အခန်း (၄၄) ကိုယ်ရံတော် ရဲ့ဖန်
နောက်တစ်နေ့ မနက်စောစောတွင်
ပိုင်ရှောင်ယွင် သည် အိပ်ရာနိုးနိုးချင်း ချင်းလန် သူ့ကုတင်ဘေးတွင် မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် အောက်ထပ်သို့ အပြေးဆင်းလာခဲ့လေသည်။
အောက်ထပ်ရောက်သောအခါ သူမမျှော်လင့်တောင့်တနေသော အစ်ကိုဖြစ်သူကို မတွေ့ရဘဲ၊ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ညှိုးငယ်သော မျက်နှာထားဖြင့် ထိုင်နေသော အစ်မဖြစ်သူကိုသာ တွေ့လိုက်ရသည်။
“အစ်ကို ဘယ်ရောက်သွားပြီလဲ။”
ပိုင်ရှောင်ယွင် က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
“သူ ပြန်သွားပြီ ယွင်ယွင်။ အစ်မ ညီမလေးကို ရှင်းရှင်းလင်းလင်း ပြောပြချင်တာ တစ်ခုရှိတယ်။ အဖေ့အကြောင်း...”
ပိုင်ရူယွီ ၏ လှပသော မျက်နှာပေါ်တွင် ခါးသီးမှုများ ပြည့်နှက်နေလေသည်။
“အဖေ”
ဆိုသည့် စကားလုံးကို ထုတ်ပြောလိုက်သောအခါ သူမ၏ နှလုံးသားကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး မျက်ရည်များ ဝေ့သီလာသည်။
ပိုင်ရှောင်ယွင် သည် ရှေ့တိုးသွားပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ အစ်မဖြစ်သူ၏ လက်မောင်းကို ဆွဲ၍ တိုးတိုးလေး ပြောလိုက်လေသည်။
“ညီမ သိပါတယ်၊ အစ်မတို့နှစ်ယောက် ရန်ဖြစ်နေတာ အသံကျယ်လွန်းလို့ ကြားနေရတယ်။ အဆင်ပြေပါတယ်၊ အစ်မ ဘေးမှာ ညီမ ရှိသေးတာပဲ၊ ပြီးတော့ ညီမ ဘေးမှာလည်း အစ်ကို ရှိသေးတယ်။”
ပိုင်ရှောင်ယွင် သည် ကိုယ်ကို အနည်းငယ် ရွှေ့လိုက်ပြီး ပိုင်ရူယွီ အနားသို့ တိုးသွားကာ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
“အစ်မ၊ ဝမ်းမနည်းပါနဲ့နော်၊ ဟုတ်ပြီလား”
“ယွင်ယွင်...”
ပိုင်ရူယွီ သည် ပြိုလဲလုနီးပါး ဖြစ်သွားသည်။
သူမ၏ အပြစ်ကင်းစင်ပြီး ရိုးသားသော ညီမလေးက တရားမဝင်သား အကြောင်းကို သိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အဓိက အချက်မှာ သူမက ဘာမှ မသိသလို ဟန်ဆောင်နေခဲ့ခြင်းပင်။ သူမ တလျှောက်လုံး အလွန် ဝမ်းနည်းကြေကွဲနေခဲ့မှာ သေချာသည်။
သူမကို ဒုက္ခပေးမိမှာ ကြောက်လို့ ဝမ်းနည်းမှုတွေကို မျိုသိပ်ပြီး ဘာမှ မပြောဘဲ နေခဲ့တာပဲ။
ပိုင်ရူယွီ သည် စိတ်လှုပ်ရှားစွာဖြင့် ညီမလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ရင်နာနာဖြင့် ပြောလိုက်လေသည်။
“ယွင်ယွင် အမေက ငါတို့ကို ထားသွားပြီ၊ အဖေကလည်း အဲ့ဒီ့သား အတွက် ငါ့ကို စွန့်ပစ်လိုက်ပြီ။ ငါ့မှာ ညီမလေးပဲ ကျန်တော့တယ်။ နောင်ကျရင် အစ်မကို ထားမသွားပါနဲ့နော်၊ ကောင်းပြီလား”
ပိုင်ရူယွီ သည် ချင်းလန် ရှေ့တွင် သူမ၏ ဝမ်းနည်းမှုများကို ဖိနှိပ်ထားနိုင်သော်လည်း သွေးသားရင်းချာ ညီမလေး ရှေ့တွင်တော့ အရာအားလုံးကို မထိန်းချုပ်နိုင်ဘဲ ဖွင့်ထုတ်လိုက်မိလေသည်။
သူမလည်း မိန်းကလေး တစ်ယောက်ပင် အသက်အနည်းငယ် ပိုကြီးရုံပဲ ရှိတာ။ ကုမ္ပဏီမှာဝါရင့်တာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေတဲ့ လူဟောင်းတွေ၊ ကောက်ကျစ်သူတွေကို ကိုင်တွယ်ဖြေရှင်းရရုံတင် မကဘူး၊ အိမ်ပြန်ရောက်ရင်လည်း ဖခင်နဲ့ ထိပ်တိုက် တွေ့ရသေးသည်။ သူမ ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်တော့မှာလဲ။
“အစ်မ၊ မငိုပါနဲ့တော့နော်၊ ဟုတ်ပြီလား ညီမ အစ်မကို ဘယ်တော့မှ ထားမသွားဘူး”
ပိုင်ရှောင်ယွင် က အစ်မဖြစ်သူကိုဖက်လိုက်ကာ
သူမလည်း ဝမ်းနည်းစွာ ရှိုက်ငိုလာခဲ့သည်။
ညီအစ်မနှစ်ယောက် ဖက်ပြီး ငိုကြွေးနေကြကာ ဗီလာ တစ်ခုလုံးတွင်သူတို့ နှစ်ယောက်တည်းသာ ရှိပြီး တစ်ယောက်ကို တစ်ယောက် မှီခိုနေကြရသည်။
အချိန်အတော်ကြာပြီးနောက် ပိုင်ရူယွီ သည် နှာခေါင်းရှုံ့လိုက်ပြီး ရင်ထဲမှာ လေးလံနေသော ဝမ်းနည်းမှုများကို ငိုကြွေးထုတ်လိုက်ရသဖြင့် အနည်းငယ် သက်သာရာ ရသွားလေသည်။
သူမက လက်ဝါးဖြင့် ပိုင်ရှောင်ယွင် ၏ မျက်နှာကို ညင်သာစွာ သုတ်ပေးလိုက်ပြီး ရင်နာနာဖြင့် ပြောလိုက်လေသည်။
“ယွင်ယွင်၊ မငိုနဲ့တော့။ ထပ်ငိုရင် မျက်နှာလေး ပေပွကုန်ပြီး လှတော့မှာ မဟုတ်ဘူး။”
“အင်း။”
ပိုင်ရှောင်ယွင် က နှာခေါင်းရှုံ့လိုက်ပြီး မျက်ရည်သုတ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“အစ်မ၊ ညီမ ငိုရင် ရုပ်ဆိုးသွားလား မနေ့ညက အစ်ကို့ ရင်ခွင်ထဲမှာလည်း ငိုခဲ့မိတယ်၊ သူ ညီမကို မုန်းသွားမလား”
ပိုင်ရူယွီ သည် မျက်ရည်များကြားမှ ရယ်မောလိုက်လေသည်။
“ရုပ်မဆိုးပါဘူး။ ယွင်ယွင် လို ချစ်စရာကောင်းတဲ့ သူကို ဘယ်သူက မုန်းနိုင်မှာလဲ”
ပိုင်ရှောင်ယွင် သည် ချီးကျူးစကားကို ကျေနပ်စွာ လက်ခံလိုက်ပြီး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“တော်သေးတာပေါ့။ အစ်ကိုသာ မုန်းသွားရင် ညီမတို့ ကြီးလာတဲ့အခါ သူ့မိန်းမ ဖြစ်ချင်တယ်လို့ ပြောလို့ရတော့မှာ မဟုတ်ဘူး။”
သူ့မိန်းမ ဖြစ်မယ် ဟုတ်လား။
ပိုင်ရူယွီ ကိုယ့်ဘာသာကိုယ် ခါးသက်သက် ပြုံးလိုက်မိသည်။ သူမ ညီမလေး တောင့်တနေခဲ့တဲ့ ချင်းလန် ရဲ့ ဇနီးသည် ဖြစ်မှသာ လုပ်ခွင့်ရမယ့် ကိစ္စတစ်ခုကိုသူမ မနေ့ညကတည်းက ကြိုတင်ပြီးပြီးမြောက်ခဲ့ပြီလေ၊ ပြီးတော့ ပုံစံမျိုးစုံ နဲ့တောင် လုပ်ခဲ့သေးတယ်။
သူမ ညီမလေးကို ချင်းလန် အကြောင်း မတွေးဖို့ တားဆီးရန် ရည်ရွယ်ချက်လည်း မရှိသလို စွမ်းရည်လည်း မရှိပေ။ ဒါကြောင့် ချင်းလန် အပေါ် တောင်းဆိုမှုတွေ ပိုလုပ်ရုံသာ တတ်နိုင်တော့သည်။
“ယွင်ယွင်၊ ဒီည အိမ်ပြန်ရအောင်။ ဖေဖေက ညီမလေး ကယ်တင်ခံရတာကို ဂုဏ်ပြုဖို့ စားသောက်ပွဲ ပြင်ဆင်ထားတယ်၊ ပြီးတော့ နိုင်ငံခြားက အဆင့်မြင့် ကိုယ်ရံတော် တစ်ယောက်ကိုလည်း ဈေးကြီးပေးပြီး ငှားထားတယ်။ ညီမလေးက အိမ်ရှင်မလေ။”
ပိုင်ရှောင်ယွင် က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
“မပြန်ဘူး၊ အဲ့ဒီလူကို မတွေ့ချင်ဘူး”
စိတ်ထဲရှိတာ အကုန်ထုတ်ပြတတ်တဲ့ ပိုင်ရှောင်ယွင် ကို ထားလိုက်ပါဦး ဉာဏ်များတဲ့ မိန်းကလေးတောင်မှ ဒီလို အခြေအနေမျိုးမှာ အလိုအလျောက် ငြင်းဆန်မိမှာ သေချာသည်။
ပြန်ပေးဆွဲ ခံရအောင် လုပ်ခဲ့တာ ရှင်လေ အခု သူများ ကယ်လို့ လွတ်လာမှ ဂုဏ်ပြုပွဲ လုပ်ပေးမယ်တဲ့လား။
ဖခင်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိ ဖြစ်နိုင်ရတာလဲ။
အပြင်လူတွေကို ပြဖို့ ဟန်ဆောင်နေတာ သက်သက်ပဲလား၊ ကိုယ့်သမီးအရင်းရဲ့ ခံစားချက်ကို လုံးဝ ထည့်မစဉ်းစားတော့ဘူးလား။
ပိုင်ရူယွီ က ညီမလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
“ယွင်ယွင်၊ တချို့ကိစ္စတွေက ထုတ်မပြောတာ ပိုကောင်းတယ်။ အခြေအနေတွေ တင်းမာအောင် လုပ်စရာ မလိုပါဘူး။ အဆိုးဆုံး အခြေအနေမှာ သူ့ကို လူဆိုးကြီးလို့ စိတ်ထဲကနေ ကြိမ်ဆဲလိုက်ရုံပေါ့”
“ပြီးတော့ ညီမလေးရဲ့ အစ်ကို ချင်းလန် လည်း ဒီည စားသောက်ပွဲကို လာမှာ။”
ပိုင်ရှောင်ယွင် ၏ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် နှုတ်ခမ်းစူပြီး စိတ်ဆိုးမာန်ဆိုးဖြင့်
“အို... ဒါဆိုလိုက်မယ်၊ ဒါပေမဲ့ အဲ့ဒီ ဖေဖေ လူဆိုးကြီးနဲ့ စကားမပြောဘူး”
ဟု ပြောလိုက်လေသည်။
ပိုင်ရှောက်ချွမ် ၏ ဖိတ်ကြားမှုကြောင့် ထျန်ဟိုင်မြို့ မှ ထင်ရှားကျော်ကြားသူ အားလုံးနီးပါး ပိုင်မိသားစု အိမ်တော်သို့ လာရောက် အားပေးကြလေသည်။
အရေးကြီး ကိစ္စရှိနေလျှင်တောင်မှ သူတို့က မိသားစုဝင် တစ်ဦးဦးကို ကိုယ်စား လွှတ်လိုက်တာမျိုး၊ ဒါမှမဟုတ် ကြိုတင် စီစဉ်မှုတွေ လုပ်ထားတာမျိုး ရှိကြသည်။
ပိုင်ရှောက်ချွမ်ကတရားမဝင် သား ရှိတာတွေ သမီးအရင်းကို ပြန်ပေးဆွဲဖို့ စီစဉ်တာတွေ ရှိပေမယ့် ထျန်ဟိုင်မြို့ မှာတော့ ပိုင်ရှောက်ချွမ် က အတော်လေး နေရာရထားဆဲပင်။
အရေးပါဆုံး အဆင့်အတန်းမျိုးပေါ့။
ဒါ့အပြင် ပိုင်ရှောက်ချွမ် က အလွန် ရှေးရိုးဆန်ပြီး သူ့အိမ်ဝင်းထဲမှာ ဧည့်ခံပွဲ ကျင်းပလေ့ မရှိတာကြောင့် ဒီပွဲက ဘယ်လောက် ခမ်းနားသလဲ ဆိုတာ သိသာထင်ရှားလှသည်။
စားသောက်ပွဲတွင် ပိုင်ရူယွီ သည် အကောင်းဆုံး ဝတ်ဆင်ထားပြီး သူမ၏ ခရမ်းရောင် ဂါဝန်ရှည်က ကြမ်းပြင်ပေါ်တွင် တွဲလောင်းကျနေကာ ယိမ်းနွဲ့နေသော ခန္ဓာကိုယ်နှင့် လှုပ်ရှားမှုတိုင်းက အမျိုးသားများစွာ၏ အာရုံကို ဖမ်းစားထားလေသည်။
ပိုင်ရှောင်ယွင် ကတော့ ဖြူစင်သော ဂါဝန်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်နေရာက ကြီးမားစွာဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေတာကြောင့် အထူးသဖြင့် မျက်စိကျစရာ ဖြစ်နေသည်။
ဒီလောက် ငယ်ရွယ်တဲ့ အရွယ်မှာတောင် ဒီလို
ကြီးမားတဲ့ ယုန်လေး ရှိနေပြီ။ နောက်ထပ် နှစ်အနည်းငယ်လောက် ကြီးလာရင် ဘယ်လို နေမလဲ။
ပြီးတော့ ကြည်လင်နေတဲ့ ဖိနပ်နဲ့ အဖြူရောင် ခြေအိတ်ရှည် ဝတ်ထားတဲ့ လှပတဲ့ ခြေထောက်တွေကို ကြည့်လိုက်ပါဦး။
ကလေးမျက်နှာနဲ့ ရင်သားကြီးတဲ့ လောလီ ပုံစံက ပရိတ်သတ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့တာ အမှန်ပင်။
“ဝိုး ဘယ်လောက် ချောမောပြီး ယောက်ျားပီသတဲ့ လူလဲ ဒါ ဘယ်သူလဲ ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါ အရင်က တွေ့ဖူးတဲ့ သခင်လေး ချင်း လောက်နီးပါး ကြည့်ကောင်းတာပဲ”
“ဘုရားရေ ဒီရက်ပိုင်း ထျန်ဟိုင်မြို့ မှာ ဘာတွေ ဖြစ်နေတာလဲ ချောမောတဲ့ ကောင်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေတယ်၊ ငါ ဘယ်သူ့ကို ရွေးရမလဲ”
“နင်က အရှက်မရှိတဲ့ မိန်းမ၊ ဘယ်သူက နင့်ကို လိုချင်မှာလဲ”
“…”
မိန်းကလေး အများအပြားသည် ထောင့်တစ်နေရာတွင် ဝိုင်နီ သောက်နေသော လူငယ်တစ်ဦးကို သတိထားမိလိုက်ကြသည်။
သူ့မျက်လုံးတွေက လွမ်းဆွေးမှုတွေ ပြည့်နှက်နေပြီး အေးစက်မှု အရိပ်အယောင် ပါဝင်နေကာ လူတစ်ယောက်ကို ဆွဲဆောင်နိုင်လွန်းလှသည်။
“မစ္စတာ ရဲ့ဖန်၊ ကျွန်မတို့ပွဲကို တက်ရောက်ပေးပြီး ညီမလေးရဲ့ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ပေးဖို့ သဘောတူတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ပိုင်ရူယွီ သည် လူငယ်ဆီသို့ လျှောက်သွားပြီး
အသိအမှတ်ပြုသည့်အနေဖြင့် ဝိုင်နီခွက်ကို မြှောက်ပြကာ တစ်ငုံ သောက်လိုက်လေသည်။
သူမဘေးတွင် ရပ်နေသော ပိုင်ရှောင်ယွင် ၏ ကြီးမားပြီး အရည်လဲ့နေသော မျက်လုံးများထဲတွင်လည်း အံ့ဩမှု အရိပ်အယောင် ဖြတ်ခနဲ ပေါ်လာလေသည်။
ပိုင်ရှောင်ယွင် ၏ နှစ်ပေါင်းများစွာအတွေ့အကြုံအရ ဒါက နောက်ထပ် ချောမောတဲ့ ကောင်လေး တစ်ယောက်ပဲ။
ဟုတ်ပါတယ်၊ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီးသား မိန်းကလေး တစ်ယောက် အနေနဲ့ကတော့ အံ့ဩရုံပဲ ရှိပြီး တခြားဘာမှလုပ်မှာ မဟုတ်ပေ။
မဟုတ်ရင် ဒါက မိန်းကလေး တစ်ယောက်ရဲ့ အစွဲအလမ်းကြီးမှု မဟုတ်ဘဲ မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်မှု ဖြစ်သွားလိမ့်မယ်။