အခန်း (၃၂) ကြီးမားတဲ့ အခွင့်အရေး
“မစ္စပိုင် စိတ်မပူပါနဲ့ မင်းရဲ့ညီမလေး ဘေးကင်းဖို့ကို အာမခံပါတယ်။ ပြီးတော့ မင်းရဲ့အတွေးတွေကို နည်းနည်း ပိုတွေးတတ်ဖို့လိုတယ် ဒီကမ္ဘာပေါ်မှာ ဘာမဆိုဖြစ်နိုင်တာပဲ မင်းသေချာစဥ်းစားလေလေ ပိုနားလည်လာလေပဲ”
ချင်းလန် က ပိုင်ရူယွီ ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်လိုက်သည်။
သူက ပိုင်ရူယွီကို တခြားဘက်ကိုတွေးမိအောင်
တမင်ပြောလိုက်လေသည်။ ငါက ပိုင်ရူယွီကို လိုချင်နေမှတော့ သူတို့ မိသားစုကို ပိုပြီး သဘောထား ကွဲသွားအောင်မလုပ်ရမှာလဲ။မဟုတ်ရင် ပိုင်ရူယွီ က ဘယ်လိုလုပ် ငါပြောတာကို လက်ခံလာမှာလဲ။
“ရှင် ဘာလို့ကျွန်မတို့ပိုင်မိသားစု အကြောင်း ဒီလောက် အများကြီးသိနေရတာလဲ”
ပိုင်ရူယွီ က သူ့ကို သတိထားတဲ့ ပုံနဲ့စိုက်ကြည့်လိုက်သည်။
ချင်းလန် ကတည်ငြိမ်စွာနဲ့
“မစ္စပိုင် ရဲ့စွမ်းဆောင်ရည်တွေကို သဘောကျပြီး
အလုပ်အတူတူတွဲလုပ်ချင်လို့နည်းနည်းစုံစမ်းခဲ့တာ ဒါပေမဲ့ ဒီလို အခြေအနေမျိုးနဲ့ ကြုံလိမ့်မယ်လို့
မမျှော်လင့်ခဲ့ဘူး။”
ဟု ပြောလိုက်သည်။
သူမြှောက်ပင့်ပြောတာမဟုတ်ပေ ပိုင်ရူယွီက ကုမ္ပဏီကိုပြုပြင်ပြောင်းလဲတဲ့ ကာလမှာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တချို့က ထျန်ဟိုင်မြို့ ရဲ့ဝါရင့် စီးပွားရေးသမားတွေတောင် မယှဉ်နိုင်တဲ့ အရာတွေ
ရှိလေသည်။
ချင်းလန် က သူမကိုဒီအကြောင်းကြောင့် စည်းရုံးချင်တာဆိုရင်တော့ လက်ခံနိုင်စရာ ရှိလေသည်။
သူမက စိတ်အားထက်သန်စွာနဲ့
“ကျွန်မ ယွင်ယွင် ကို အမြန်ဆုံး တွေ့လို့ရမလား။ သူ့ကိုမြန်မြန် မြင်ရရင် ကျွန်မ ဆုံးဖြတ်ချက်ကို ပိုပြီး စောစော ချနိုင်မှာပဲ”
လို့ ပြောလိုက်သည်။
ချင်းလန် က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါပြီ သေချာပေါက် မင်းညီမလေးနဲ့ ဒီည ပြန်တွေ့မှာပါ။”
“ဒါပေမဲ့ တချို့ကိစ္စတွေက အလျင်စလို လုပ်လို့မရဘူး။ မစ္စပိုင် လိုက်လာရင် အမှားလုပ်မိဖို့ ပိုများလိမ့်မယ် အိမ်ကနေပဲ စောင့်နေလိုက်ပါ။”
ပိုင်ရူယွီ ရဲ့ စိုးရိမ်ပူပန်နေတဲ့ပုံကိုမြင်တော့ သူလိုက်လာရင် ပိုပြီးအန္တရာယ်များစေလိမ့်မည်။
ချင်းလန်က ချက်ချင်းထွက်လာပြီး မူယွီယန် ကသူ့ကို မေးခွန်းတွေမေးနေတာကိုတောင် လျစ်လျူရှုကာအပြင်ကို တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။
ကားရဲ့ နောက်ခန်းထဲရောက်တော့ ချင်းလန်က ခွန်အားကို ၁၀၀ အထိ မြှင့်တင်ဖို့ ဗီလိန်အမှတ် ၃၂၀၀၀ ကိုချက်ချင်းသုံးလိုက်သည်။
စနစ်
ဇာတ်ကောင်: ချင်းလန်
အသက်: 25
ခွန်အား: 100
ဆွဲဆောင်မှု: 98
ဗီလိန်အမှတ်: 21800
စွမ်းရည်များ: ရင်းနှီးမှု LV8 (အဖွဲ့လိုက် ရင်းနှီးမှု +80)။ အဆင့်မြင့် စန္ဒရားတီးခတ်မှု၊ အဆင့်မြင့် လက်ဖက်ရည်ဖျော်စပ်မှု၊ အဆင့်မြင့် အလှအပအာရုံခံစားမှု။
စျေးဆိုင်: ဖွင့်ထားသည်
ကံစမ်းမဲ: ဖွင့်ထားသည် (တစ်ကြိမ် ကံစမ်းတိုင်း ဗီလိန်အမှတ် ၁၀၀ သုံးစွဲမည်)
စနစ်သိုလှောင်ခန်း: မစ္စချိုးရဲ့ ဓာတ်ပုံစာအုပ်၊ ချင်ဖုန်း တစ်ရှူး +1၊ မစ္စပိုင် ရဲ့ ဓာတ်ပုံစာအုပ်၊ လျှပ်စစ် ဆေးဘက်ဆိုင်ရာ ကိရိယာ +1...
သူ့ရဲ့ခွန်အား တိုးလာတာနဲ့ အသားကျသွားပြီးတော့ ချင်းလန် က ကျွင်းဇီ ကို တည်ငြိမ်စွာနဲ့
“အပြင်မှာ စောင့်နေတဲ့သူ အားလုံးကို ဖယ်ခိုင်းပြီး ငါ့ကို အဲ့ဒီကို ခေါ်သွား”
လို့ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ ပြန်ပေးဆွဲသူတွေရဲ့စခန်းက တိတ်ဆိတ်နေပြီး ပိုင်ရှောင်ယွင် တစ်ယောက်တည်းသာ ရှိလေသည်။
သူမက အခန်းထောင့်မှာ ဒူးနှစ်ဖက်ကို ပိုက်ပြီး ကြောက်ရွံ့စွာထိုင်နေလေသည်။
သူမရဲ့မျက်နှာဖောင်းဖောင်းလေးမှာ မျက်ရည်တွေ စီးကျနေပြီး ခန္ဓာကိုယ်သေးသေးလေးက တုန်ယင်နေသည်။
သူမ ပြန်ပေးဆွဲ ခံရပြီးတော့ ပြန်ပေးဆွဲသူတွေက သူမကို နှောင့်ယှက် ဖို့တောင်ကြိုးစားခဲ့ကြလေသည်။
သူမက ပိုင်မိသားစု ရဲ့မင်းသမီးလေး ဖြစ်ခဲ့ပြီး အမြဲတမ်းကာကွယ်ပေးခြင်း ခံခဲ့ရကာ ဒီလို အခြေအနေမျိုးကို သူမ ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။
သူမက ဝံပုလွေဂူထဲကိုပစ်ချခံလိုက်ရသလို
အချိန်မရွေး သူမကို ဝါးမြိုပစ်နိုင်တဲ့ ဆိုးသွမ်းတဲ့ ဝံပုလွေအုပ်စုကို ရင်ဆိုင်နေရလေသည်။
ကံကောင်းစွာနဲ့ အနက်ရောင်သားရေဂျာကင်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးရောက်လာပြီး သူ့ကိုအနိုင်ကျင့်ဖို့ကြိုးစားတဲ့ လူကို ပြင်းပြင်းထန်ထန် ဆူပူလိုက်တာကြောင့် သူမကံကောင်းသွားခြင်းပင်။
ကြောက်ရွံ့တဲ့ခံစားချက်မျိုးစုံက ပိုင်ရှောင်ယွင် ရဲ့ ရင်ထဲမှာ ပြည့်နှက်နေပြီး သူမက ပိုပြီး ဝမ်းနည်းလာခဲ့သည်။
ပိုင်ရှောင်ယွင် ကပိုပြီး ကူကယ်ရာမဲ့ဖြစ်စွာငိုနေတုန်းမှာပဲ အခန်းတံခါးက ပွင့်သွားခဲ့ကာ
ပိုင်ရှောင်ယွင် က စိတ်ဝင်တစား မော့ကြည့်လိုက်တော့ ရင်းနှီးပြီးချောမောတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
“အစ်ကိုချော”
သူမက အလျင်အမြန် ထရပ်လိုက်ပြီး ချင်းလန် ရဲ့ ရင်ခွင်ထဲကို ယိုင်လဲကျသွားခဲ့သည်။
ပိုင်ရှောင်ယွင် ရဲ့ ကြီးမားပြီးအရည်လဲ့နေတဲ့ မျက်လုံးတွေက ကြောက်ရွံမှုတွေနဲ့ပြည့်နေခဲ့ပြီး
“အစ်ကို အဲ့ဒီ လူဆိုးတွေ အရမ်းကြောက်စရာကောင်းတယ်။ အစ်ကို ကျွန်မကို ကယ်ဖို့လာတာမလား ကျေးဇူးပြုပြီး ကျွန်မကို ဒီကနေ အမြန် ခေါ်သွားပေးပါနော်”
ချင်းလန် က ကြီးမားတဲ့ဘောလုံးနှစ်လုံးနဲ့ ဝင်တိုက်မိသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
ထိတ်လန့်နေရင်းနဲ့ပဲ သူက လက်လှမ်းလိုက်ပြီး
ပိုင်ရှောင်ယွင် ရဲ့ ခေါင်းကိုညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး
“မကြောက်ပါနဲ့။ အခု ငါရောက်နေပြီဆိုတော့ မင်းကို ဘယ်သူ့ကိုမှ ထိခွင့်ပေးမှာ မဟုတ်ဘူး။”
ချင်းလန် က ပိုင်ရှောင်ယွင်ရဲ့ခေါင်းကိုပုတ်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်လိုက်သည်။
“မကြောက်နဲ့ မင်း ဘယ်မှာပဲရှိနေပါစေ မင်းရဲ့ အစ်ကို ရှိနေသရွေ့ သူတို့မင်းကို အနိုင်ကျင့်ဖို့လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး”
ထိုအခိုက်မှာပင်
ဒုန်းခနဲ တံခါးကို အပြင်ကနေ အားနဲ့ ကန်ဖွင့်ခံလိုက်ရပြီး လည်ပင်းမှာ နဂါးနက်ပုံစံတက်တူးထိုးထားတဲ့ ထွားကြိုင်းတဲ့ ယောက်ျားနှစ်ယောက်ဝင်လာပြီး ဘယ်ကမှန်းမသိ ဝင်လာတဲ့ ချင်းလန် ကို စိုက်ကြည့်ကာ
“မင်းဘယ်ကကောင်လဲ ငါတို့အလုပ်ကိုဝင်မရှုပ်တာကောင်းမယ်နော်”
ဟုပြောလိုက်သည်။
ကြမ်းတမ်းတဲ့ ယောက်ျားနှစ်ယောက်ကို ကြည့်လိုက်တော့ ပိုင်ရှောင်ယွင်က ကြောက်ရွံ့မှုတွေ တိုးလာကာ ချင်းလန် ရဲ့ အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့သည်။
“မင်း ကြောက်ရင် မျက်လုံးကို ဖုံးထားလိုက်၊ ခဏနေရင်ပြီးသွားလိမ့်မယ်။”
ချင်းလန် က ပိုင်ရှောင်ယွင် ရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပေမယ့် အတွင်းစိတ်ကနေ လှောင်ပြောင်လိုက်သည်။
ဆူဆူညံညံ မလုပ်ရင် ဗီလာထဲကပြန်ပေးဆွဲတဲ့သူတွေ ဘယ်လိုသိမှာလဲ။
ဒီ ပြန်ပေးဆွဲသူတွေမလာရင် ပိုင်ရှောင်ယွင် ရဲ့ရှေ့မှာ သူ ဘယ်လိုလုပ်ဟန်ထုတ်လို့ရတော့မှာလဲ။
သူက လက်ညှိုးကို ဆန့်ထုတ်ပြီး သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်ကာ သူ့ အမူအရာကမထီမဲ့မြင်အပြည့်နဲ့ပင်။
“မင်း လူယုတ်မာလေး မင်းကိုယ့်ဘာသာကိုယ် တောင်းဆိုတာနော် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့”
ထွားကြိုင်းတဲ့ယောက်ျားတစ်ယောက်က သူ့လည်ပင်းကိုဘယ်ညာလှည့်ချိုးလိုက်ပြီး ရန်လိုစွာ ရှေ့ကို တိုးလာခဲ့လေသည်။
ပိုင်ရှောင်ယွင် ရဲ့ပေါင်လောက် ကြီးတဲ့သူ့လက်မောင်းကို မြှောက်လိုက်ပြီး ချင်းလန် ရဲ့ နှာခေါင်းကို တည့်တည့် ချိန်ကာ ထိုးချလိုက်သည်။
သူ့ရဲ့အကြည့်က ပိုင်ရှောင်ယွင် ကိုထိတ်လန့်စေတာကြောင့် သူမကချက်ချင်းပဲလက်နဲ့ မျက်နှာကို ဖုံးလိုက်လေသည်။
ဂျွတ်!
အရိုးကျိုးတဲ့အသံနဲ့အတူ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။ချင်းလန်ကထိုလူရဲ့ လက်မောင်းကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး တစ်ချိန်တည်းမှာပဲအောက်ကို ဆွဲချလိုက်ကာ ဒူးခေါင်းနဲ့ အပေါ်ကို ဆောင့်ကန်လိုက်တော့ ထိုလူရဲ့ လက်မောင်းတစ်ဖက်က ချက်ချင်းကျိုးသွားလေသည်။