အခန်း (၃၄) မူယွီယန် စိတ်မကြည်မလင်ဖြစ်ခြင်း
ပိုင်ရှောင်ယွင်က ဒီသီချင်းကိုအရင်က တစ်ခါမှ မကြားဖူးပေ ဒါက အရမ်းဟောင်းနေပြီဖြစ်ပြီး သူမတို့ခေတ်က သီချင်းမဟုတ်ပေ။
ပြီးတော့ ဒီအမျိုးအစားက သူမကြိုက်တဲ့ ပုံစံလည်း မဟုတ်ဘူး။
ဒါပေမဲ့ ဒီသီချင်းကအခုအခြေအနေနဲ့ လုံးဝလိုက်ဖက်နေခဲ့လေသည်။
ဒီလို အခြေအနေမျိုးမှာ ပိုင်ရှောင်ယွင်ကချင်းလန်
ရဲ့ မိန်းမလုပ်မယ်လို့ ကတိပေးပြီးကာစ ဖြစ်နေချိန်မှာ ဒီသီချင်းစာသားတွေကို ကြားလိုက်ရတော့ သူမရဲ့ စိတ်နှလုံးကို နက်ရှိုင်းစွာထိသွားလေသည်။
“အစ်ကိုချော ဒီနေ့ကစပြီး ညီမ တစ်သက်လုံး အစ်ကို့ အနားမှာပဲ နေတော့မယ်နော် ဟုတ်ပြီလား”
ပိုင်ရှောင်ယွင် က ချင်းလန်ကိုဖက်ထားပြီး သူမရဲ့ နူးညံ့ပြီး ကလေးဆန်တဲ့ အသံလေးက ဘယ်သူ့နှလုံးသားကိုမဆို အရည်ပျော်သွားစေနိုင်လောက်အောင် ချိုမြိန်နေသည်။
တခြား ယောက်ျားတစ်ယောက်သာဆိုရင် ဒီအခိုက်အတန့်မှာ ပြင်းထန်တဲ့ စိတ်ဆန္ဒကြောင့် အမြင်အာရုံတွေကွယ်သွားပြီး ဘာမဆို လုပ်မိသွားနိုင်လောက်သည်။
ချင်းလန်တောင်မှ စိတ်ကိုမနည်းထိန်းပြီး သူမက ငယ်သေးတယ် ကလေးပဲ ရှိသေးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေရလေသည်။
ဒါပေမဲ့ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ကြီးမားတဲ့ ဘောလုံးနှစ်လုံးကို တွေ့လိုက်ရတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကို သတိပေးချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
မငယ်တော့ဘူး... တကယ်ကို မငယ်တော့ဘူး။
“ကားကို မြန်မြန် မောင်းတော့”
ချင်းလန် က သူ့ရဲ့ စိတ်ဆန္ဒကို ဖိနှိပ်လိုက်ပြီး ကျွင်းဇီ ကို စိတ်မရှည်စွာနဲ့ မြန်မြန်မောင်းခိုင်းလိုက်သည်။
ကျွင်းဇီ ကအလျင်အမြန်
“ဟုတ်ကဲ့”
လို့ ပြောပြီး လီဗာနင်းလိုက်တာနဲ့ ကားက ချက်ချင်း အရှိန်မြင့်တက်သွားလေသည်။
ချင်းလန်က စကားအများကြီး မပြောဘဲ
ပိုင်ရှောင်ယွင် ကို သူ့ရင်ခွင်ထဲမှာညင်သာစွာ
ပွေ့ဖက်ထားလိုက်ကာ ရံဖန်ရံခါ သူ့လက်က သူမရဲ့ ပေါင်ကို မတော်တဆ ပွတ်မိသွားလေသည်။
ဒါက ပုံမှန်ပါပဲ လုံးဝပုံမှန်ပဲ ပြီးတော့ဒါကမတော်တဆပဲ။
ဒါ့အပြင် ပိုင်ရှောင်ယွင်ကချစ်စရာကောင်းတဲ့ ပန်းရောင်ဂါဝန်လေး ဝတ်ထားပြီးအကြာကြီးနေခဲ့ရ တာဆိုတော့ အတွန့်အကြေလေးတွေ ရှိနေလေသည်။
သူမရဲ့ဂါဝန်ကို ဖြောင့်ပေးရင်း ပြန်ပေးဆွဲသူတွေကြောင့် ဘယ်နေရာမှာများ ဒဏ်ရာရခဲ့လဲလို့ စစ်ဆေးပေးတာက အစ်ကိုကြီးအနေနဲ့ လုံးဝပုံမှန်ပါပဲ။
ချင်းလန်က ထိုအရာကို လုံးဝမလုပ်ချင်ခဲ့ပေ။
ပိုင်ရှောင်ယွင် ရဲ့ မျက်နှာလှလှလေး နီရဲနေပြီး သူ့ကို စိတ်လှုပ်ရှားတဲ့ အမူအရာနဲ့ စိုက်ကြည့်နေတာကို မြင်တော့ သူ စိတ်ခံစားမှုတွေမြင့်တက်လာခဲ့လေသည်။
ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားလေပြီ။
သူမကိုကယ်ပေးတဲ့ ကျေးဇူးတရားကို သူမရဲ့ ကြီးမားတဲ့ရင်သားတွေနဲ့ ပြန်ဆပ်ဖို့ ပိုင်ရှောင်ယွင် ကို ဘယ်သူက ပြောလို့လဲ။
ထျန်ဟိုင်မြို့ရှိ ဗီလာတစ်ခုရဲ့ အပြင်ဘက်မှာ
ချင်းလန် ရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ ပိုင်ရှောင်ယွင် ဟာ တံခါးအပြင်မှာ ရပ်နေတဲ့ ပိုင်ရူယွီ ကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေ့သီလာပြီး အစ်မဖြစ်သူကို အားကိုးတဲ့ အကြည့်နဲ့ကြည့်လိုက်ကာ သူမကိုပြေးပြီး ဖက်လိုက်လေသည်။
“အစ်မ... ညီမ အစ်မကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ အဲ့ဒီ လူဆိုးကြီးတွေက အရမ်း ကြောက်စရာကောင်းတယ် ဝါး...”
ပိုင်ရှောင်ယွင်က သူ့အစ်မရဲ့ ရင်ခွင်ထဲဝင်ပြီး ကလေးဆန်စွာ ချွဲနွဲ့ရင်းသူမရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်သည်။
ပိုင်ရူယွီကသူ့ညီမလေးကို ကြင်နာစွာ ပွေ့ဖက်ထားပြီး သူမရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးကာ
“အဆင်ပြေပါတယ် မကြောက်နဲ့တော့ အစ်မ ရှိတယ်၊ ညီမကို နောက်တစ်ခါ နာကျင်အောင်လုပ်ဖို့ အစ်မ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”
လို့ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“အစ်ကိုကြီးက ညီမကို ကယ်ခဲ့တယ်ဆိုတာ အဖေ သိလား”
ပိုင်ရှောင်ယွင် က မော့ကြည့်ပြီး ပိုင်ရှောက်ချွမ် ကိုပြောပြချင်နေသည်။
ပိုင်ရူယွီ က ခဏရပ်တန့်သွားပြီးတော့
ပြုံးလိုက်ကာ
“အစ်မသိပါတယ် အခု အရမ်းညဉ့်နက်နေပြီ။ ယွင်ယွင် ဒီညအိမ်မပြန်ဘဲ ဒီမှာပဲအိပ်လိုက်ပါလား”
လို့ ပြောလိုက်သည်။
ဒီအိမ်က ပိုင်ရူယွီ ရဲ့ ကိုယ်ပိုင်အိမ်ပင် သူမ ဒီမှာနေလေ့မရှိပေမယ့် သူ့အဖေနဲ့ ပြင်းပြင်းထန်ထန် စကားများပြီးရင်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ ဒီကို တစ်ယောက်တည်း လာနေတတ်လေသည်။
သူမ ညီမလေးကို အဲ့ဒီအိမ်ကိုခဏလောက်တော့ ပြန်မသွားစေချင်ပေ။
အခြေအနေတွေ ပြောင်းလဲသွားကာ အဲ့ဒီနေရာက အရင်ကလို လုံခြုံမှု မရှိတော့ပေ ပြီးတော့ နောက်ထပ် ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။
“ဒါဆို... အစ်ကိုကြီးကရော ဒီညညီမနဲ့အတူ ဒီမှာ နေမှာလား”
ပိုင်ရှောင်ယွင်က လှည့်ကြည့်လိုက်ပြီး သူမ နောက်မလှမ်းမကမ်းမှာ ရပ်နေတဲ့ ချင်းလန်ကို ပါးလေးနီရဲစွာနဲ့ မေးလိုက်သည်။
ပိုင်ရူယွီက စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ သူမ ညီမလေးရဲ့အကျင့်စရိုက်ကို သိပေမယ့်
ချင်းလန်က မြူတွေဖုံးလွှမ်းနေတဲ့ ပုံရိပ်တစ်ခုလိုပဲအရမ်း လျှို့ဝှက်ဆန်းကြယ်လွန်းလေသည်။
သူနဲ့ အရမ်းနီးစပ်နေတာကတစ်ခုခု မှားနေသလို ခံစားနေရသည်။
ပြီးတော့ သူတို့ကြားက အသက်ကလည်းအလွန်ကွာ ခြားလေသည်။
သူမကညီမလေးရဲ့ လက်ကိုဆုပ်ကိုင်ထားပြီး
ချင်းလန်ဆီ လျှောက်သွားကာ ကျေးဇူးတင်စွာနဲ့
“သခင်လေး ချင်း ဒီည ရှင်ကူညီပေးခဲ့တာကို ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။ ရှင့်ကို ကျွန်မတကယ်ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။”
“တခြားကိစ္စတွေကိုတော့နောက်ပြီးမှ ပြောကြရအောင် ကောင်းပြီလား”
ချင်းလန် က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ
“ရပါတယ် အလျင်လိုစရာ မရှိပါဘူး။ ယွင်ယွင်ကို အဲ့ဒီအန္တရာယ်ရှိတဲ့ နေရာကနေနောက်ဆုံးတော့ ကယ်နိုင်ခဲ့ပြီး အရေးကြီးဆုံးက ခင်ဗျားတို့ ညီအစ်မနှစ်ယောက် ပြန်လည် ဆုံတွေ့ဖို့ပါပဲ။ ကျွန်တော်နောက်ထပ်မနှောင့်ယှက်တော့ပါဘူး။”
ပိုင်ရူယွီ ကယုံကြည်လို့ ရလေသည်။
ဒါ့အပြင် ပိုင်ရှောင်ယွင် ပြန်ပေးဆွဲခံရတဲ့အကြောင်း သူ ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲ သူက တိုက်ရိုက်ကြီး ပြောလိုက်သလိုတောင်ဖြစ်နေပြီ။
သူမသာအရမ်း တုံးအတဲ့သူမဟုတ်ရင် သေးငယ်တဲ့ သဲလွန်စတွေကနေ တစ်ခုခုကို ရိပ်မိနေလောက်ပြီ။
ပိုင်ရူယွီ ကို အချိန်နည်းနည်း ပေးလိုက်ရင် သူမ အမှန်တရားကို သိလေလေ သူတို့ကြားထဲက ကွဲလွဲမှုကပိုကြီးလာပြီးနောက်ဆုံး လုံးဝ ကွဲသွားကြပေလိမ့်မည်။
“အစ်ကိုကြီး မသွားပါနဲ့”
ချင်းလန် လှည့်ထွက်သွားတာကို မြင်တော့ ပိုင်ရှောင်ယွင်က ပိုင်ရူယွီရဲ့ လက်ကနေချက်ချင်း ရုန်းထွက်ပြီး သူ့နောက်ကို လိုက်သွားကာ နောက်ကနေသူ့ခါးကိုလှမ်းဖက်လိုက်ပြီး ခေါင်းကိုသူ့ကျောပြင်မှာ မှီကာ
“အစ်ကိုကြီး ကျေးဇူးပြုပြီး မသွားပါနဲ့”
လို့ပြောလိုက်လေသည်။
ချင်းလန် က ဘောလုံးနှစ်လုံးနဲ့ ဝင်တိုက်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူ့နှုတ်ခမ်းတွေ တွန့်သွားကာ သူ့ကို ဖက်ထားတဲ့ လက်သေးသေးလေး နှစ်ဖက်ကို ဖယ်ရှားဖို့ လက်လှမ်းလိုက်ပြီးလှည့်ကြည့်လိုက်သည်။
ဘောလုံးနဲ့ ဝင်တိုက်တဲ့အတွက် အဝါကဒ်ပြပြီး သတိပေးရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။
ပိုင်ရူယွီ ရှေ့မှာရှောင်ရှားရမယ့် ကိစ္စတချို့ ရှိနေသေးသည်။
သူက ပိုင်ရှောင်ယွင် ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး အလိုလိုက်တဲ့ အပြုံးနဲ့
“လိမ္မာပါတယ် ယွင်ယွင်က။ မင်းအစ်မနဲ့အတူ နေလိုက်နော် အနာဂတ်မှာ မင်းအခက်အခဲတွေ မပျော်ရွှင်စရာတွေ ကြုံလာရရင် အစ်ကို့ဆီ လာလို့ရတယ်၊ ဟုတ်ပြီလား”
လို့ ပြောလိုက်သည်။
“ဟုတ်”
ပိုင်ရှောင်ယွင် က လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး ချင်းလန် ရဲ့ နွေးထွေးတဲ့ လက်ကို မလွှတ်ချင်သလို ဆုပ်ကိုင်ထားရင်း
“အစ်ကိုကြီး....”
လို့ ရေရွတ်လိုက်သည်။
အချိန်အတော်ကြာမှ သူမကပိုင်ရူယွီရဲ့နှစ်သိမ့်မှုကြောင့် ချင်းလန် ရဲ့ လက်ကို လွှတ်ပေးလိုက်ကာ
ပိုင်ရူယွီ ရဲ့ဦးဆောင်မှုနဲ့အိမ်ထဲကို ဝင်သွားကြပြီး ခြေလှမ်းအနည်းငယ်လှမ်းတိုင်း နောက်လှည့်ကြည့်နေကာ နောက်ဆုံးတံခါး ပိတ်သွားတဲ့အထိပင်။
“ဒင်! ဇာတ်လမ်း ပြောင်းလဲသွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်သည် ဗီလိန်အမှတ် +5000 ရရှိသွားပါပြီ။”
“ဒင်! ရွေးချယ်ခံ ရဲ့ဖန် ရဲ့ ကံကြမ္မာအမှတ် 500 လျော့ကျသွားပါသည်။ အိမ်ရှင်သည် +5000 ဗီလိန်အမှတ် ရရှိတာကို ဂုဏ်ယူပါသည်။”
“…”
နားထဲကို ဆက်တိုက် ဝင်လာတဲ့ စနစ် အသိပေးသံတွေကို နားထောင်ရင်း ချင်းလန် က ကျေနပ်တဲ့ မျက်နှာနဲ့ လှည့်ထွက်လာခဲ့သည်။
ပိုင်ရူယွီရဲ့ အိမ်ရှေ့ဝင်းထဲကနေ ထွက်လိုက်
တာနဲ့နံရံမှာ မှီပြီးသူ့ကို လက်ပိုက်ကာအပြုံးတစ်ဝက်နဲ့ စိုက်ကြည့်နေတဲ့ မူယွီယန် ကို တွေ့လိုက်ရသည်။
“ဘာလဲ ရှင်ကစားသောက်ပွဲ ကနေတောင် တစ်ဝက်တစ်ပျက်ထွက်လာပြီး ပိုင်ရူယွီ ကို လာရှာတာလား၊ ပြီးတော့ တံခါးဝကနေပြန်လွှတ်ခံလိုက်ရတယ်ပေါ့”
မူယွီယန် ဆိုတာ ဘယ်သူလဲ။
သူမရဲ့ မိသားစု နောက်ခံက ချင်းလန် နဲ့ မယှဉ်နိုင်ပေမယ့် ယန်ကျင်းမြို့မှာတုန်းက သူမကို ပိုးပန်းသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့လေသည်။
ချင်းလန် နဲ့ စေ့စပ်ထားတာသာမရှိရင် သူမကို ပိုးပန်းသူတွေကမြို့တစ်ပတ် တန်းစီနေလောက်သည်။
ဘယ်ယောက်ျားက သူမကို အပြုံးနဲ့ မနှုတ်ဆက်ဘဲ နေမှာလဲ။
ချင်းလန် လိုလူမျိုးနဲ့ သူဘယ်တုန်းက တွေ့ဖူးလို့လဲ။
စားသောက်ပွဲမှာ သူ့ကိုစကားပြောတာတောင် လုံးဝ လျစ်လျူရှုပြီး နောက်ကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ဒါက သူမကို လုံးဝ ဂရုမစိုက်တာပဲ။
ပြီးတော့ ပိုင်ရူယွီ ကချက်ချင်းထွက်သွားတော့ သိချင်စိတ်ကြောင့် သူမ နောက်ကနေ လိုက်လာခဲ့လေသည်။
ချင်းလန် ကဘာကိစ္စကြောင့် သူမကိုတောင် လုံးဝ လျစ်လျူရှုရတာလဲဆိုတာ သူမ သိချင်ပေသည်။
မမျှော်လင့်ဘဲ ချင်းလန် ကညဉ့်နက်သန်းခေါင်ကြီး ရောက်လာပြီး တံခါးဝမှာအငြင်းခံရတာကို မြင်လိုက်ရတော့ သူမ မလှောင်ပြောင်ဘဲ မနေနိုင်တော့ပေ။