အခန်း (၄၅) ရဲ့ဖန်၏ သံသယများ
ရဲ့ဖန် က ပြုံးလိုက်ပြီး သူ့မျက်လုံးများက ဆွဲဆောင်မှုရှိသော အရိပ်အယောင်ဖြင့် တောက်ပနေကာ ညီအစ်မနှစ်ယောက်ကို မသိမသာ အကဲခတ်လိုက်လေသည်။
ဒီရင်သပ်ရှုမောဖွယ် ညီအစ်မနှစ်ယောက်ဆီက မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်နှစ်မျိုးစလုံးသည် အမှတ် ၉၅ အထက်ကိုအလွယ်တကူ ကျော်လွန်နေလေသည်။
ပြည်ပမှာနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အနောက်တိုင်း အမျိုးသမီးများ၏ ကြီးမားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ရင်းနှီးနေသော သူသည် ကျက်သရေရှိပြီး သွယ်လျသော တရုတ်အလှပဂေးများကို မြင်လိုက်ရသောအခါ ရင်ခုန်သွားမိသည်မှာ မဆန်းပေ။
“ခင်ဗျားတို့ရဲ့ ကိုယ်ရံတော် ဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပါ။ မစ္စ ယွင်ယွင် ရဲ့ အခြေအနေကို မစ္စတာ ပိုင် ဆီကနေ ကြားပြီးပါပြီ။ ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာ ရှိနေသရွေ့ မိန်းမလှလေး နှစ်ယောက်လုံးကို နည်းနည်းလေးမှ ထိခိုက်ဖို့ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”
စကားတစ်ခွန်းတည်းဖြင့် ရဲ့ဖန် သည် သူတို့နှစ်ယောက်လုံးကို သူ့အကာအကွယ်အောက်သို့ ဆွဲသွင်းလိုက်လေသည်။
ဟုတ်ပေသည်။ သူ့ရဲ့ စွမ်းရည်တွေနဲ့ အရည်အချင်းတွေအရ တရုတ်ပြည်မှာဆိုရင်တောင်၊ သွေးဝံပုလွေ ကြေးစားစစ်သားအဖွဲ့ ရဲ့ အကူအညီ မပါရင်တောင် သူ ကာကွယ်နိုင်စွမ်း ရှိလေသည်။
သူက အဲ့အမျိုးသမီးနှစ်ယောက်ကို ကာကွယ်ချင်နေတာပဲ၊ တခြား ဘာစိုးရိမ်စရာရှိဦးမှာလဲ။
ဒါက သူရဲ့ခွန်အားကနေရရှိလာတဲ့ ယုံကြည်မှုပင်။
ပိုင်ရှောင်ယွင် က ရဲ့ဖန် ကို သူမ၏ လှပသော မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ပြီး သံသယဖြစ်စွာ မေးလိုက်လေသည်။
“ရှင် ကျွန်မကိုပါ ကာကွယ်ပေးမှာလား။ ဒါပေမဲ့ ကျွန်မမှာ အစ်ကိုကြီး ရှိပြီးသားလေ။ ရှင် ကျွန်မအစ်မကိုပဲ ကာကွယ်ပေးလိုက်ပါလား ဟုတ်ပြီလား”
“အစ်ကို”
ရဲ့ဖန် က နားမလည်သလို မေးလိုက်သည်။
“မင်းမှာ အစ်ကို ရှိလို့လား”
“ဟုတ်တယ်၊ ကျွန်မ ပြန်ပေးဆွဲခံရတုန်းက အစ်ကိုက ကျွန်မကို ကယ်ပေးခဲ့တာ။”
ချင်းလန်အကြောင်း ပြောတဲ့အခါ ပိုင်ရှောင်ယွင် ရဲ့ မျက်လုံးများ တောက်ပလာလေသည်။
ရဲ့ဖန် လည်း အရမ်း ချောမောတယ်လို့ သူမ ထင်ပေမယ့် မျှတအောင် ပြောရရင်...
သူမရဲ့ အစ်ကိုကြီးနဲ့ ယှဉ်လိုက်ရင် သူက ဘာမှ မဟုတ်ပေ။
သူမရဲ့ အစွဲအလမ်းကို အထင်မသေးသင့်ပေ။ တစ်စုံတစ်ယောက်ကို စိတ်ထဲမှာ ထားလိုက်ပြီဆိုရင် သူမက မယုံနိုင်လောက်အောင် သစ္စာရှိသူဖြစ်ပေသည်။
ပိုင်ရှောင်ယွင် က ရဲ့ဖန် ကို မကြိုက်လို့ မဟုတ်ပေမယ့် ရဲ့ဖန် ကို သူမအား ကာကွယ်ခွင့်ပြုလိုက်ရင် အစ်ကိုအထင်လွဲသွားမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။
ပိုင်ရူယွီ ရယ်မောလုနီးပါး ဖြစ်သွားသည်။ သူမညီမလေး စကားပြောနေတာ ဒီလောက်ကြာပြီ နာမည်တောင် မပြောရသေးပေ။ သူမက ဝင်ပြောလိုက်လေသည်။
“ယွင်ယွင် ကို ကယ်ခဲ့တာ ချင်းလန် ပါ၊ ဒါကြောင့် ယွင်ယွင် ရဲ့ စိတ်ထဲမှာ ချင်းလန် က သူမရဲ့ အစ်ကိုလို ဖြစ်နေတာ။ မစ္စတာ ရဲ့၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။”
ချင်းလန်
ဒီနာမည်ကို ကြားလိုက်တာနဲ့ ရဲ့ဖန် ၏ မျက်ခုံးများက အလိုအလျောက်တွန့်ချိုးသွားလေသည်။
သူက ပိုင်ရှောက်ချွမ် နဲ့ ပြည်ပမှာ စီးပွားရေး လုပ်ဖူးပြီး ပိုင်ရှောက်ချွမ် ရဲ့ ကုန်သည်အဖွဲ့ကို ကာကွယ်ပေးဖူးသည်။
ဒီတစ်ကြိမ် ဖိတ်ကြားမှုကို သူ လက်ခံလိုက်တာက ပိုင် ညီအစ်မတွေကို ကာကွယ်ပေးဖို့ သက်သက်တော့ မဟုတ်ပေ။ ဒါမတိုင်ခင်က ပိုင် ညီအစ်မတွေ ဘယ်လိုပုံစံလဲ ဆိုတာကိုပင် သူ မသိခဲ့ပေ။
ရိုးရှင်းစွာပဲ ပိုင်ရှောက်ချွမ် နဲ့ စကားစပ်မိကာ ချင်းလန် ဆိုတဲ့ နာမည်ကို ထည့်ပြောခဲ့လို့သာ ဖြစ်သည်။
စုရှောင်းရှောင်းကို သူ့နဲ့ အဆက်အသွယ်ပျက်အောင် လုပ်ခဲ့တဲ့သူကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။
“မစ္စ ယွင်ယွင်၊ ကျွန်တော့် သတင်းအချက်အလက်သာ မှန်ကန်မယ်ဆိုရင် ဒီ မစ္စတာ ချင်းလန် က အပြင်မှာ နာမည်တော်တော် ပျက်နေတယ် မဟုတ်လား”
ရဲ့ဖန် က ပြုံးလိုက်ပြီး ချင်းလန် ကို အသရေဖျက်လိုစိတ် မရှိဘဲ သူ့ရဲ့ လူသိရှင်ကြား ပုံရိပ်ကို ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒါပေမဲ့ ကံဆိုးချင်တော့ ဒီလူက အချစ်စိတ်မွှန်နေတဲ့ ပိုင်ရှောင်ယွင် နဲ့ သွားတိုးမိလေသည်။
သူမက လူတွေရဲ့အမြင်တို့ ဘာတို့ ဂရုမစိုက်ပေ။
ဘယ်သူမဆို ချင်းလန် အကြောင်း မကောင်းပြောရင် ပိုင်ရှောင်ယွင် က အဲ့ဒီလူမှာ ပြဿနာ ရှိတယ်လို့ပဲ ထင်လေသည်။
လူတစ်ရာက ချင်းလန် အကြောင်း မကောင်းပြောရင် ပိုင်ရှောင်ယွင် က အဲ့ဒီလူ တစ်ရာလုံးမှာ ပြဿနာ ရှိတယ်လို့ပဲ ထင်မှာပင်။
ရဲ့ဖန် ရဲ့ စကားကို ကြားလိုက်ရတော့ ပိုင်ရှောင်ယွင် က ဒေါသတကြီး ခါးထောက်လိုက်ပြီး သူမရဲ့ မျက်နှာလှလှလေး နီရဲသွားလေသည်။
“ရှင် ဘာကို ဆိုလိုတာလဲ။ ဘာလို့ ကျွန်မအစ်ကို အကြောင်း မကောင်းပြောရတာလဲ။”
မျက်မြင်တွေ့ရမှ ယုံကြည်ရတယ် ဆိုတာ ရှင် မသိဘူးလား။ ရှင်က အစ်ကို့ကို တစ်ခါမှတောင် မတွေ့ဖူးဘဲနဲ့ မကောင်းပြောနေတာ ရှင် ရူးနေတာလား။
ရှင် အစ်ကို့ကို မနာလို ဖြစ်နေတာ မဟုတ်လား။ သေချာပေါက် အဲ့ဒါပဲ နေမှာ။ကျွန်မက အစ်ကို့ကို ကာကွယ်ခိုင်းပြီး ရှင့်ကို မခိုင်းလို့ ရှင် မနာလို ဖြစ်နေတာ မဟုတ်လား။ စိတ်ပျက်စရာ ကောင်းလိုက်တာ၊ ရှင့်ကို ဂရုစိုက်မနေတော့ဘူး။
ဒေါသတကြီး ကျိန်ဆဲပြီးနောက် ပိုင်ရှောင်ယွင် က ချင်းလန်က အိမ်ဝင်းအဝင်ဝကနေ လမ်းလျှောက် ဝင်လာတာကို သတိထားမိလိုက်သည်။ သူမက ရဲ့ဖန် နဲ့ ငြင်းခုံနေတာကို ချက်ချင်း ရပ်လိုက်ပြီး သူ့ဆီ ပြေးသွားကာ မိခင်ရင်ခွင်ထဲ ကလေးငယ်လေးလို တိုးဝင်လိုက်လေသည်။
“အစ်ကို၊ ဘာလို့ အခုမှ ရောက်လာတာလဲ။ ရဲ့ဖန် ဆိုတဲ့ အဲ့ဒီ ကိုယ်ရံတော်က အစ်ကို့နာမည် အပြင်မှာ ပျက်နေတယ်လို့ ပြောနေတယ်။”
ပိုင်ရှောင်ယွင် က တိုင်တောလိုက်ပြီး ပိုပြီး သက်တောင့်သက်သာ ရှိမယ့် အနေအထား ရဖို့ ချင်းလန် ရဲ့ ရင်ခွင်ထဲမှာ ကိုယ်ကို ရွှေ့လိုက်လေသည်။
ပြီးတော့ ချီးကျူးခံချင်စိတ်နဲ့ သူမက ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အစ်ကို၊ စိတ်ဆိုးစရာ မလိုပါဘူး။ ညီမ သူ့ကို အစ်ကို့အစား ဆူပေးလိုက်ပြီ၊ ဟီးဟီး...”
“အို တကယ်လား။ ဒါဆို အစ်ကို့အတွက် တရားမျှတမှု ရအောင် လုပ်ပေးတဲ့ ယွင်ယွင် ကို ကျေးဇူးတင်ရမှာပေါ့။”
ချင်းလန် က ကောင်မလေးရဲ့ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပဲ မလှမ်းမကမ်းက ရဲ့ဖန် ကို နွေးထွေးတဲ့ အပြုံးနဲ့ မော့ကြည့်လိုက်လေသည်။
သူတို့ အကြည့်ချင်း ဆုံသွားကြလေသည်။
အကြည့်ချင်း ဆုံတဲ့အခိုက်မှာ လျှပ်စစ်မီးပွားတွေ တဖွားဖွား တိုက်ခိုက်နေသလို ပြိုင်ဆိုင်မှု တစ်ခုဖြစ်ပေါ်နေလေသည်။
ချင်းလန် စိတ်ထဲကနေ လှောင်ပြောင်လိုက်မိသည်။
“ငါ ဒါကို မျှော်လင့်မထားမိဘူး။”
သူ အရာအားလုံးကို ကြိုတင် စီစဉ်ထားတာတောင်မှ ရဲ့ဖန် က ပိုင် ညီအစ်မတွေနဲ့ ပတ်သက်ခွင့် ရခဲ့ပြီး သူတို့ရဲ့ ကိုယ်ရံတော်တောင် ဖြစ်လာခဲ့သေးသည်။
သိထားဖို့က မူရင်း ဇာတ်လမ်းထဲမှာ ရဲ့ဖန် က ပိုင်ရှောင်ယွင် ကို နဂါးနက် အသင်း လက်ထဲကနေ မတော်တဆ ကယ်တင်ခဲ့တာ ဖြစ်လေသည်။
ဒါက သူ ပိုင် ညီအစ်မတွေနဲ့ တွေ့ဆုံခြင်းရဲ့ အစဖြစ်ပေမယ့် အခုတော့ သူက ဒီအခွင့်အရေးကို လုယူလိုက်ပြီလေ။
ဒါပေမဲ့ ရဲ့ဖန် က ပိုင် ညီအစ်မတွေ ရှေ့ကို ရောက်လာခဲ့ပြန်သည်။
ပြောရမယ်ဆိုရင် ဒီကောင်က မိန်းမတွေကြားမှာ တကယ် ရေပန်းစားတာပဲ။
နှမြောစရာ ကောင်းလိုက်တာ။
ရဲ့ဖန် အချိန်မတိုင်မီ ပြန်ရောက်လာရင်တောင် သူက ခြေတစ်လှမ်း နောက်ကျနေခဲ့ပြီဖြစ်သည်။
သူက ရဲ့ဖန် ကို တိုက်ရိုက် ထိပ်တိုက် မတွေ့ခဲ့ပေ။
အဲ့ဒီ့အစား အကြည့်ချင်း ဖလှယ်ပြီးနောက် ပိုင်ရှောင်ယွင် ကို ဖက်ပြီး တခြားနေရာသို့ ထွက်သွားလိုက်လေသည်။
တစ်ဖက်တွင် ရဲ့ဖန် က မျက်လုံးမှေးလိုက်ပြီး ချင်းလန် ဆီကနေ ထူးခြားတဲ့ အရှိန်အဝါ တစ်ခု ထွက်ပေါ်နေတာကို အာရုံခံမိလိုက်သည်။
အကြည့်လွှဲလိုက်ပြီးနောက် သူက ပိုင်ရူယွီ ကို ကြည့်ပြီး နည်းနည်း အေးစက်တဲ့ အသံနဲ့ မေးလိုက်လေသည်။
“မစ္စ ပိုင်၊ မစ္စ ယွင်ယွင် နဲ့ ချင်းလန် တို့ရဲ့ ဆက်ဆံရေးအပေါ် ခင်ဗျား ဘယ်လို မြင်လဲ။”
ဒါကို ဘယ်လိုပြောရမလဲ ။
ပိုင်ရူယွီ စိတ်ထဲကနေ တွေးလိုက်မိသည်။သူမက ဒီအတိုင်းကြည့်နေရုံသာတတ်နိုင်လေသည်။
သို့သော် သူမက ယဉ်ကျေးစွာနဲ့ ဂရုမစိုက်သလို ပြောလိုက်လေသည်။
“ယွင်ယွင် ကကလေးပဲရှိသေးပြီး သခင်လေး ချင်း က သူမရဲ့ အသက်ကို ပြန်ပေးဆွဲသမားတွေ လက်ထဲကနေ ကယ်တင်ပေးခဲ့တာလေ။ သူတို့နှစ်ယောက် ပိုရင်းနှီးကြတာ ပုံမှန်ပါပဲ။”
“ဒါ့အပြင် မစ္စတာရဲ့ ကျွန်မကို မစ္စပိုင် လို့ ခေါ်နေစရာ မလိုပါဘူး ရူယွီ လို့ပဲ ခေါ်ပါ၊ စီးပွားရေးလောကက လူတိုင်း အဲ့လိုပဲ ခေါ်ကြတာ။”
ရဲ့ဖန် က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဒါပေမဲ့ ကျွန်တော် သိသလောက်ဆိုရင် မစ္စ ယွင်ယွင် ပျောက်ဆုံးသွားကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီးသား။ အဲ့ဒီအချိန်တုန်းက ရဲတွေတောင် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ ချင်းလန် က ရဲတွေထက် အရင် မစ္စ ယွင်ယွင် ကို ကယ်တင်နိုင်ခဲ့တယ်။”
“မစ္စတာ ပိုင်... အဲ ရူယွီ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခု သံသယ မဝင်မိဘူးလား”
ရဲ့ဖန် စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။ သူ့ကို လိမ်ချင်နေတာလား။
ဘယ်လို ညစ်ပတ်တဲ့ လှည့်ကွက်မျိုးကိုမဆို သူ ပြည်ပမှာ မတွေ့ဖူးလို့လဲ။
ဒီလို သေးငယ်တဲ့ လှည့်ကွက်လေးက ပိုင်ရှောင်ယွင် လို ရိုးအတဲ့ ကောင်မလေးကိုပဲ လိမ်လို့ရမှာ။ သူ့ရှေ့မှာတော့ လှည့်ကွက်တွေ အားလုံး အလကားပင်။
သူ ဒီလို ပြောပြီးပြီဆိုတော့ ပိုင်ရူယွီ လို ထက်မြက်တဲ့ စီးပွားရေး ပညာရှင်တစ်ယောက် သေချာပေါက် နားလည်နိုင်မှာပါ။
ဟုတ်တယ်၊ သူ ဆိုလိုတာက ချင်းလန် က ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်မှာ ရှိနေနိုင်ခြေ အရမ်းများတယ် ဆိုတာပဲ။
ဒါက ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်တဲ့ သူရဲကောင်း ပုံရိပ် ဖန်တီးဖို့ သူ တမင်တကာ လုပ်ခဲ့တဲ့ လှည့်ကွက် တစ်ခုပဲ။
ပိုင်ရူယွီ က ရဲ့ဖန် ကို လျစ်လျူရှုသလို တစ်ချက်ကြည့်လိုက်ပြီး ခဏတာ စဉ်းစားလိုက်လေသည်။ အဲ့နောက် သူမရဲ့ အသံကအေးစက်သွားပြီး ယဉ်ကျေးမှု အရိပ်အယောင်တွေ ပျောက်ကွယ်သွားတော့သည်။
“မစ္စတာ ရဲ့ဖန်၊ ကျွန်မ ခုနက ပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်ပြီ။ ဒီနေ့ကစပြီး ကျေးဇူးပြုပြီး ကျွန်မကို မစ္စ ပိုင် လို့ပဲခေါ်ပါ။”