အခန်း (၂၉) ထျန်ဟိုင်မြို့ စားသောက်ပွဲ
တစ်ခါတစ်လေမှာ အနမ်းဆိုတာ တကယ် စွဲလမ်းစေလေသည်။
စုရှောင်းရှောင်း က ချင်းလန် ရဲ့ အပြစ်ပေးတယ်ဆိုတာကို သိပြီးနောက် ခဏခဏချင်းလန်ရဲ့ အာဏာကို စိန်ခေါ်နေခဲ့ကာ အပြစ်ထပ်ပေးဖို့တောင်းဆိုနေသလိုပင်။
ချင်းလန်က အကြိမ်အနည်းငယ်လောက် အပြစ်ပေးပြီးတဲ့နောက် နည်းနည်း ငြီးငွေ့လာပုံရလေသည်။
ဒါက စုရှောင်းရှောင်း ကို စိတ်မဝင်စားတော့တာ မဟုတ်ပေ။
ဒီလို နူးညံ့ပြီး အသိတရားရှိကာ စာနာထောက်ထားတဲ့ မိန်းမလှလေးကို သူတော်စင်တစ်ယောက်တောင် ဆန့်ကျင်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ဒါပေမဲ့ သူ့နှလုံးသားထဲက တပ်မက်မှုအတိုင်းလုပ်ခဲ့ရင်ရော ချင်းလန်ကဒီလို ညဉ့်နက်တဲ့ အချိန်ကြီးမှာ စုရှောင်းရှောင်း ခံစားနေရတဲ့ နာကျင်မှုကို လျစ်လျူရှုဖို့ မတက်နိုင်ပေ။
ဒီလိုနဲ့ ချိုမြိန်တဲ့ ညတစ်ညက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့တော့သည်။
နောက်တစ်နေ့
ချင်းလန် ရဲ့ လမ်းညွှန်မှုအောက်မှာ ပန်းပွင့်ပုံစံ
ချီဖေါင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ စုရှောင်းရှောင်းက လက်ဖက်ရည်ဖျော်နေကာ သူမရဲ့ခန္ဓာကိုယ်က အံဝင်ခွင်ကျဖြစ်နေတဲ့ ချီဖေါင် ဝတ်စုံကြောင့် ပိုပြီးအထင်းသားပေါ်လွင်နေခဲ့လေသည်။
စုရှောင်းရှောင်းရဲ့ လက်ဖက်ရည်ကနေ မွှေးရနံ့တစ်ခု လေထဲကို သင်းပျံ့လာတဲ့ အခိုက်အတန့်မှာ ကျွင်းဇီ က စိုးရိမ်တကြီး ပြေးဝင်လာပြီး
“သခင်လေး ပိုင်မိသားစု...”
လို့ အလျင်အမြန် ပြောဖို့လုပ်လိုက်ပေမယ့်
စုရှောင်းရှောင်း ကို မြင်လိုက်တော့ သူ ပြောမယ့် စကားတွေကို ချက်ချင်း မြိုချလိုက်သည်။
စုရှောင်းရှောင်း က ချင်းလန်ကို နားလည်စွာ တစ်ချက်ကြည့်လိုက်ပြီး လက်ဖက်ရည်ခန်းကနေ ထွက်သွားလေသည်။
ချင်းလန် က သူ့လက်ကို ယမ်းလိုက်ကာ
“ဘာလို့ ဒီလောက်လန့်နေတာလဲ ထိုင်ဦးလက်ဖက်ရည်တစ်ခွက်လောက် သောက်ပြီး ဖြည်းဖြည်း ပြော”
ကျွင်းဇီ က ထိုင်ခုံပေါ် ထိုင်လိုက်ပြီး လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
အဲ့ဒီနောက် သူ ရရှိထားတဲ့ သတင်းကို အလျင်အမြန် ပြောပြလိုက်သည်။
“ပိုင်မိသားစုမှာ တစ်ခုခု ဖြစ်သွားတယ် ပိုင်ရှောင်ယွင် က အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲ ခံလိုက်ရတယ်။”
ချင်းလန် က
“အိုး”
လို့ ပြန်ပြောလိုက်ပြီး
“ ပိုင်ရှောင်ယွင် အခုရှိနေတဲ့နေရာကို သိလား”
လို့ မေးလိုက်သည်။
ကျွင်းဇီ ကရှုပ်ထွေးတဲ့ ပုံစံနဲ့ ကြည့်လိုက်မိသည်။
သူ့အမြင်မှာ ပိုင်ညီအစ်မတွေက သခင်လေးနဲ့တော်တော်ရင်းနှီးလေသည်။ ဒါပေမဲ့ ပိုင်ရှောင်ယွင် ပြန်ပေးဆွဲ ခံရတာကို သိပြီးတာတောင် သခင်လေးက ဒီလောက်တည်ငြိမ်နေတာ တကယ်ကိုထူးဆန်းဖို့ကောင်းလေသည်။
သူက ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော်တို့ လူတွေအဲ့နေရာမှာရှိပါတယ် ဒါပေမဲ့ ပိုင်ရှောင်ယွင် ကို ပြန်ပေးဆွဲတဲ့ အဖွဲ့က ဒါကိုသေချာ စီစဉ်ထားတာမလို့ ကျွန်တော် ကိုယ်တိုင်အဖွဲ့ကို ခေါ်ပြီး ကယ်ဖို့ စီစဉ်ထားတယ်။”
“မပူနဲ့။”
ချင်းလန် က ခေါင်းခါလိုက်ပြီး
“ပိုင်ရှောင်ယွင်နောက် ကို လိုက်နေတဲ့ လူတွေကို ပြန်ခေါ်ပြီး တစ်ယောက်လောက်ပဲချန်ထား သူတို့ဘယ်မှာ ပုန်းနေတယ်ဆိုတာ သိရရင် ရပြီ။”
သူက ပိုင်ရှောင်ယွင် ပြန်ပေးဆွဲ ခံရတဲ့ ကိစ္စကို ကြိုသိနေတာကြောင့် လုံးဝမအံသြခဲ့ပေ။
ဒါ့အပြင် ပိုင်ရှောင်ယွင် ကို ပြန်ပေးဆွဲတဲ့သူက သူမကို ဓားစာခံအဖြစ် အသုံးပြုဖို့သာဖြစ်ပြီး သူမကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိပေ။
“ဟုတ်ကဲ့ ကျွန်တော်ချက်ချင်းလုပ်လိုက်ပါ့မယ် “
ကျွင်းဇီ မှာ သံဃယဘယ်လောက်ပဲ ရှိရှိ ချင်းလန် ရဲ့ ဆန္ဒကို ဆန့်ကျင်မှာ မဟုတ်ပေ။
သူက ချင်းလန် ရဲ့လူဖြစ်ပြီး ပိုင်မိသားစု ရဲ့ ကိုယ်ရံတော် မဟုတ်ပေ။ ဒါဆို ဘာလို့ ဒီလောက် ဂရုစိုက်နေရမှာလဲ။
နောက်ထပ် တစ်ရက် ကုန်လွန်သွားလေသည်။
ထန်ထျန်ဖေ ဖိတ်ထားတဲ့ စားသောက်ပွဲ သွားဖို့
ကျွင်းဇီ က ဗီလာအပြင်မှာ စောင့်နေလေသည်။
ချင်းလန် က တံခါးဝမှာရပ်နေပြီး စုရှောင်းရှောင်း က အိမ်သူသက်ထား မိန်းမတစ်ယောက်လို သူ့ရဲ့ ကော်လာကို ဖြောင့်ပေးရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
“သခင်လေး၊ အပြင်မှာ ဂရုစိုက်ရမယ်၊ အစ်ကိုကျွင်းဇီနဲ့ အရမ်း ဝေးဝေး မသွားနဲ့နော်။”
သူမ ရဲ့ဖန် ကို သတိပေးထားပေမဲ့ သူသခင်လေးကို ထိခိုက်အောင် လုပ်မှာကိုကြောက်နေတုန်းပင်။
“ဒင်! ဇာတ်လိုက် ရဲ့ဖန် ရဲ့ ကံကြမ္မာအမှတ် 500 လျော့ကျသွားပါသည်။ အိမ်ရှင်သည် +5000 ဗီလိန်အမှတ် ရရှိတာကို ဂုဏ်ယူပါသည်။”
ချင်းလန် ကစုရှောင်းရှောင်း ရဲ့ဆံပင်ကို ချစ်ခင်စွာ
ဖွလိုက်သည်။ ကောင်မလေးက သူ့ကိုတကယ် စိုးရိမ်နေပြီး သူ ဒဏ်ရာရမှာကို ကြောက်နေတယ်ဆိုတာကို သူ ခံစားမိလေသည်။
သူ ကောင်မလေးကို နမ်းလိုက်ပြီး
“စိတ်မပူပါနဲ့၊ အိမ်မှာ ကောင်းကောင်း နေပြီး ကိုယ် ပြန်လာတဲ့အထိ စောင့်နေ”
လို့ ပြောလိုက်သည်။
စုရှောင်းရှောင်း က တိုးညှင်းတဲ့အသံနဲ့
“ဟုတ်”
လို့ ပြန်ဖြေလိုက်သည်။
သူမက တံခါးဝမှာ ရပ်နေပြီး ချင်းလန်ထွက်သွားတာကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ဒင်ဖုန်းအဆောက်အအုံက ထျန်ဟိုင်မြို့မှာ ထင်ရှားတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပြီး ဇိမ်ခံကားတွေက အဆက်မပြတ် ဝင်ထွက်နေကြလေသည်။
ချင်းလန် က အနက်ရောင် ဝတ်စုံဝတ်ထားပြီး မူယွီယန် က အပြာရောင် ပွဲတက်ဝတ်စုံဝတ်ထားလေသည်။သူမရဲ့ ဂါဝန်က လေအဝှေ့မှာ လွင့်မြောနေပြီး သူမရဲ့ သွယ်လှတဲ့ ခြေတံရှည်တွေကို ဖော်ပြနေကာ
မင်းသမီးတစ်ပါး အတိုင်းပင်။
“ကျွန်မက ရှင်မလာတော့ဘူး ထင်နေတာ”
မူယွီယန် က ရှေ့ကို တိုးလာပြီး ချင်းလန် ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ အထင်လွဲမှာစိုးတာကြောင့်
“ဒီပါတီက လူတိုင်းမှာအဖော် ပါကြတယ်၊ဒါကြောင့်မလို့ မရင်းနှီးတဲ့သူတွေနဲ့ မနေချင်လို့”
ဟု ရှင်းပြလိုက်သည်။
ချင်းလန် က လှောင်လိုက်ပြီး
“ဒါ ရှင်းရှင်းလေးပဲ မင်းက ကိုယ့်ရည်းစားလေ မင်း တခြားယောက်ျားနဲ့ သွားနေရင် ဘယ်လို ပုံစံဖြစ်သွားမလဲ တကယ်လို့ဘယ်သူပဲဖြစ်ဖြစ် မင်းအပေါ် ရည်ရွယ်ချက်ရှိနေတာ မြင်ရင် ငါ သူတို့ ခေါင်းကို ရိုက်ခွဲပစ်မယ်”
လို့ ပြောလိုက်သည်။
“ရိုင်းလိုက်တာ”
မူယွီယန် က ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး ဆူလိုက်လေသည်။
ဘာလို့မှန်း မသိပေ အရင်ကသာ ချင်းလန် ဒီစကားတွေသာ ပြောခဲ့ရင် သူမက သူ့ကို ကန်ထုတ်လိုက်မှာ အသေချာပင်။
ဒါပေမဲ့ အခု သူမက ချင်းလန်ရဲ့ အာဏာရှင်ဆန်တဲ့
ပုံစံက သိပ်မဆိုးဘူးလို့ ခံစားမိလေသည်။
သူတို့နှစ်ဦး လက်ချင်းတွဲပြီး လူအုပ်ကြားကနေ လမ်းလျှောက်လာကြတော့ မကြာခဏဆိုသလို
အမျိုးသားတွေက မူယွီယန် နဲ့ ခွက်တိုက်ပြီး စကားပြောဖို့ လာကြလေသည်။
တချို့လူတွေက နီးစပ်အောင်လုပ်ဖို့ ရည်ရွယ်နေကြပြီး တချို့ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ ပင်။
မူယွီယန် က ကမ်းလှမ်းချက်အားလုံးကို မတွန့်ဆုတ်ဘဲ လက်ခံလိုက်ပြီး ဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်။
စီးပွားရေးလုပ်တဲ့သူတွေက တစ်ယောက်တည်း အလုပ်လုပ်လို့ မရနိုင်ပေ။
အဲ့ဒါအပြင် ချင်းလန် က ငါ့ဘေးမှာ ရှိနေတာပဲ၊ အဲ့ဒီ သူဌေးသားတွေက ငါ့ကို ဒုက္ခပေးမှာကို ဘာလို့ ကြောက်နေရမှာလဲ။
မဟုတ်ရင်အဲ့ဒီ့ သူဌေးသားတွေက သူတို့ကိုယ်သူတို့ သေမင်းနဲ့ ဖူးစာဆုံအောင်လို့ လုပ်နေကြတာပဲ။
ချင်းလန် ကမြို့တော်ရဲ့ ထိပ်တန်း ပလေးဘွိုင်း လို့ ခေါ်ခံရတာကို သူတို့ မသိကြဘူးလား။
“အဲ့ဒီလူက ဘယ်သူလဲ သူ မူယွီယန် နဲ့ အရမ်းရင်းနှီးတာကို ငါ တစ်ခါမှမမြင်ဖူးဘူး သူ ဘယ်က လာတာလဲ”
“ရှူး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ သူ ကြားသွားလိမ့်မယ်။ အဲ့ဒါ မူယွီယန်နဲ့စေ့စပ်ထားတဲ့သူပဲ မြို့တော်က လာတာ ငါတို့ မစော်ကားနိုင်ဘူး။”
“အဓိပ္ပာယ်မရှိတာ မြို့တော်ကလာရုံနဲ့ ဘာမှ မဟုတ်သေးဘူး ငါတို့ ထျန်ဟိုင်မြို့ ကလည်း စက္ကူနဲ့ လုပ်ထားတာ မဟုတ်ဘူး။ နဂါးတစ်ကောင်တောင် ဒီကို ရောက်ရင် ကွေးနေရတာပဲ။ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ငါ မယုံဘူး”
“သူ့ကို ထန် သခင်လေးက ဖိတ်ထားတာ။ မယုံရင် ကိုယ့်ဘာသာကိုယ် သွားမေးလိုက် ငါ မပြောခဲ့ဘူးလို့ မပြောနဲ့နော်၊ သူကယန်ကျင်းမြို့ က ချင်းမိသားစု ကလေ သတင်းတွေမှာ ခဏခဏ ပါတဲ့ ချင်းမိသားစု လေ။”
ရှူး...
ပြဿနာရှာဖို့ စီစဉ်နေတဲ့ သူဌေးသားက အသက်ရှူရပ်လုနီးပါး ဖြစ်သွားပြီး ကြောက်လန့်တကြား တုန်ယင်သွားခဲ့သည်။
ချင်းမိသားစု တဲ့လား။
သတင်းတွေမှာ ပါတဲ့ ချင်းမိသားစုလား။
စောက်ပိုတွေ။
ဒီလို လူက ထျန်ဟိုင်မြို့ ကို ဘာလို့ ရောက်လာရတာလဲ လူသစ်တွေကို လာနင်းချေ ဖို့လား။
ထျန်ဟိုင်မြို့ က ကြွယ်ဝပေမယ့် ယန်ကျင်းမြို့ လို နိုင်ငံတကာ မြို့တော်ကြီးနဲ့ ယှဉ်လိုက်ရင်တော့
မှေးမှိန်သွားခဲ့လေသည်။
မြို့တော်က ထိပ်တန်းမိသားစုတစ်ခုက ထျန်ဟိုင်မြို့ ကို ဘာလို့ ရောက်လာရတာလဲ။
မိသားစုရဲ့ အမွေဆက်ခံတဲ့နေရာမှာ ရှုံးနိမ့်ခဲ့တဲ့ ထန် သခင်လေးလို လူမျိုးတောင်မှ ထျန်ဟိုင်မြို့ ကို လာရင် သူတို့ စော်ကားလို့ မရနိုင်ပေ ချင်းလန် ကိုတော့ ပြောစရာတောင် မလိုတော့။
မူယွီယန်ကို စိတ်ဝင်စားနေတဲ့ သူဌေးသားတချို့က ပြဿနာမရှာရဲကြပေမယ့် စိတ်ထဲမှာတော့ ချင်းလန် ကို ကျိန်ဆဲနေကြလေသည်။
သူတို့ မသိခဲ့တာက ချင်းလန်က ချင်းမိသားစုဝင်တစ်ယောက် ဖြစ်ရုံသာမက ချင်းမိသားစု ရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်နေတာကိုပင်။
သူတို့သာ သိခဲ့ရင် ဒီလို အတွေးမျိုးတောင် မတွေးရဲတော့ပဲ ဦးညွှတ်ကာ မြှောက်ပင့်နေလောက်ပေပြီ။