အခန်း(၃)စုရှောင်းရှောင်း
ဗီလာဆီ ပြန်ရောက်လာတဲ့အခါ
ချင်းလန်သည် မည်သည့်အံ့သြ
မှုကိုမှ မခံစားရပေ။
မကူးပြောင်းမီကပင်သူသည် ချမ်းသာကြွယ်ဝသော လူငယ်တစ်ဦးဖြစ်ပြီး ကြီးမားသော ကြွယ်ဝမှုကို ကိုယ်တိုင်ဖန်တီးခဲ့သူလည်းဖြစ်သည်။
စီးပွားရေးဆိုသည်မှာ သွေးဖြင့် တည်ဆောက်ရသည့် လုပ်ငန်းဖြစ်
လေသည်။
ဤအချက်ကြောင့်ပင် ချင်းလန်သည်
သူ့ကိုယ်သူ လူကောင်းတစ်ဦးဟု မပြော
ခြင်းဖြစ်လေသည်။
သူသည် ဥရောပစတိုင် ဆိုဖာပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေရင်း လက်ထဲမှ ဖန်ခွက်ကို ညင်သာစွာဝေ့ဝိုက်
နေစဉ် ပိန်ပိန်ပါးပါးအမျိုးသမီးငယ်
တစ်ဦးသည်သူ့ရှေ့တွင်ခေါင်းငုံ့ကာ
ရပ်နေပြီး သူမ၏အဝတ်စများကို စိုးရိမ်တကြီးဖြင့် ဖိခြေနေလေသည်။
ကျွင်းဇီသည် သူ့ဘေးတွင် ရပ်နေပြီး မျက်နှာက အေးစက်နေလေသည်
“သခင်လေး၊သူမကအလုပ်လုပ်
နေတုန်း သခင်လေးရဲ့ အဖိုးတန်
ယွမ်မင်းဆက် ကြွေပန်းအိုး
ကိုမတော်တဆ ခွဲမိသွားပါတယ်”
ကျွင်းဇီ၏ ဒေါသထွက်နေသည့် အသံကို ကြားလိုက်ရသည့်အခါ စုရှောင်းရှောင်းသည် ကြောက်ရွံ့မှုကြောင့် သူမ၏ လက်ချောင်းများကို ထပ်ခါထပ်ခါ ဆုပ်ကိုင်ထားရာ လက်ဖျားလေးများပင် ဖိအားကြောင့် ဖြူဖွေးနေသည်။
သူမ မည်မျှပင် ဆင်းရဲပါစေ၊ “ယွမ်မင်းဆက်” ဟူသည့် စကားလုံး
ထပ်ပေါင်းလိုက်သည့်အတွက်
ကြွေပန်းအိုးသည် မည်မျှအဖိုးတန်သွားကြောင်း သူမသိသည်။
ထိုမျှ အဖိုးတန်သော ရှေးဟောင်း
ပစ္စည်းကို သူမခွဲမိလိုက်ခြင်း
ဖြစ်ပေသည်။
ချင်းလန်သည် သူ့ရှေ့မှ မိန်းကလေး
ကိုမော့ကြည့်ရင်း သေသေချာချာ
စစ်ဆေးလိုက်သည်။
သူမသည် အရပ်160စင်တီမီတာ
ကျော်ခန့် ရှိပြီး သွယ်လျသော ကိုယ်လုံးကိုယ်ထည်ရှိကာ
အပြာနှင့်အဖြူရောင် သန့်ရှင်းရေးယူနီဖောင်းပင် သူမနှင့် အနည်းငယ် လျော့ရဲနေလေသည်။
ဤ ရိုးသားသောအသွင် ရှိသည့် အမျိုးသမီးငယ် သည် ဝတ္ထုထဲမှ
အဓိက ဇာတ်လိုက်မင်းသမီး များထဲက
တစ်ဦးဖြစ်သည့် စုရှောင်းရှောင်း ပင်ဖြစ်သည်။
စုရှောင်းရှောင်းသည်
သန့်ရှင်းရေးယူနီဖောင်း ဝတ်ထား
ပြီး အိမ်ဖော်လုပ်နေသော်လည်း
အရေးမပါသူမဟုတ်ပေ။
မူရင်းဝတ္ထုထဲတွင် စုရှောင်းရှောင်း
သည် အထူးအရေးပါသော
အခန်းကဏ္ဍမှ ပါဝင်လေသည်။
သူမနှင့် ရဲ့ဖန်း သည် ငယ်သူငယ်ချင်း
များဖြစ်ပြီးမိဘမဲ့ဂေဟာ တစ်ခုတည်း
တွင်ကြီးပြင်းလာခဲ့ကြကာ ရဲ့ဖန်း၏ နှလုံးသားထဲတွင် မရှိမဖြစ်သော
နေရာတစ်ခုကို ရရှိထားသူဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် ပန်းအိုး
ကွဲမှုကြောင့် မူရင်းဇာတ်လိုက်သည်
စုရှောင်းရှောင်းကို နှိပ်စက်ပြီး
သူမ၏မိဘမဲ့ဂေဟာရဲ့ မြေနေရာ
ကိုရယူဖို့ အသုံးချခဲ့ရာ စုရှောင်းရှောင်း
နှင့် မိဘမဲ့ဂေဟာနှစ်ခုလုံးကို
ရန်ငြိုးဖွဲ့ခဲ့လေသည်။
ဤဖြစ်ရပ်ကြောင့်ပင် နောက်ပိုင်းတွင်
သူသည် ရဲ့ဖန်းနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရပြီး
အရှက်ရခဲ့ရကာ ရဲ့ဖန်း အားသူရဲကောင်း
တစ်ဦးအဖြစ် အလှကလေးကို ကယ်တင်ခွင့်ပေးခဲ့ရသည်။
ဟုတ်ပါတယ်။ ဒါတွေက အတိတ်က
ကိစ္စတွေပါ။
ချင်းလန်သည် ဝိုင်နီကို အနည်းငယ် သောက်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်
“စုရှောင်းရှောင်းလား”
“သခင်လေးချင်း ကျွန်မ မှားမှန်း
သိပါတယ်။ ကျွန်မ တကယ်
မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မ
ကြွေပန်းအိုး ကွဲသွားတဲ့အတွက်
ပိုက်ဆံ ပြန်ပေးပါ့မယ်။
အချိန်လေးတော့ ပေးပါဦးနော်။”
စုရှောင်းရှောင်းသည်စိုးရိမ်စိတ်ကြောင့် အနည်းငယ် အလောကြီးစွာ ပြောလိုက်
လေသည်။
သူမသည် သတ္တိကို မွေးကာ သူမ၏ လုပ်ဖော်ကိုင်ဖက်များ ပြောလေ့ရှိသည့် “အာဏာရှင် သခင်လေး” ကို မော့ကြည့်လိုက်ရာ သူမ၏ နှလုံးသားကို အေးမြသော ခံစားမှုတစ်ခု လွှမ်းခြုံသွားပြီး ကြောက်ရွံ့မှုတွေအားလုံး ပျောက်ကွယ်သွားလေသည်။
အရမ်းကို ချောတယ်။သူ့မျက်လုံးတွေက အရမ်း နူးညံ့တာပဲ။
ဤမျှ ချောမောသော သခင်လေး
ကိုသူမ၏ လုပ်ဖော်ကိုင်ဖက်များက အဘယ်ကြောင့် ဆင်ခြင်တုံတရားမရှိသော စိတ်ဆတ်သော အကြမ်းဖက်တတ်သည့် “အာဏာရှင် သခင်လေး”လို့ ခေါ်တာလဲ။
သူမ လှည့်စားခံခဲ့ရတာများလား။
ချင်းလန်သည် စုရှောင်းရှောင်း၏ တုံ့ပြန်မှုကြောင့် အလွန် ကျေနပ်သွား
လေသည်။
သူသည် လက်ညှိုးဖြင့် သူမကိုအနားသို့
ခေါ်လိုက်ပြီး သူမနီးကပ်လာသောအခါ လက်တစ်ဖက်ဖြင့် ဆိုဖာပေါ်သို့ ဆွဲတင်ထိုင်စေပြီး ကျန်တစ်ဖက်က ရှေ့သို့
ရွေ့ကာ စုရှောင်းရှောင်း၏ နူးညံ့သော မေးစေ့ကို ကိုင်လိုက်လေသည်။
သူမ၏ နူးညံ့သောမျက်နှာသွင်ပြင်သည် ရိုးသားသော မိသားစုမှ မိန်းကလေးငယ် တစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့ပေသည်။
သူမ၏တောက်ပသော မျက်လုံးများက ဘေးဘီသို့ ဝေ့ကြည့်နေလေသည်။
မေပယ်လ်ရွက်ပုံ မျက်ခုံးလေးကလည်း အနည်းငယ် တွန့်ချိုးနေပြီး သေသပ်လှပသော ကျောက်စိမ်းနှာတံလေးကအနည်းငယ် လှုပ်နေပြီး သူမ၏
မေးစေ့ကို ကိုင်ထားသည့် လက်ကို
နွေးထွေးသော လေငွေ့တစ်ခုရိုက်ခတ်
နေလေသည်။
ခေတ်ပေါ် အလှပြင်ပစ္စည်းများဖြင့်
မပြင်ဆင်ထားသည့် သူမ၏ နှုတ်ခမ်း
ရဲရဲလေးက နူးညံ့သော အနီရောင်လေး တောက်ပနေပေသည်။
သူမ၏ ကိုယ်လုံးကိုယ်ထည်ကို
ခဏထားဦး စုရှောင်းရှောင်း၏
ရုပ်ရည်သည်ပင် ကိုးဆယ့်ငါးမှတ် သို့မဟုတ် ထို့ထက်ပို၍ သေချာပေါက်
ရှိနေကြောင်း ပြောရမည်။
“သခင်လေး ဘာ ဘာလုပ်ချင်တာလဲ”
စုရှောင်းရှောင်း၏ ပါးပြင်များ
နီရဲနေပြီး သူမ၏ မျက်လုံးများသည် စိုးရိမ်တကြီးဖြင့် ဘေးဘက်သို့ လွှဲသွားလေသည်။
ကျွင်းဇီက စိတ်ထဲမှ တွေးလိုက်သည်
“ဒီနေ့ သခင်လေး ဆေးမှားသောက်မိတာလား”
“ဒီလို တောသူမရိုးအအလေးကိုတောင် ဘယ်လိုလုပ် စိတ်ဝင်စားသွားတာလဲ”
သို့သော် မူလပိုင်ရှင်ဘေးတွင်
ဤမျှကြာကြာ နေနိုင်သည့်
ကိုယ်ရံတော်တစ်ဦးသည် သူ့တွင်
ကိုယ်ပိုင်အရည်အချင်းများ
ရှိရမည်ဖြစ်ပြီး သူသည် လျင်မြန်စွာ
ဧည့်ခန်းမှထွက်ခွာသွားလေသည်။
သူ၏ ရပ်တည်ချက်က ရှင်းနေသည် “ကျွန်တော် ဘာမှ မမြင်လိုက်ပါဘူး။”
“ဘာလုပ်ချင်တာလဲ”
ချင်းလန်သည် ထိုမေးခွန်းကို ကြားသောအခါ ရယ်မောလိုက်သည်။
“မင်းက သန့်ရှင်းရေးလုပ်တဲ့သူပဲ
ငါ ဘာလုပ်စေချင်တယ်လို့ ထင်လဲ
မင်း ငါ့ရဲ့ ကြွေပန်းအိုးကို ခွဲလိုက်တယ်
ပြီးတော့ လျော်ကြေးပေးဖို့တောင်
ပြောရဲသေးတာလား။မင်းဘာနဲ့ လျော်ကြေးပေးမှာလဲ အဲဒီဟာကို
ငါလေလံပွဲကနေ သန်းရှစ်ဆယ်ပေးပြီး ဝယ်ခဲ့တာ။ မင်းရဲ့ သန့်ရှင်းရေး လစာနဲ့ ဘယ်လောက်ကြာမှ ပြန်ဆပ်နိုင်မှာလဲ ဆယ်နှစ်လား ဒါမှမဟုတ် အနှစ်တစ်ရာမှလား”
“ကျွန်မ… ကျွန်မ မသိတော့ဘူး…”
စုရှောင်းရှောင်းသည် သန်းရှစ်ဆယ် ဟူသော ကိန်းဂဏန်းကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။
သူမ တစ်သက်တာလုံး အစားမစားဘဲ
ရေမသောက်ဘဲနေရင်တောင် ဒီလောက်များတဲ့ ပိုက်ဆံကို စုမိမှာ မဟုတ်ဘူး။
စုရှောင်းရှောင်းသည် သူမ
ကျူးလွန်ခဲ့သော အမှားကို တွေးမိကာ မျက်ရည်များက မျက်ဝန်းထဲတွင်
လဲ့နေပြီး ရှိုက်သံဖြင့် ပြောလိုက်သည်
“သခင်လေး ကျွန်မ… ကျွန်မ ဘယ်လို လျော်ကြေးပေးရမှန်း တကယ် မသိဘူး။”
“အေဂျင်စီက ပေးထားတဲ့ နောက်ခံအချက်အလက်အရ မင်းက
နေရောင်ခြည် မိဘမဲ့ဂေဟာမှာ
ကြီးပြင်းလာခဲ့ပြီး ဆက်ဆံရေးအရမ်းကောင်းတယ်လို့ သိရတယ်။ အကယ်၍ မင်းသာ အဲဒီ မိဘမဲ့ဂေဟာရဲ့
ဒါရိုက်တာကို ငါ့ဆီ အဲဒီဂေဟာကို
ဈေးပေါပေါနဲ့ရောင်းပေးဖို့
စည်းရုံး နိုင်မယ်ဆိုရင် ဒီကိစ္စကို
ပယ်ဖျက်ပေးလိုက်မယ်။”
စုရှောင်းရှောင်းသည် ချက်ချင်း
ခေါင်းယမ်းလိုက်သည်
“မရဘူး မဖြစ်နိုင်ဘူး”
သူမသည် ကုမ္ပဏီအချို့က မိဘမဲ့ဂေဟာ၏ မြေနေရာကို ဝယ်ယူလို
ကြောင်း အချိန်ကြာမြင့်စွာကတည်းက
ကြားခဲ့ရသော်လည်း ချင်းလန်ပင်လျှင်
ထိုဟာကို လိုချင်နေကြောင်း သူမလုံးဝ
မမျှော်လင့်ခဲ့ပေ။
သူမသည် ကလေးတစ်ယောက် မဟုတ်တော့ပေ။ ဤအခြေအနေတွင်သူမ
ကြွေပန်းအိုးကို ခွဲမိခြင်းသည် ကြံစည်မှုတစ်ခုများ ဖြစ်နေမလားဟုပင်
သံသယဝင်လာခဲ့သည်။၎င်းသည်
သူမကို ဒါရိုက်တာအား မိဘမဲ့ဂေဟာ
၏မြေကို ရောင်းချရန် စည်းရုံးခိုင်းဖို့ ဖန်တီးထားခြင်းများလား။
“မဖြစ်နိုင်ဘူးဆိုရင်တော့ ဒါကို
တရားဝင်ပဲ ကိုင်တွယ်ရတော့မယ်။
ငါ့ရဲ့စုဆောင်းထားတဲ့ပစ္စည်းကို ခွဲပစ်
တာက တန်ဖိုးအရ အနည်းဆုံး
သန်းပေါင်းများစွာ ကျသင့်တယ်။
မင်းမှာ ပိုက်ဆံရှိရင် ပြန်ဆပ်
မရှိရင် ထောင်ထဲဝင်။”
ချင်းလန်သည် သူ့လက်ကို ပြန်ရုပ်
လိုက်ပြီးဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ ပြန်မှီလိုက်သည်။
သူ့မျက်လုံးများက ကျဉ်းမြောင်းနေပြီး မည်သည့် စိတ်ခံစားမှုမျှ မပြသပေ။
ရဲ့ဖန်း ပြန်လာခါနီးပြီဖြစ်သောကြောင့် အချိန်က နည်းနေပြီဖြစ်သည်။
သူသည် စုရှောင်းရှောင်းအပေါ် အချိန်ဖြုန်းနေစရာ မလိုသလို
စုရှောင်းရှောင်းအပေါ် တစ်လလောက်
အဆုံးမရှိ ကြင်နာနေရင်တောင်
နှစ်ပေါင်းများစွာခင်လာတဲ့
ငယ်သူငယ်ချင်း ကိုယှဉ်နိုင်မည်
မဟုတ်ပေ။
စုရှောင်းရှောင်းကို အသုံးပြုပြီး
ရဲ့ဖန်းကို ထိမှန်စေရန်အတွက် သူသည် သူမ၏ နှလုံးသားထဲတွင် ပိုမိုကြီးမား
သော နေရာကို သိမ်းပိုက်ထားရပေမည်။
သူတို့၏ ဆက်ဆံရေးသည် ပို၍ပင်
မမေ့နိုင်စရာ ဖြစ်နေရမည်။
“မင်း ဒီမှာ ဘာထိုင်နေတာလဲ
ကိုယ့်ဖာသာ အဖမ်းခံမှာလား ဒါမှမဟုတ် မင်းကို ဖမ်းဖို့ ရဲကို ခေါ်ရမလား”
ချင်းလန်က အေးစက်စွာ
ဖိအားပေးလိုက်သည်။
စုရှောင်းရှောင်း ထိတ်လန့်သွားလေ
သည်။ထောင်ထဲက အမျိုးသမီး အကျဉ်းသားတွေဟာ ဘာမဆိုလုပ်တတ်ကြပြီး တစ်ယောက်ထက်တစ်ယောက်
ပိုကြမ်းတမ်းကြောင်း သူမကြားဖူးသည်။
သူမ ထောင်ချခံရပါက အချိန်တိုင်း အနိုင်ကျင့်ခံရလိမ့်မည်မှာ အသေချာပင်။
ဒုန်း!
တွေဝေပြီးနောက် စုရှောင်းရှောင်းသည် သူမ၏ နောက်ဆုံးသိက္ခာကို စွန့်လွှတ်ကာ ချင်းလန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။
“သခင်လေး ကျွန်မကို နောက်ထပ် အခွင့်အရေးလေး တစ်ခုပေးပါဦး။
ကျွန်မ သခင်လေးအတွက်အလုပ်လုပ်ပေးနိုင်ပါတယ်။ဥပဒေနဲ့ မငြိရင် ကျွန်မ
ဘာမဆို လုပ်ပေးနိုင်ပါတယ်။
သန့်ရှင်းရေး အဝတ်လျှော်တာ
ချက်ပြုတ်တာ အဲဒါတွေအားလုံး
ကျွန်မ ကောင်းကောင်း လုပ်နိုင်ပါတယ်”
ချင်းလန်က သံသယဝင်သွားလေ
သည်။
“သန့်ရှင်းရေး နေ့တိုင်း ယွမ်မင်းဆက် ကြွေပန်းအိုး
တစ်အိုး ခွဲတဲ့ သန့်ရှင်းရေးလား”