အခန်း (၂၇) စုရှောင်းရှောင်း သံသယဝင်ခြင်း
အလှပဆေးပြား ဆေးညွှန်းလား။
စနစ်က ပေးတဲ့ဟာတွေက အလွန်အရေအသွေးမြင့်မားလေသည်။
ချင်းလန် က စနစ်က သူ့ကို ပေးထားတဲ့ ဆေးညွှန်းကို စစ်ဆေးကြည့်လိုက်တော့ ဒီဆေးညွှန်းပေါ်က ကုန်ကြမ်းတွေအားလုံးက ဈေးကွက်ထဲမှာ ရနိုင်ပေမယ့် နှစ်တစ်ရာဂျင်ဆင်းလို အဓိက ပါဝင်ပစ္စည်းတစ်ချို့ကတော့ တော်တော်လေး ဈေးကြီးလေသည်။
ဒါပေမဲ့ ဒီ အလှပဆေးပြား ရဲ့ အာနိသင်ကတော့ အရမ်းကို အစွမ်းထက်တယ်ဆိုတာကိုတော့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ သက်သေခံနိုင်လေသည်။
ဒါက ဒဏ်ရာတွေကို ကုသပေး နိုင်ရုံသာမက အမာရွတ်တွေကို ဖယ်ရှားပေးပြီး အသားအရေကိုပါ ဖြူဖွေးစေနိုင်သည်။
ဒီဆေးပြားက အလှအပကိုမက်မောတဲ့ အမျိုးသမီးတွေအတွက် သေချာပေါက် ဒီဇိုင်းထုတ်ထားတာပဲ။
ဟုတ်ပါသည် ဒါကို ထုတ်လုပ်မယ်ဆိုရင်တော့ ဒီဆေးညွှန်းထဲက အချိုးအစားအတိုင်း ထုတ်လုပ်ဖို့ မဖြစ်နိုင်ပေ။
အဲ့ဒီ ပစ္စည်းတွေကအရမ်းကို ဈေးကြီးလွန်းပြီး သူ့ရဲ့ အာနိသင်တွေကလည်း အရမ်းကို အစွမ်းထက်လွန်းပေသည်။
အဆတစ်ရာ တစ်ထောင်လောက် ရေရောပြီးဖျော်လိုက်ရင်တော့ ဈေးကွက်ထဲမှာ ဖြန့်ချိဖို့ သင့်တော်သွားပေလိမ့်မည်။
တီလ်......
သူ တွေးနေတုန်းမှာပဲ ကုတင်ဘေးက စားပွဲပေါ်က သူ့ဖုန်းက မီးလင်းလာခဲ့သည်။
ခေါ်ဆိုသူနာမည်က မူယွီယန် လို့ပြသနေသည်။
သူဖုန်းကိုင်လိုက်တော့ တစ်ဖက်က မူယွီယန် က ဒေါသတကြီး ပြောလိုက်သည်။
“ချင်းလန်၊ ရှင် နားမလည်ဘူးလား၊ အိမ်ပြန်ရောက်ရင်ဖုန်းဆက်ဖို့ ကျွန်မ ပြောထားတယ်လေ၊ ရှင် အဲ့ဒါကို စိတ်ထဲတောင် ထည့်မထားဘူးလား”
“…..”
ချင်းလန် က လုံးဝ စိတ်ရှုပ်ထွေးသွားလေသည်။
အဲ့ဒီနောက်သူ ပြန်တွေးလိုက်တော့ မူယွီယန် ဆီကနေ ထွက်လာတုန်းက ဒီလိုမျိုး ပြောခဲ့ဖူးတာကို သတိရလိုက်သည်။
သူမ အခုထိ မှတ်မိနေသေးတာလား။
သူက ခပ်အေးအေး ပြောလိုက်သည်
“မင်း ရယ်စရာလုပ်နေတာလား ငါက အရာရာကို မင်းဆီ သတင်းပို့ရမှာလား”
မူယွီယန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်မတို့ရဲ့ ဆက်ဆံရေးအရ ဒီလို လုပ်ရမှာ မဟုတ်ဘူးလား။”
ချင်းလန် က မျက်ခုံးပင့်လိုက်မိသည်။ သူက သူတို့ လမ်းခွဲခါနီးက စကားတစ်ခွန်းကို မှတ်ထားပြီး အဲ့ဒီညကတောင် မမေးခဲ့တာကို ရက်အနည်းငယ်ကြာမှ ဖုန်းခေါ်ပြီးလာမေးနေတာလား။
မူယွီယန် က ဒီကိစ္စကို အရင်ရက်ကတည်းက မေးချင်နေပုံရပြီး နောက်ဆုံး မထိန်းနိုင်တော့ဘဲ ဒေါသထွက်လာပုံရလေသည်။
ချင်းလန်က ပြုံးလိုက်ပြီး
“ဘာလဲ၊ ဒီလောက် ညဉ့်နက်တဲ့ အချိန်ကြီးမှာ
မင်းငါ့ကို လွမ်းနေတာလား”
“မင်ကိုအဖော်လုပ်ပေးဖို့ တစ်ညလောက် မင်းဆီ လာနေပေးရမလား”
မူယွီယန် က ဒေါသတကြီးအော်ပြောလိုက်သည်။
“ရှင့်ကို လွမ်းရမှာလား ပြီးတော့ ဘယ်သူက တစ်ယောက်တည်းလဲ မလာနဲ့ ဘယ်သူမှ ရှင်ဖို့ တံခါးဖွင့်ပေးမှာ မဟုတ်ဘူး”
“ကျွန်မ ရှင့်နဲ့ ဆွေးနွေးစရာကိစ္စရှိတယ်။ သန်ဘက်ခါ ထျန်ဟိုင်မြို့ မှာ စီးပွားရေးအစည်းအဝေး ရှိတယ်၊ ထင်ရှားတဲ့ သူတွေနဲ့ ချမ်းသာတဲ့သူတွေ အားလုံး နီးပါး တက်ကြမှာ။ ရှင် ကျွန်မနဲ့ အတူသွားမလား။”
ဖုန်းတစ်ဖက်က တိတ်ဆိတ်သွားခဲ့သည်။
မူယွီယန် က ဖိအားပေးလိုက်သည်။
“ရှင် သွားမှာလား၊ မသွားဘူးလား”
“သွားမယ်။”
ချင်းလန် သဘောတူလိုက်သည်။
ထန်ထျန်ပေ က သူ့ကိုဒါကို ပြောခဲ့ဖူးလေသည်။
ဒီလို စုဝေးပွဲအများစုက ချမ်းသာတဲ့လူတွေ အချင်းချင်း ဆက်သွယ်မှု ရဖို့လုပ်တာပင်။ပိုင်ရူယွီ လည်းလာနိုင်ပေသည်။
မနေ့က ပိုင်မိသားစုအိမ်မှာ ပိုင်ရူယွီ နဲ့ နှစ်ယောက်တည်း တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူး။
တမင်တကာ သူ့ကို လိုက်ရှာရင် ပိုင်ရူယွီ သံသယ ဝင်သွားနိုင်တယ် အဲ့ဒီ့ မှာတွေ့ရင်တော့ မတော်တဆလို ဖြစ်သွားလိမ့်မယ်။
စကားအနည်းငယ် ပြောပြီးနောက် ချင်းလန် က ဖုန်းကို ချလိုက်သည်။
ကျင်းနန် နံပါတ် ၁ ဗီလာ တွင်
မူယွီယန် က အံကြိတ်လိုက်ပြီး
“ချင်းလန်၊ အဲ့ဒီ ငနဲ၊ သူ ဘယ်လိုလုပ် ရဲတာလဲ။ သူ ငါ့ဖုန်းကို ထပ်ခါထပ်ခါချပစ်တယ်၊ သူ အရမ်း မာနကြီးလာတာ မဟုတ်ဘူးလား”
ဘေးမှာ ရပ်နေတဲ့ ကိုယ်ရံတော်က ရယ်လိုက်ပြီး
“အစ်မလေး၊ အရင်တုန်းကလည်း အစ်မလေးက သခင်လေး ချင်း ရဲ့ ဖုန်းခေါ်တာတွေကို ဒီလိုပဲ ချချပစ်ခဲ့တာလေ။”
“တကယ်လား၊ ငါ လုပ်ခဲ့တာလား။”
မူယွီယန် က အရင်က ကိစ္စတွေကိုသံသယဝင်စွာ
ပြန်သတိရလိုက်သည်။
“သူက အရင်တုန်းက အနှောင့်အယှက်ပေးဖို့ ဖုန်းခေါ်တာလေ ငါက သူ့ကို အရေးကြီးတဲ့ကိစ္စ ပြောစရာရှိလို့ ခေါ်တာ။”
လို့ ပြန်ပြောလိုက်သည်။
သူမရဲ့ စိတ်ထဲမှာညည်းတွားပြီးလိုက်နောက် မူယွီယန် က ဘေးမှာ ရပ်နေတဲ့ အာနင် ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး
“ချင်းလန် က ပြောင်းလဲသွားပြီလို့ မင်း မထင်ဘူးလား” လို့ မေးလိုက်သည်။
အာနင် က အလေးအနက် ခေါင်းညိတ်ပြီး
“ဟုတ်တယ်၊ သခင်လေးချင်း ရဲ့ တစ်ကိုယ်လုံးက အရင်ကနဲ့ မတူတော့ဘူး။ သူက ပိုပြီး ချောလာပြီး ပိုပြီး တည်ငြိမ်လာတယ်။”
လူတစ်ယောက်က ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလိုပြောင်းလဲမှုမျိုးကို ဘယ်လိုများ ဖြစ်သွားတာလဲ တစ်ခုခု ထူးဆန်းနေတာများလား။
မူယွီယန် က သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့ မျက်လုံးလှလှလေးတွေက ကျဉ်းမြောင်းသွားကာ လက်သီးဆုပ်ထားတဲ့ သူမရဲ့ လက်ချောင်းထိပ်တွေက ဖြူဖွေးသွားခဲ့လေသည်။
“ချင်းလန် က ယန်ကျင်းမြို့ မှာ လုပ်ခဲ့တာတွေ အားလုံး ဟန်ဆောင်ခဲ့တာလို့ မင်းထင်လား။ ပျက်ဆီးနေတဲ့ ဒုတိယမျိုးဆက်သူဌေးသား လို့ သူများတွေထင်အောင်လို့လေ “
ဘယ်လိုပဲဖြစ်ဖြစ် ချင်းမိသားစု ရဲ့ အခြေအနေတွေအရ လျှို့ဝှက်ထားရမယ့်အခြေအနေ တွေလဲရှိလေသည်။ ချင်းလန် သာအစကတည်းက ထူးထူးခြားခြား လုပ်ပြခဲ့ရင် လူတော်တော်များများ ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်တော့။
ဒါဆို ဘာလို့အခုမှ ဟန်ဆောင်နေတာကို ရပ်လိုက်တာလဲ။
အဲ့ဒီညက မူယွီယန်မှာ တွေးစရာတွေ အများကြီး ရှိနေခဲ့ပြီး အချိန်အကြာကြီး အိပ်မပျော်နိုင်ခဲ့ပေ။
တစ်ဖက်မှာတော့ ချင်းလန် က ဖုန်းချလိုက်တာနဲ့ တစ်ပြိုင်နက် တံခါးခေါက်သံကြားတာကြောင့် အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ခြေသံတွေအရ စုရှောင်းရှောင်း ရဲ့ ခြေသံဖြစ်နိုင်ပေသည်။
တံခါးဖွင့်လိုက်တော့ တကယ်ပဲ စုရှောင်းရှောင်း ဖြစ်နေခဲ့ပြီး သူမစောတုန်းက ဝတ်ထားတဲ့ အနက်ရောင် ပိုးသားဝတ်စုံကိုပဲ ဝတ်ဆင်ထားပြီး စိတ်ပျက်အားငယ်ကာ အပြစ်ရှိသလို အမူအရာနဲ့ တံခါးရှေ့မှာ ရပ်နေလေသည်။
“ရှောင်းရှောင်း၊ ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား။”
ချင်းလန်က စုရှောင်းရှောင်း ကိုအထဲကို အမြန်ဆွဲသွင်းပြီး ထိုင်ခိုင်းလိုက်ကာ စိုးရိမ်တကြီးနဲ့
“ဘာဖြစ်လို့လဲ” လို့ မေးလိုက်သည်။
စုရှောင်းရှောင်း က ခေါင်းငုံ့လိုက်ပြီး မျက်နှာတစ်ခုလုံး ဝမ်းနည်းမှုတွေနဲ့ ပြည့်နေကာ
“သခင်လေး၊ ရှင့်ကို ဘယ်သူတိုက်ခိုက်ခိုင်း လဲဆိုတာ ကျွန်မ သိတယ်။”
“ဘယ်သူလဲ”
စုရှောင်းရှောင်း က အပြစ်ရှိသလို မျက်နှာနဲ့ ပြန်ဖြေလိုက်သည်။
“သူက ရှောင်ဖန်ပါ သူ ပြည်ပကနေကျွန်မကို ဆက်သွယ်လာတုန်းက ရှောင်ဖန် ပို့လိုက်တဲ့ ဓာတ်ပုံတွေထဲက ဓားမြှောင်ပေါ်က ပုံစံကို ကျွန်မ မြင်လိုက်ရတယ်၊ အဲ့ဒါနဲ့ တစ်ပုံစံတည်းပဲ။
ချင်းလန်က ထိတ်လန့်သွားတဲ့ပုံစံနဲ့
“တစ်ခုခုမှားနေမလား၊ ပုံစံက ထူးဆန်းပေမယ့် မိုင်ပေါင်းထောင်ချီဝေးတဲ့ နိုင်ငံခြားသားတွေနဲ့တော့ မပတ်သက်သင့်ဘူး။”
စုရှောင်းရှောင်း က ခေါင်းခါလိုက်ပြီး
“အဲ့ဒါ ရှောင်ဖန် ဖြစ်ရမယ်”
ချင်းလန် ကရဲ့ဖန် အတွက်ကာပြီး ပိုပြောလေလေ
စုရှောင်းရှောင်း က ပိုပြီးအပြစ်ရှိသလို ခံစားရလေပင်။
“အရင်နေ့က ရှောင်ဖန်က သူ့လူတွေ ထျန်ဟိုင်မြို့ ကို ရောက်နေပြီတဲ့ ပြီးတော့ ကျွန်မကို တွေ့ချင်တယ်လို့ ပြောတယ်။ ကျွန်မ အဲ့တုန်းကတော့ မဆုံးဖြတ်ရသေးပေမဲ့ ဒီည ဖြစ်ခဲ့တာတွေကြောင့် ကျွန်မ ရှောင်ဖန်ကိုမေးတော့ သူက ဝန်မခံခဲ့ဘူး။”
“ဒါကြောင့် ကျွန်မက သူ့လူတွေကိုသွားတွေ့မယ်လို့ ပြောတော့ သူတို့မရှိတော့ဘူးလို့ ပြောတယ်။”
“သခင်လေး၊ ကျွန်မ တကယ် မရည်ရွယ်ပါဘူး။ ကျွန်မ သခင်လေးနဲ့ နီးစပ်လာလို့ ရှောင်ဖန်က သခင်လေးကို နာကျင်အောင် လုပ်လာလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။”
“အရမ်း တွေးမနေပါနဲ့၊ ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ။”
ချင်းလန် က ကြင်နာတဲ့ လူတစ်ယောက်လို ပြုမူရင်း စုရှောင်းရှောင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ရဲ့ဖန် ရဲ့ လူတွေနဲ့ သွားတွေ့မယ်။
အဓိပ္ပာယ်မရှိတာ။
ဒီလိုတွေးမိတော့ ချင်းလန် က စုရှောင်းရှောင်းကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
နောက်ဆုံးတော့ သူဟန်ဆောင်ခဲ့တာတွေက အလကားမဖြစ်ပေ။ စုရှောင်းရှောင်း က ရဲ့ဖန်အပေါ် သံသယ ဝင်သွားလေပြီ။