ရှောက်ချွမ် က သူ့စွမ်းရည်ကို အပြည့်အဝ ယုံကြည်ထားပြီး ရဲ့ဖန် က အဲ့ဒီသား ကို ရှာတွေ့နိုင်ခြေ အရှိဆုံးပဲလို့တောင် ကြွားနေသေးတယ်။”
“သြော်... နားလည်ပြီ...”
ချင်းလန် ခေါင်းညိတ်လိုက်ပြီး မအံ့ဩပေ။ ပိုင်ရှောက်ချွမ် က ရဲ့ဖန် ရဲ့ အထောက်အထားကို သိထားတော့ ဒီလို အကူအညီကောင်း တစ်ခုကို သဘာဝကျကျ လက်လွတ်ခံမှာ မဟုတ်ပေ။
ရဲ့ဖန် သာ ရှေ့ထွက်ပြီး ရှာဖွေပေးရင် သူ့အစီအစဉ် ဆက်လုပ်လို့ ရပြီ။
ပိုင်ရူယွီ အပေါ်ထပ်ကို မော့ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“ယွင်ယွင် စိတ်ကောက်ရင် ကျွန်မတောင် ဘာမှ မတတ်နိုင်ဘူး။ သူ အစာမစားဘဲ နေနေတယ် ဟူး......”
“မင်း အရမ်း စိတ်ပူစရာ မလိုပါဘူး။ ယွင်ယွင် က နည်းနည်း ခေါင်းမာရုံပါ၊ ဒါပေမဲ့ သူ ဘယ်လောက် စိတ်ထား ကောင်းလဲဆိုတာ မင်းကိုယ့်ထက် ပိုသိမှာပါ။”
ရဲ့ဖန် ရဲ့ အခြေအနေကို သိလိုက်ရပြီးနောက် ချင်းလန် စိတ်သက်သာရာ ရသွားလေသည်။
ရဲ့ဖန် ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်ခိုင်းတာက သိပ်ထိရောက်မှု မရှိသလို အလွယ်တကူလည်း အဖမ်းခံရနိုင်လေသည်။
ဆန့်ကျင်ဘက် အနေနဲ့ ပိုင်မိသားစု ဆီက ရတဲ့ ပိုင်ရူယွီ ရဲ့ သတင်းအချက်အလက်က ပိုတိကျလေသည်။
“နားလည်ပါပြီ။ ယွင်ယွင် ကို အရင် သွားကြည့်လိုက်ပါဦး၊ မိုက်မဲတဲ့ အလုပ်တွေ လုပ်မိမှာ စိုးလို့။ သူ တံခါးဖွင့်မပေးသေးဘူး။”
ပိုင်ရူယွီ က အကူအညီမဲ့ပြီး စိုးရိမ်ပူပန်နေတဲ့ ပုံစံနဲ့ ပြောလိုက်လေသည်။
ချင်းလန် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်ကို တက်သွားလေသည်။
တံခါးဝ ရောက်တော့ တံခါးခေါက်စရာတောင် မလိုဘဲ တွန်းဖွင့်လိုက်ရုံနဲ့ ပွင့်သွားလေသည်။ သူ့အတွက် တံခါးကို နည်းနည်း ဟထားပေးထားတာကိုး။
ပိုင်ရှောင်ယွင် က မတ်မတ် ထိုင်နေပြီး ဆရာမရဲ့ ဆူပူတာ ခံရတော့မယ့် မူလတန်းကျောင်းသူလေး တစ်ယောက်လို လိမ္မာစွာ ပြုမူနေလေသည်။
ချင်းလန် သူမကို မဆူဘဲ ရိုးရိုးလေး မေးလိုက်လေသည်။
“မင်း ထမင်း မစားချင်ဘူးလား”
ပိုင်ရှောင်ယွင် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး မော့ကြည့်လိုက်ရာ ချင်းလန် စိတ်မဆိုးတာ တွေ့လိုက်ရတော့ ပိုပြီး အားပါပါ ခေါင်းညိတ်ပြလိုက်လေသည်။
“အစ်ကို ချက်ပေးတဲ့ ထမင်းတောင် မစားဘူးလား”
ချင်းလန် ထပ်မေးလိုက်လေသည်။
“ဟမ်”
ပိုင်ရှောင်ယွင် အံ့ဩတကြီး အာမေဋိတ်သံ ပြုလိုက်ပြီး ခေါင်းကို အမြန် ခါယမ်းလိုက်လေသည်။ တစ်ခုခု မှားနေမှန်း သတိထားမိလိုက်ပြီး သူမ အလေးအနက် ခေါင်းညိတ်လိုက်လေသည်။
“စားမယ်”
အစ်ကို ချက်ပေးတဲ့ ထမင်းကို သူမ ဘယ်လိုလုပ် မစားဘဲ နေနိုင်မှာလဲ။
ဗိုက်တင်းနေရင်တောင်မှ သူမ စားရမှာပဲ။
“ဒါဆို ဆင်းခဲ့လေ။”
ချင်းလန် က ပိုင်ရှောင်ယွင် ရဲ့ လက်ကို ဆွဲပြီး ဧည့်ခန်းထဲ ခေါ်သွားကာ ခါးစီးစည်းပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်လေသည်။
ဒါတွေက သူမလုပ်လည်းရတဲ့အရာတွေ ဖြစ်ပေမယ့် ညီအစ်မနှစ်ယောက်ဆီက ရမယ့် ဗီလိန်အမှတ်တွေအတွက် သူ လုပ်ပေးလိုက်ခြင်း ဖြစ်ပေသည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ် ပင်......
တန်လိုက်တာ.....
စနစ်ကနေ ယာယီ အဆင့်မြင့် ဟင်းချက် စွမ်းရည်ကို ဗီလိန်အမှတ် ၂၀ တည်းနဲ့ လဲလှယ်လိုက်လေသည်။
သူ့မှာ အမြဲတမ်း သုံးလို့ရတဲ့ စွမ်းရည်ကိုလဲလှယ်ဖို့ ဗီလိန်အမှတ် အလုံအလောက် ရှိပေမယ့် မလိုအပ်ပေ။
ညီအစ်မနှစ်ယောက် မီးဖိုချောင်နားမှာ ရပ်ပြီး ချင်းလန် ကျွမ်းကျင်စွာ ဒယ်အိုးလှန်ပြီး ဟင်းချက်စွမ်းရည် ပြသနေတာကို ကြည့်နေကြလေသည်။
ပိုင်ရူယွီ ဘယ်လောက်ပဲ စိတ်ကူးယဉ်တတ်ပါစေ၊ ချင်းလန် ဟင်းချက်တတ်လိမ့်မယ်လို့ သူမ စိတ်ကူးထဲတောင် ထည့်မတွေးရဲခဲ့ပေ။
သူမ အမြင်မှာတော့ ချင်းလန် က လက်ဖျားနဲ့တောင် မတို့တတ်တဲ့ ထိပ်တန်း ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်လေ၊ ဒီလို စွမ်းရည်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ဒါပေမဲ့ သူမ မျက်စိရှေ့က မြင်ကွင်းတွေက သူမရဲ့ ကြိုတင် တွေးဆချက်တွေကို ရိုက်ချိုးပစ်လိုက်လေသည်။
ကြည့်ရတာ ချင်းလန် က သူမ ထင်ထားတာနဲ့ မတူဘူး ထင်တယ်။
နာရီဝက် မပြည့်ခင်မှာပဲ ဟင်းပွဲလေးပွဲနဲ့ ဟင်းရည်တစ်ခွက် ပြီးပြည့်စုံစွာ ကျက်သွားလေသည်။
ပိုင်ရူယွီ ရှေ့တိုးသွားပြီး ဟင်းပွဲတွေကို စားပွဲပေါ် သယ်ကူပေးလိုက်လေသည်။
ချင်းလန် နဲ့ ပိုင်ရှောင်ယွင် အတူတူ ထိုင်ကြပြီး ပိုင်ရူယွီ က သူတို့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ကာ
သူတို့ သုံးယောက် ရိုးရှင်းတဲ့ အိမ်ချက် ဟင်းပွဲတွေနဲ့ ထမင်းစားကြလေသည်။
“စားလို့ ကောင်းလိုက်တာ၊ အရမ်း စားကောင်းတာပဲအစ်ကိုက ဘာလို့ ဟင်းချက် အရမ်းကောင်းနေရတာလဲ”
ပိုင်ရှောင်ယွင် ရဲ့ မျက်လုံးဝိုင်းကြီးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။
သပ်သပ်ရပ်ရပ် စားသောက်တတ်တဲ့ အကျင့်ရှိတဲ့ ကောင်မလေးက ဗိုက်ဆာနေတာရော၊ ချင်းလန် လက်ရာ ကောင်းတာရော ပေါင်းပြီး ဟင်းတွေကို အားရပါးရ စားရင်း ပါးစပ်ကလည်း မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။
ပြီးပြည့်စုံတယ်
ငါ့အစ်ကိုက လုံးဝ ပြီးပြည့်စုံတာပဲ...
အစ်ကိုနဲ့ အချိန်ကြာကြာ နေလေလေ၊ သူက သူမရဲ့ ဖူးစာရှင် ဆိုတာ သူမ ပိုသဘောပေါက်လာလေလေ ဖြစ်ပြီး၊ အိပ်မက်ထဲက မင်းသားလေးထက်တောင် ပိုပြီး ပြီးပြည့်စုံနေလေသည်။
ဒီလို အရာမျိုးကို သူမ အိပ်မက်တောင် မမက်ရဲခဲ့ဖူးဘူး။
“ကြိုက်ရင် များများစား။ ဗိုက်ဝမှ မင်းအစ်မနဲ့ ဆက်ပြီး ရန်ဖြစ်ဖို့ အားရှိမှာ။”
ချင်းလန် ရဲ့ စကားတွေက အခန်းထဲကို ချက်ချင်း တိတ်ဆိတ်သွားစေလေသည်။
ပိုင်ရှောင်ယွင် ပါးစပ်ထဲက ထမင်းကို ဝါးနေပေမယ့် အရသာ သိပ်မရှိတော့သလို ခံစားလိုက်ရလေသည်။
“မင်းအစ်မက သက်တောင့်သက်သာ နေလွန်းအားကြီးလို့ မင်းက ပြဿနာ ရှာပေးနေတာလို့ ထင်နေတာလား”
“မင်းတစ်ယောက်တည်းပဲ နစ်နာတယ်၊ မင်းအစ်မက မနစ်နာဘူးလို့ ထင်နေတုန်းပဲလား”
“မကျေနပ်လို့ အစာမစားဘဲ နေနေတုန်းပဲလား”
သူက မေးခွန်း သုံးခု ဆက်တိုက် မေးလိုက်ရာ ပိုင်ရှောင်ယွင် ခေါင်းခါပြီး
“မဟုတ်ပါဘူး”
လို့ ထပ်ခါထပ်ခါ ငြင်းဆန်ရုံမှတပါး အခြား မတတ်နိုင်တော့ပေ။
“ဒင်! ဇာတ်လိုက်မင်းသမီး ပိုင်ရူယွီ ရဲ့ နှစ်သက်မှု တိုးလာပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +500 ရရှိသွားပါပြီ။”
“ဒင်! ဇာတ်လိုက်မင်းသမီး ပိုင်ရူယွီ ရဲ့ နှစ်သက်မှု ဆက်လက် တိုးတက်နေပါတယ်။ ဂုဏ်ယူပါတယ် သင်သည် ဗီလိန်အမှတ် +800 ရရှိသွားပါပြီ။”
ပိုင်ရူယွီ ဘေးကနေ ကြည့်ရင်း ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
ချင်းလန် က သူမရှေ့မှာ တည်ကြည်လေးနက်မှု မရှိပေမယ့် ယွင်ယွင် နဲ့ရှိနေတဲ့ အချိန်မှာတော့ အစ်ကို တစ်ယောက်ရဲ့ အမူအရာကို အပြည့်အဝ ဖော်ဆောင်နေလေသည်။
သူမ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ခံစားလိုက်ရပြီး အဲ့ဒီညက သဘောတူညီချက်က အဲ့လောက်ကြီး မဆိုးပါဘူးလို့ ခံစားလိုက်ရလေသည်။