အခန်း (၃၀) ပိုင်ရူယွီ
“ဟူး တစ်ခါတလေ နောက်ခံ အရမ်းကောင်းနေတာလဲ မကောင်းဘူးပဲ”
ဟု ချင်းလန် တွေးလိုက်မိသည်။
ဒီလို ပွဲအခမ်းအနားတွေမှာ ဇာတ်လိုက် သာရှိခဲ့ရင် ဒုတိယမျိုးဆက် သူဌေးသားတွေရဲ့ ပါးရိုက်တာကို ခံရလိမ့်မယ် အဲ့ခါကျ ဇာတ်လိုက်က ပြတ်ပြတ်သားသား ပြန်ဖြေရှင်းလိုက်ပြီး ဘွားကနဲ အလှလေးတွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်သွားလိမ့်မယ်။
ငါ့အလှည့် ကျတော့ရော။
မူယွီယန် လိုအလှလေးကို ဖက်ထားချိန်မှာတောင်ဒုက္ခပေးဖို့ မပြောနဲ့ ဘယ်သူမှ သူ့ကိုဝေဖန်တဲ့ စကားတောင် မပြောရဲကြပေ။
သူ့ကို ဟန်ထုတ်ဖို့ အခွင့်အရေး နည်းနည်းတောင်
မပေးကြဘူး။
ချင်းလန် က သက်ပြင်းချလိုက်ပြီး
“ဒီလို နောက်ခံက ဘာအသုံးဝင်လို့လဲ”
ငါ့မှာ ဒီလို နောက်ခံ ရှိတယ် ပြီးတော့ ဒီလို ချောမောတဲ့ မျက်နှာ လဲရှိတယ်။
မူယွီယန် က ခေါင်းလှည့်ပြီး ဘာစကားမှ မပြောနိုင်ဘဲ မျက်စောင်းထိုး ကြည့်လိုက်သည်။
“ရှင်က ဘာလို့ ဒီလောက်တောင် အရှက် မရှိတာလဲ
ရှင့်မှာသာ...”
သူမက “ရှင့်မှာ အဖေကောင်းရှိလို့သာ” လို့ပြောမလို့ပင်
ဒါပေမဲ့ ချင်းလန် က ဒါကို ကြားလိုက်ရင် ဘဝင်မြင့်သွားမှာကို သူမသတိရလိုက်တော့ သူမရဲ့ နှုတ်ခမ်းတွေက အနည်းငယ် တုန်သွားပြီး ဆက်မပြောတော့ပေ။
“သခင်လေး ချင်း ခင်ဗျားလာတာ ဂုဏ်ယူစရာပဲ”
မလှမ်းမကမ်းကနေ ထန်ထျန်ဖေ က သူ့ရဲ့ အမျိုးသမီးအဖော်နဲ့အတူ အသိုင်းအဝိုင်းထဲက မိန်းကလေးတွေနဲ့ ဝိုင်းရံပြီး ရောက်လာခဲ့သည်။
ဒီ မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ ထန်ထျန်ဖေ က ဒုတိယမျိုးဆက် သူဌေးသားတွေထက် အများကြီး ပိုသာလေသည်။
ထန်မိသားစု ကနေ အမွေဆက်ခံခွင့် မရရင်တောင် သူရမယ့် ပိုင်ဆိုင်မှု အနည်းငယ်က ဒီ ထျန်ဟိုင်မြို့ က ဒုတိယမျိုးဆက် သူဌေးသားတွေ ယှဉ်လို့ မရနိုင်တဲ့ အရာပင်။
မိန်းကလေးတွေက သဘာဝအတိုင်း ထန်ထျန်ဖေ
အနားကနေမခွာတော့။
ထန်ထျန်ဖေ ရဲ့ ချင်းလန် အပေါ် ဂရုစိုက်တဲ့ အမူအရာကို မြင်တော့ စိတ်ဝင်တစား မေးလိုက်သည်။
“ထန်သခင်လေး၊ ဒီသခင်လေးက ဘယ်သူလဲ”
ထန်ထျန်ဖေ က သူ့ရင်ခွင်ထဲက အမျိုးသမီးကို ကိုယ်တိုင် မိတ်ဆက်ပေးလိုက်သည်။
“သခင်လေး ချင်း က ငါတို့ ယန်ကျင်းတုန်းက
မိတ်ဆွေတွေပဲ ကံမကောင်းစွာနဲ့ ငါကတော့ ဒုက္ခရောက်ပြီး ထျန်ဟိုင်မြို့ ကို ရောက်လာခဲ့ရတယ်။ ဒါပေမဲ့ သခင်လေးချင်း ကတော့မိန်းကလေး တစ်ယောက်ရဲ့ နှလုံးသားကိုသိမ်းပိုက်ဖို့ လာခဲ့တာပဲ။”
ဝိုး!
သူက ထန်ထျန်ဖေ နဲ့ ယန်ကျင်း အသိုင်းအဝိုင်းထဲမှာ အတူတူ ပေါင်းဖူးတယ်၊ သူ့ရဲ့ လေသံကို ကြည့်ရတာ သူ့နောက်ခံက ထန်ထျန်ဖေထက် မဆိုးလောက်ဘူး အရေးအကြီးဆုံးက ချင်းလန် ကရုပ်ချောနေခြင်းပင်။
သူက ထျန်ဟိုင်မြို့ကို မိန်းကလေး ရှာဖို့ လာခဲ့တာလား။
ဒီလိုအခွင့်အရေးကို မိန်းကလေးတွေက ဘယ်လိုလုပ်
လက်လွှတ်နိုင်မှာလဲ။
လူတိုင်းက စိတ်အားထက်သန်စွာ ရှေ့တိုးလာပြီး ဝိုင်ခွက်တိုက်ဖို့ ကမ်းလှမ်းခဲ့ကြသည်။
မိသားစု နောက်ခံကို ခဏထားလိုက်ဦး ရုပ်ရည်
တစ်ခုတည်းနဲ့တင် ထန်ထျန်ဖေက လုံးဝ ယှဉ်လို့မရတော့ပေ။
ဒီပွဲတစ်ခုလုံးကိုကြည့်လိုက်ရင်တောင် ချင်းလန်ရဲ့ ထူးခြားတဲ့ ရုပ်ရည်က လူအုပ်ထဲမှာတောင်အလွန် ထင်ပေါ်နေလေသည်။
ချောတယ်၊ ချမ်းသာတယ်၊ ပြီးတော့ နောက်ခံလည်းတောင့်တယ် ဒီလို လူကိုမှ မကြိုက်ရင် ဘယ်သူ့သွားကြိုက်ရမှာလဲ။
ချင်းလန် လို ရှူးဂါးဒယ်ဒီ တစ်ယောက်လုံး ရှိနေကို ဘယ်သူက ထန်ထျန်ဖေ ကို စိတ်ဝင်စားဦးမှာလဲ။
“သခင်လေး ချင်း၊ ထျန်ဟိုင်မြို့ မှာ နာမည်ကြီး ရှေးဟောင်းနေရာတွေနဲ့ သဘာဝရှုခင်းတွေ အများကြီး ရှိတယ်။ အချိန်ရရင် အတူတူ လည်ကြရအောင်။”
“သခင်လေး ချင်း၊ ကျွန်မအိမ်အောက်ထပ်က မနက်ထမင်းဆိုင်က ထျန်ဟိုင်မြို့ မှာ နာမည်ကြီးတယ်လေ အားရင် ကျွန်မအိမ်ကို လာပြီး နောက်မနက်ကျရင် အတူတူ မနက်စာ စားကြရအောင်လေ”
“သခင်လေး ချင်း ရှင်က အရမ်းချောတာပဲ
ရည်းစား ရှိလား ကျွန်မ ရှင်နဲ့ ခင်လို့ရမလားဟင်
ဖုန်းနံပါတ်ချင်း ဖလှယ်ကြမလားဟင်”
“ကျွန်မလည်းပဲ ကျွန်မလည်း သခင်လေး ချင်းရဲ့ ဖုန်းနံပါတ် ကိုလိုချင်တယ်။”
“…”
ဒီ မိန်းကလေးတွေက အဆင့်အတန်းမြင့်မားတဲ့ အမွေခံတွေ မဟုတ်ပေမယ့် သူတို့ရဲ့ စံနှုန်းကတော့ လုံးဝရှယ်ပင်။
သူတို့က ချောမောပြီး ချမ်းသာတဲ့ သတို့သား မဟုတ်ရင် ဒုတိယအကြိမ်တောင် လှည့်ကြည့်မှာ မဟုတ်ကြပေ။
ဒီလို မိန်းကလေးတွေ အများကြီးနဲ့ ဝိုင်းရံခံရတာက အတော်လေး ဂုဏ်ရှိတဲ့ ကိစ္စပဲ။
ထန်ထျန်ဖေ က နောက်ကနေလိုက်လာရင်း ချီးမွမ်းလိုက်သည်။
“သခင်လေး ချင်း က တကယ်ဆွဲဆောင်မှုရှိတာပဲ ရောက်လာတာနဲ့ ပွဲထဲက အလှပဂေးတွေ အားလုံး ကို ဆွဲဆောင်လိုက်တယ်”
ချင်းလန် ကတည်ငြိမ်စွာ ပြုံးလိုက်ပြီး
“ဒီလိုမျိုးက အမြဲတမ်း ဖြစ်နေကျပါ၊ ကျင့်သားရနေပါပြီ၊ ကျင့်သားရနေပါပြီ။”
မိန်းကလေးတွေက သူ့ကို လာထိတဲ့အခါ သူကလဲ မမြင်အောင်ကွယ်ရာကနေ ပြန်ပြန်ကိုင်လိုက်တာကြောင့် ရလဒ်အနေနဲ့ မြူဆွယ်တဲ့ အကြည့်တွေပြန်ရလိုက်သည်။
ချင်းလန် ရဲ့ ဘဝင်မြင့်နေတဲ့ အမူအရာကို ကြည့်ပြီး မူယွီယန် က သံသယဖြစ်စွာ မေးလိုက်သည်။
“ကျင့်သားရနေပြီလား ဘယ်လို ကျင့်သားရနေတာလဲ”
ချင်းလန် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချောင်း ဆိုးလိုက်ကာ
“တစ်ခါက ပွဲတစ်ခုမှာ စကားပြောနေတုန်း ရုတ်တရက် အရာအားလုံး မဲမှောင်သွားတယ်။”
မိန်းကလေးတစ်ယောက်က အံ့ဩစွာ မေးလိုက်တယ်။
“သကြားဓာတ် နည်းသွားလို့လား။”
ချင်းလန် က ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ အလင်းရောင်ကို ပြန်မမြင်ခင် သုံးလေးစက္ကန့်လောက် ကြာသွားတယ်၊ အဲ့ဒီနောက်မှ ငါ သိလိုက်ရတာက အလှလေး တစ်ယောက်က ငါ့ခေါင်းကို သူ့ရင်ဘတ်ကြားထဲဆွဲထည့်လိုက်တာ။”
မူယွီယန် က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး
“ရှင် အသက်ရှူကျပ်မှာ မကြောက်ဘူးလား”
ချင်းလန် ကိုလှောင်လိုက်တဲ့ မူယွီယန် နဲ့ မတူဘဲ ဒီ မိန်းကလေးတွေက စာနာတတ်ပြီး သဘောကောင်းတဲ့ မိန်းကလေးတွေဖြစ်နေကြသည်။
မိန်းကလေးတစ်ယောက်က
“အိုး၊ ဒီလို ပေါ့ပေါ့ဆဆမိန်းကလေးမျိုး ရှိသေးတာလား သခင်လေး ချင်း၊ ရှင်တော်တော် လန့်သွားမှာပဲ။ ဒါက ရှင့်ကို အကြာကြီးခြောက်လှန့်နေမှာပဲ”
လို့ပြောလိုက်တော့
ချင်းလန် က အလေးအနက်ထားကာ ပြန်ဖြေလိုက်လေသည်။
“ရပါတယ်။ တကယ်တော့... ဒီလိုမျိုး ထပ်ဖြစ်ရင်တောင်ဘာမှမဖြစ်ပါဘူး”
“အာ..ဟီးဟီး... သခင်လေး ချင်း၊ ရှင်က အရမ်း ရယ်စရာကောင်းတာပဲ”
“သခင်လေး ချင်း က အရမ်း ဆိုးတာပဲ၊ မိန်းကလေးတွေကို ဘယ်လို ပျော်အောင် လုပ်ရမလဲဆိုတာ တကယ် သိတယ်။ ဒီည လမ်းလျှောက်ဖို့ အချိန်ရလား အခုရာသီက ညဘက်လမ်းလျှောက်လို့ကောင်းတယ်”
“ကျွန်မရဲ့ ဖုန်းနံပါတ်ကို ပေးလို့ရမလား သခင်လေး သဘောကျရင် ဘယ်နှစ်ကြိမ်မဆို လုပ်လို့ရပါတယ်။”
ပိုင်ညီအစ်မတွေလိုပဲ ခန္ဓာကိုယ် ကောက်ကြောင်းလှလှနဲ့ မိန်းကလေး တစ်ယောက်က ဆွဲဆောင်မှုရှိစွာ မျက်စိ မှိတ်ပြလိုက်သည်။
“ကျွန်မ သိတဲ့လူ တစ်ယောက်ကို မြင်လိုက်တယ်၊
လာကျွန်မနဲ့ လိုက်ခဲ့”
မူယွီယန် ရဲ့ စိတ်မသက်မသာ ဖြစ်မှုက ပိုပြင်းထန်လာပြီး လှုပ်ရမ်းနေတဲ့ မိန်းကလေး အုပ်စုထဲကနေ ချင်းလန် ကို ဆွဲထုတ်လိုက်သည်။
ဝိုင်းထားတာကနေ လွတ်သွားတဲ့အခါမှ နေရတာ ပို အဆင်ပြေလာသည်။
ချင်းလန် က ကစားသလို ပျော်ရွှင်စွာနဲ့
“ဘာဖြစ်လို့လဲ မိန်းကလေးတွေ အများကြီးက မင်းရည်းစားကို သဘောကျပြီး ချီးမွမ်းနေတာ မြင်တော့ မနာလို ဖြစ်သွားတာလား”
“ရှင် ဒီလို တစ်ဖက်သတ်တွေးနေတာကို ရပ်လို့ မရဘူးလား ကျွန်မ မနာလို ဖြစ်မယ်လို့ ရှင်တကယ်ထင်နေတာလား”
မူယွီယန် က လှောင်ပြောင်လိုက်ပြီး သူမရဲ့ မထီမဲ့မြင် အမူအရာက သဘာဝအတိုင်း ထွက်လာခဲ့သည်။
“ကျွန်မက ရှင်က အလွယ်တကူ သွေးဆောင်ခံရတတ်တဲ့သူဆိုတော့ အဲ့ဒီ မိန်းမတွေနဲ့ အရမ်းနီးစပ်သွားပြီး ဘယ်သူမှ ဂရုမစိုက်ဘူးဆိုရင် ကာလသား ရောဂါ နဲ့ စောစောစီးစီး သေသွားမှာစိုးလို့”
အဲ့ဒီအဖွဲ့ က မိန်းကလေးတွေအားလုံးက စျေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားကာ ကျက်သရေရှိပြီး တည်ငြိမ်တဲ့ ပုံပေါ်နေပေမဲ့ တကယ်တမ်းမှာတော့ ဒီလို စုဝေးပွဲတွေမှာ သင့်တော်တဲ့သူကို တွေ့ရင် အဲ့ဒီညမှာပဲ ဟိုတယ်ကို အတူတူ သွားလို့ရလေသည်။
သန့်ရှင်းလား မသန့်ရှင်းဘူးလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။
“ဒါဆို မင်း ငါ့ကို ထိန်းချုပ်ချင်တာလား” ချင်းလန် က မူယွီယန် ကို စူးစိုက်ကြည့်လိုက်သည်။
မူယွီယန် က သူ့ရဲ့ အကြည့်အောက်မှာ နည်းနည်း စိတ်မသက်မသာ ဖြစ်သွားပြီး
“ဘယ်သူက ရှင့်ကိုထိန်းချုပ်ချင်တာလဲ လျှောက်တွေးမနေနဲ့ “
ချင်းလန် က သူ ကိုင်ထားတဲ့ လက်မောင်းကို မြှောက်လိုက်ပြီး
“ဒါဆို ဘာလို့ အဲ့ဒီလောက် တင်းတင်းကျပ်ကျပ်ကိုင်ထားရတာလဲ”
လို့ မေးလိုက်သည်။
“ဘယ်သူက ကိုင်လို့လဲ”
မူယွီယန် က နှာမှုတ်လိုက်ပြီး ချင်းလန် ရဲ့ လက်မောင်းကို လွှတ်ပေးလိုက်တော့
ချုပ်နှောင်မှုကနေ လွတ်မြောက်သွားတဲ့ ချင်းလန် က နောက်ကို မကြည့်ဘဲ လှည့်ပြီး ထောင့်တစ်နေရာဆီကို လျှောက်သွားလိုက်သည်။
အဲ့ဒီမှာ ပိုင်ရူယွီက အနက်ရောင်အသားကပ် ခြေအိတ်ရှည်ကို ရုံးဝတ်စုံနဲ့တွဲဝတ်ထားပြီး တစ်ယောက်တည်း အရက်သောက်နေခဲ့ကာ
ဒီစည်ကားတဲ့ပွဲနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
“ချင်းလန်၊ ရှင် လူယုတ်မာ”
မူယွီယန် က နောက်ကနေ ကြည့်နေရင်း မယုံနိုင်လောက်အောင် မနာလို ဖြစ်သွားပြီး စိတ်ဆိုးလာခဲ့လေသည်။
ရှင် ဟာသလုပ်နေတာလား သူမကိုကျ ဒီမှာ ထားခဲ့ပြီး သူကတော့ တခြား မိန်းမတွေနဲ့ သွားဖွန်ကြောင်နေတာလား။