အခန်း(၄)သခင်လေး ပြောင်းလဲသွားပြီ
“မလုပ်ပါဘူး အဲ့လိုအမှားမျိုး ထပ်မလုပ်တော့ပါဘူး” စုရှောင်းရှောင်းသည် လျင်မြန်စွာ ခေါင်းခါကာပြောလိုက်လေ
သည်။
သူမသည် ယခုအခါ လုံးဝအကူအညီ
မဲ့နေပြီး ချင်းလန်ကတကယ်ပဲရဲကိုဖုန်းဆက်ခေါ်လိုက်ပါက သူမထောင်ကျသွားပေလိမ့်မည်။
ချင်းလန်သည် သူ့မျက်လုံးများကို
မှေးစင်းလိုက်ပြီး ခဏတာ စဉ်းစားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီဗီလာက စားဖိုမှူးက သိပ်မကောင်းဘူး။ ပြီးတော့ အိမ်အကူတစ်ယောက်လည်း
လိုနေတယ်။ကဲ ဒါဆိုရင်ဒီလိုလုပ်
မင်း ဒီမှာနေပြီးခဏလောက်စမ်းကြည့်လိုက်။ မင်းလုပ်နိုင်ရင်ဆက်နေမလုပ်နိုင်ရင်တော့ နောက်မှပြောမယ်။”
“လုပ်နိုင်ပါတယ် ကျွန်မလုံးဝလုပ်နိုင်ပါတယ်”
စုရှောင်းရှောင်းသည် ခေါင်းကိုထပ်ခါ
တလဲလဲငြိမ့်ပြသည်။
“ကျွန်မ တကယ်ကို အရည်အချင်းရှိပါတယ်”
“ဒင်! ဇာတ်ကွက် ပြောင်းလဲသွားပါပြီ။အိမ်ရှင်အား +၁၀၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
ဗီလိန်အမှတ် ရောက်လာပြီ။
ချင်းလန်၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွားရာ မူလက ကြည့်ကောင်းသော သူ၏ မျက်နှာတွင် ဆိုးသွမ်းသော အသွင်အပြင်ကို ပေါင်းစပ်လိုက်လေသည်။
“မင်း လုပ်နိုင်မနိုင်ဆိုတာ စမ်းကြည့်မှ
သိရမှာပေါ့။လစာက တစ်လကို ယွမ်တစ်သောင်း အစားအသောက်နဲ့ နေရာ
ထိုင်ခင်း အပါအဝင်ပေါ့။”
“တစ်လကို ယွမ်တစ်သောင်း”
စုရှောင်းရှောင်းသည် ထိတ်လန့်သွားလေသည်။
ချင်းလန်က အံ့သြသည့်ဟန်ဖြင့်
“နည်းနေလို့လား”
“မနည်းပါဘူး လုံးဝ မနည်းပါဘူး များလွန်းတယ် အရမ်းများလွန်းတယ်”
စုရှောင်းရှောင်းသည် ရိုးရှင်းစွာခေါင်းခါလိုက်သည်။
သန့်ရှင်းရေးသမားအနေဖြင့် သူမသည် တစ်လလျှင် ယွမ် ၅၀၀၀ ခန့်အတွက် အသေအလဲ အလုပ်လုပ်ခဲ့ရပြီး ယင်းတွင် အစားအသောက် သို့မဟုတ် နေရာထိုင်ခင်းပင် မပါဝင်ပေ။
အခုလက်ရှိ အလုပ်သည်ကောင်းကင်မှ
ပိုင်မုန့် ကျလာသလိုပင်။
“ဒင်! ဇာတ်လိုက်မင်းသမီး
စုရှောင်းရှောင်း၏ စိတ်ခံစားမှု
ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရပါသည်။အိမ်ရှင်အား +၂၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
ချင်းလန်သည် စုရှောင်းရှောင်း၏
အံ့သြနေသော အမူအရာကို မြင်၍
ပျော်ရွှင်မိသည်။ မူရင်းဝတ္ထုတွင်
စုရှောင်းရှောင်းသည် အလွန်ဖြူစင်ပြီး ကြင်နာတတ်သော မိန်းကလေး တစ်ဦးဖြစ်ပြီး ယခုလူကိုယ်တိုင်မြင်တွေ့ရသည့်အခါ
ထိုသည်မှာ အမှန်ပင်။
သူမသည် လစာ နည်းသည်ဟု မထင်ဘဲ များလွန်းသည်ဟုပင် ပြောသောကြောင့် အလွန် ဖြူစင်လွန်းလှပေသည်။
ဒီလို ဖြူစင်တဲ့ မိန်းကလေးကိုမှ
အမြတ်မထုတ်ရရင် ဘယ်သူ့ကို
အမြတ်သွားထုတ်ရမလဲ။
တစ်လ ယွမ်တစ်သောင်းက
များသလား။
စုရှောင်းရှောင်းအတွက်တော့ သေချာပေါက် များပေသည်။
သို့သော် ယွမ်မင်းဆက် ကြွေပန်းအိုးအတွက်ယွမ်ရှစ်သန်း လျော်ကြေးပေးရ
ပေမည်။
အခြား စရိတ်စကများ လုံးဝမရှိလျှင်တောင် အသက်နှစ်ဆယ်ကျော်အရွယ်
စုရှောင်းရှောင်းသည် အကြွေးအားလုံးကို ပြန်ဆပ်ရန်အနှစ်ခုနစ်ဆယ် နီးပါးအလုပ်လုပ်ရမည် ဖြစ်သည်။
အမြတ်ထုတ်ခံရပြီးနောက်မှာတောင်
စုရှောင်းရှောင်းသည် ပျော်ရွှင်နေဆဲဖြစ်ပြီး သူမကို ကောင်းမွန်စွာ ဆက်ဆံသော သူဌေးကောင်း တစ်ဦးနှင့် တွေ့ဆုံခဲ့သည်
ဟုပင် ထင်မှတ်နေလေသည်။
သူမ၏ ရင်ထဲတွင်အရမ်းကို
ကျေးဇူးတင်နေလေသည်။
ပြောင်းလဲမှုတွေကို တဖြည်းဖြည်း
လုပ်ရမည်ဖြစ်သည်။စုရှောင်းရှောင်း
၏ကိစ္စများကို စီစဉ်ပြီးနောက် ချင်းလန်သည် သူ၏အိပ်ခန်းသို့ ပြန်လာခဲ့သည်။
သူ ခုနက ချပစ်လိုက်သော မူယွီရန်
၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
ဖုန်းကိုင်ပြီးတော့ သူမေးလိုက်လေသည်။
“ကိစ္စတစ်ခုခု ရှိလို့လား”
မူယွီရန်က သူ့ကို ဖုန်းခေါ်ခြင်းသည်
ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး အနည်းငယ် ထူးခြားနေပေသည်။
မူယွီရန်က ခဏလောက်စဉ်းစားပြီးတော့ တောင့်တောင့်တင်းတင်း ပြောလိုက်သည်။
“မနက်ဖြန် ငါ့အိမ်ကို လာခဲ့။”
“အချိန်မရှိဘူး။”
ပြောပြီးနောက် ချင်းလန်သည် ဖုန်းကို ချပစ်လိုက်သည်။
တစ်စုံတစ်ဦးသည် ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ဂရုတစိုက်ရှိလာလျှင် ပရိယာယ်တစ်ခုခုလုပ်နေခြင်းပင်
ဖြစ်သည်။
မူယွီရန်၏ သဘောထားသည် တစ်ရက်အတွင်း အလုံးစုံပြောင်းလဲသွားလောက်အောင် သူ့မှာတအားကိုဆွဲဆောင်မှု
ရှိနေသည်ဟုသူမထင်ပေ။
“ဒင်! ဇာတ်လိုက်မင်းသမီး မူယွီရန်သည် ပြင်းထန်သော စိတ်ခံစားမှု ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရပါသည်။အိမ်ရှင်အား +၅၀၀ ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
မကြာခင်မှာပဲ ဖုန်းထပ်မြည်လာပြန်သည်။ မူယွီရန်သည်စိတ်နေစိတ်ထားကောင်းသော်လည်းသူမသည် မထိန်းချုပ်
နိုင်တော့ပေ။
ဒါက သူမရဲ့ဖုန်းအချခံရတာ
ဒုတိယအကြိမ်ပင်။
ဖုန်းကို ထပ်ခါတလဲလဲ ချပစ်ခံရခြင်း
သည်ချင်းလန်နှင့် ပတ်သက်၍ သူမလုံးဝ စိတ်ကူးမယဉ်ဖူးသည့် ကိစ္စဖြစ်သည်။
တကယ်တော့ ယောက်ျားတွေက
အမြဲတမ်း စိတ်ပြောင်းလွယ်ပြီးသူတို့ရဲ့ မျက်နှာထက်တောင် ပိုမြန်မြန်ပြောင်းတတ်ကြတာ ပဲ။
“ကျွန်မ အမေရောက်နေလို့ ထမင်းအတူစားဖို့သေချာခေါ်ခိုင်းတာ။အနည်းဆုံးတော့ ကျွန်မတို့ စာချုပ်ချစ်သူတွေဖြစ်နေသေးတယ်။ကျွန်မတို့ သဘောတူညီချက်အရလည်း ရှင် လာသင့်တယ်”
မူယွီရန်သည် သူမ၏ ဒေါသကိုမနည်း ထိန်းချုပ်ခဲ့ပြီး စကားပြောရာတွင်လည်း သူမ၏ အသံသည် အလွန်မာဆတ်နေသည်။
“ဘယ်အချိန်လဲ”
“မနက်ဖြန် နေ့လယ်။”
“ကောင်းပြီ။”
သူတို့ နှစ်ယောက် စကားနှစ်ခွန်းတောင်
မပြောရသေးခင်မှာပဲ ဖုန်းက ထပ်ချသွားပြန်သည်။
“ဒင်! ဇာတ်လိုက်မင်းသမီးမူယွီရန်၏ ပြင်းထန်သော စိတ်ခံစားမှု ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရပါသည်။ အိမ်ရှင်အား +၆၀၀ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဘာလဲဟ”
စနစ် ၏သတိပေးသံကို နားထောင်ရင်း ချင်းလန်သည် သူ့လျှာကိုကိုက်မိလိုက်
လေသည်။
သူ ငြင်းလိုက်တော့လည်း ဗီလိန်တန်ဖိုး
ရသည် သဘောတူလိုက်တော့လည်း
ဗီလိန်တန်ဖိုး ရသည်။
မူယွီရန်သည် တကယ့်ကိုရွှေတွင်းကြီး
ဖြစ်ပေသည်။
သူမသည် ဗီလိန်အမှတ်အများကြီး ထုတ်ပေးနိုင်လေသည်။
သူသည်ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး နူးညံ့သောအိပ်ရာပေါ်သို့ ပျင်းရိစွာလှဲလျောင်းလိုက်ပြီး သူ့စိတ်ထဲတွင် နောက်ထပ် အစီအစဉ်များကို စတင်စဉ်းစားရင်း မသိလိုက်ဘဲ အိပ်ပျော်
သွားခဲ့သည်။
ခြောက်နာရီရောက်သော် စောစောထတတ်
သည့်အကျင့် ရှိပြီးသားချင်းလန်သည် အချိန်မှန် မျက်လုံးဖွင့်လိုက်သည်။
အဝတ်အစားလဲပြီး အောက်ထပ်သို့
ဆင်းလာသောအခါ ထမင်းစားပွဲပေါ်တွင် မနက်စာများ အဆင်သင့် ခင်းကျင်းထားသည်ကို တွေ့ရလိုက်သည်။
ပေါက်စီ ပဲနို့ ဆီကြော်မုန့် နှင့်ပြောင်းဖူးဆန်ပြုတ် တို့ အားလုံး ပြည့်စုံစွာရှိနေသည်။
ဘေးက ထိုင်ခုံပေါ်တွင်မူစုရှောင်းရှောင်းသည် အပြာနှင့်အဖြူရောင် သန့်ရှင်းရေးယူနီဖောင်းကို ဝတ်ထားဆဲဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်
သည့်အခါ မနေ့ညက ဗီလာတွင်ဖုန်မှုန့်အနည်းငယ်ရှိသည့် နေရာများ ရှိခဲ့သော်လည်း တစ်ညအကြာတွင် ၎င်းတို့သည်အစွန်းအထင်းကင်းမဲ့စွာ
သန့်ရှင်းနေပေသည်။
စဉ်းစားစရာမလိုဘဲ ၎င်းသည်
စုရှောင်းရှောင်း တစ်ညလုံးအလုပ်
ရှုပ်ခဲ့ရသည့် ရလဒ်ဖြစ်ကြောင်း သူသိ
လေသည်။
ဧရိယာစတုရန်းမီတာ ခုနစ်ရာနီးပါး
ရှိသည့်သုံးထပ်တိုက် ဗီလာကို လက်ရှိအခြေအနေအထိ သန့်ရှင်းထားခြင်းသည်
စုရှောင်းရှောင်းသည် ဤအလုပ်ကို တကယ်တန်ဖိုးထားပြီး အလုပ်ကနေ ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေတာ ဒါမှမဟုတ် ထောင်ကျမည်ကို ကြောက်ရွံ့နေကြောင်း ရှင်းလင်းစွာ ပြသနေသည်။
“အဟွတ်~”
စားပွဲထိပ်တွင် ထိုင်ကာဆန်ပြုတ်သောက်နေသော ချင်းလန်သည် မတော်တဆ
နင်သွား ရာထိုအသံသည် အိပ်ပျော်နေသော စုရှောင်းရှောင်းကို နိုးသွားစေခဲ့သည်။
သူမသည် အိပ်ချင်မူးတူးဖြင့် သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ရာ သူမ၏ လှပသော မျက်နှာတွင် လက်ကို မှီထားခဲ့သည့်အတွက် အနီနှင့်အဖြူအကွက်ကလေးများ ရှိနေသေးသည်။
စားပွဲထိပ်တွင် ထိုင်နေသော ချင်းလန်ကို မြင်လိုက်ရသည့်အခါ သူမ ချက်ချင်း လန့်နိုးသွားပြီး ထစ်အသွားသည်။
“သခင်လေး ကျွန်မလုပ်ထားတဲ့မနက်စာက…သခင်လေးရဲ့ အကြိုက်နဲ့ မကိုက်ဘူးလား။ကျွန်မက ဒီလို ရိုးရှင်းတဲ့အိမ်လုပ် မနက်စာတွေကိုပဲ လုပ်တတ်တာ။သခင်လေး မစားချင်ရင်ကျွန်မသင်နိုင်ပါတယ်။ကျွန်မ အမြန်သင်ပြီး ဒီအလုပ်ကို သေချာပေါက် လုပ်နိုင်ပါတယ်။”
ပေါက်စီ တစ်ခြမ်းကို ကိုက်လိုက်ရင်း
ချင်းလန်သည် ခေါင်းခါလိုက်သည်။
“ရတယ်။ အရသာက တော်တော်
ကောင်းပါတယ်။ မနက်စာက
ပေါ့ပေါ့ပါးပါးအစားအစာပဲ ဖြစ်သင့်တာ။
မင်း လဲထားတဲ့ အဝတ်အစားတွေက ရေချိုးခန်းထဲမှာ။ အဝတ်လျှော်စက် ကိုတော့ မသုံးနဲ့။”
စုရှောင်းရှောင်းသည် လေးနက်စွာ
ခေါင်းငြိမ့်လိုက်ပြီး ထိုင်ခုံကို ဆူညံသံ
မဖြစ်အောင် သတိထား ဆွဲထုတ်ကာ အနည်းငယ် မူးနောက်နောက် ဖြင့်ဒုတိယထပ်ရှိ ရေချိုးခန်းဆီသို့ လျှောက်သွားလေသည်။
ခဏအကြာတွင် မနက်စာ စားနေသည့် ချင်းလန်သည် ကျွင်းဇီကို ခေါ်လိုက်ပြီး
သူ့ဘေးက ထိုင်ခုံကို လက်ညှိုးထိုးပြသည်။
“ထိုင်ပြီး လာစား”
ကျွန်းဇီ ထိုင်လိုက်ပြီး ရယ်မောကာ ခေါင်းခါသည်။
“သခင်လေး၊ ကျွန်တော် စားပြီးပါပြီ။”
တူဖြင့် ကိုင်ထားသော ပေါက်စီကို
ကုန်အောင် စားပြီးနောက် ချင်းလန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“နောက်မှ အိမ်ဖော်အခန်း အနေနဲ့
စုရှောင်းရှောင်းအတွက် အိပ်ခန်းတစ်ခု ပြင်ဆင်ပေးဖို့ ညွှန်ကြားလိုက် အနားယူစရာ နေရာလေးတော့ ရှိရမယ်။”
ကျွင်းဇီသည် ဒုတိယထပ်တွင်လှုပ်ရှားသွားလာနေသည့် စုရှောင်းရှောင်းကို ကြည့်လိုက်ပြီး တိုးတိုးလေးရေရွတ်သည်။
“သခင်လေး ခင်ဗျားဒီကောင်မလေးကို တကယ် ထားဖို့ စဉ်းစားနေတာ
မဟုတ်ဘူးမလား”
ပြောင်းဖူးဆန်ပြုတ် သောက်နေသည့်
ချင်းလန်သည် ခေါင်းကို တစ်ဝက်မြှောက်ကာ သူ့ကို စောင်းကြည့်လိုက်သည်။
“ဘာလဲ၊ မရဘူးလား”
ကျွင်းဇီသည် မသက်မသာ ပြုံးလိုက်ပြီး။
“မဟုတ်ပါဘူး ဒါပေမယ့် ဒီမနက်စာက အရမ်းရိုးရှင်းနေတာ မဟုတ်ဘူးလား”
သူသည် စားပွဲပေါ်ရှိ ရိုးရှင်းသော
မနက်စာကို တစ်ချက်ကြည့်လိုက်သည်။
ဗီလာရှိ မူရင်းစားဖိုမှူး၏ ဟင်းပွဲများနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီး ကွာခြားသလိုပင်။
စုရှောင်းရှောင်းသည် ရင်သပ်ရှုမောဖွယ် အလှပဂေးတစ်ဦးသာဆိုလျှင် သူ ထိုသို့ မေးခွန်းထုတ်ရန် သတ္တိရှိမည်မဟုတ်ပေ။
ဒါပေမယ့် စုရှောင်းရှောင်းကရိုးအတဲ့ ကျေးတောသူတစ်ယောက်လိုပုံပေါက်နေလေသည်။
သခင်လေး ကအတိအကျဘာကို
လိုချင်နေတာလဲ။
သူက သခင်လေးသည် ပိုမို ချောမော
လာရုံသာမက သူ့ရဲ့စိတ်နေစိတ်ထားကပါ
ပြောင်းလဲလာပြီး သူ စဉ်းစားနေသည့်
အရာကိုပင် နားမလည်နိုင်အောင်ဖြစ်လာကြောင်း သဘောပေါက်လိုက်လေသည်။