အခန်း (၅၂) အမျိုးသမီးနှစ်ဦး ထိပ်တိုက်တွေ့ဆုံခြင်း
“ရှင်က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ။”
မူယွီယန် မျက်မှောင်ကြုတ်လိုက်လေသည်။
ဒါ ချင်းလန် ရဲ့ အိမ်လေ အခု ပိုင်ရူယွီ ဒီမှာ ရှိနေတယ် ဆိုတော့ သူတို့နှစ်ယောက် အတူတူ နေနေကြပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။
သူတို့ရဲ့ ဆက်ဆံရေးက ဒီအဆင့်အထိ ရောက်သွားပြီလား။
“ကျွန်မ ဒီမှာ မရှိရဘူးလို့ ဘယ်သူ ပြောလို့လဲ။”
ပိုင်ရူယွီ ကမျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး အနက်ရောင် ခြေအိတ်ရှည် ဝတ်ထားတဲ့ လှပတဲ့ ခြေထောက်နှစ်ချောင်းကို စုစည်းကာ ဆိုဖာအောက်ခြေ ထောင့်စွန်းကို မှီလိုက်လေသည်။
သူမက နားထင်နားက ဆံနွယ်တွေကို ညင်သာစွာ သပ်တင်လိုက်ပြီး မျက်နှာပေါ်မှာ နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်လာကာ မနေ့ညက အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရရင်း ထူးဆန်းတဲ့ ရယ်ချင်စိတ်တစ်ခု သူမအတွင်းမှာ လှုပ်ရှားလာခဲ့လေသည်။
သူမက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး နည်းနည်း သောက်လိုက်ကာ တမင်တကာ ပြောလိုက်လေသည်။
“ကျွန်မက ရည်းစားအိမ်ကို လာလည်တာလေ။ ရှင်နဲ့ ဘာဆိုင်လို့လဲ။”
ချင်းလန် ဒီမှာ မရှိတာကြောင့် ဒီစကားတွေ ပြောရတာ သူမ လုံးဝ မရှက်ရွံ့မိဘဲ မူယွီယန် ကို ဒေါသထွက်အောင် တမင်တကာ ရန်စလိုက်ခြင်းသာ ဖြစ်လေသည်။
စကားပုံ ရှိသလိုပဲ အလှပဂေးတွေက အမြဲတမ်း ရန်သူတွေ ဖြစ်ကြတယ် ဆိုတဲ့အတိုင်း
ဒီစကားပုံက မူယွီယန် နဲ့ ပိုင်ရူယွီ တို့ရဲ့ ဆက်ဆံရေးကို ပြီးပြည့်စုံစွာ ဖော်ပြနေသလိုပင်။
ရှူး...
စိတ်မဆိုးနဲ့၊ စိတ်မဆိုးနဲ့... ဒါတွေ အကုန် လိမ်ညာနေတာ၊ လုံးဝအလိမ်တွေ။
မူယွီယန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ့်ကိုယ်ကို တိတ်တဆိတ် သတိပေးလိုက်လေသည်။
ဘာရည်းစားလဲ။
ချင်းလန် မှာ ဘယ်လိုလုပ် ရည်းစား ရှိနိုင်မှာလဲ။
“ကျွန်မ မသိဘူးလို့ မထင်နဲ့နော်။ ရှင်က ချင်းလန် အတွက် အလုပ်လုပ်ပေးနေတာ၊ ပြီးတော့ သူ့ရည်းစား ဖြစ်တယ်ဆိုပြီး လာလိမ်နေတာ မဟုတ်လား။ ရှင် ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေလဲ”
သူမ လက်မခံချင်လို့ မဟုတ်ပေမယ့် ချင်းလန် ရဲ့ စရိုက်အရ တည်ငြိမ်တဲ့ ရည်းစားတစ်ယောက် ရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင်။
ယန်ကျင်း မှာတုန်းက ချင်းလန် ဘေးနားမှာ အလှပဂေးတွေ ဝိုင်းရံနေခဲ့ပေမယ့် သူ့ရည်းစား ဘယ်သူလဲ ဆိုတာ လူသိရှင်ကြား တစ်ခါမှ မထုတ်ဖော်ခဲ့ဖူးဘူး။
အခုမှ ဘာအကြောင်းပြချက်မှ မရှိဘဲ ပိုင်ရူယွီ နဲ့ ဘယ်လိုလုပ် ရုတ်တရက် တွဲသွားနိုင်မှာလဲ။
ယုတ်မာလိုက်တဲ့ အကြံ.....
ပိုင်ရူယွီ က သူမရဲ့ စိတ်ကို ရှုပ်ထွေးအောင် လုပ်ဖို့ ကြိုးစားနေတာ၊ သူမ လုံးဝ အလိမ်ခံလို့ မဖြစ်ဘူး။
ရင်ထဲက ဒေါသတွေ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက်...
သူမ နည်းနည်း မှင်တက်သွားမိသည်။ ချင်းလန် က ပိုင်ရူယွီ ကို သူ့လက်အောက် ရောက်အောင် တကယ် စည်းရုံးနိုင်ခဲ့လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
ဒါက ချင်းလန် ရဲ့ စိတ်ကူးယဉ်မှုသက်သက်လို့ သူမ ထင်ခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် ပိုင်ရူယွီ ဆိုတာ ပိုင်မိသားစု ရဲ့ သမီးကြီးလေ၊ ပြီးတော့ ကြီးမားလှတဲ့ ပိုင်မိသားစု ပိုင်ဆိုင်မှုတွေက သူမ စီမံခန့်ခွဲဖို့ စောင့်ဆိုင်းနေတာပဲ မဟုတ်လား။
အံ့ဩစရာကောင်းတာက သူမ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပြီး သူမ မျက်စိရှေ့မှောက်မှာတင် ဖြစ်ပျက်နေခြင်းပင်။
“ကျွန်မကို ရန်စနေစရာ မလိုပါဘူး၊ ဒါပေမဲ့ မေးချင်တာ တစ်ခုရှိတယ်၊ ရှင် ဘာလို့ ချင်းလန် ဆီမှာ အလုပ်လုပ်ဖို့ သဘောတူလိုက်တာလဲ ပြီးတော့ ပိုင်မိသားစု အိမ်မှာတုန်းက ရှင်နဲ့ ချင်းလန် တို့ အရမ်း ရင်းနှီးနေတာက သူ ရှင့်ကို စည်းရုံးနေလို့လား”
မူယွီယန် က သူမ အရင်က အတွေးလွန်သွားမိတယ်လို့ ခံစားလိုက်ရလေသည်။
ဖြစ်နိုင်တာက သူမ ထင်သလို မဟုတ်ဘဲ ချင်းလန် က ပိုင်ရူယွီ နဲ့ နီးစပ်နေတာက တခြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကြောင့် မဟုတ်ဘဲ သူမကို စည်းရုံးဖို့ သက်သက်သာ ဖြစ်နိုင်လေသည်။
ပိုင်ရူယွီ က ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလေလေ၊ သူမ ပိုပြီး ယုံကြည်မှု ရှိလာလေလေပင်။
“မစ္စမူ ရှင် မေးနေတဲ့ ကိစ္စတွေက ဒီ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်တယ်၊ ဟုတ်တယ်မလား အဲ့ဒါကို ထုတ်ဖော်ပြောပြဖို့ ကျွန်မမှာ တာဝန်မရှိပါဘူး။”
ပိုင်ရူယွီ က အေးစက်စွာ ငြင်းပယ်လိုက်လေသည်။
သူမ မဖြေချင်သလို ဖြေစရာ နည်းလမ်းလည်း မရှိပေ။
သူမဖခင်မှာတရားမဝင် သား တစ်ယောက် ရှိနေပြီး သူမကို ပိုင်မိသားစုကနေ ကန်ထုတ်လိုက်ပြီ ဆိုတဲ့အကြောင်း မူယွီယန် ကို ပြောပြလို့မှ မဖြစ်နိုင်တာ။
မူယွီယန် ဘယ်လောက်ပဲ ဇွဲရှိရှိ၊ လက်ရှိ အခြေအနေကို ကြည့်ရတာ သူတို့ရဲ့ ဆက်ဆံရေးက အဲ့ဒီအဆင့် မရောက်သေးပုံရသည်။
သူမအတွက်ကတော့
ဟီးဟီး... ဝန်ခံရမှာ တွန့်ဆုတ်နေပေမယ့် သူမက ချင်းလန် အပိုင် ဖြစ်နေပြီ။
အခုချိန်ထိ ပြန်တွေးကြည့်ရင် ချင်းလန် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို တွေးမိပြီး ကျောချမ်းနေတုန်းပင်။
တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မူယွီယန် သည် သူမ ယူလာသော စာရွက်စာတမ်းများကို ပိုင်ရူယွီ ရှေ့သို့ တွန်းပို့လိုက်လေသည်။
“ရှင်က ချင်းလန် ရဲ့ လက်အောက်ငယ်သား ဖြစ်နေမှတော့ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဖို့ လိုသေးတယ်။ ဒါက စမ်းသပ်မှု အစီရင်ခံစာနဲ့ အလှပ ဆေးပြား အဆင့်အမျိုးမျိုးရဲ့ ခွဲခြားသတ်မှတ်မှုနဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေပဲ။ ကြည့်လိုက်ပါဦး။”
ပိုင်ရူယွီ ငြင်းဆန်ခြင်း မပြုဘဲ စာရွက်စာတမ်းကို ယူလိုက်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်လေသည်။
အဲ့ဒီပေါ်က အချက်အလက်တွေကို မြင်လိုက်ရတဲ့အခါ သူမ အများကြီး မြင်ဖူးတွေ့ဖူးပေမယ့် အံ့ဩတကြီး ရှိုက်သံ ထွက်လာမိလေသည်။
ဒါက တကယ်ပဲ အလှကုန် ပစ္စည်း ဟုတ်ရဲ့လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဈေးနှုန်းနဲ့ စွမ်းဆောင်ရည် အချိုးအစားက အရမ်း ကောင်းလွန်းနေတယ်။
ဒီ အလယ်အလတ်တန်းစား အလှပ ဆေးပြား တွေတောင်မှ ဈေးကွက်ထဲက အဆင့်မြင့် အလှကုန် ပစ္စည်းတွေနဲ့ ယှဉ်နိုင်လောက်အောင် အာနိသင် ရှိနေပြီး၊ အဆင့်မြင့် ဆေးပြားတွေကတော့ အများကြီး သာလွန်နေကာ ဈေးကွက်ထဲက ပစ္စည်း အများစုကို လုံးဝ ကျော်တက်သွားခဲ့ပြီ။
ဒါကိုသာ ဈေးကွက်တင်လိုက်ရင် ဈေးကွက်ကို လှုပ်ခတ်သွားစေမှာ သေချာတယ် မဟုတ်လား။
ချင်းလန် ပြောပြတဲ့ အာနိသင်တွေက ချဲ့ကားပြောတာလို့ သူမ ထင်ခဲ့ပေမယ့် စမ်းသပ်မှု ရလဒ်တွေက ဒီလောက်ထိ အံ့ဩစရာ ကောင်းလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
မူယွီယန် က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“အလှပ ဆေးပြား ရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှု အားလုံးကို ငါတို့ကတာဝန်ယူ ကိုင်တွယ်မယ်လို့
အရင်က ချင်းလန် နဲ့ ပြောထားပြီးသား။ အဆင်ပြေရဲ့လား”
ပိုင်ရူယွီ ဖိုင်ကို ပိတ်လိုက်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်လေသည်။
“ပြဿနာ မရှိပါဘူး။”
ပိုင်မိသားစု ကသာ သူမကိုမောင်းထုတ်မပစ်ခဲ့ရင် ပြီးတော့ ဖခင်ဖြစ်သူက သူမကို စီးပွားရေး ကိစ္စတွေမှာ ဝင်ပါခွင့် လုံးဝ ပိတ်ပင်မထားခဲ့ရင်...
ရိုးရိုးသားသား ပြောရရင် သူမ ကိုယ်တိုင်တောင် ဒီ အလှပ ဆေးပြား လုပ်ငန်းကို တာဝန်ယူချင်မိမှာ အမှန်ပင်။
ပိုင်မိသားစု မှာလည်း အလှကုန် ကုမ္ပဏီ တစ်ခု ရှိပေမယ့် မူရန် နိုင်ငံတကာကုမ္ပဏီ လောက် မကြီးမားသလို တရားဝင်မှုလည်း မရှိပေ။
ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးတော့ ဒါတွေက
အတွေးသက်သက်ပင်ရှိတော့လေသည်။
“ကျန်တာတွေကို ချင်းလန် ပြန်လာမှ ဆွေးနွေးကြတာပေါ့။”
မူယွီယန် သည် ပိုင်ရူယွီ နှင့် ထိပ်တိုက်တွေ့နေရတာကို ဆက်လက် လုပ်ဆောင်ဖို့ စိတ်ဝင်စားမှု သိပ်မရှိတော့ပေ။
ပိုင်ရူယွီ မျက်မှောင်ကြုတ်လိုက်လေသည်။
“ကျွန်မ ဒီကို ရောက်နေမှတော့ သဘာဝကျကျပဲ ဒီကိစ္စကို တာဝန်ယူရမှာပေါ့။ ရှင် ကျွန်မကို မယုံဘူးလား ဒါမှမဟုတ် သခင်လေး ချင်း နဲ့ ဒီရှုပ်ထွေးမှုကို ဆက်ဖြစ်နေအောင် တမင်တကာ လုပ်ချင်နေတာလား”
မူယွီယန် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသများ မြင့်တက်လာလေသည်။
“ရှင် ဘာကို ဆိုလိုတာလဲ ရှုပ်ထွေးမှု ဆိုတာ ဘာအဓိပ္ပာယ်လဲ ကျွန်မနဲ့ ချင်းလန် ကိစ္စက ရှင်နဲ့ ဘာဆိုင်လို့လဲ”
“ဆက်ဆံရေး ဘာဆက်ဆံရေးလဲ”
ပိုင်ရူယွီ က လှောင်ပြောင်လိုက်လေသည်။ သူမက အရှုံးပေးဖို့ ငြင်းဆန်တတ်သူ ဖြစ်ပြီး၊ ဒါ့အပြင် သူမမှာ ချင်းလန် အပေါ် ထူးခြားတဲ့ ခံစားချက် တစ်ခု ရှိနေသည်။
အချစ်လို့ မခေါ်နိုင်ရင်တောင် တခြားသူတွေ အလွယ်တကူ ထိပါးလို့ မရတဲ့ အရာတစ်ခုတော့ သေချာပေါက် ဖြစ်နေလေသည်။
“ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် မနေ့ကပဲ ရှင်နဲ့ သခင်လေး ချင်း လမ်းခွဲလိုက်ကြပြီ မဟုတ်လား”
ဘာပဲဖြစ်ဖြစ် စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်လို့ ပြောခဲ့တာ ရှင်ပဲလေ၊ သခင်လေး ချင်း က ရှင့်ဆန္ဒအတိုင်း လိုက်လျောပေးခဲ့ရုံ သက်သက်ပဲ။ ရှင့်ရဲ့ ကောင်ချောလေးကရော ဘယ်ရောက်သွားပြီလဲ ဘာလို့ ရှင်နဲ့အတူ ပါမလာတာလဲ။
“ပိုင်ရူယွီ ကိုယ့်ကိုယ်ကို အရမ်း အရေးပါလှပြီလို့ ထင်နေတာလား”
နာကျင်နေတဲ့ နေရာကို ထိမိသွားသဖြင့် မူယွီယန် ဒေါသပေါက်ကွဲသွားလေသည်။
သူမ ချင်းလန် ကြောင့် တစ်ညလုံး ငိုခဲ့ရပြီး၊ ဒီမနက် မိတ်ကပ်လိမ်းဖို့ အချိန်အကြာကြီး ယူခဲ့ရတာက သူမရဲ့ နီရဲနေတဲ့ မျက်ခွံတွေကို ဖုံးကွယ်ဖို့လေ။
သူမ ဒီကို လာတာ ချင်းလန် အထင်ကြီးအောင်လို့ အရှက်ခွဲခံရဖို့ မဟုတ်ဘူး။
ပိုင်ရူယွီ ၏ မျက်နှာထားကလည်း အေးစက်သွားလေသည်။
“ကျွန်မ ကိုယ့်ကိုယ်ကို အရေးပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ရှင်နဲ့ မဆိုင်ပါဘူး။ ရှင်ကတော့ စီးပွားရေး စကား ပြောချင်ရင် ဆက်ပြောပါ။ မပြောချင်ရင်လည်း ဆက်ပြောနေစရာ မလိုတော့ဘူး။”
“ရှင် ဒီစီးပွားရေးကို မလုပ်ချင်ရင် တာဝန်ယူချင်တဲ့သူတွေ အများကြီး ရှိတယ်။ တကယ်တော့ ကျွန်မတို့ ကိုယ်ပိုင် ထုတ်လုပ်ရေး စခန်းတောင် တည်ထောင်လို့ ရပါတယ်၊ အချိန်ပဲ လိုတာ”
အမျိုးသမီး တစ်ယောက် အနေနဲ့ တွေ့တွေ့ချင်း သူမရှေ့မှာ ပိုင်ဆိုင်ကြောင်း ကြေညာနေတဲ့ မူယွီယန် ရဲ့ အပြုအမူကို သူမ ဘယ်လို သည်းခံနိုင်မှာလဲ။
သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံနေပြီး ဘယ်သူကမှ နောက်ဆုတ်ပေးမည့်ပုံ မပေါ်ပေ။