အခန်း (၂၆) ချင်းလန် တိုက်ခိုက်ခံရခြင်း
“မငိုပါဘူး၊ ကျွန်မ မငိုဘူး”
စုရှောင်းရှောင်း က သူမရဲ့ နှုတ်ခမ်းရဲရဲလေးကို
စူထားပြီး မျက်ရည်မကျအောင် ထိန်းထားလိုက်ကာ မျက်လုံးတွေကို သုတ်လိုက်လေသည်။
သူမက သခင်လေးကို မနာကျင်စေချင်ပေ။
သူ့ကို နောက်ထပ် ဒုက္ခမရောက်စေချင်ဘူး။
သူမက မျက်ရည်တွေကို မကျအောင် ထိန်းထားဖို့ အတော်လေး ကြိုးစားခဲ့ရသည်။
ခဏကြာတော့ သူမရဲ့ နူးညံ့တဲ့ နှုတ်ခမ်းလေး
ကို ကိုက်ကာတုန်ယင်စွာနဲ့
“သခင်လေး...”
လို့ ရေရွတ်လိုက်သည်။
ချင်းလန် က နားမလည်သလို
“ဘာဖြစ်လို့လဲ”
စုရှောင်းရှောင်း က လည်ချောင်းနာနာနဲ့
“ဘာလို့ ကျွန်မအပေါ် ဒီလောက် ကောင်းနေရတာလဲ ကလေးတွေ နေဖို့ တိုက်ခန်းက ဒီလောက်တောင်စျေးကြီးတာ၊ သခင်လေး ပိုက်ဆံတွေအများကြီးကုန် သွားတာ မဟုတ်ဘူးလား”
ချင်းလန် က ရယ်လိုက်တယ်
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကိုယ်က ရက်စက်တဲ့ သူဌေးကြီးတစ်ယောက်ပါ။ ဘယ်လိုလုပ် ပိုက်ဆံဆုံးရှုံးမယ့် အလုပ်မျိုး လုပ်မှာလဲ”
ရက်စက်တဲ့ သူဌေးကြီးလား။
သခင်လေးသာ လူဆိုး ဖြစ်နေရင် ဒီလောကမှာ လူကောင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
စုရှောင်းရှောင်း က စိတ်ထဲကနေ တွေးလိုက်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။
“သခင်လေးမှာ တခြား အစီအစဉ်တွေ ရှိသေးလား”
ချင်းလန် က စုရှောင်းရှောင်း ရဲ့ အရိုးမရှိသလိုနူးညံ့တဲ့ လက်ကို ဆုပ်ကိုင်ရင်း အလေးအနက်ထားပြီး ပြောလိုက်သည်။
“သေချာပေါက် ရှိတာပေါ့။ စဉ်းစားကြည့်လေ ဒီလို များပြားတဲ့ ငွေပမာဏကို မင်းအတွက် သုံးခဲ့တာဆိုတော့ မင်းက ကိုယ့်ကို လျော်ကြေးပေးရမှာပေါ့။”
“အဲ့ဒီ့အပြင် ကွဲသွားတဲ့ ကြွေအိုးအတွက် လျော်ကြေးပါ ပေါင်းလိုက်ရင် မင်းက ကိုယ့်အတွက် အနည်းဆုံး နှစ်လေးငါးရာလောက် အလုပ်လုပ်ရလိမ့်မယ် မလား၊ ဒီဘဝမှာ အကြွေးကို မဆပ်နိုင်ရင် နောက်ဘဝမှာလည်း အတူတူနေမယ်၊ နောက်နောင်ဘဝတွေမှာ ရောပေါ့ “
“သခင်လေး~~”
စုရှောင်းရှောင်း မျက်နှာလေး နီရဲသွားပြီး ဒီလိုစိတ်လှုပ်ရှားစရာ ချစ်စကားတွေကြောင့် ခေါင်းတောင် မဖော်နိုင်လောက်အောင် ရှက်ရွံ့သွားခဲ့သည်။
ဒီည သူမက ရိုလာကိုစတာ စီးနေရသလိုပဲ တိမ်တွေဆီကို မြင့်တက်လိုက်၊ ငရဲပြည်ဆီကို ထိုးကျလိုက်နဲ့ သူမရဲ့ ကျောပြင်တစ်ခုလုံး ချွေးတွေနဲ့ စိုရွှဲနေခဲ့လေသည်။
အပြစ်ရှိသလို ခံစားနေရချိန်မှာပဲ ပျော်ရွှင်ခြင်းနဲ့ လုံခြုံမှုရှိတဲ့ ခံစားချက်တွေကိုပါ တစ်ပြိုင်တည်း ခံစားလိုက်ရသည်။
စုရှောင်းရှောင်း ရဲ့ မျက်လုံးတွေထဲမှာအပြစ်ရှိသလို ခံစားနေရတာကို မြင်တော့ ချင်းလန်က အလျော့ပေးဖို့ အချိန်တန်ပြီလို့ ခံစားလိုက်ရပြီး မတ်တပ်ရပ်လိုက်ကာ
“ပြန်ကြစို့။ ဒီနေရာက ဖုန်တွေနဲ့ ညစ်ပတ်နေပြီ။”
လို့ ပြောလိုက်သည်။
စုရှောင်းရှောင်း က တိုးညှင်းစွာ
“ဟုတ်”
လို့ ပြန်ဖြေလိုက်ပြီး
“သခင်လေးရဲ့ ကိုယ်က...... ကျွင်းဇီ ကိုလာခေါ်ခိုင်းလိုက်ရမလား”
ချင်းလန် က လက်ကာပြပြီး
“အဆင်ပြေပါတယ်၊ မင်းသာဝမ်းနည်းမနေရင် ငါက အရမ်းကျန်းမာတယ်။ ငါတို့ အတူတူ လမ်းလျှောက်ပြီး အိမ်ပြန်ကြရအောင်။”
လက်ကိုအကိုင်ခံထားရတဲ့ စုရှောင်းရှောင်း က အောက်ကို ငုံ့လိုက်ပြီး ရုန်းနေတာကို ရပ်လိုက်လေသည်။
သူမက ချင်းလန် ရဲ့ နွေးထွေးတဲ့ လက်ကို ပိုပြီးတောင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ဒီညမှာလမင်းကြီးက လင်းထိန်နေပြီး သစ်ပင်တွေက ညင်သာစွာ ယိမ်းနွဲ့နေကြလေသည်။
နွေရာသီလေပြေလေးက တိုက်ခတ်လာပြီး
စုရှောင်းရှောင်း ဆံပင်ရှည်တွေကို လွင့်မြောသွားစေကာ ချင်းလန် ရဲ့ ပါးပြင်တွေကိုတိုးဝှေ့သွားတဲ့အခါ လန်းဆန်းတဲ့ ရနံ့တစ်ခုက သူ့နှာခေါင်းထဲ ဝင်လာလေသည်။
သူတို့နှစ်ယောက်က ညဘက်လမ်းလျှောက်ထွက်တဲ့ စုံတွဲတစ်တွဲလိုပဲ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေကြလေသည်။
စုရှောင်းရှောင်း က ခေါင်းကိုငုံ့လိုက်ပြီးဖိနပ်တွေကို ကြည့်ရင်း သူမရဲ့ စိတ်က လွင့်မျောသွားပြန်သည်။
သခင်လေးက သူမအပေါ် အရမ်း ကောင်းလွန်းတယ် ပြီးတော့သူမ ကိုလဲ အရမ်းဂရုစိုက်လေသည်။
အခုတောင် သူမက သခင်လေးနဲ့အတူ လက်ချင်းတွဲပြီး အိမ်ကို အတူတူ လမ်းလျှောက်ပြန်နေလေသည်။
သူမက ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်နဲ့ ဒီလောက် ရင်းနှီးဖူးခြင်း မရှိခဲ့ပေ ဒါဆို အခု ဒါက သူမက သခင်လေးရဲ့ ရည်းစား ဖြစ်နေပြီလား။
မသိစိတ်ကနေ စုရှောင်းရှောင်း က ချင်းလန်ကို
ကြည့်လိုက်မိသည်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာပင် သူမကို
အားနဲ့ ဘေးကို တွန်းထုတ်ခံလိုက်ရသည်။
စုရှောင်းရှောင်းက ခန္ဓာကိုယ်ကို မလဲသွားအောင်သေချာထိန်းလိုက်ပြီး အနီးကပ်ကြည့်လိုက်တော့ ဘယ်ကနေမှန်းမသိ ပေါ်လာတဲ့ အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ချင်းလန်ကို တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။
“ရွှက်...”
ဓားမြှောင်ကိုင်ထားတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူက ချင်းလန် ရဲ့ လက်မောင်းကို ခုတ်မိသွားပြီး သွေးတွေ ပန်းထွက်လာခဲ့လေသည်။
“သခင်လေး” စုရှောင်းရှောင်းကထိတ်လန့်စွာ အော်လိုက်သည်။
“အနားမလာနဲ့”
ချင်းလန် ကလှည့်မကြည့်ဘဲ အော်လိုက်ပြီး တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သူကို တိုက်ခိုက်လိုက်သည်။
ချင်းလန် ရဲ့ ပိန်သွယ်တဲ့ ခန္ဓာကိုယ်အောက်မှာ အားအင်တွေ အများကြီး ရှိလေသည်။
သူ့ရဲ့ ရက်စက်တဲ့ ခြေကန်ချက်တွေအောက်မှာ အနက်ရောင် ဝတ်စုံနဲ့ လူက တစ်လှမ်းချင်းစီ နောက်ဆုတ်သွားခဲ့ရပြီး ဓားမြှောင်တောင်မှ လွတ်ကျသွားလေသည်။
နောက်ဆုံးမှာတော့ အနက်ရောင်ဝတ်စုံနဲ့သူက
ချင်းလန် ကို မယှဉ်နိုင်မှန်းသိသွားတာကြောင့် သူ့ ဓားမြှောင်ကို ပြန်ယူပြီးထွက်ပြေးဖို့ ကြိုးစားနေတုန်း ချင်းလန် ကလှမ်းကန်လိုက်တော့ အဲ့ဒီလူက မယူနိုင်တော့ပဲ လှည့်ပြီး ထွက်ပြေးသွားတော့သည်။
“သခင်လေး၊ ရှင့် လက်မှာ ဒဏ်ရာရသွားပြီ”
စုရှောင်းရှောင်း က စိုးရိမ်တကြီး ပြေးသွားပြီး ချင်းလန် ပြောတာကိုပင်မစောင့်တော့ပဲ ကျွင်းဇီ ကို ဖုန်းခေါ်လိုက်သည်။
ဆယ်မိနစ်တောင် မကြာသေးခင်မှာ ကျွင်းဇီ က ကိုယ်ပိုင်ဆရာဝန်ခေါ်ပြီး ကားနဲ့ ရောက်လာခဲ့သည်။
ရိုးရှင်းတဲ့ ပတ်တီးစည်းပြီးတော့ ချင်းလန် ရဲ့ လက်မောင်းကဒဏ်ရာကို အကြမ်းဖျင်း ကုသလိုက်သည်။
ကျွင်းဇီ က အပြစ်ရှိသလို မျက်နှာနဲ့ ချင်းလန် နားကို လျှောက်လာပြီး ခေါင်းငုံ့လိုက်ကာ
“သခင်လေး၊ ဒါ ကျွန်တော့် အမှားပါ။ ကျွန်တော် သခင်လေးကို ကာကွယ်ဖို့ တာဝန် မကျေခဲ့ဘူး။”
ဟုပြောလိုက်သည်။
ချင်းလန် က လက်ကာပြပြီး
“မင်းနဲ့ ဘာဆိုင်လို့လဲ ငါက ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြန်ဖို့ ရွေးခဲ့တာ။”
ဟုပြောလိုက်ပေမယ့် သူ့လက်မောင်းက နာကျင်နေခဲ့လေသည်။
သူက စိတ်ထဲကနေ ကျိန်ဆဲနေခဲ့လေသည်။
သူသေချာလုပ်ခဲ့ပေမယ့် ဓားမြှောင်က သူ့လက်မောင်း အတွင်းနက်နက်ထိ ခုတ်မိသွားလေသည်။သူ့ ခန္ဓာကိုယ်ကသာ မမာကြောဘူး ဆိုရင် ကောင်းကောင်း သရုပ်ဆောင်နိုင်တော့မှာ မဟုတ်ပေ။
စုရှောင်းရှောင်း က အဖြူရောင်ပတ်တီးတွေနဲ့ ပတ်ထားတဲ့ ချင်းလန် ရဲ့ လက်မောင်းကို ရင်နာစွာ ကြည့်လိုက်ပြီး ကြောက်ရွံ့စွာနဲ့
“သခင်လေး၊ ခုနက လူက ဘယ်သူလဲ ဘာလို့ သခင်လေးကို ထိခိုက်အောင် လုပ်ရတာလဲ”
လို့ မေးလိုက်သည်။
ချင်းလန်က ရှုပ်ထွေးတဲ့ ပုံစံနဲ့ ခေါင်းခါလိုက်သည်။
“ငါလဲမသိဘူး။”
ကျွင်းဇီ က သူခုနက ကောက်ယူလိုက်တဲ့ ဓားမြှောင်ကို ပြလိုက်သည်။
“ဒီဓားမှာ ထူးခြားတဲ့ ပုံစံတစ်ခု ပါတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။”
စုရှောင်းရှောင်း က ကျွင်းဇီ ကိုင်ထားတဲ့ ဓားကိုကြည့်လိုက်တဲ့အခါ ဓားရဲ့ လက်ကိုင်ပေါ်မှာ တောက်ပတဲ့ အနီရောင် ဝံပုလွေခေါင်းပုံစံ တစ်ခု ထွင်းထုထားတာကို တွေ့လိုက်ရပြီး သူမရဲ့ မျက်နှာအမူအရာက တောင့်တင်းသွားကာ စိတ်ထဲမှာ ဗလာဖြစ်သွားတော့သည်။
ချင်းလန် က လက်ကာပြပြီး လျစ်လျူရှုလိုက်ကာ
“ဒီအကြောင်း စဉ်းစားမနေနဲ့တော့။ ငါတို့ နောက်ခါ လုံခြုံရေးကို ပိုအားကောင်းအောင် လုပ်ရုံပဲ။ ငါ သေတာကို လိုချင်တဲ့သူတွေကအများကြီးပဲ၊ သူတို့ တစ်ယောက်ချင်းစီတိုင်းကို ဘယ်လို ရှာနိုင်မှာလဲ”
ကျွင်းဇီ က သူတို့နှစ်ယောက်ကို ဗီလာကို ပြန်မောင်းပို့လိုက်သည်။
စုရှောင်းရှောင်း ကချင်းလန် ရဲ့ ဒဏ်ရာတွေက မပြင်းထန်ဘူးဆိုတာ သေချာသွားပြီးနောက် သူမက တစ်ယောက်တည်း သူမရဲ့ အိပ်ခန်းကို ပြန်ပြေးသွားခဲ့သည်။
ချင်းလန် ကတော့ ကုတင်ပေါ်မှာ လှဲလိုက်ပြီး စနစ်ရဲ့အသိပေးချက်ကို ပြန်ဖွင့်လိုက်သည်။ အရင်က စနစ်ရဲ့ အသံက သူ့နားထဲမှာ အမြဲမြည်နေတာကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်ကာ ခဏပိတ်ထားခဲ့လေသည်။
အခု ကိစ္စတွေ ပြီးသွားပြီဆိုတော့ သူရိတ်သိမ်းထားတာတွေကို ကြည့်ရတော့မှာပေါ့။
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း သည် ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု ခံစားနေရပါသည်။ အိမ်ရှင်သည် +800 ဗီလိန်အမှတ် ရရှိတာကို ဂုဏ်ယူပါသည်။”
“…”
“ဒင်! ဇာတ်လိုက်မင်းသမီး စုရှောင်းရှောင်း ရဲ့ နှစ်သက်မှုအဆင့် တိုးလာပါသည်။ အိမ်ရှင်သည် +1000 ဗီလိန်အမှတ် ရရှိတာကို ဂုဏ်ယူပါသည်။”
“…”
“ဒင်! ဇာတ်လိုက် ရဲ့ဖန် ရဲ့ ကံကြမ္မာအမှတ် 500 လျော့ကျသွားပါသည်။ အိမ်ရှင်သည် +5000 ဗီလိန်အမှတ် ရရှိတာကို ဂုဏ်ယူပါသည်။”
“ဒင်! ဇာတ်လိုက် ရဲ့ဖန် ရဲ့ ကံကြမ္မာအမှတ် 1000 လျော့ကျသွားပါသည်။ အိမ်ရှင်သည် အလှပဆေးပြား (ပြင်ပဒဏ်ရာများ ကုသခြင်းနှင့် အမာရွတ်များ ဖယ်ရှားခြင်း) တစ်ပြားနဲ့ အလှပဆေးပြား ဆေးညွှန်းတစ်ခု ရရှိတာကို ဂုဏ်ယူပါသည်။”
စနစ်ရဲ့ အသိပေးချက်အရ စုရှောင်းရှောင်းက အဲ့ဒီ ဓားမြှောင်က ရဲ့ဖန် နဲ့ ဆက်စပ်နေတယ်ဆိုတာ သိသွားလောက်ပေပြီ ဒါကြောင့် သူအိမ်ပြန်ရောက်တာနဲ့ သူ့ရဲ့ အိပ်ခန်းကို ပြန်ပြေးသွားပြီး ရဲ့ဖန် ကို မေးခွန်းထုတ်ဖို့ ဖြစ်နိုင်လေသည်။
ချင်းလန် က ဒီကိစ္စမှာပါဝင်ဖို့ စိတ်မကူးထားပေ အရမ်း စိတ်အားထက်သန်ပြီး ရဲ့ဖန် ကိုအပြစ်တင်နေရင် ထူးဆန်းသွားနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် ဒါကို စုရှောင်းရှောင်းကိုယ်တိုင် မြင်ခဲ့တာပဲ ပြီးတော့ ဓားမြှောင်ကို ကိုင်ထားတဲ့ တကယ့် သွေးဝံပုလွေအဖွဲ့ ဝင်က သေသွားပြီ ဒါကြောင့် စစ်ဆေးစရာ နည်းလမ်းလဲမရှိတော့ပေ။
ရဲ့ဖန် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ၊ ဒါတွေအားလုံးက ဆင်ခြေတွေဖြစ်သွားမှာပင်။
အဲ့ကိစ္စကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပြီး သူ့ရဲ့ စနစ်သိုလှောင်ခန်းကို ကြည့်လိုက်သည်။
ချင်းလန် က အံ့ဩတကြီးနဲ့ လက်ခုပ်တီးလိုက်မိသည် ဆုတွေက အများကြီးပဲ။
ဗီလိန်အမှတ်တွေ ပေးရုံသာမကပဲ
ဆေးညွှန်းတစ်ခုကိုပါ ပေးသေးတာလား။
ဒီ အလှပဆေးပြား က သူ့ရဲ့ဒဏ်ရာရထားတဲ့ လက်မောင်းကို ကုသဖို့ ပေးတာ မဟုတ်လား။
ချင်းလန်က ဆေးပြား ကို စနစ်သိုလှောင်ခန်းထဲကနေထုတ်ပြီး မြိုချလိုက်တဲ့အခါ သူ့လက်မောင်းပေါ်မှာ ပူလောင်တဲ့ခံစားချက်ရော အေးမြတဲ့ ခံစားချက်ပါ ခံစားလိုက်ရသည်။
မကြာခင်မှာပဲ စိတ်မသက်မသာ ဖြစ်တာတွေ လုံးဝ ပျောက်ကွယ်သွားပြီး သူ့လက်မောင်းတွေကို လှုပ်ရှားကြည့်လိုက်တော့ ဘာ နာကျင်မှုကိုမှမခံစားရတော့ပေ။
သူ လုံးဝ ပြန်ကောင်းသွားလေပြီ။