အခန်း (၅) စုရှောင်းရှောင်း စိတ်ထိခိုက်ခြင်း
“ငါစုံစမ်းခိုင်းထားတာဘယ်လိုလဲ”
ချင်းလန်က ပါးစပ်ထောင့်ကိုသုတ်ရင်း
ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
ကျွင်းဇီက အပြုံးကိုထိန်းလိုက်ပြီး
အလေးအနက်တည်ငြိမ်သွားသည်။
“ပိုင်ရှောင်ယွင်နဲ့ပိုင်ရူယွီတို့ကထျန်ဟိုင်မြို့ ပိုင်မိသားစုကညီအစ်မတွေပါ။တစ်ယောက်က ကျောင်းတက်နေဆဲဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပိုင်မိသားစု ကုမ္ပဏီမှာ အထွေထွေမန်နေဂျာ လုပ်နေပါတယ်။ ချူကျူအာ ကတော့ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကနည်းနည်းထိရှလွယ်တယ်။သူမက နဂါးနက်အသင်း နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေပုံရတယ်။”
ချင်းလန်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့
စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ကာ
“လူအင်အား လုံလောက်ရဲ့လား”
ကျွင်းဇီက ပြုံးလိုက်လေသည်။
“ပိုင်ညီအစ်မနှစ်ယောက်မှာကိုယ်ရံတော်တွေရှိတယ်။ချူကျူအာ နဲ့ဆိုရင်လည်း
သူ့နားမှာအမြဲတမ်းလူတွေရှိနေတယ်။ သာမန်လူတွေနဲ့မရနိုင်ဘူး။ ဗီလာရဲ့ ကိုယ်ရံတော်အဖွဲ့ထဲက ကျွမ်းကျင်သူတွေကို စေလွှတ်ဖို့ လိုလိမ့်မယ်။”
“ဗီလာက ကိုယ်ရံတော် အရေအတွက်ကို
မလျှော့ချနဲ့။လူအင်အား မလုံလောက်ရင် ထပ်ခန့်။ပြီးတော့ မင်းပဲ ဒါကို စီမံခန့်ခွဲပြီး နောက်ခံရှင်းတဲ့သူတွေကို ရှာဖို့သေချာလုပ်လိုက်။”
ချင်းလန်က သူ့ကို စိုက်ကြည့်ရင်း
သဘောကျတဲ့ အမူအရာဖြင့်ပြောလိုက်သည်။
“လစာကို မင်း ဆုံးဖြတ်လိုက်။အဲ့အပြင်
ဒီနေ့ကစပြီး ကိုယ်ရံတော်အားလုံးရဲ့လစာကို ငါးထောင် တိုးပေးမယ်။မင်းရဲ့လစာကိုတော့ တစ်သောင်းတိုးပေးမယ်။”
ကျွင်းဇီ ခဏတာကြောင်သွားပြီးနောက်
သူ့စိတ်အတွင်းမှာ လေးလေးနက်နက် ကျေးဇူးတင်စိတ်တွေ ပေါ်ပေါက်လာလေ
သည်။
ကိုယ်ရံတော်ခန့်အပ်တာကို
တောင် သူ့ကိုအပြည့်အဝ လွှဲပေးထားတယ်။ သခင်လေးရဲ့ စိတ်ထဲမှာ သူ့ရဲ့ အဆင့်အတန်း ဒီလောက်အထိ မြင့်တက်လာပြီလား။
ကောင်းကင်က မျက်စိရှိတာပဲ။
သခင်လေးကနောက်ဆုံးတော့
သူ့မျက်လုံးထဲမှာ အမျိုးသမီးတွေပဲ
ရှိတဲ့ နှာဘူးတစ်ယောက် မဟုတ်တော့
ဘူးပဲ။
“ကြိုးစားလုပ်။မကြာခင်မင်းမှာ
ကားတွေ အိမ်တွေပိုင်ဆိုင်လာလိမ့်မယ်။
ချီကျိလျန် ကိုတစ်လမှာသုံးလေးကြိမ်
သွားဖို့အတွက်မင်းလကုန်တဲ့အထိချွေတာနေစရာ မလိုတော့ဘူးချမ်းသာလာရင် အဲဒီမှာ နေ့တိုင်းနေနိုင်တယ်”
ချင်းလန်က ကျွင်းဇီဆီ လျှောက်လာပြီး ပခုံးကို ပုတ်လိုက်လေသည်။
အထူးတပ်ဖွဲ့ကနေ အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးအနေနဲ့
ကျွင်းဇီက တိုက်ခိုက်ရေးမှာ လုံးဝကို ကျွမ်းကျင်လေသည်။
နိုင်ငံခြားကနေ ပြန်လာတဲ့ ရဲ့ဖန်း
နဲ့ တိုက်ခိုက်ရင်တောင် အချီတစ်ရာကျော်
တောင့်ခံနိုင်ပေသည်။
ဒါ့အပြင် သစ္စာရှိမှုနဲ့ ပတ်သက်ရင်လဲ
ကျွင်းဇီက လုံးဝကိုအရည်အချင်းပြည့်မီပေသည်။
မူရင်းဇာတ်လမ်းမှာ ချင်းလန်ကိုကာကွယ်ပေးဖို့အတွက် သူကလိုက်လံရှာဖွေနေတဲ့
ရဲ့ဖန်းကို ကြားဖြတ်ဟန့်တားဖို့သူ့ရဲ့ အသက်ကိုတောင် စွန့်စားခဲ့ပြီး ချင်းလန်ရဲ့ အသက်ကို ခဏတာကယ်တင်ဖို့အတွက်
မသန်မစွမ်းဖြစ်သွားခဲ့သည်။
ဒီလို သစ္စာရှိပြီး ခိုင်မာပြတ်သားတဲ့
လူတစ်ယောက်ကို ချင်းလန်က
အာဏာတစ်ချို့ လွှဲပေးဖို့ဝန်လေး
မနေပေ။
“သခင်လေး”
ကျွင်းဇီက အံကြိတ်ပြီး သူ့ပခုံးပေါ်က
ချင်းလန်ရဲ့ လက်ကိုရိုးသားစွာ ဆုပ်ကိုင်လိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်တော် အလုပ်ကို
သေချာလုပ်ပါ့မယ်။ ဒီနေ့ကစပြီး
သခင်လေးက ကျွန်တော့်ကို အရှေ့သွားခိုင်းရင် ဘယ်တော့မှ အနောက်ကို
မသွားပါဘူး။ကြက်ကိုဖမ်းခိုင်းရင် ဘယ်တော့မှ ခွေးကို မလိုက်ပါဘူး”
“ကောင်းတယ် မင်းကိုငါယုံတယ်!”
ချင်းလန်က သူ့လက်ကိုချီစွမ်းအင်
နည်းနည်း သုံးပြီးရုန်းထွက်လိုက်သည်။
“ကားကို အသင့်ပြင်ထားလိုက်။ အဝတ်အစား သွားဝယ်မလို့ ငါနဲ့လိုက်ခဲ့။”
အိမ်မှာ အဝတ်အစားတွေ အဆုံးမရှိအောင် ရှိနေပြီး တစ်လလုံးတစ်ရက်ကို တစ်ထည် မထပ်ဘဲ ဝတ်လို့ရလေသည်။
ဒါပေမယ့် ချင်းလန်ဟာ မူလပိုင်ရှင်ရဲ့ ဖက်ရှင်ကို သဘောမကျပေ။ သူ့အဝတ်အစားတွေ ဘယ်လောက်
ဈေးကြီးတယ်ဆိုတာကိုတခြားသူတွေ
မသိမှာစိုးလို့ တံဆိပ်တွေကို ရင်ဘတ်
ပေါ်မှာပုံနှိပ်ထားတဲ့အတိုင်းပင်။
သူ့နဖူးပေါ်မှာ ‘သူဌေးသား’ လို့ရေးဖို့ပဲ
လိုတော့သလို ဖြစ်နေပေသည်။
နှိုင်းယှဉ်ကြည့်ရင် ချင်းလန်က ပိုပြီး
ရိုးစင်းတဲ့ ပုံစံမျိုးကိုပိုကြိုက်လေသည်။
သူ ဒုတိယထပ်မှာ သွားနေတဲ့
စုရှောင်းရှောင်း ကို ကြည့်ပြီး
“ဆင်းလာခဲ့”
လို့ ခေါ်လိုက်လေသည်။
စုရှောင်းရှောင်းက နည်းနည်းထိတ်လန့်သွားပြီး သူမရဲ့ပါးပြင်မှာ ဆပ်ပြာအမြှုပ်တစ်ချို့ စွန်းထင်းနေလေသည်။
ချင်းလန်က ရှေ့ကိုတစ်လှမ်းတိုးပြီး
သူ့လက်နဲ့ သူမရဲ့ပါးပြင်ကိုသုတ်ပေး
လိုက်ရာ စုရှောင်းရှောင်း ထိတ်လန့်သွား
ပြီးရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီးနောက်သို့
တစ်လှမ်းဆုတ်လိုက်ကာ တုံ့ဆိုင်းစွာ
ပြောလိုက်လေသည်။
“သ..သခင်လေး ဘာလိုအပ်တာများ ရှိလို့ပါလဲ”
ချင်းလန်က သူ့လက်ချောင်းပေါ်က
အမြှုပ်တွေကိုသုတ်လိုက်ပြီး
စုရှောင်းရှောင်းရဲ့ သွယ်လျတဲ့
ကိုယ်လုံးကို ကြည့်လိုက်လေသည်။
အပြာနဲ့အဖြူရောင် သန့်ရှင်းရေး ယူနီဖောင်းက အထူးတလည် မျက်စိ
နောက်စရာ ဖြစ်နေလေသည်။
“ငါနဲ့အတူ အပြင်ကို လိုက်ခဲ့။ မင်းအတွက် အဝတ်အစားတချို့ဝယ်ပေးမယ်။မင်း
ဒီသန့်ရှင်းရေးယူနီဖောင်းကြီးနဲ့ အိမ်ထဲမှာ သွားလာနေတာ မြင်ရတာမျက်စိနောက်တယ်။”
စုရှောင်းရှောင်း ခဏတာ တုံ့ဆိုင်းသွား
ပေမယ့် နောက်ဆုံးတော့ ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။
သူမရဲ့အငှားတိုက်ခန်းမှာ သန့်ရှင်းတဲ့ အဝတ်အစားတွေ ရှိတယ်လို့ ပြောချင်
ပေမယ့်တစ်ညလုံး သန့်ရှင်းရေးလုပ်ပြီးနောက် အထူးသဖြင့် ဒီဗီလာရဲ့အဆင့်အတန်းကို မြင်ပြီးနောက် သူမအိမ်ထိန်းအဖြစ်လုပ်နေချိန်မှာသူမရဲ့အဝတ်ဟောင်းတွေကို ဝတ်ဆင်နေတာက ချင်းလန်ရဲ့သိက္ခာကို ချနေတယ်လို့ ခံစားလိုက်
ရလေသည်။
သူမရဲ့ ဝတ်စားဆင်ယင်ပုံကိုချင်းလန်
ကမကြိုက်လို့အလုပ်ထုတ်ခံရမှာကိုလဲကြောက်ရွံ့နေခဲ့လေသည်။
ဒါကြောင့် သူမရဲ့စုထားတဲ့ငွေထဲကနေ နည်းနည်းဈေးပိုကြီးတဲ့ အဝတ်အစား
နှစ်စုံကို ဝယ်ဖို့ စီစဉ်ခဲ့လေသည်။
ကျွင်းဇီက ချင်းလန်နဲ့ စုရှောင်းရှောင်းကို ကားမောင်းပြီးဈေးဝယ်စင်တာကိုခေါ်သွားပြီးနောက် ကားရပ်ဖို့သွားလေသည်။
သူတို့နှစ်ယောက်ဈေးဝယ်စင်တာထဲ
ဝင်လာတဲ့အခါ နှစ်ဦးစလုံးကပတ်ဝန်းကျင်ကလူတွေရဲ့အာရုံစိုက်တာကို ခံနေရလေသည်။
“ဝိုး ဘယ်လောက်တောင်ချောလိုက်တဲ့ကောင်လေးလဲ။သူကတစ်ချို့မိသားစုရဲ့ သခင်လေး ဖြစ်ရမယ်။အရမ်းချောပြီး ခန္ဓာကိုယ်လည်း တောင့်တင်းလိုက်တာ”
“အိုး ဘုရားရေသူငါ့ကိုပြုံးပြသွားတယ်။
ဒီလိုအပြုံးမျိုးကဘယ်လိုလုပ် ရှိနေတာလဲ။ ငါရူးတော့မှာပဲ။”
“သူကငါ့ရဲ့အိပ်မက်ထဲက မင်းသားလေးပဲ”
“ဟမ် ဟိုကောင်ချောလေးဘေးက
သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးက
ဘယ်သူလဲ။အရမ်းနီးနီးကပ်ကပ်လျှောက်နေတာအဲ့ဟာမတမင်လုပ်နေတာ မဟုတ်ဘူးလား။မှန်ထဲမှာသူ့ပုံကဘယ်လိုပုံလဲဆိုတာ မကြည့်ဘူးလားမသိဘူး။ ဘယ်လိုလုပ် ဒီလောက်တောင်မျက်နှာပြောင်ရဲရတာလဲ။အဲ့လိုက်ကပ်နေရင်ကောင်ချောလေးက သူ့ကိုသတိထားမိမယ်ထင်နေတာလားမသိဘူး”
စုရှောင်းရှောင်းက သူမရဲ့သန့်ရှင်းရေး ယူနီဖောင်းကို ဝတ်ဆင်ထားပြီးချင်းလန်ရဲ့ ဘေးနားမှာ လိုက်ပါလာတာကြောင့် လမ်းသွားလမ်းလာတွေရဲ့ကဲ့ရဲ့ အတင်းပြောမှုကိုခံနေရလေသည်။
သူမစိုးရိမ်စွာခေါင်းငုံ့ထားပြီး သူတို့ရဲမျက်လုံးတွေကို ကြည့်တောင်မကြည့်ရဲပေ။
ချင်းလန်ရဲ့ အမူအရာကရှေးခေတ်
ဘုရင့်မျိုးနွယ်ကအိမ်ရှေ့မင်းသားတစ်ပါးလိုဖြစ်ပြီးသူ့ကို မြင်သူတိုင်းက အလိုအလျောက်လေးစားမှုနဲ့ ချီးမွမ်းခြင်းကို ခံစားရလေသည်။
သူမကတော့ နိမ့်ကျတဲ့အိမ်ဖော်
တစ်ယောက်ဖြစ်ပြီးချင်းလန်ရဲ့ဘေးနားမှာ ရှိနေဖို့ လုံးဝမထိုက်တန်ပေ။
သူမ မသိစိတ်ကဘေးဘက်ကို တစ်လှမ်းဆုတ်ပြီး အနည်းငယ်ခွာလိုက်လေသည်။
“ဒီဆိုင် အဆင်ပြေတယ်။အတွင်းထဲ
ဝင်ပြီး အထည်နှစ်ထည်ရွေးလိုက်။”
အမျိုးသမီး အဝတ်အစားဆိုင်တစ်ဆိုင်ရဲ့ ဝင်ပေါက်မှာ ချင်းလန်က ရပ်လိုက်ပြီး အတွင်းကို လက်ညှိုးထိုးပြကာပြောလိုက်ပြီး စုရှောင်းရှောင်းကိုထားခဲ့ကာလှည့်ပတ်ကြည့်ရှုဖို့ ထွက်သွားလေသည်။
သူက အီတလီဒီဇိုင်နာရဲ့ဆိုင်ထဲ
ဝင်သွားပြီး အဝတ်အစားတစ်ဒါဇင်ကျော်ကို ရွေးချယ်လိုက်သည်။
အရင်ကြွားဝါနေတဲ့ဝတ်စုံတွေကိုချွတ်ပြီး
ရိုးရိုးဝတ်စုံပြောင်းဝတ်လိုက်တဲ့အခါ
ချင်းလန်ရဲ့ အမူအရာကပိုပြီးရိုးစင်းလာပြီးလျှို့ဝှက်တဲ့ပုံဖြစ်လာလေသည်။
“သခင်လေး ကျွန်တော်နေ့တိုင်းသခင်လေး နောက် မလိုက်ဘူးဆိုရင်သခင်လေး
ကိုရီးယားကို သွားပြီးလို့ပြင်လာတယ်လို့ ထင်မိမှာပဲ။အရမ်းအံ့သြစရာကောင်းတာပဲ။သခင်လေး တစ်ကိုယ်လုံးပြောင်းလဲသွားသလိုခံစားရပြီး အရင်ထက်အများကြီး ပိုချောလာတယ်”
ကျွင်းဇီက စိတ်ရင်းနဲ့ အံ့အားသင့်စွာ ချီးကျူးလိုက်သည်။မြှောက်ပင့်ဖို့ ရည်ရွယ်ချက်လုံးဝမရှိဘဲရိုးရှင်းပြီး လန်းဆန်းသွားတဲ့ ချင်းလန်ကိုတကယ်ပဲ သဘောကျနေခဲ့လေသည်။
ချင်းလန်က သူ့ရဲ့လည်စည်းကိုညှိလိုက်ပြီး အမျိုးသမီး အရောင်းဝန်ထမ်းဆီကနေ ပြေစာကိုယူကာအဝတ်အိတ်ထဲပေါ့ပေါ့
ပါးပါးပစ်ထည့်လိုက်ပြီး ပြုံးလိုက်လေသည်။
ဆွဲဆောင်မှုတန်ဖိုး ၉၈ ကဟာသ
မှတ်လို့လား။
သူ နာရီကို ကြည့်လိုက်ပြီး
“ဆယ်နာရီ နီးနေပြီ။စုရှောင်းရှောင်းက
မပြီးသေးဘူးလား?”
လက်နှစ်ဖက်စလုံးမှာ အိတ်ကြီးအိတ်ငယ်တွေ ကိုင်ထားတဲ့ကျွင်းဇီက တက်ကြွစွာ ပြောလိုက်သည်။
“ကျွန်တော် သွားရှာလိုက်ပါ့မယ်။”
“မင်း အခုလိုပစ္စည်းတွေနဲ့ဆိုတော့
အရင်ဆုံးအဝတ်အစားတွေကို ကားထဲ
ပြန်ထည့်ပြီး အပြင်မှာစောင့်နေလိုက်။”
ချင်းလန်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်ကာ
“ငါ သွားရှာလိုက်မယ်။”
ခုနက အမျိုးသမီးအဝတ်အစားဆိုင်ဆီ ပြန်သွားကာ အတွင်းထဲကြည့်လိုက်ပေမယ့် စုရှောင်းရှောင်းကို မတွေ့ပေ။အဲဒီအစား ထောင့်တစ်နေရာမှာ ရင်းနှီးတဲ့ အပြာနဲ့ အဖြူဝတ်စုံထောင့်လေး ကိုမြင်လိုက်ရပေသည်။
ပိုနီးအောင်လျှောက်သွားကြည့်လိုက်တော့ စုရှောင်းရှောင်းက သူမရဲ့သန့်ရှင်းရေး ယူနီဖောင်းနဲ့ပင်ထောင့်တစ်နေရာမှာ
ကွေးပြီးထိုင်လျက် အသံမထွက်ဘဲ ရှိုက်ကြီးတငင် ငိုနေတာကိုတွေ့လိုက်လေသည်။