အခန်း (၄၆) အစ်မက အရမ်း လောဘကြီးတာပဲ
“ရူယွီ ဒါက ဘာသဘောလဲ။”
ရဲ့ဖန် မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါက ထင်ကြေးသက်သက် ဆိုပေမယ့် ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ကျွန်တော် ထင်တယ်။ မစ္စ ယွင်ယွင်ကရိုးသားတယ်၊ ခင်ဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ သံသယ မဝင်မိဖူးဘူးလား။”
ပိုင်ရူယွီ တိတ်ဆိတ်နေလေသည်။
သူမ ချင်းလန် ကို သံသယ မဝင်ခဲ့ဘူးလား။
ဝင်ခဲ့တာပေါ့။
စားသောက်ပွဲမှာတုန်းက ချင်းလန် က သူ့ညီမ နေ့လည်ပိုင်းမှာ ပြန်ပေးဆွဲခံရတယ်လို့ ပြောလိုက်တုန်းက သူမ ချင်းလန် ကို ချက်ချင်း သံသယဝင်ခဲ့လေသည်။
ဒါပေမဲ့ ဘာဆက်ဖြစ်ခဲ့လဲ။
လက်တွေ့က သူမရဲ့ ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သလိုပင်။
ချင်းလန် က ဒီကိစ္စတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ရုံမက သူ့ညီမကို ပြန်ပေးဆွဲသမားတွေ လက်ထဲကနေ ကယ်တင်ပေးခဲ့သေးတယ်။
“မစ္စတာ ရဲ့ဖန်၊ ဒါ ကျွန်မ ပြောစရာ ရှိတာ အကုန်ပါပဲ။ ကိစ္စတချို့က ရှင်ထင်သလောက် မရိုးရှင်းဘူး ဆိုတာပဲ ကျွန်မ ပြောနိုင်တယ်။ရှင့်အနေနဲ့ ချင်းလန် ရဲ့ စရိုက်ကို မေးခွန်းထုတ်နိုင်ပေမယ့် ယွင်ယွင် ရဲ့ ကိစ္စမှာ ဝင်မပါဖို့ ကျွန်မ မျှော်လင့်ပါတယ်။”
ပိုင်ရူယွီ က သူမရဲ့ ဝိုင်ခွက်ကို ယူပြီး ထွက်သွားလိုက်လေသည်။ စကားဆက်ပြောဖို့ ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်းပင်။
ရဲ့ဖန် အပေါ် သူမရဲ့ ပထမဆုံး အထင်အမြင်က တော်တော် ကောင်းမွန်ခဲ့သည်။ သူက တည်ငြိမ်တယ်၊ မျက်လုံးတွေ တောက်ပပြီး ဉာဏ်ကောင်းမယ့်ပုံ ပေါက်သည်။
ဒါပေမဲ့ အခုတော့ အဲ့ဒါက နည်းနည်း အထင်ကြီးလွန်းသွားသလို ဖြစ်နေပြီ။
ရဲ့ဖန် သည် ပိုင်ရူယွီ ၏ လှပသော ကျောပြင်ကို ငေးကြည့်ရင်း အေးစက်နေသော သူ့လက်က ဝိုင်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ဝိုင်ခွက်မှာ ကွဲအက်လုနီးပါး အသံများ ထွက်ပေါ်လာလေသည်။
ဘယ်လို ဖြစ်ရတာလဲ။
သူက လူကဲခတ်ရာမှာ အမြဲတမ်းတော်ခဲ့တာပဲ။
ပိုင်ရှောင်ယွင် ရဲ့ အထင်လွဲမှုတွေနဲ့ စော်ကားမှုတွေကို သူ လျစ်လျူရှုနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် သွေးဝံပုလွေ ကြေးစားအဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အသက်နဲ့သေဆုံးခြင်းကို ယဉ်ပါးနေပြီပဲ၊ ဒီလို ကောင်မလေး တစ်ယောက်ကို သူက ဘာလို့ ဂရုစိုက်နေရမှာလဲ။
ဒါပေမဲ့ ဘာလို့ ပိုင်ရူယွီ တောင်မှ ဒီလို တုံ့ပြန်ရတာလဲ။
ချင်းလန် က ဒီညီအစ်မနှစ်ယောက်ကို ဆေးခပ်ထားတာများလား။
ရဲ့ဖန် မသိလိုက်တာ တစ်ခုရှိသည်။ သူ ဘယ်လောက်ပဲ ဦးနှောက်ခြောက်အောင် စဉ်းစားပါစေ၊ ဒီ မရိုးသားတဲ့ပိုင်ရှောက်ချွမ် ဟာ သူ့သမီးအရင်းကို ပြန်ပေးဆွဲမှု နောက်ကွယ်က တကယ့် ကြိုးကိုင်သူ ဖြစ်နေတယ်ဆိုတာ သူ ဘယ်တော့မှ တွေးမိမှာ မဟုတ်ပေ။
မြေခွေးအိုကြီးက မကောင်းမှုတွေ ကျူးလွန်ပြီးတော့ ရပ်တန့်မသွားတဲ့အပြင် ချင်းလန် က သူ့သမီးကိုပြန်ပေးဆွဲသူတွေ လက်ထဲကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ဂုဏ်ပြုပွဲတောင် ခမ်းခမ်းနားနား ကျင်းပပေးနေသေးသည်။
သူတို့က အဆင့်မြင့် ကိုယ်ရံတော် ရဲ့ဖန် ကိုတောင် အထူးတလည် ငှားရမ်းခဲ့သေးသည်။
ရဲ့ဖန် က မူရင်း ဝတ္ထုထဲက ဇာတ်လိုက်ဆိုပေမဲ့ သူကလည်း လူသား တစ်ယောက်ပဲလေ။
ဇာတ်လမ်းကို ကြိုသိနေတဲ့ ချင်းလန် လို လူမျိုးကလွဲရင် ဟန်ဆောင် ဖုံးကွယ်ထားတဲ့ မြေခွေးအိုကြီး ပိုင်ရှောက်ချွမ် ကို တခြား ဘယ်သူကများ အကဲခတ်နိုင်မှာလဲ။
“ဘယ်နေရာမှာများ မှားသွားခဲ့တာလဲ။ ဘယ်အဆင့်မှာ မှားသွားတာလဲ”
ရဲ့ဖန် က ခေါင်းငုံ့လိုက်ပြီး အတွေးတွေ ရှုပ်ထွေးနေကာ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။
ငါတို့ ဘယ်နေရာမှာများ မှားသွားခဲ့တာလဲ။
ရဲ့ဖန် ရဲ့ မကြာသေးမီက ဖြစ်ပေါ်နေတဲ့ စိတ်တိုလွယ်မှုတွေ ပြန်ပေါ်လာခဲ့သည်။
သူက ထောင့်တစ်နေရာကို တိတ်တဆိတ် လျှောက်သွားပြီး အသက်ရှူခြင်းကို ညှိယူကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်လေသည်။
စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့မှုကနေ တည်ငြိမ်မှုက ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံး ဆိုတာကို သင်ပေးခဲ့သည်။ ဒေါသထွက်လိုက်တာနဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ရလိမ့်မည်။
“ရူယွီ...”
ပွဲခန်းမရဲ့ အလယ်ဗဟိုမှာ ချင်းလန် က တိုးတိုးလေး ခေါ်လိုက်ပြီး ပိုင်ရူယွီ ရဲ့ နောက်ကနေ ကပ်သွားလိုက်လေသည်။
ပိုင်ရူယွီ တုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်ကာ ချင်းလန် ကို စိုက်ကြည့်ရင်း သံသယဖြစ်စွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ချင်းလန် က အလေးအနက် ပြောလိုက်သည်။
“ကုမ္ပဏီ ကိစ္စတွေကို မင်းနဲ့ သေချာ ဆွေးနွေးဖို့ လိုသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ ပထမဆုံး စီးပွားရေး လုပ်တာဆိုတော့ ပေါ့ပေါ့ဆဆ နေလို့ မရဘူး။ မင်းက ဒီဘက်မှာ အရည်အချင်း ရှိပေမယ့် ငါတို့ အရာရာ ရှင်းလင်းအောင် လုပ်ထားဖို့ လိုတယ် မဟုတ်လား”
“အဆင်မပြေဘူး။”
ပိုင်ရူယွီ မျက်လုံး လှန်ကြည့်လိုက်သည်။
“မစ္စ ပိုင်၊ ခင်ဗျား ဘာပြောလိုက်တာလဲ။ ထားလိုက်ပါတော့၊ ဒီမှာ လူတွေ အရမ်းများတယ်။ အပေါ်ထပ် တက်ပြီး စီးပွားရေး ကိစ္စတွေကို သီးသန့် ပြောကြရအောင်။”
လူတစ်ယောက် ဖြတ်သွားတာကို မြင်လိုက်ရတော့ ချင်းလန် က အသံကို တမင် မြှင့်ပြောလိုက်ပြီး ဖြတ်သွားတဲ့ ဧည့်သည်ကို ရှောင်လိုက်သည်။
ပြီးတော့ သူက ပိုင်ရူယွီ ရဲ့ ကျောကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ပြီး အပေါ်ထပ် တက်ဖို့ တိုက်တွန်းလိုက်လေသည်။
တစ်နာရီ ကြာပြီးနောက်...
“ဒင်! ဂုဏ်ယူပါသည် သင်ဟာ ဗီလိန်အမှတ် +1000 ရရှိသွားပါပြီ။”
တစ်ခုခု မှားယွင်းသွားမှာ ကြောက်တာကြောင့် ပိုင်ရူယွီ က ဒုတိယထပ်ကနေ အရင်ဆုံး ဆင်းလာခဲ့ပြီး သူမရဲ့ မျက်နှာ အနည်းငယ် နီရဲနေလေသည်။
ဧည့်သည် တစ်ယောက်ယောက် သတိထားမိရင်တောင် မစ္စပိုင် ဒီညပျော်ရွှင်နေပြီး ဝိုင်တွေ မတော်တဆ အများကြီး သောက်မိသွားတယ်လို့ပဲ ထင်ကြမှာပါ။
ဒါက လူတစ်ယောက်တည်းရဲ့ အတွေး မဟုတ်ဘဲ ပိုင်ရူယွီ နဲ့ ရင်းနှီးတဲ့သူတွေ အားလုံး ဒီလိုပဲ တွေးကြမှာပင်။
ပိုင်ရှောင်ယွင် သည် လူကြီးအုပ်စုထဲမှ ပျော်ရွှင်စွာ ခွဲထွက်လာပြီး အစ်မဖြစ်သူဆီသို့ ပြေးလာခဲ့လေသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမ ချစ်ရတဲ့ အစ်ကိုကို မတွေ့ရတော့ သူမ ရင်ဘတ်ကို မသက်မသာ ပုတ်လိုက်ပြီး ညည်းညူလိုက်သည်။
“အစ်မ၊ ညီမ အရမ်း ပင်ပန်းနေပြီ! ဒါက ဟန်ဆောင်နေရုံ သက်သက်ပဲမလား။ အစ်မသာ ကြိုမပြောထားရင် ညီမ သုံးမိနစ်တောင် ခံမှာ မဟုတ်ဘူး။”
အဲ့ဒီ လူကြီးတွေက ရွံစရာ ကောင်းလိုက်တာ။ သူတို့ အားလုံးက သူ့ကို သမီးလိမ္မာလေးဆိုပြီး ချီးကျူးနေကြလေသည်။
တချို့က သူ့ကိုအိမ်ထောင်ပြုဖို့တောင် အကြံပေးနေကြသေးသည်။
အဲ့ဒီ လူကြီးတွေက လုံးဝ အမှောင်ချခံထားရတာပင် သူက သူ့သမီးအရင်းကို ဒုက္ခပေးရုံတင်မကဘူး၊ သူ့ရဲ့ ချစ်ခင်မှု ဆိုတာလည်း အလကား အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ဆိုတာ သူတို့ သိကြမှာ မဟုတ်ဘူး။
“ယွင်ယွင်”
ပိုင်ရူယွီ က စိုးရိမ်တကြီး လက်လှမ်းပြီး ပွင့်လင်းလွန်းတဲ့ ညီမလေးရဲ့ ပါးစပ်ကို ပိတ်လိုက်ကာ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးမှ လွှတ်ပေးလိုက်လေသည်။
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့”
ပိုင်ရှောင်ယွင် နှုတ်ခမ်းစူလိုက်ပြီး အစ်မဖြစ်သူရဲ့ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်လေသည်။
“အို... အစ်မကလည်း၊ စိတ်ပူစရာ မလိုပါဘူး။ ညီမ ဒီကို လာတုန်းက ဘယ်သူမှ မရှိတာ သတိထားမိပါတယ်”
ဒါ့အပြင် လူတွေ ဒီလောက် အများကြီး ရှိတာ၊ ညီမ ဘယ်သူ့အကြောင်း ပြောနေလဲ ဆိုတာ ဘယ်သူက သိမှာလဲ။
ပိုင်ရှောင်ယွင် က ဂရုမစိုက်သလို ပုံပေါက်နေသည်။ သူမ တကယ်ပဲ ပတ်ဝန်းကျင်ကို ကြိုတင် ဂရုစိုက်ခဲ့သလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် ကြားစေချင်သလိုမျိုး သူမရဲ့ မကျေနပ်ချက်တွေကို တမင်တကာ ဖွင့်ထုတ်နေသလား ဆိုတာ မရှင်းလင်းပေ။
သူမက အစ်မဖြစ်သူကို ငေးကြည့်လိုက်ပြီး မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တစ်ခု ဝင်ရောက်လာလေသည်။ သူမက ရှေ့တိုးသွားပြီး လက်ညှိုးလေး ထောင်ကာ အစ်မဖြစ်သူရဲ့ နှုတ်ခမ်းထောင့်ကို ညင်သာစွာ ထိလိုက်ပြီး ကလေးဆန်တဲ့အသံနဲ့ပြော လိုက်သည်။
“အစ်မ၊ အစ်မက အရမ်း လောဘကြီးတာပဲ။ ဒီနေ့ စားသောက်ပွဲ ရှိတာတောင် အပေါ်မှာ ပုန်းပြီးအစားခိုးစားနေသေးတယ်။”
“ဒါ ဘာလဲ။
ညီမ မြည်းကြည့်မယ်။”
သူမက ပြောရင်းနဲ့ လက်ညှိုးကို ပါးစပ်ထဲ ထည့်တော့မလို လုပ်လိုက်လေသည်။