အခန်း (၂၈) စုရှောင်းရှောင်းရဲ့ အနမ်း
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း သည် ဇာတ်လိုက် ရဲ့ဖန် နဲ့ ကြီးမားတဲ့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ အိမ်ရှင်သည် +5000 ဗီလိန်အမှတ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
စုရှောင်းရှောင်းက ချင်းလန်ရဲ့ ရင်ခွင်ထဲမှာ မသက်မသာဖြစ်သလို လှုပ်ရှားလိုက်၏။
ချင်းလန် သူ့ရင်ခွင်ထဲက ကောင်မလေးကိုကြည့်လိုက်တော့ သူမမျက်နှာကနာကျင်မှုကြောင့် မဲ့နေတာကိုတွေ့လိုက်ရသည်။ အဲ့ဒါက အပြစ်ရှိစိတ်ကြောင့်ဖြစ်နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်က နာကျင်မှုကြောင့် ဖြစ်နေသလိုမျိုးပင်။
ချင်းလန်က သူမကို
“ဘာဖြစ်လို့လဲ နေမကောင်းဘူးလား”
လို့ မေးလိုက်တော့
စုရှောင်းရှောင်းရဲ့မျက်နှာလေး နီသွားပြီး
ခေါင်းညိတ်လိုက်ကာ
“ဗိုက်နာနေလို့”
ဒီရက်ပိုင်းက ဓမ္မတာလာချိန်နဲ့ တိုက်နေပြီး
စုရှောင်းရှောင်းက စိတ်အတက်အကျအပြောင်းအလဲ များစွာကိုကြုံတွေ့ခဲ့ရလေသည်။
ပထမဆုံးသူမက သခင်လေးကိုအထင်လွဲမိခဲ့ပြီး သူမရဲ့ နှလုံးသားထဲကအပြစ်ရှိစိတ်ကတောင် မပျောက်သေးခင်မှာ ရဲ့ဖန်က သူမကြောင့် သခင်လေးကိုအန္တရာယ်ပေးခဲ့တာကြောင့် ပိုပြီးတော့
နေလို့မကောင်းတော့ပေ။
ချင်းလန် က စိုးရိမ်တကြီးနဲ့
“ငါနဲ့အတူ ဆေးရုံသွားပြီး စစ်ဆေးရအောင်”
လို့ ပြောလိုက်သည်။
စုရှောင်းရှောင်း က ခေါင်းခါလိုက်ပြီး
“မလိုပါဘူး၊ ဒီလိုဖြစ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး၊ ခဏနေရင် အဆင်ပြေသွားမှာပါ။”
သူမက အားယူပြီးပြုံးလိုက်ပြီး ချင်းလန်စိတ်မပူအောင် အဆင်ပြေတဲ့လေသံနဲ့
“သခင်လေး၊ စိတ်မပူပါနဲ့။ ဒီလိုအခြေအနေမှာ
ဘယ်မိန်းကလေးက ဆေးရုံသွားမှာလဲ “
ချင်းလန် က သံသယဖြစ်စွာနဲ့
“ရာသီလာနေတာလား” လို့ မေးလိုက်သည်။
စုရှောင်းရှောင်း ကခေါင်းညိတ်လိုက်ပြီး
“ဟုတ်”
လို့ တိုးညှင်းစွာဖြေလိုက်သည်။
“အဆင်ပြေပါတယ်၊ ကျွန်မ ပြန်ပြီးအိပ်လိုက်ရင် ကောင်းသွားမှာပါ ။”
“ဒါပေမဲ့ ဘာမှ မလုပ်ဘဲတော့ နေလို့မရဘူးလေ၊ ဟုတ်တယ်မလား”
ချင်းလန် ကတင်းမာတဲ့ လေသံနဲ့ စုရှောင်းရှောင်း ကို သူ့ကုတင်ပေါ်မှာ လှဲခိုင်းလိုက်ပြီးမျက်မှောင်ကြုတ်လိုက်ကာ
“မင်း ဒီမှာပဲ နားနေ၊ လှုပ်မနေနဲ့”
အဲ့ဒီလို ပြောပြီးနောက် သူက အောက်ထပ်ကို ဆင်းသွားခဲ့သည်။
အချိန်အတော်ကြာတော့ ချင်းလန် ပြန်ရောက်လာခဲ့ကာ ဂျင်းပြုတ်ရည်ကို ယူလာခဲ့လေသည်။
ကုတင်ပေါ်မှာ အတွေးလွန်နေတဲ့ စုရှောင်းရှောင်း က ချင်းလန် သူမအတွက်ယူလာပေးခဲ့တဲ့ ဂျင်းပြုတ်ရည်ကို ကြည့်လိုက်တော့ မျက်လုံးတွေ နီရဲလာခဲ့ကာ
“သခင်လေး ခုနကဂျင်းပြုတ်ရည် သွားကျိုတာလား”
ချင်းလန် က ခေါင်းညိတ်လိုက်ပြီး
“အင်း ဟုတ်တယ် မိန်းကလေးတွေ ဗိုက်အောင့်ရင် ဂျင်းပြုတ်ရည်သောက်ရတယ်ဆိုလို့ ငါလုပ်တာမှားနေလို့လား”
“မဟုတ်ပါဘူး”
ဟု စုရှောင်းရှောင်းက ပြန်ပြောလိုက်၏။
ချင်းလန် ကခွက်ကို စုရှောင်းရှောင်း ရဲ့ နှုတ်ခမ်းနားကို ကပ်လိုက်ပြီး
“မပူတော့ဘူး၊ ဗိုက်ကို နွေးသွားအောင် အမြန်သောက်လိုက်။”
စုရှောင်းရှောင်း က ဂျင်းပြုတ်ရည်ကို တဖြည်းဖြည်း သောက်လိုက်ပြီး ချင်းလန် ကိုကြည့်လိုက်တော့
သူမရဲ့ နှလုံးသားက နွေးထွေးမှုကို ခံစားလိုက်ရသည်။
ဂျင်းပြုတ်ရည်က မချိုပေမယ့် သူမနှလုံးသားထဲမှာတော့ ပျားရည်ထက်ပင် ချိုနေလေသည်။
သခင်လေးက သူ့အပေါ် အရမ်းကောင်းလွန်းသည်။ သူက နွေးထွေးတယ် စာနာတတ်တယ်၊ ပြီးတော့ တခြားသူတွေလို ပျက်ဆီးနေတဲ့ သူမဟုတ်ပေ။
သူမက မိဘမဲ့ဂေဟာကနေ မွေးဖွားလာတဲ့ ဆင်းရဲတဲ့ မိန်းကလေးတစ်ယောက်မလို့ သခင်လေးကို ဘယ်လိုကျေးဇူးပြန်ဆပ် ရမလဲပင် မသိတော့။
“ခုထိ နာနေသေးလား”
ချင်းလန်က ကုန်သွားတဲ့ခွက်ကို စားပွဲပေါ် တင်လိုက်ပြီး မေးလိုက်သည်။
စုရှောင်းရှောင်း က ပြုံးပြီး
“မနာတော့ပါဘူး။”
“မင်း ကိုယ့်ကို လိမ်ပြန်ပြီ ကိုယ့်ကိုငတုံးမှတ်နေတာလား “
ချင်းလန် က တင်းမာတဲ့ လေသံနဲ့ ပြောလိုက်ပြီး
“မင်း မနာတော့ဘူးဆိုရင် ဘာလို့ မျက်မှောင်ကြုတ်နေရတာလဲ လှဲနေ ငါ ပွတ်ပေးမယ်။”
ချင်းလန် က လက်ကို စောင်တွေအောက်ကို ထည့်လိုက်တော့ မထိသင့်တဲ့ နေရာတစ်ခုကိုထိမိ
သွားတာကြောင့် စုရှောင်းရှောင်း မျက်နှာလေးနီရဲသွားပေမယ့် နောက်ဆုံးမှာတော့ သူက သူမရဲ့ချောမွေ့တဲ့ ဝမ်းဗိုက်ပေါ်ကို လက်တင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ဟင်း.....
စုရှောင်းရှောင်း က မျက်လုံးကို မှိတ်လိုက်ပြီး ကျေနပ်နေတဲ့ အသံကိုတိုးတိုးလေး ညည်းလိုက်မိ၏။
ဘယ်လောက်တောင် ကောင်းလိုက်လဲ အရမ်း သက်တောင့်သက်သာ ရှိတာပဲ။
ချင်းလန် ရဲ့ လက်တွေမှာ မှော်ဆန်တဲ့ စွမ်းအားတစ်ခု ရှိနေသလို သူမရဲ့ နာကျင်မှုကို သက်သာအောင် ကူညီပေးနိုင်လေသည်။
တကယ့်ကိုပဲ နာနေတာတွေက ချင်းလန် ရဲ့ အထိအတွေ့အောက်မှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။
ဒါက အရမ်းရှက်စရာ ကောင်းတာပဲ။
စုရှောင်းရှောင်း ရဲ့ ပါးပြင်တွေက နီရဲနေကာ သူမ အရမ်းကို ရှက်နေပေမယ့် မငြင်းဆန်ခဲ့ပေ။
သခင်လေးက လူကြီးလူကောင်းတစ်ယောက်ပဲ ငါနာနေတာကို သက်သာအောင် လုပ်ပေးနေတာ တခြားဘာစိတ်မှမရှိဘူး။
ငါသာ တစ်ခုခုပြောလိုက်ရင် သခင်လေးကို လူကောင်းတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ်။
ဒါ့အပြင် ချင်းလန် က သူမကို အခွင့်အရေး ယူမှာမဟုတ်ပေ။
“နည်းနည်း ဟိုဘက်တိုးလိုက်၊ ကိုယ်လည်း လှဲမလို့ အဲ့ဒါဆို မင်းကိုယ့် ရင်ခွင်ထဲ လှဲနေလို့ရတော့ ဗိုက်ကိုပွတ်ပေးဖို့ ပိုလွယ်သွားလိမ့်မယ်။”
ချင်းလန် က အရှက်မရှိဘဲ အခွင့်ကောင်း ယူလိုက်သည်။
မျက်နှာ နီရဲနေတဲ့ စုရှောင်းရှောင်း က ချင်းလန် ရဲ့စကားကို လိုက်နာခဲ့ကာ မကြာခင်မှာပဲ သူမ ကိုယ်လုံးလေးကို ရှက်ရွံ့စွာနဲ့ ချင်းလန် ရဲ့ ရင်ခွင်ထဲကို တိုးဝင်သွားကာ အဖမ်းခံထားရတဲ့ ယုန်ဖြူလေးတစ်ကောင်လို ငြိမ်သက်နေသည်။
ချင်းလန် ကစိတ်ထဲကနေ ပြုံးလိုက်မိသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စုရှောင်းရှောင်း ရဲ့ လက်ကို ကိုင်လိုက်ရင်တောင် သူမက ရုန်းနေတာ အခု သူတို့ အတူတူ ကုတင်ပေါ်ရောက်နေတာတောင် ဘာမှမဖြစ်တော့ပေ။
မတူညီ တဲ့ မိန်းကလေးတွေကို မတူတဲ့အတိုင်းဆက်ဆံပေးရပေမည်။
ငယ်ငယ်ကတည်းက ချစ်ခင်မှုကို မရရှိခဲ့တဲ့ စုရှောင်းရှောင်း လိုမျိုး မိန်းကလေးမျိုးကိုကျ အသေးစိတ်ကအစ ဂရုစိုက်ပေးရပေမည်။
ဂျင်းပြုတ်ရည်လေးတစ်ခွက် ကျိုပေးတာလို သေးငယ်တဲ့ အရာလေးတစ်ခုကတောင် သူမကို စိတ်လှုပ်ရှားစေနိုင်လေသည်။
ချင်းလန်က လက်တစ်ဖက်နဲ့ ဗိုက်အောက်ပိုင်းကို ပွတ်သပ်ပေးနေပြီး ကျန်တဲ့လက်ကို ငြိမ်ငြိမ်ထားထားကာ သူ့ရဲ့အပြုအမူအောက်မှာ စုရှောင်းရှောင်း ရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။
တဖြည်းဖြည်းနဲ့ စုရှောင်းရှောင်း က ပိုပြီး ရဲတင်းလာကာ ချင်းလန်ကို ဖက်လိုက်ပြီး နီရဲနေတဲ့မျက်နှာလေးနဲ့ ချင်းလန် ရဲ့ မျက်နှာကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။
ချင်းလန် ကအကြည့်လွှဲလိုက်တဲ့အခါမှာတော့ စုရှောင်းရှောင်း ကအခွင့်အရေးယူပြီး ရေပြင်ကိုဖြတ်သွားတဲ့ ငါးလေးတစ်ကောင်လို ချင်းလန်ရဲ့ ပါးကို ဖြတ်ခနဲ နမ်းလိုက်သည်။
“မင်း... ဘယ်လိုလုပ်လိုက်တာလဲ”
ချင်းလန် က မျက်မှောင်ကြုတ်လိုက်ပြီး စုရှောင်းရှောင်းရဲ့ အပြုမူကြောင့် စိတ်ဆိုးသွားသလို ဟန်ဆောင်လိုက်သည်။
ဒါက ရိုင်းလွန်းတယ် သာမန် အိမ်ဖော်တစ်ယောက်က သူ့ရှေ့မှာ ဒီလိုလုပ်ရဲတာလား သူမကို အပြစ်ပေးသင့်တယ်။