အခန်း (၃၇) ချူကျူအာ ပေါ်လာခြင်း
ကလပ်အဆောက်အအုံ၏ ပဉ္စမထပ်သည်သီးသန့်ခန်းမ ဖြစ်လေသည်။
စတုရန်းမီတာ ၁၅၀ ကျော်ကျယ်ဝန်းပြီး နွေးထွေးကာဇိမ်ကျသောပုံစံဖြင့် အလှဆင်ထားရာကလပ်တစ်ခု၏ သီးသန့်ခန်းထက်သူဌေးတစ်ဦး၏ နေအိမ်နှင့် ပိုတူနေလေသည်။ ၎င်းတွင်သီးသန့်ရေပူစမ်းရေချိုးကန်လည်း ပါရှိသည်။
ချင်းလန် သည် ရေချိုးသဘက်ပတ်ထားပြီး ရေချိုးကန်ဘေးရှိ အပေါက်ပါသောနေရာတွင်လှဲလျောင်းကာ ခေါင်းကိုမော့ထားလျက်ငြိမ်းချမ်းသော အချိန်လေးကို ဇိမ်ခံနေလေသည်။
သူနောက်တွင် ပန်းပွင့်ပုံစံချီဖေါင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက ဒူးထောက်လျက် သူမ၏ သွယ်လျသော လက်များဖြင့် ချင်းလန်ရဲ့ ပခုံးကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။
၁၈ ၁၉ နှစ်အရွယ် ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်သောမိန်းကလေး နှစ်ဦးကလည်း ရေချိုးကန်ထဲတွင် တစ်ဖက်တစ်ချက်စီ နေရာယူကာ ချင်းလန် ၏ပခုံးများကို နှိပ်နယ်ပေးနေကြသည်။
“သခင်လေး ချင်း ဒီလောက်အားဆိုရင် အဆင်ပြေရဲ့လား အရမ်းပြင်းနေရင် ကျွန်မနည်းနည်း လျှော့ပေးပါ့မယ်”
ဟု မိတ်ကပ်ပါးပါးလိမ်းထားပြီး ပန်းရောင် ရေကူးဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးက ပြုံးရွှင်စွာ မေးလိုက်သည်။
ချင်းလန် က မျက်လုံးမှေးလျက်
“အဆင်ပြေတယ်၊ ငါ ခံနိုင်ပါတယ်”
ဟု အေးဆေးစွာ ခေါင်းညိတ်လိုက်သည်။
“သခင်လေး ချင်း၊ ရှင် ဒီလောက် အရပ်ရှည်ပြီး
ခန္ဓာကိုယ်တောင့်မယ်လို့ မထင်ထားမိဘူး။ ရှင့်လေ့ကျင့်ခန်း မကြာခဏ လုပ်လို့လား”
ညာဘက်ရှိ အပြာရောင် ရေကူးဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးကလည်း အားကျမခံ ဝင်ပြောလေသည်။ သူမက ချီးကျူးစကား ဆိုရင်း သူမ၏ အထင်ကြီးစရာ ခန္ဓာကိုယ်ကို ကြွားဝါပြလိုက်သည်။
“မလုပ်ပါဘူး။”
ချင်းလန် က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်သည်။
သူမမှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ် ရှိပေမယ့် ဘယ်သူနဲ့ နှိုင်းယှဉ်မလဲ ဆိုတာအပေါ် မူတည်သည်။
သာမန်လူထက် သာလွန်ပေမယ့် ပိုင်ညီအစ်မတွေနဲ့ ယှဉ်လိုက်ရင် ကွာခြားချက်က ချက်ချင်းသိသာသွားလိမ့်မည်။
ထိုညက ပိုင်ရှောင်ယွင် နဲ့ ပြန်လာတုန်းက သူမရဲ့ဘောလုံးကြီးနဲ့ ဘယ်နှခါလောက် ဝင်တိုက်မိလဲ ဆိုတာတောင် မသိတော့ပေ။
ညာဘက်က အဖြူရောင် ရေကူးဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးရဲ့ ဝင်တိုက်မှုကိုတော့ သူအတော်လေး ခုခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။
မိန်းကလေး နှစ်ယောက်စလုံးက ဘောလုံးကိုပုတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဝင်တိုက်နေကြပေမယ့် ဒီမိန်းကလေးတွေက ပိုင်ရှောင်ယွင် လောက်တော့ မကြမ်းတမ်းပေ။
“သခင်လေး ချင်း၊ ခြေထောက် နည်းနည်းလောက် မြှောက်ပေးလို့ ရမလား ကျွန်မတို့ ခြေထောက်တွေကို နှိပ်နယ်ပေးပြီးပြီဆိုတော့ အခု...”
ပန်းရောင် ရေကူးဝတ်စုံနဲ့ မိန်းကလေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြုံးကာ ပြောလိုက်သည်။
ချင်းလန် က နားမလည်သလို မျက်လုံးဖွင့်ပြီး ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။
“မင်းတို့ နှစ်ယောက်လုံးလား”
“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ သခင်လေး ချင်း၊ ကျွန်မတို့ ကောင်းကောင်း မလုပ်နိုင်တာ ရှိလို့လား ကျွန်မတို့ အကောင်းဆုံး ကြိုးစားပါ့မယ်၊ ကျေးဇူးပြုပြီး လူမလဲလိုက်ပါနဲ့နော် မဟုတ်ရင် မန်နေဂျာက ကျွန်မတို့ လစာ ဖြတ်လိမ့်မယ်”
ပန်းရောင်ဝတ် မိန်းကလေးက သနားစရာကောင်းစွာ တောင်းပန်လိုက်သည်။
အဖြူရောင်ဝတ် မိန်းကလေးကလည်း မျက်လုံးများ နီရဲလာကာ
“သခင်လေး ချင်း၊ ကျေးဇူးပြုပြီး လူမလဲလိုက်ပါနဲ့နော် ကျွန်မတို့ ရှင် တောင်းဆိုတာ မှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်”
ဟု ပြောလေသည်။
မိန်းကလေး နှစ်ယောက်က မျက်ရည်များ စီးကျလျက် သနားစရာ ပုံစံပေါက်နေသည်။
လစာ ဖြတ်ခံရမှာကို တကယ် ကြောက်နေတာလား။
အဲ့ဒါက မဟုတ်လောက်ပေ။
ချန်ကျိလျန် တွင် ဖောက်သည်က တိုင်ကြားမှသာ ပိုက်ဆံ ဖြတ်လေ့ရှိသည်။
ချင်းလန် သာ ဒီမိန်းကလေး နှစ်ယောက်ကို အပြင်ခေါ်သွားပြီး ပျော်ပါးမယ်ဆိုရင်၊ သူတို့က ဒီလို သနားစရာကောင်းပြီး နစ်နာနေတဲ့ ပုံစံမျိုး လုပ်ပြနေဦးမှာလား။
“အရမ်း တွေးမနေပါနဲ့၊ မင်းတို့ နှစ်ယောက်တည်းမလို့ပါ အဆင်ပြေပါတယ်၊ ဘာလို့ အကြောင်းပြချက်မရှိဘဲ လူလဲရမှာလဲ”
ချင်းလန် ၏ နှုတ်ခမ်းများက ကစားလိုသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
ပန်းရောင်ဝတ် မိန်းကလေးက နှုတ်ခမ်းစူပြီး
“သခင်လေး ချင်း က ခုနက အမူအရာနဲ့ ဘာကို ဆိုလိုတာလဲ ကျွန်မ နှိပ်နယ်ပေးတာ မကောင်းဘူးလို့ ထင်နေတာလား”
ဟု ချွဲနွဲ့စွာ မေးလိုက်သည်။
ချင်းလန် က ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး၊ မင်းတို့ လူရေတတ်ရဲ့လားလို့ ငါ သံသယဝင်မိလို့ပါ”
အဖြူရောင်ဝတ် မိန်းကလေးက နှုတ်ခမ်းစူပြီး
“လူမရေတွက်တတ်တော့ဘူးလား”
ဟု ချွဲနွဲ့စွာ ပြောလိုက်သည်။
ချင်းလန် က မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး
“နောက်ထပ် လူတစ်ယောက် လိုနေသေးတယ် မဟုတ်လား”
“အို... သခင်လေး ချင်း၊ ရှင်က အရမ်း ဆိုးတာပဲ”
“သခင်လေး ချင်း၊ ရှင်က အရမ်း စိတ်အနှောင့်အယှက် ပေးတာပဲ ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရတာလဲ ဒါ အနိုင်ကျင့်တာ မဟုတ်ဘူးလား”
ရေကူးဝတ်စုံ ဝတ်ထားသော မိန်းကလေး နှစ်ဦးစလုံးက အခွင့်အရေးယူပြီး ချင်းလန် ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ မျက်နှာနီရဲလျက် ချွဲနွဲ့လိုက်ကြသည်။
ဘုရားရေ.....
ချင်းလန် က ရေဘဝဲ အကောင်လိုက်ရစ်ပတ်ခံထားရတဲ့ ငါးလို ခံစားနေရသည်။
နည်းနည်းတော့ အဆင်မပြေဘဲမသက်မသာ ဖြစ်စရာပါပင်။
ဒါပေမဲ့
‘စတင်ခြင်း မပြု၊ ငြင်းဆန်ခြင်း မပြု၊ တာဝန်ယူခြင်း မပြု’
ဆိုတဲ့ သူ့ဘဝရဲ့ မူဝါဒ သုံးရပ်ကို လိုက်နာပြီး သူက မိန်းကလေးတွေကို ရင်ခွင်ထဲကနေ တွန်းထုတ်မှာ မဟုတ်ပါဘူး။
သူတို့ကျီစယ်နေကြစဉ် ရေချိုးကန် အပြင်ဘက်မှ ချီဖေါင် ဝတ်ထားသော မိန်းကလေးများလည်း ဝင်ရောက်လာပြီး ချင်းလန် နားတွင် စုရုံးလာကြသည်။
ဒီလို ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းမျိုး ဖြစ်သင့်ပေမယ့်... သီးသန့် ရေပူစမ်း ဝင်ပေါက်ကနေ လူတစ်ယောက် ဝင်လာတဲ့အခါ ဒီအခြေအနေက ပျက်စီးသွားခဲ့သည်။
ဝင်လာသော အမျိုးသမီးသည် သူမ၏ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ပေါ်လွင်စေသော ကိုယ်ကျပ် အနက်ရောင် သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး သူမက အပြုံးဖျော့ဖျော့ ပြုံးနေသော်လည်း မျက်ဝန်းနက်နက်ထဲတွင် အလွန်အမင်း အေးစက်မှုတို့ ကိန်းအောင်းနေသည်။
သူမ၏ ပေါ့ပေါ့ပါးပါး ပုံစံက ချင်းလန် ကို ဝိုင်းရံထားသော မိန်းကလေး သုံးဦး၏ ရန်လိုမှုကို နှိုးဆွလိုက်သလို ဖြစ်သွားသည်။
“ရှင် ဘယ်သူလဲ၊ ဒီမှာ ဘာလုပ်နေတာလဲ”
“ဒါ VIP ခန်းနော်၊ တံခါးပိတ်ထားတာကို ဘယ်လို ဝင်လာတာလဲ”
“အခန်းသော့ကို ဘယ်က ခိုးလာတာလဲ ရှင် သခင်လေးချင်း ကို စော်ကားရင် ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်မယ်ဆိုတာ ယုံလား”
မိန်းကလေး သုံးဦးက တစ်ယောက်ပြီးတစ်ယောက် ချင်းလန် ကို ကာကွယ်ပြောဆိုကြသည်။
အနက်ရောင် သားရေဂျာကင် ဝတ်ထားသော အမျိုးသမီးက ရေချိုးကန် အနားစွန်းတွင် ထိုင်လိုက်ပြီး သူမ၏ ရှည်လျားသော ဆံနွယ်များကို ညာဘက်ပခုံးပေါ်သို့ ချလိုက်သည်။
သူမက ချင်းလန် ကို အပြုံးတစ်ဝက်ဖြင့် ကြည့်ကာ
“ဒါက သခင်လေးချင်းလန် မလား။ ဒီလို မိန်းကလေးတွေနဲ့ ကစားရတာ ဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းနေလား”
ဟု မေးလိုက်သည်။
“ရှင် ဘယ်သူ့ကို နာမည်ခေါ်နေတာလဲ”
ပန်းရောင်ဝတ် မိန်းကလေးက သူမကို စူးစိုက်ကြည့်လိုက်သည်။
အနက်ရောင် သားရေဂျာကင် ဝတ်ထားသော အမျိုးသမီးက ရယ်မောကာ သူမ၏ လက်ကောက်ဝတ်မှ နာရီတစ်လုံးကို ဖြုတ်၍ ရေကန်ထဲသို့ ပစ်ချလိုက်သည်။
“ဒီနာရီကို ယူပြီး ဒီကနေ ထွက်သွားကြ။”
“ဟွန်း၊ ရှင်က ဘယ်သူမို့လို့လဲ နာရီတစ်လုံးတည်းနဲ့ ငါတို့ကို မောင်းထုတ်နိုင်မယ် ထင်နေတာလား”
နာရီတစ်လုံးက ဘယ်လောက်များ ဈေးကြီးမှာမို့လို့လဲ ကိုယ့်ကိုယ်ကို အရမ်း အထင်မကြီးစမ်းပါနဲ့
မိန်းကလေး သုံးဦးက ချင်းလန် အနားတွင် ပိုမို ရင်းနှီးစွာ တိုးကပ်လာကြသည်။
ချင်းလန် နှင့် ဘယ်လောက်ကြာကြာ ဆက်ဆံခွင့်ရမလဲ မသိသော်လည်း တစ်ညတာလေး ဖြစ်ဖြစ် ချင်းလန် က သူတို့ကို နည်းနည်းလေး ဂရုစိုက်ပြရင်တောင် နှစ်ပေါင်းများစွာ စားမကုန် ဖြစ်သွားနိုင်သည်။
နာရီတစ်လုံးကို ဘယ်သူက ဂရုစိုက်မှာလဲ။
ပန်းရောင်ဝတ် မိန်းကလေးက ချင်းလန် ကို ပြုံးရွှင်စွာ ကြည့်ပြီး
“ဒီနာရီစုတ်က ဘယ်လောက်များ တန်မှာမို့လို့လဲ၊ ဟုတ်တယ်မလား သခင်လေး ချင်း”
ဟု မေးလိုက်သည်။
ချင်းလန် က အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တာပေါ့။ ဒါကနာရီလေးပါပဲ အများဆုံးမှ ယွမ် ၈ သန်း လောက်ပဲ တန်တာ။ ဘာများ အရေးကြီးလို့လဲ”
ဗွမ်း! ဗွမ်း! ဗွမ်း!
သူ စကားဆုံးသည်နှင့် တပြိုင်နက် ဘေးနားရှိ မိန်းကလေး သုံးဦးစလုံး နာရီကျသွားရာ နေရာသို့ အလုအယက် ခုန်ဆင်းကာ ရူးမိုက်စွာ ကူးခတ်သွားကြတော့သည်။
နာရီကို ရပြီးနောက် သူတို့လုယက်ကြသော်လည်း နောက်ဆုံးတွင် အနက်ရောင် သားရေဂျာကင် ဝတ်ထားသော အမျိုးသမီး၏ အေးစက်သော အကြည့်အောက်တွင် လိမ္မာစွာ ထွက်ခွာသွားကြသည်။
ရေချိုးခန်းသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ချင်းလန် နှင့် အနက်ရောင် သားရေဂျာကင် ဝတ်ထားသော အမျိုးသမီးသာ ကျန်ရစ်ခဲ့သည်။
သူမက ချင်းလန် ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“သခင်လေး ချင်း၊ ရှင့်ရဲ့ ရက်ရောမှုက တကယ် လေးစားစရာပါပဲ”
“ပထမဆုံး၊ ရှင်က ကျွန်မရဲ့ နဂါးနက်အသင်း လက်ထဲကနေ ပိုင်ရှောင်ယွင် ကို ကယ်ထုတ်သွားတယ်။ ပြီးတော့ နဂါးနက် အသင်း ပိုင်တဲ့ကလပ် မှာ ပိုက်ဆံလာသုံးနေတယ်။ ဘာလဲ သခင်လေး ချင်း၊ ကျွန်မရဲ့ နဂါးနက် အသင်း က ရှင့်ကို ဘာမှ မလုပ်နိုင်ဘူးလို့ ရှင် တကယ် ထင်နေတာလား”
သူမ၏ အသံက လှောင်ပြောင်နေသော်လည်း စကားလုံးများက အေးစက်ပြီး လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
အနက်ရောင် သားရေဂျာကင် ဝတ်ထားသော ထိုအမျိုးသမီးမှာ အခြားသူ မဟုတ်ပေ...
သူမသည် နဂါးနက်အသင်း၏ နှင်းဆီခန်းမဆောင် ခေါင်းဆောင် ချူကျူအာ ပင် ဖြစ်လေသည်။