အခန်း (၄၂) ပိုင်ရူယွီ၏အကျပ်အတည်း
ချင်းလန် သည် ရဲ့ဖန် ပြန်လာမည့် ကိစ္စအတွက် အစီအစဉ်များ ကြိုတင် ချမှတ်ထားပြီးဖြစ်ကာ
ကျွင်းဇီ နှင့် အခြားသူများကလည်းစောင့်ကြည့်နေကြလေသည်။
ရဲ့ဖန် သည် ထျန်ဟိုင်မြို့ သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် သတင်းက ချင်းလန် ၏ နားထဲသို့ ရောက်ရှိလာမည် ဖြစ်ပေသည်။
သို့သော် လောလောဆယ်တွင် ချင်းလန် သည် ထိုကိစ္စကို အာရုံစိုက်ရန်အချိန်မရှိသေးပေ။
ပိုင်ရူယွီကကုမ္ပဏီမှာပြဿနာ တက်နေကြောင်း
ကျွင်းဇီရဲ့အစီရင်ခံစာကို ရရှိပြီးနောက် သူသည် ဗီလာသို့ ချက်ချင်း အပြေးသွားလိုက်လေသည်။
ဒါသည် ပိုင်ရူယွီ ကို သိမ်းပိုက်ရန် အကောင်းဆုံး အချိန်အခါပင်။
ဗီလာအတွင်း၌ ပိုင်ရူယွီ နှင့် ပိုင်ရှောင်ယွင် ညီအစ်မ နှစ်ယောက်သည် အတူတကွ ပူးကပ်ထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးနေကြလေသည်။
“ဘာဖြစ်လို့လဲ။”
ချင်းလန် သည် အပြင်ဘက်မှ ဝင်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားလေသည်။
“အစ်ကို”
ပိုင်ရှောင်ယွင် သည် ချင်းလန် ကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးဝိုင်းကြီးများ တောက်ပသွားခဲ့သည်။
သူမ ပြေးသွားချင်သော်လည်း တိတ်တဆိတ် ဝမ်းနည်းကြေကွဲနေသော အစ်မဖြစ်သူကို ငုံ့ကြည့်မိသောအခါရေရွတ်ရုံသာ တတ်နိုင်ပြီး နေရာမှ မထနိုင်ခဲ့ပေ။
ပိုင်ရူယွီ သည် အားနည်းစွာ မော့ကြည့်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်သည်။
“ရှင်က သတင်းရောင်းဝယ်သူ မဟုတ်ဘူးလား။ ကုမ္ပဏီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်မကို မေးဖို့ လိုသေးလို့လား။”
ချင်းလန် သည် မျက်နှာချင်းဆိုင်သို့ လျှောက်သွားပြီး ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်လေသည်။
“မှန်တယ် ငါက သတင်းရောင်းဝယ်သူ တစ်ယောက်ဆိုတော့ ပိုင်မိသားစုကုမ္ပဏီမှာ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်တယ်လို့ သံသယရှိပေမယ့် ဟာကွက်တွေ အများကြီး ရှိနေတယ်ဆိုတာကိုလည်းသိတယ်။ ဒါ့အပြင် တချို့လူတွေက မင်းကို လက်ညှိုးထိုးပြီးအခွင့်အရေးယူ ဖယ်ထုတ်ချင်နေကြတယ် ဆိုတာကိုလည်း သိတယ်။”
“ဒါပေမဲ့ ဒီအခြေအနေကို ရင်ဆိုင်တော့ မင်းလုံးဝ အကူအညီမဲ့နေတယ် ဆိုတာကိုတော့ ငါမသိခဲ့ဘူး။”
ပိုင်ရူယွီ ၏ စိတ်ပျက်အားငယ်နေသော မျက်နှာထားသည် အေးစက်သွားလေသည်။
သူမက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်း ဖြစ်သော်လည်း ချင်းလန် က ကုမ္ပဏီမှာ ခုလေးတင် ဖြစ်ပျက်ခဲ့တာတွေကိုပါ သိရှိနေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ဒါပေမဲ့ ခဏကြာတော့ စိတ်သက်သာရာ ရသွားပြန်သည်။
ချင်းလန် ရဲ့အဆက်အသွယ် ကွန်ရက်က အလွန် ကျယ်ပြန့်လွန်းလှပြီး သတင်းပေးတွေ မရေမတွက်နိုင်အောင် ရှိပေသည်။
သူ့ညီမလေး ပြန်ပေးဆွဲခံရတဲ့ နေရာကိုတောင် သူ သိနိုင်သေးတာပဲ၊ ကုမ္ပဏီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူ သိနေတာက မဆန်းပါဘူးလေ။
သူမက ခါးသက်သက် ခေါင်းခါလိုက်သည်။
“ကုမ္ပဏီက ကျွန်မကို ပါဝင်ပတ်သက်ခွင့် မပေးတော့ဘူး၊ ပြီးတော့ ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားမယ်လို့တောင် ခြိမ်းခြောက်နေကြတယ်။ ကျွန်မမှာ ဘာအဆက်အသွယ်မှ မရှိဘူး။ တခြား ဘာဖြေရှင်းနည်း ရှိဦးမှာလဲ။”
သူမ မလုပ်ခဲ့ရင်တောင်မှ တစ်ခုခု မရိုးမသား ဖြစ်နေတယ်ဆိုတာ သူမ သိသည်။ သို့သော် ကုမ္ပဏီထဲက လူကြီးတွေက သူမကို ဘာမှ လုပ်ခွင့်မပေးဘဲ ပိတ်ပင်ထားကြသည်။ သူမ ဘယ်လို ကာကွယ်နိုင်မှာလဲ။
စာရွက်စာတမ်း အထောက်အထားတွေ အကုန်လုံးကို ပိတ်ဆို့ထားကြပြီ ဖြစ်ရာ သူမ၏ အပြစ်ကင်းစင်ကြောင်း ဘယ်လို သက်သေပြနိုင်မည်နည်း။
“အလျင်မလိုပါနဲ့၊ ငါမင်းကို တကယ် လိုချင်ပေမယ့်...”
ချင်းလန် ၏ အသံက အနည်းငယ် ရပ်တန့်သွားပြီး အဓိပ္ပာယ်က မရေမရာ ဖြစ်နေသည်။ ညီအစ်မ နှစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပင် သူက ဆက်ပြောလိုက်လေသည်။
“မင်းကို ငါ့အတွက် အလုပ်လုပ်စေချင်ပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ပြီးတော့ ငါ့ရဲ့ အနာဂတ် စီးပွားရေးဘုရင်မကို ဒီလို ရှုံးနိမ့်နေတဲ့ ပုံစံမျိုးနဲ့ မမြင်ချင်ဘူး။”
သူက စာရွက်စာတမ်းတစ်ထပ်ကို စားပွဲပုလေးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်ပြီး ပိုင်ရူယွီ ဆီသို့ မေးငေါ့ပြလိုက်သည်။
“ကြည့်လိုက် ဒါတွေက ကုမ္ပဏီထဲက သူလျှိုတွေရဲ့ အချက်အလက်တွေနဲ့ အမှုအခင်း အသေးစိတ်တွေ ပါတယ်။ ဒီအချက်အလက်တွေ ရှိရင် မင်းအပြစ်ကင်းကြောင်း သက်သေပြဖို့ ပင်ပန်းခံစရာ မလိုတော့ဘူး။”
ပိုင်ရူယွီက ကုမ္ပဏီမှာ ဘေးဖယ်ထုတ်ခံရခြင်းက ဇာတ်လမ်းအရ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်လာခြင်းပင်။
ဒါမတိုင်ခင်ကတည်းက ချင်းလန် သည် ပိုင်မိသားစု ကုမ္ပဏီအတွင်းရှိ မရိုးသားသော အရောင်းအဝယ်များအကြောင်း သဲလွန်စအားလုံးကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။
ပိုင်ရူယွီ ၏ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့လား။
မဟုတ်ဘူး၊ မဟုတ်ဘူး
ပိုင်မိသားစု သည် သူမဆက်နေရန် တန်မတန်ဆိုတာကို ပိုမို ရှင်းလင်းစွာ မြင်သာစေရန် သက်သက်သာ ဖြစ်ပေသည်။
ထင်ထားသည့်အတိုင်းပင် ပိုင်ရူယွီ သည် စာရွက်စာတမ်းများကို ယူလိုက်ပြီး သေသေချာချာ ကြည့်ရှုလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်လေသည်။
ချင်းလန် က ဒီသတင်းအချက်အလက်တွေကို ဘယ်လို ရခဲ့လဲ၊ သူမ ကုမ္ပဏီထဲကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ထားလဲ ဆိုတာကို သူမ ဂရုမစိုက်တော့ပေ။
သစ္စာဖောက် စာရင်းကို မြင်လိုက်ရသောအခါ ပိုင်ရူယွီ ၏ နှလုံးသားသည် ဒေါသများနှင့် လုံးဝ လွှမ်းခြုံသွားတော့သည်။
သူတို့အားလုံးက သူမ ဖခင်၏ လူယုံတော်တွေချည်းပင်။
သူမက အရာရာကိုဒီလိုမျိုး မတွေးချင်ပေမယ့် အဖြစ်မှန်တွေက သူမကို ယုံကြည်ဖို့ တွန်းအားပေးနေလေသည်။
ဒါတွေအားလုံးက သူမ ဖခင်ရဲ့ လက်ချက်တွေချည်းပဲ။
သူက ညီမလေးကို ပြန်ပေးဆွဲခဲ့တယ်၊ အခုလည်း ကုမ္ပဏီအတွင်းလူတွေနဲ့ ပေါင်းပြီး သူမကို ဖြုတ်ချဖို့ ကြံစည်ကာ အာဏာသိမ်းဖို့ ကြိုးစားနေပြန်ပြီ။
အရာအားလုံးက အဲ့ဒီ တရားမဝင်သား အတွက် လမ်းခင်းပေးနေတာပဲ မဟုတ်ဘူးလား။
သူမ မတ်တပ်ရပ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေလေသည်။
“ကျွန်မ အပြင်ခဏ သွားလိုက်ဦးမယ်။ ယွင်ယွင် ကို ဂရုစိုက်ပေးပါဦး။”
ချင်းလန် စကားမပြောနိုင်ခင်မှာပင် သူမသည် မစောင့်နိုင်တော့သကဲ့သို့ အပြင်သို့ ပြေးထွက်သွားလေသည်။
“အစ်မ ဘာဖြစ်သွားတာလဲ။”
ပိုင်ရှောင်ယွင် က ချင်းလန် ကို မော့ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။
ချင်းလန် က ရယ်မောလိုက်ပြီး သူမ၏ ခေါင်းကို ပုတ်ပေးလိုက်ကာ
“မကြောက်ပါနဲ့၊ ဘာမှ မဖြစ်ပါဘူး။ မိုးပြိုကျလာရင်တောင် အစ်ကိုက မင်းအတွက်မထားပေးမယ်။”
“အစ်ကိုက အကောင်းဆုံးပဲ။”
ပိုင်ရှောင်ယွင် က စိတ်လှုပ်ရှားစွာဖြင့် ချင်းလန် ၏ လည်ပင်းကို ဖက်လိုက်ပြီး သူ့ခေါင်းကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
ချင်းလန် သည် မျက်စိရှေ့တွင် ရုတ်တရက် အမှောင်ကျသွားသလို ခံစားလိုက်ရပြီး အမြင်အာရုံ ပြန်ရဖို့ စက္ကန့်အနည်းငယ် ကြာသွားခဲ့သည်။
ရင်းနှီးနေတဲ့ဟာပေမယ့် ပိုင်ရှောင်ယွင် လုပ်လိုက်သောအခါ အဲ့တာရဲ့ ဖျက်ဆီးနိုင်စွမ်းက အံ့မခန်းပင်။
သူ့ရဲ့ အမြင်အာရုံကို ဖမ်းစားလိုက်ရုံသာမက အနံ့ခံအာရုံကိုပါ ဖမ်းစားလိုက်လေသည်။ သူ လွတ်မြောက်လာပြီးနောက်မှာတောင်မှ ရနံ့သင်းသင်းလေးက ချင်းလန် ၏ နှာခေါင်းဝတွင် စွဲကျန်ရစ်နေဆဲပင်။
ပင်ပန်းနွမ်းနယ်နေသော ပိုင်ရှောင်ယွင် သည် ချင်းလန် ၏ ရင်ခွင်ထဲတွင် ခေတ္တမျှ မှီတွယ်နေပြီးနောက် အိပ်ချင်လာလေသည်။
ချင်းလန် က သူမကို အပေါ်ထပ်တက်ပြီး အိပ်ခိုင်းသော်လည်း ကောင်မလေးက သူ့ရင်ခွင်ထဲမှ ဆင်းရန် ငြင်းဆန်နေသည်။
တခြား ရွေးချယ်စရာ မရှိသဖြင့် ချင်းလန် သည် သူမကို ပွေ့ချီကာ အပေါ်ထပ်သို့ တက်သွားပြီး တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ကုတင်ပေါ်တွင် တင်ပေးလိုက်လေသည်။
သူ ထွက်ခွာတော့မည့် အချိန်တွင် ပိုင်ရှောင်ယွင် က ချင်းလန် ၏ လက်မောင်းကို ဆွဲထားပြီး အားနည်းသော ကလေးသံလေးဖြင့် ပြောလိုက်သည်။
“အစ်ကို မသွားပါနဲ့၊ ကျေးဇူးပြုပြီး ညီမကို ထားမသွားပါနဲ့နော်၊ ကောင်းပြီလား။”
သူမသည် လုံခြုံမှု မရှိသလို ခံစားနေရရှာသည်။ ချင်းလန် မရောက်လာခင်က သူမသည် အစ်မဖြစ်သူကို နှစ်သိမ့်ပေးနေခဲ့သော်လည်း တကယ်တမ်းတွင် သူမလည်း အလွန် ဝမ်းနည်းကြေကွဲနေခဲ့ရသည်။ သူမက အစ်မဖြစ်သူ စိတ်ပူမှာစိုး၍သာ ဟန်ဆောင်နေခဲ့ရခြင်း ဖြစ်သည်။
ချင်းလန် ရောက်လာခြင်းက သူမအတွက် အလင်းရောင်တန်းလေး တစ်ခုကို ယူဆောင်လာပေးခဲ့သည်။
ဘယ်လောက်တောင် ကြာသွားပြီလဲ။
အခု သူတို့က သူမကို အမှောင်ထဲမှာ တစ်ယောက်တည်း ထပ်ထားခဲ့ကြတော့မှာလား။
ပိုင်ရှောင်ယွင် ကြောက်နေသည်၊ စွန့်ပစ်ခံရမည့် ခံစားချက်ကို သူမ အလွန် ကြောက်ရွံ့နေလေသည်။
“ကိုယ်ကုလားထိုင် သွားယူလိုက်ရမလား။”
ကုတင်စွန်းတွင် လှဲနေသော ပိုင်ရှောင်ယွင် ကို ကြည့်ရင်း ချင်းလန် က မေးလိုက်သည်။
ပိုင်ရှောင်ယွင် က ဘေးသို့ အနည်းငယ် ရွေ့ပေးလိုက်ပြီး သူမ လှဲနေခဲ့သော နေရာကို ပုတ်ပြကာ မျက်နှာလေး နီရဲလျက် ရေရွတ်လိုက်သည်။
“အစ်ကိုက ဒီမှာ အိပ်။”
ချင်းလန် လှဲချလိုက်သည်နှင့် တပြိုင်နက် ပိုင်ရှောင်ယွင် သည် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာပြီး စကားအနည်းငယ် ဗလုံးဗထွေး ပြောကာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
“သူ အိပ်ပျော်တာ မြန်လိုက်တာ၊ ကလေးလေး တစ်ယောက်ကျနေတာပဲ။”
ချင်းလန် က ပြုံးရင်း မှတ်ချက်ချလိုက်သည်။
သူက လက်လှမ်းပြီး သူမ၏ နူးညံ့သော နှာခေါင်းလေးကို ညင်သာစွာ ပွတ်ပေးရင်း ကောင်မလေးရဲ့ မျက်နှာကို စူးစိုက်ကြည့်နေမိသည်။
ဒီကောင်မလေးက တကယ့်ကို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းသည်။ ဒီအရွယ်မှာတောင် ဒီလောက် ရုပ်ရည်ချောမောနေပြီ။ သူသာ ပိုကြီးလာရင် ဘယ်လို ပုံစံဖြစ်လာမလဲ။
သူမက ပိုင်ရူယွီ ထက်တောင် ပိုပြီး ညှို့ယူဖမ်းစားနိုင်မှာ မဟုတ်ဘူးလား။
“အစ်ကိုချော~”
အိပ်မက်ထဲတွင် ပိုင်ရှောင်ယွင် ဘာတွေမက်နေလဲ မသိသော်လည်း သူမက ချင်းလန် ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တစ်ကိုယ်တည်း ရေရွတ်နေလေသည်။
သူမရဲ့ တုံးအတဲ့ပုံစံကို ကြည့်ပြီး အထင်မသေးသင့်ပေ သူမအရာအားလုံးကို သိပေမယ့် တခြားသူတွေကို မပြောပြတာပဲ ရှိလေသည်။
ဖခင်ဖြစ်သူ၏ ရက်စက်မှုနှင့် အစ်မဖြစ်သူ၏ နာကျင်မှုတို့က ညီမငယ်ဖြစ်သော သူမကို လုံးဝ ကူကယ်ရာမဲ့ ဖြစ်စေခဲ့သည်။ သူမသည် သူမ၏ ဝမ်းနည်းမှုများကို မြိုသိပ်ထားရုံသာ တတ်နိုင်ပြီး ထုတ်ဖော်ပြောဆိုရဲခြင်း မရှိပေ။
မဟုတ်လျှင် နာကျင်နေပြီးသား အစ်မဖြစ်သူသည် သူမကြောင့် ပိုပြီး စိတ်ဓာတ်ကျစရာတွေ ဖြစ်လာမှာ စိုးသောကြောင့် ဖြစ်ပေသည်။
အဲ့ဒါက ပိုင်ရှောင်ယွင် ဖြစ်စေချင်တဲ့ အရာ မဟုတ်ပေ။