အခန်း (၃၆) အရင်ဆုံးတစ်လစာ ဘိုကင်လုပ်လိုက်ရအောင်
မူယွီယန်ကအေးစက်နေတဲ့ မျက်နှာနဲ့နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
သူမရဲ့ အေးစက်တဲ့အကြည့်က မြင်ရတဲ့သူတိုင်းကို သူ့ဆီကနေအကြွေးယူထားပြီး ပြန်မဆပ်ရသေးသလို ခံစားရစေလေသည်။
“စမ်းသပ်မှုလုပ်ဖို့ မမေ့နဲ့နော် ငါ့ကုမ္ပဏီရဲ့ ပထမဆုံး ဝင်ငွေအတွက် ဒီဆေးညွှန်းကလိုအပ်တယ်”
ချင်းလန်ကလှောင်ပြောင်တဲ့ လေသံနဲ့ ထပ်ပြောလိုက်သည်။
ဘုန်း...
မူယွီယန်ရဲ့ တစ်ခုတည်းသော တုံ့ပြန်မှုကတော့
ကားအရှိန်နဲ့ မောင်းထွက်သွားတဲ့အခါထွက်လာတဲ့ အဖြူရောင် မီးခိုးငွေ့တွေဘဲဖြစ်လေသည်။
လမ်းအဆုံးမှာကား ပျောက်သွားတာနဲ့ ကျွင်းဇီက
လမ်းထောင့်ကနေ ရှက်ကိုးရှက်ကန်းနဲ့ ထွက်လာပြီး ရယ်မောကာ
“သခင်လေး၊ ကျွန်တော်တကယ်တောင်းပန်ပါတယ်။ မစ္စမူကလိုက်ချောင်းတာမျိုး လုပ်လိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားဘူး။
ဒါကျွန်တော့်အမှားပါ...”
လို့ ပြောလိုက်သည်။
“မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။”
ချင်းလန် က လက်ကာပြလိုက်ကာ
“မင်း ဒီရက်ပိုင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ် ပြီးတော့ ငါခိုင်းတဲ့ကိစ္စတွေကိုလည်း တော်တော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။”
“ဒီည မင်းသူငယ်ချင်းတွေအကုန်ခေါ်ပြီး
ချန်ကျိလျန်ကလပ်ကို သွားကြရအောင်။”
ဝိုး!
“ချန်ကျိလျန်ကလပ်”
ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ကျွင်းဇီ ရဲ့ မျက်လုံးတွေ တောက်ပလာခဲသည်။
သူက သခင်လေးဘယ်လိုလုပ်ပြီး နဂါးနက်အသင်း စခန်းကနေ လူကိုကယ်ခဲ့လဲ ဆိုတာ သိချင်လို့ မေးခွန်းမေးတော့မလို့ ရှိသေးသည်။
ဒါပေမဲ့ ချင်းလန် ရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်က သူ့ကို တစ်ဝက်တစ်ပျက်မှာရပ်တန့်လိုက်သည်။
မေးနေလို့ရော ဘာထူးမှာလဲ။
ကောင်မလေးတွေနဲ့ အပန်းဖြေဖို့က အရေးအကြီးဆုံးပဲ။
နာရီဝက် ကြာပြီးနောက်
ကတ္တရာလမ်းမပေါ်မှာ နဂါးတစ်ကောင်လို ရှည်လျားတဲ့ ဇိမ်ခံကားတန်းကြီးက ချန်ကျိလျန်ကလပ်ရှေ့မှာ ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။
လမ်းသွားလမ်းလာတွေက ဒီမြင်ကွင်းကိုရပ်ကြည့်နေကြလေသည်။ ယောက်ျားတွေကအားကျနေကြပြီး မိန်းမတွေကတော့ အချစ်စိတ်တွေတဖွားဖွားဖြစ်နေကြသည်။
ရှည်လျားတဲ့ကားတန်းကြီးကို ခဏထားလိုက်ဦး ကားဆယ်စီးကျော်လောက်ကတင် ယွမ်သန်း ၃၀ ကျော်နေလေပြီ။
ဘယ်သူ ဖြစ်နိုင်မလဲ။
ကလပ်တစ်ခုမှာ ဒီလောက်ခမ်းနားတဲ့ ကိစ္စမျိုးဖြစ်နေတာလား။
နာမည်ကြီးတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ရောက်လာတာများလား။
ဘယ် သူဌေးသားလဲဆိုတာ သူတို့မခန့်မှန်းချင်ကြလို့ မဟုတ်ပေ။ မြင်ကွင်းကအရမ်း ထိတ်လန့်စရာ ကောင်းလွန်းနေပြီး သူဌေးသားတစ်ယောက်ရဲ့ အပျော်အပါး ကိစ္စမျိုးနဲ့ မတူသလိုပင်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ကျွင်းဇီကကားပေါ်က ဆင်းလိုက်ပြီးနောက်ဘက်ကို လျှောက်သွားကာ ကားတံခါးဖွင့်ပေးပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
“သခင်လေး၊ ကျွန်တော်တို့ ရောက်ပါပြီ။”
အဲ့ဒီနောက် ချင်းလန် က ဖြည်းညှင်းစွာထွက်လာခဲ့လေသည်။
ချင်းလန်ရဲ့ မျက်နှာပေါ်လာတာနဲ့လမ်းသွားလမ်းလာတွေသာမက ချန်ကျိလျန်ကလပ်ကဧည့်ကြိုတွေရော အပြင်ထွက်ကြည့်ကြတဲ့ဝန်ထမ်းတွေ အပါအဝင် အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။
“ဘုရားရေ အရမ်းချောတာပဲ ဒီသခင်လေးက ဘယ်သူလဲ။ သူက အရမ်းကြည့်ကောင်းတာပဲ ပြီးတော့ ဒီလောက် ဇိမ်ခံကားတန်းကြီးနဲ့”
“သူ..သူငါ့ကို ပြုံးပြလိုက်တယ် အို ဘုရားရေ သူ ငါ့ကိုနောက်ကျရင် တစ်ခုခုတောင်းဆိုတော့မှာလား။ အထူးဝန်ဆောင်မှုတွေလိုအပ်ရင် ဘယ်လိုလုပ်မလဲ။ ငါ သဘောတူသင့်လား ဒါမှမဟုတ်အရင်မေးသင့်လား”
“ဝိုး အရမ်း ဖြုန်းတီးတာပဲဇိမ်ခံကားဆယ်စီးကျော်နဲ့ ကိုယ်ရံတော် လေးဆယ်ကျော်ပြီးတော့သူတို့အားလုံးက အရမ်း ငယ်သေးတယ်။ ငါ ဒီညမိတ်ကပ်ပါးပါးလေးပဲလိမ်းထားတာ မဖြစ်ဘူး ငါ ပြန်ပြီး ထပ်ပြင်ရမယ်”
“…”
အံ့ဩတကြီးရေရွတ်သံတွေကြားမှာ ချင်းလန်က ကိုယ်ရံတော်နှစ်ယောက်ခြံရံလျက် ခမ်းနားထည်ဝါစွာ ကလပ်ထဲကိုဝင်ရောက်သွားသည်။
ချီဖေါင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဧည့်ကြို မန်နေဂျာက အလျင်အမြန် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါလူကြီးမင်း ကျွန်မကချန်ကျိလျန်ကလပ် ရဲ့ဧည့်ကြိုမန်နေဂျာပါ။ ဘာများကူညီပေးရမလဲရှင့်”
ဒီလိုနေရာမှာ မန်နေဂျာဖြစ်လာနိုင်တဲ့သူတွေက လောကအကြောင်း ကောင်းကောင်း နားလည်ကြလေသည်။သူမ ချင်းလန်ကို မြင်လိုက်တာနဲ့ကြီးမားတဲ့ ကိုယ်ရံတော်အုပ်စုကိုခဏထားလိုက်ဦး သူ့ရဲ့ရိုးရှင်းပေမယ့်သပ်ရပ်တဲ့ ဝတ်စုံနဲ့အဆင့်အတန်းမြင့်တဲ့ အမူအရာနဲ့တင် ထိုလူက သာမာန်သူဌေးမဟုတ်ဘူးဆိုတာကိုသိလိုက်သည်။
ချင်းလန် က စိတ်ဝင်တစားနဲ့
“မင်းတို့ဆီမှာ ဘယ်လို ဝန်ဆောင်မှုတွေရှိလဲ”
ဧည့်ကြိုမန်နေဂျာက ရတနာသိုက်တွေ့သလိုမျိုး အသေးစိတ် ရှင်းပြလိုက်သည်။
“လူကြီးမင်း ကျွန်မတို့ ချန်ကျိလျန်မှာစုစုပေါင်း
ငါးထပ်ရှိပါတယ်။ ဒုတိယထပ်ကရေချိုးခန်း ဧရိယာပါ၊ ကျန်းမာရေးအတွက်ရေပူစမ်းရေချိုးခန်း နဲ့ ဘုံဧရိယာမှာ အများသုံး ရေချိုးကန်ကြီး တစ်ခု ရှိပါတယ်။”
“တတိယထပ်က အပန်းဖြေဧရိယာပါ အစားအသောက်မျိုးစုံရှိပြီး ဖျော်ဖြေရေးစင်တာ တစ်ခုလည်းရှိပါတယ်။”
“စတုတ္ထထပ်က အနှိပ်ဝန်ဆောင်မှု ဧရိယာပါ၊ ကျွမ်းကျင်မှု အဆင့်အမျိုးမျိုးရှိတဲ့ ဝန်ထမ်းတွေက ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိပါတယ်။”
“ပဉ္စမထပ်ကတော့ ကိုယ်ပိုင်အခန်းတွေပါဝင်တဲ့ အနားယူရာ ဧရိယာပါ၊ တစ်ကိုယ်ရေသုံး ရေပူစမ်း ရေချိုးကန်တွေလည်း ပါဝင်ပါတယ်။”
ချင်းလန် က ခေါင်းညိတ်လိုက်ပြီး
“ပဉ္စမထပ်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ”
ဧည့်ကြို မန်နေဂျာက
“ဝန်ဆောင်မှုမတူရင်ဈေးနှုန်းလည်း မတူပါဘူး။”
ဟုရှင်းပြလိုက်သည်။
ချင်းလန် က မျက်မှောင်ကြုတ်လိုက်ပြီး
“ငါ မေးနေတာပဉ္စမထပ် တစ်ခုလုံးကို
ငှားရင်ကျမယ့် ဈေးနှုန်းကို မေးနေတာ။”
“ဟမ်”
ဧည့်ကြိုမန်နေဂျာက လန့်သွားပေမဲ့ ချင်းလန် ရဲ့ အမူအရာကို မြင်တော့ ရိုင်းစိုင်းရဲခြင်းမရှိဘဲ အလျင်အမြန် ပြောလိုက်သည်။
“တစ်ညကို ယွမ်ခြောက်သိန်း ကျပါတယ်။”
သူမ အရင်ကပဉ္စမထပ်တစ်ခုလုံးကို ငှားတဲ့သူကို
တစ်ခါမှ မကြုံဖူးပေ ဒါကြောင့် သတ်မှတ်ထားတဲ့ ဈေးနှုန်းမရှိပေ။ တစ်ညကိုယွမ်ခြောက်သိန်း ဆိုတာက ပဉ္စမထပ်ရဲ့ နေ့စဉ်အမြင့်ဆုံး ရောင်းအားအပေါ် အခြေခံပြီး ပြောလိုက်တာဖြစ်လေသည်။
“တစ်ညကို ယွမ်ခြောက်သိန်းလား အဲ့လောက်တောင် ဈေးကြီးတာလား”
ချင်းလန် က အံ့ဩပြီး သံသယနဲ့မေးလိုက်သည်။
ဧည့်ကြိုမန်နေဂျာက အလျင်အမြန်
“လူကြီးမင်း ကျွန်မတို့ရဲ့ ပဉ္စမထပ်အနားယူရာ ဧရိယာမှာ သုံးထားတာက...”
သူမ စကားမဆုံးခင်အရေးကြီးတဲ့
“လျှော့စျေး”
ဆိုတဲ့ စကားလုံးကိုတောင် မပြောရသေးခင်မှာ ချင်းလန်က ဖြတ်ပြောလိုက်သည်။
“အများကြီးမပြောနဲ့ ငါနားထောင်ဖို့စိတ်မဝင်စားဘူး။ အရင်ဆုံးတစ်လစာ ဘိုကင်လုပ်လိုက်ရအောင်။ ချက်လက်မှတ်လိုချင်လား ငွေသားလိုချင်လား ချက်လက်မှတ်ဆိုအခုချက်ချင်း ပေးလို့ရတယ် ငွေသားဆိုရင်တော့ နည်းနည်း ကြာလိမ့်မယ် ဘဏ်က ပိုက်ဆံရေပြီးကားနဲ့လိုက်ပို့ပေးရမှာမို့လို့။”
ဝိုး....
စကားတစ်ခွန်းနဲ့တင် ခန်းမထဲက စားပွဲထိုးတွေနဲ့ ဝန်ထမ်းတွေ အားလုံး လုံးဝ မှင်တက်သွားလေသည်။
လူတိုင်းက ချင်းလန် ကိုသူဌေးအငယ်စားလေး
လို့ထင်ခဲ့ကြပေမယ့် အခုမှသူက သူဌေးအငယ်စားလေး လုံးဝမဟုတ်မှန်း သိလိုက်ကြသည်။
သူက ရှင်းရှင်းလင်းလင်းကို ပိုက်ဆံကို ရေလိုသုံးနေတဲ့ စူပါသူဌေးကြီးပဲ။
အဲ့ဒီနောက် လူတိုင်းအံ့ဩသွားအောင် ချင်းလန် က သူ့ရဲ့ ချက်လက်မှတ် စာအုပ်ကိုထုတ်လိုက်ပြီး လက်မှတ်ထိုးလိုက်ကာကျွင်းဇီ ကို ကမ်းပေးလိုက်သည်။
“ဒီမှာ ယွမ်သန်း၂၀ မန်နေဂျာကျန်း ကို ခေါ်ပြီး ပိုက်ဆံသွားယူလိုက် ကျန်တဲ့၂သန်းကို မင်း သင့်တော်သလို စီမံပြီးတော့ ညီအစ်ကိုတွေကို
ဘောနပ်စ်တချို့ပေးလိုက်။”
ချက်လက်မှတ်ကို ကိုင်ထားတဲ့ ကျွင်းဇီ က မန်နေဂျာ ကျန်း နဲ့ တက်ကြွစွာ စကားပြောနေလေသည်။
အရင်က ကျွင်းဇီ နဲ့ မန်နေဂျာကျန်း ကြားမှာ မရေရာတဲ့ ဆက်ဆံရေး ရှိပေမယ့်တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်သေးပေ။
ဒါပေမယ့် ဒီနေ့ကတော့ မတူတော့ပေ ချင်းလန် ရဲ့ ရောက်ရှိလာမှုက တော်တော်ခမ်းနားပြီး သူကသန်းပေါင်းများစွာ သုံးစွဲခဲ့တာကြောင့် မန်နေဂျာကျန်းကဒီလကော်မရှင်ကနေတင် သိန်းဂဏန်း သန်းဂဏန်းလောက် ရနိုင်လေသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
သူမ တစ်ညတည်းနဲ့ သန်းကြွယ်သူဌေး ဖြစ်သွားတာပဲ။
မန်နေဂျာကျန်း ရဲ့ အသက်အရွယ်အရ သူမက ချင်းလန် နဲ့ ပတ်သက်ဖို့ မမျှော်လင့်ပေမယ့် ကျွင်းဇီ နဲ့ သူမရဲ့ ဇာတ်လမ်းကို ဆက်မလုပ်ဖို့ တားဆီးနိုင်မှာ မဟုတ်ပေ။
မန်နေဂျာကျန်း က ချင်းလန် လို ဖောက်သည်ကြီးကို ထိန်းထားဖို့ တတ်နိုင်သမျှအရာအားလုံး လုပ်နေပြီး
ကျွင်းဇီ အပေါ် သူမရဲ့အကြည့်တွေက ပိုပြီး ဆွဲဆောင်မှုရှိလာကာ မျက်လုံးတွေက ဆန္ဒတွေနဲ့ တောက်ပနေခဲ့လေသည်။
ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာက တက်ကြွစွာ ရှေ့တိုးလာတဲ့ ဝန်ထမ်းမလေးတွေဆီက ဖက်လဲတကင်း အပြုအမူကို ခံရင်း ဓာတ်လှေကားပေါ် တက်သွားကြသည်။
ကျွင်းဇီ အပါအဝင်ကိုယ်ရံတော် အဖွဲ့သားတွေ အားလုံးက ချင်းလန်ကိုနက်ရှိုင်းတဲ့ ကျေးဇူးတင်မှု သစ္စာစောင့်သိမှုတွေနဲ့ ကြည့်လိုက်ကြသည်။
ချင်းလန် မှာ ပိုက်ဆံတွေပိုနေလို့ ဖြုန်းနေတယ်လို့ တကယ် ထင်နေတာလား။
လူတစ်ယောက်က ဘာလို့ဒီကိုလာပြီး ကြွားဝါဖို့ သူဌေးကြီးလိုပြုမူဖို့ သန်း ၂၀ သုံးရမှာလဲ။
သူ အဲ့လောက် မတုံးပေ။
မကြာသေးခင်က ကျွင်းဇီ ရောတခြား ကိုယ်ရံတော်တွေကပါ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ လွတ်သွားမှာစိုးလို့ နေ့ရောညပါစောင့်ကြည့်နေခဲ့ကြရသည်။
လစာက မနည်းပေမယ့် အလုပ်ရဲ့ပြင်းထန်မှုက တကယ် ကြောက်စရာကောင်းပြီး သူတို့ စိတ်မသက်မသာ ဖြစ်နေကြလောက်လေပြီ။
ဒီလိုအချိန်မျိုးမှာ နှစ်သိမ့်မှုတချို့ ပေးဖို့ကမရှိမဖြစ် လိုအပ်ပေသည်။
တိုက်ရိုက် ပိုက်ဆံပေးမလား။
အဲ့ဒါ အလုပ်မဖြစ်ပေ။
လူတိုင်းက ကျွင်းဇီလိုရသစ္စာရှိပြီး ချီးကျူးစရာကောင်းတာ မဟုတ်ပေ။
ပိုက်ဆံ အများကြီးပေးတာကသစ္စာစောင့်သိမှုကို မရဘဲ လောဘကို ဆွဲဆောင်တတ်လေသည်။
ချင်းလန် က
“အနည်းငယ်ကြင်နာတာက တန်ဖိုးထားခံရပေမယ့် အလွန်အကျွံဖြစ်သွားရင်ရန်ငြိုးကို မွေးဖွားစေတယ်”
ဆိုတဲ့ စကားကို နားလည်လေသည်။
သူတို့ကို အပျော်အပါးလိုက်ပို့တာ မျက်နှာသာ
ပေးတာ ပြီးတော့ဘောနပ်စ် တချို့ပေးတာမျိုး လုပ်ရင် သူတို့ကမိန်းမရော ပိုက်ဆံရော ခံစားခွင့်ရကြလေသည်။
အဲ့ဒါကမှဒီကိုယ်ရံတော်တွေရဲ့ သစ္စာစောင့်သိမှုကို တကယ် အနိုင်ယူနိုင်တဲ့ နည်းလမ်းပဲ။
ဟုတ်ပေသည်။ အရေးကြီးဆုံးကတော့ ချင်းလန် က ဒီကလပ်ရဲ့ နောက်ကွယ်ကလူကဘယ်သူလဲဆိုတာ သိနေလို့ပင်။