အခန်း (၃၅) မူယွီယန်ရဲ့အကာအကွယ်
ချင်းလန် က သူ့ကို မျက်လုံးလှန်ကြည့်ပြီး
“လျှို့ပေ က ကျူးကော့လျန် ရဲ့တဲအိမ်ကို သုံးခါ သွားလည်ခဲ့တယ် ဆိုတာ မင်းကြားဖူးလား။ ငါကဒီညတင် လာမှာမဟုတ်ဘူး၊ မနက်ဖြန်ညရော၊ သန်ဘက်ခါညရောလာဦးမှာ”
လို့ ပြန်ပြောလိုက်သည်။
(ဘုရင်လျှိုပေ့ က ပညာရှိကျူးကော့လျန်ကိုစစ်ရေးအကြံပေးခန့်ချင်တာကြောင့် သွားတွေ့ခဲ့ပေမယ့် ပထမတစ်ခါ ဒုတိယတစ်ခါတုန်းက မတွေ့ခဲ့ရဘဲ လက်မလျော့ဘဲ တတိယတစ်ခါမြောက်သွားမှ တွေ့ခဲဲ့ရပြီး စစ်ရေးဆွေးနွေးခဲ့တဲ့ သမိုင်းပါ)
“ပြီးတော့ မင်းလူတွေကို လိုက်ချောင်းရတာ ပျော်ရဲ့လား”
မူယွီယန် က အေးစက်စွာ
“ရည်းစားတစ်ယောက်အနေနဲ့ ရှင် ဘယ်မှာ ရှိနေတယ်ဆိုတာတောင် သိခွင့်မရှိဘူးလား ပြီးတော့
ရှင်က အပြင်မှာပြဿနာတွေရှာနေတာလေ ကျွန်မက ရှင့်ကိုမေးခွန်းလေးတောင်မေးလို့မရဘူးလား”
အမ်....
ချင်းလန် က မျက်ခုံးပင့်လိုက်မိသည်။
ဒါက လှောင်နေတဲ့လေသံနဲ့ လုံးဝမတူဘဲ ဇနီးသည်က မယားငယ်ကို လက်ပူးလက်ကြပ် မိသွားတဲ့ ဒရာမာဇာတ်လမ်းနဲ့ ပိုတူနေသည်။
ဘုရားရေ၊ မူယွီယန် တကယ်ပဲငါ့ကို သဘောကျနေတာလား။
ဒါပေမယ့် သူက လောလောဆယ် ဒီကိစ္စနဲ့ပတ်သက်ပြီး သူမကိုဒေါသထွက်အောင် မလုပ်ချင်တာကြောင့် အလေးအနက်ထားပြီး ပြောလိုက်သည်။
“ပိုင်ရူယွီ ကိုလာတွေ့တာ အရေးကြီးတဲ့ စီးပွားရေး ကိစ္စ ရှိလို့ပဲ အသစ်ဖွင့်မယ့်ကုမ္ပဏီကိုစီမံခန့်ခွဲနိုင်တဲ့သူ လိုတယ် ပြီးတော့ သူမနဲ့ကအရမ်း သင့်တော်တယ်လေ။”
“နောက်ထပ် ကုမ္ပဏီတစ်ခုထောင်မလို့လား အရင် တစ်ခေါက်က ချင်းမိသားစု ကရှင့်ကို လုပ်ငန်းစဖို့ အရင်းအနှီးယွမ်တစ်ဘီလီယံ ပေးလိုက်တာလေ ရှင် အကုန် သုံးပစ်လိုက်ပြီးလို့ ပိုက်ဆံထပ်လိမ်ဖို့ နောက်ထပ် ဆင်ခြေတစ်ခုရှာနေတာ မဟုတ်လား”
မူယွီယန် က အရာအားလုံးကို မြင်နေသလိုပြောလိုက်သည်။
သူလျှောက်ပြောနေတာမဟုတ်ပေ အတိတ်က ချင်းလန် ကတကယ်ပဲအဲ့ဒီ့အတိုင်းပင်။
သူမက နှာမှုတ်လိုက်ပြီး
“ရှင် လူလိုနေရင်ဘာလို့ အလုပ်သမား ဈေးကွက်ကို မသွားဘဲ ဘာလို့ ပိုင်ရူယွီကိုလာရှာနေရတာလဲ
ရှင် ခေါင်းတံခါးညှပ်ခံထားရလို့လား ပိုင်ရူယွီ ဆိုတာ ပိုင်မိသားစု ရဲ့ သမီးကြီးနော်။”
“ပိုင်မိသားစု လုပ်ငန်းကို သူ့ဘာသာသူ စီမံဖို့တောင် ကြီးလွန်းနေတာ၊ သူက ရှင့်အတွက်အလုပ်လုပ်ပေးဖို့ ဘယ်လိုအချိန်ရှိမှာလဲ”
“အရင်ကအရင် အခုကအခုပဲ ဒီတစ်ခါတော့ ငါ အတည် ပြောနေတာ။”
ချင်းလန်ကရှေ့တိုးလိုက်ကာ သူ့ထက်ခေါင်းတစ်လုံးလောက်နိမ့်တဲ့ မူယွီယန်ကိုနံရံမှာကပ်လိုက်ပြီး လက်တစ်ဖက်နဲ့ နံရံကို ထောက်ကာသူ့မျက်လုံးတွေက လေးနက်မှုတွေနဲ့ ပြည့်နေလေသည်။
မူယွီယန် က နည်းနည်းလန့်သွားကာ သူမရဲ့လက်နှစ်ဖက်စလုံးကို ချင်းလန်ရဲ့ရင်ဘတ်ပေါ်တင်ပြီး သူ့ကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့် ဘယ်လောက်ပဲ အားစိုက်ပါစေ သူမရှေ့ကချင်းလန်ကို နည်းနည်းလေးမှရွေ့အောင်မတွန်းနိုင်ပေ။
သူမက အံကြိတ်လိုက်ပြီး
“ရှင်အတည်ဟုတ်မဟုတ် ကျွန်မနဲ့ ဘာဆိုင်လို့လဲ စီးပွားရေးလုပ်တာက တကယ်ပဲ အဲ့လောက် လွယ်တယ်လို့ ရှင်ထင်နေတာလား”
ချင်းလန် ကပျက်ဆီးနေတဲ့ဒုတိယမျိုးဆက်သူဌေးသားလို တမင်တကာ ဟန်ဆောင်နေတာဆိုရင်တောင် စီးပွားရေးတစ်ခုစဖို့က အဲ့ဒီ့လောက်မလွယ်ပေ။
ကုမ္ပဏီတစ်ခုစထောင်ဖို့ ဒီလောက်လွယ်နေရင်
နေရာတိုင်းမှာ သူဌေးကြီးတွေ ရှိနေမှာပေါ့။
ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေက ဘာလုပ်ဖို့ရှိနေဦးမှာလဲ။
ချင်းလန် က သူ့အင်္ကျီကကြယ်သီးတွေကို ဖြုတ်လိုက်ပေမယ့် သူ့လက်တစ်ဖက်ကတော့ မူယွီယန်ကို ဖိကပ်ထားတုန်းပင်။
မူယွီယန် ကလန့်သွားပြီး
“ရှင် ဘာလုပ်မလို့လဲ ချင်းလန် ကျွန်မရှင့်ကိုပြောလိုက်မယ် ကျွန်မ ခွင့်ပြုချက်မရှိဘဲတစ်ခုခုလုပ်ရဲရင် ရှင့်ကို ကိုက်ပစ်မယ်ဆိုတာယုံလိုက်”
သူမက ချင်းလန် ရဲ့လက်မောင်းကိုကိုင်ထားပြီး သူမရဲ့ ပါးစပ်လေးကသူ့လက်ကောက်ဝတ်ပေါ် ရောက်နေကာ တစ်ခုခုမှားတာနဲ့ ကိုက်ပြီးထွက်ပြေးဖို့ အဆင်သင့်ပင်။
ချင်းလန်ကသူ့အိတ်ကပ်ထဲက ဆေးညွှန်းတစ်ခုကို ထုတ်လိုက်ပြီး သူ့မျက်နှာက တည်ကြည်လေးနက်နေကာ
“အဲ့ဒီလို အရာတွေတွေးနေတာ ရပ်လိုက်လို့ရမလား တစ်နေ့ကုန် မင်းခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ”
“ချင်းလန် ရှင့်ကို သေတဲ့အထိလုပ်မယ်”
မူယွီယန်ကရှက်ရွံ့ကာဒေါသတွေနဲ့ ပြည့်နေပြီး
ချင်းလန် ရဲ့ ပေါင်ကြားကိုကန်လိုက်လေသည်။
ဒါပေမဲ့ ချင်းလန်ရဲ့ရှေ့မှာသူမကဘယ်လိုများ သူမရဲ့ အားကို ပြနိုင်မှာလဲ။
ခဏ အတွင်းမှာပဲ ချင်းလန်က မူယွီယန်ရဲ ဒူးကို ဖိချလိုက်ပြီး သူမကိုလုံးဝချုပ်ထားလိုက်ကာ လှုပ်ရှားလို့ မရအောင် လုပ်လိုက်သည်။
လေထဲမှာ မူယွီယန်ကခွဲစိတ်ခန်း စားပွဲပေါ်မှာ လှဲနေတဲ့ ဖားတစ်ကောင်လို ဖြစ်နေပေမဲ့ အနေအထားတော့ မတူပေ။ အခုက ခွဲစိတ်ခန်းစားပွဲအစား နံရံဖြစ်သွားပြီးခြေထောက်တွေက မြေကြီးနဲ့ မထိတော့ဘဲ လေထဲမှာ တွဲလောင်း ဖြစ်နေလေသည်။
“ကျွန်မကိုလွှတ် ကျွန်မကိုလွှတ်”
မူယွီယန်က အော်ဟစ်လိုက်ပြီး သူမရဲ့လက်ရှိ အနေအထားကိုစဥ်းစားမိတော့ သွေးတိုးလာသလို ခံစားရပြီး သူမရဲ့လှပတဲ့ မျက်နှာတစ်ခုလုံးနီရဲသွားလေသည်။
သူမ ဒေါသထွက်ကာ အော်ဟစ်နေပေမယ့်
ချင်းလန် က သူမကိုလျစ်လျူရှုလိုက်ပြီး သူမရှေ့မှာ စာရွက်တစ်ရွက်ကို ပြလိုက်သည်။
မူယွီယန်ကသူမရဲ့ ရှက်ရွံ့မှုကိုဖိနှိပ်ပြီးဒေါသ
သံလေးနဲ့
“ဒါက ဘာလဲ”
လို့ မေးလိုက်သည်။
“အလှပ ဆေးညွှန်းလေ မင်းရဲ့ကုမ္ပဏီက
အလှကုန်ပစ္စည်းတွေ အဓိကထုတ်တာ
မဟုတ်ဘူးလား”
ချင်းလန် က ရှင်းပြလိုက်သည်။
သူ့မှာအခုလောလောဆယ် အလှပဆေးပြား ကို ကိုင်တွယ်ဖို့ အချိန်ရောအင်အားရော မရှိတာကြောင့်မူယွီယန် က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်
ဖြစ်တာကြောင့် ဒါကိုသူမဆီ အပ်လိုက်တာက
လူအင်အားရော ထုတ်လုပ်ဖို့ရော
ဖြန့်ချီဖို့ရောအကုန် အလကားရပေမည်။
အကုန်အလကားရတာလေ မကောင်းဘူးလား။
မူယွီယန် က တစ်ချက်ကြည့်လိုက်ပြီးလှောင်ပြောင်လိုက်ကာ
“ရယ်စရာပဲ ဒီဆေးညွှန်းကို ရှင့်ကိုဘယ်သူ ပေးတာလဲ ဈေးကြီးတဲ့ဆေးဖက်ဝင် အပင်တချို့ထည့်လိုက်ရုံနဲ့ အလှကုန်ပစ္စည်းလို့ ခေါ်လို့ရမယ်ထင်နေတာလား”
ဆေးညွှန်းတွေက တကယ်ပဲအဲ့လောက် ရိုးရှင်းနေရင် သုတေသနအဖွဲ့က ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
“ငတုံး ရှင်အလိမ်ခံလိုက်ရတာကိုတောင်မသိဘဲနဲ့
ဒီဆေးညွှန်းတစ်ခုတည်းနဲ့ ကုမ္ပဏီထောင်နိုင်မယ် ထင်နေတာလား ဆက်ပြီး အိပ်မက်မက်နေလိုက်။”
“ပြီးတော့... ကျွန်မကို ချပေး ရှင် ကျွန်မရဲ့ ဒူးခေါင်းကို ဖိထားတာ အရမ်း နာတယ်”
ချင်းလန်က ဂါဝန်လဲဝတ်ထားတဲ့ မူယွီယန် ကို ငုံ့ကြည့်လိုက်တော့ သူမရဲ့ဖြူဖွေးချောမွတ်နေတဲ့
ဒူးခေါင်းတစ်ဝိုက်က နည်းနည်း နီနေပြီမလို့
သူမကို ဖြည်းဖြည်းချင်း ချပေးလိုက်သည်။
သူက အလေးအနက်အသံနဲ့
“ငါ အလိမ်ခံရလား မခံရဘူးလားဆိုတာ
မင်းစိတ်ပူစရာမလိုပါဘူး။ ဆေးညွှန်းက ဒီမှာရှိနေတာပဲ မင်း စမ်းသပ်ကြည့်လို့ရတယ်။”
“ဒါပေမဲ့ သတိထားရမှာက ဒီ အလှပဆေးပြား က အလွန် အာနိသင်ပြင်းတဲ့အတွက် ဒီဖော်မြူလာအတိုင်း မထုတ်ဘဲနဲ့ ရေရောပြီးထုတ်တာ အကောင်းဆုံးပဲ။”
သူ ထုတ်ပေးလိုက်တဲ့ဆေးညွှန်းက စနစ်ဆီကမူရင်းဆေးညွှန်းကို တိုက်ရိုက်ကူးထားတာ မဟုတ်ဘဲသူ အဆတစ်ရာလောက်ရေရောထားတဲ့ ဆေးညွှန်း ဖြစ်လေသည်။
အကယ်၍ အလှပဆေးပြားကို ဒီစာရွက်ပေါ်က ဆေးညွှန်းအတိုင်း ဖော်စပ်မယ်ဆိုရင် ဒဏ်ရာတွေက မျက်စိနဲ့ မြင်နိုင်တဲ့ အမြန်နှုန်းနဲ့ ပျောက်သွားတော့မှာမဟုတ်ပေမဲ့ အလှကုန် ပစ္စည်းအတွက်တော့နည်းနည်း ပြင်းနေတုန်းပင်။
ဘယ်လို တိတိကျကျရေရောရမလဲ ဆိုတာကတော့ မူယွီယန်လိုကျွမ်းကျင်သူတစ်ယောက် စဉ်းစားရမယ့် အပိုင်းဖြစ်သည်။
ဒါက သူ့ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ပေ ပြီးတော့ သူ ဒါနဲ့ အချိန်ဖြုန်း မနေချင်ပေ။
မူယွီယန် က ဆေးညွှန်းကိုကိုင်ထားပြီး မျက်ခုံး အနည်းငယ် တွန့်ချိုးသွားကာ
“ရှင် အတည်ပြောနေတာလား ကုမ္ပဏီထောင်တာတို့ ပိုင်ရူယွီ ကိုစည်းရုံးတာတို့ ရှင် ဒီကိစ္စတွေ အားလုံးကိုတကယ်အတည်ပြောနေတာလား”
ချင်းလန် က ညဉ့်နက်သန်းခေါင်ကြီး ဒီကိုမိန်းမရှာဖို့ လာတယ်လို့ထင်ခဲ့တာ ဒါပေမဲ့ သူမအထင်လွဲခဲ့တာ ဖြစ်နေလေသည်။
“တကယ်ဟုတ်လား မဟုတ်လားက အရေးကြီးလို့လား ငါပြောတဲ့အတိုင်းသာလုပ်ပါ ကျန်တာကို စိတ်မပူနဲ့။”
လို့ပြောပြီး ချင်းလန်ကသူ့အဝတ်အစားတွေကို ပြန်ဖြောင့်လိုက်သည်။
“ပြီးတော့မမေ့နဲ့၊ ငါတို့ဆက်ဆံရေးက စာချုပ်ဆက်ဆံရေးပဲ စာချုပ်ပျက်သွားတာနဲ့ ငါတို့ဆက်ဆံရေးက ပြီးသွားလိမ့်မယ် နောက်တစ်ခါလိုက်ချောင်းတာမျိုး ထပ်မလုပ်နဲ့”
ဒီကစားပွဲမှာ မူယွီယန်ကသံသယ ဖြစ်စရာ မလိုဘဲ လုံးဝ ရှုံးသွားလေပြီ။
မူယွီယန် က သူ့ကိုစိတ်ဝင်စားလာခါစမှာပဲ ချင်းလန် က သူမကိုပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပြီး သတိဝင်လာအောင် လုပ်လိုက်လေသည်။
မင်းက မသိသလိုလုပ်ပြီး စာချုပ်ကိုအကြောင်းပြပြီး
မာနထားချင်နေတာလား။
မဟုတ်ဘူး။
မူယွီယန် ကိုဒီလိုပုံစံနဲ့ ချင်းလန်ကဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။
အရင်တုန်းက စာချုပ်ဆိုတာ မူယွီယန် ရဲ့ မျက်လုံးထဲမှာ အချုပ်အနှောင်တစ်ခုဖြစ်ခဲ့ပေမယ့် အခုတော့ ဒီစာချုပ်က မူယွီယန် အတွက်အကာအကွယ်ဆင်ခြေ တစ်ခု ဖြစ်နေပုံရလေသည်။
ချင်းလန် က ဒါကိုပျောက်သွားအောင်လုပ်ရပေမည်။
(အဓိပ္ပါယ်က မူယွီယန်က ချင်းလန်ကို သဘောကျနေပေမယ့် ဝန်မခံချင်ဘဲမာနထားပြီး စာချုပ်ကို အကြောင်းပြနေ ကြောင်းပြောတာပါ)