အခန်း (၂၅) စုရှောင်းရှောင်းရဲ့ကိုယ့်ကိုယ်ကိုအပြစ်တင်မှု
ချင်းလန် ကစာချုပ်ကိုပြန်တွန်း လိုက်ပြီး ယဉ်ကျေးစွာ ငြင်းလိုက်လေသည်။
“ကျောင်းအုပ်ကြီး၊ ခင်ဗျားပဲ စာချုပ်ကို သိမ်းထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ နေဖို့အတွက်ပဲ၊ ဒါကို ခင်ဗျားနဲ့ ထားခဲ့ရင် ကျွန်တော့်စိတ် ပိုပြီး အေးချမ်းတယ်။”
ကျောင်းအုပ်ကြီး က ကျေးဇူးတင်တဲ့ ပုံနဲ့
“ဒါပေမဲ့... သခင်လေး ချင်း၊ မင်းက ဒီကိစ္စကြောင့် အရမ်း အလုပ်ရှုပ်ခဲ့ရတာလေ ပြီးတော့ အဲ့ဒီ အိမ်ခြံမြေသူဌေးက ဈေးပိုတောင်း တာကိုတောင် သဘောတူခဲ့ရတာ။”
ယွမ်သန်းငါးဆယ် ဒါက ယွမ်သန်းငါးဆယ်ပဲ။
“ကျွန်မ ဒီလောက်အကြာကြီး အသက်ရှင်လာခဲ့တာတောင် ဒီလောက် ပိုက်ဆံ အများကြီး တစ်ခါမှ မမြင်ဖူးဘူး။”
ဟုကျောင်းအုပ်ကပြောလိုက်သည်။
ချင်းလန် က ပခုံးတွန့်ပြီး ပြံးလိုက်လေသည်။
“ဒါက ကလေးတွေ အနာဂတ်မှာ ကျောင်းတက်ဖို့ ပိုလွယ်အောင်လို့ပါ။ မိဘမဲ့ဂေဟာကို ဖြိုပြီးတော့ မူလတန်းကျောင်း ဆောက်လိုက်ရင် ကလေးတွေ စာသင်ဖို့ နေရာရှိသွားပြီပေါ့ ။”
ကျောင်းအုပ်ကြီး က စိတ်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ချင်းလန် ကို ကြည့်လိုက်တော့ ဒါက လူကြီးလူကောင်း တစ်ယောက်ရဲ့ စစ်မှန်တဲ့ အမူအရာပဲလို့ ခံစားရလေသည်။
ပိုတော်လေလေ
လူ့အဖွဲ့အစည်းကို ပိုမို ပံ့ပိုးနိုင်လေလေပင်။
သူက စုရှောင်းရှောင်း ကို တစ်ချက် ပြန်ကြည့်လိုက်ပြီး တောင်းပန်တဲ့လေသံဖြင့် ရှင်းပြလိုက်သည်။
“သခင်လေး ချင်း၊ ဒါက ကျွန်မ အမှားပါ။မင်းက ရှောင်းရှောင်း ကို အံ့အားသင့်အောင် လုပ်ဖို့ စီစဉ်နေတာကို ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ကျွန်မက သူ့ကို ဖုန်းခေါ်ပြီးတော့ တခြားသူတွေနဲ့ တိုက်ခန်းဝယ်ဖို့ ဆွေးနွေးနေရတာနဲ့ အရမ်း အလုပ်များနေလို့ ပြန်ခေါ်ဖို့ မေ့သွားတယ်။”
“ကျေးဇူးပြုပြီး ရှောင်းရှောင်း ကိုစိတ်မဆိုးပါနဲ့။ သူက တမင်လုပ်တာမဟုတ်ပါဘူး သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘမဲ့ဂေဟာက အဖြိုခံနေရတာကို ရုတ်တရတ်မြင်လိုက်တော့ ခဏတာ စိတ်ဆိုးပြီး မင်းကို အထင်လွဲခဲ့တာပါ။”
“…”
စုရှောင်းရှောင်း က အဲ့ဒီမှာ မှင်တက်စွာ ရပ်နေခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ချင်းလန် တို့ရဲ့ စကားပြောနေတာ နားထောင်နေရင်း သူမရဲ့ ကမ္ဘာတစ်ခုလုံး ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။
မိဘမဲ့ဂေဟာက အတင်းအကျပ် ဖြိုချခံရတာ မဟုတ်ဘူးလား။
ဒါက သခင်လေးက မိဘမဲ့ဂေဟာ ပျက်စီးယိုယွင်းနေတာကို မြင်လို့ ဖြိုဖို့ စီစဉ်ပြီး ကလေးတွေ စာသင်ဖို့ နေရာရှိအောင် မူလတန်းကျောင်း အသစ် ဆောက်လုပ်ဖို့ ပြင်နေတာလား။
အဲ့ဒါအပြင် သခင်လေးက အိမ်ခြံမြေကုမ္ပဏီက သူ့ကို ဈေးကြီးပေးခိုင်းနေမှန်း သိသိလျက်နဲ့ ကလေးတွေ အနာဂတ်မှာ ကျောင်းတက်နိုင်ဖို့အတွက် တိုက်ခန်းတစ်လုံး ဝယ်ဖို့ သန်းငါးဆယ်တောင် သုံးလိုက်တာလား။
အဓိက ကကျောင်းအုပ်ကြီးက ဖုန်းခေါ်တာကို အမြန် ချပစ်လိုက်ရတဲ့ အကြောင်းက သူမ အရင်ကတွေးခဲ့သလို ကြောက်လို့ မဟုတ်ဘဲ သခင်လေးက သူမကို အံ့အားသင့်အောင် လုပ်ဖို့ စီစဉ်နေတာကို သိသွားလို့ပေါ့။
ဒုန်း!
စုရှောင်းရှောင်း ရဲ့ စိတ်ထဲမှာ ဆူညံနေပြီး သူမရဲ့ ဦးနှောက်က လုံးဝ ဗလာဖြစ်သွားလေသည်။
သခင်လေး...
သခင်လေးက သူမထင်ထားသလို အကျိုးအမြတ်တွက်ချက်ပြီး မိဘမဲ့ဂေဟာကို ဖြိုခိုင်းတဲ့ အကျင့်ပျက် သူဌေးတစ်ယောက် လုံးဝ မဟုတ်ခဲ့ပေ။
အဲ့ဒီ့အစား သူက ပိုက်ဆံကိုတောင် အကုန်အကျခံပြီး နေရောင်ခြည် မိဘမဲ့ဂေဟာ ကို အသစ်ပြောင်းပေးပြီး သူမကို အံ့အားသင့်အောင် လုပ်ပေးခဲ့တာလား။
ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ပေးရတာလဲ။
ဘာလို့ သခင်လေးက သူမအတွက် ဒီလောက်ထိ လုပ်ပေးရတာလဲ။
ဒါကလုံးဝကို ရင်ထဲထိမိစရာ ကောင်းလေသည်။
ဒီကိစ္စတွေအားလုံးကို လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်ကသာ ပြောပြခဲ့ရင် သူမက ဒီလိုစွဲမက်စရာကောင်းတဲ့ ကိစ္စကြောင့် သခင်လေးဆီမှာ လုံးဝကိုကျရှုံးသွားပြီး သူမရဲ့အရာ အားလုံးကိုစွန့်လွှတ်ဖို့ကိုတောင် ဆန္ဒရှိနေမှာပင်။
ဒါပေမဲ့ အခုတော့ သူမမှာ သတ္တိမရှိတော့ပေ။
သခင်လေးက အကုန်လုံးပြည့်စုံနေခဲ့ပြီး သူမအတွက် လုပ်ပေးခဲ့တာတွေက မိန်းကလေးတိုင်းကို စိတ်လှုပ်ရှားစေဖို့ လုံလောက်ပေမယ့် သူကတော့ ကျေးဇူးတင်ရမဲ့ အစား သူ့ကို လက်ညှိုးထိုးပြီး ရက်ရက်စက်စက် သစ္စာဖောက်လို့ စွပ်စွဲခဲ့မိလေသည်။
သူမကိုယ်သူမ ကျေးဇူးကန်းမိလေပြီ ဟုအပြစ်တင်မိနေ၏။
“အား...”
ချင်းလန် ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားကာ သူ့မျက်နှာက နာကျင်မှုကြောင့် မဲ့နေပြီး မြေပြင်ပေါ်ကို လဲကျသွားလေသည်။
“သခင်လေး”
“သခင်လေး ချင်း”
“…”
စုရှောင်းရှောင်း နဲ့ ကျောင်းအုပ်ကြီး က သူ့ဆီကို ချက်ချင်း သွားလိုက်ပြီး အလုပ်သမားတွေလည်း ချက်ချင်း ရောက်လာကြသည်။
“သခင်လေး၊ ဘာဖြစ်သွားတာလဲ ကျွန်မကိုမခြောက်ပါနဲ့။ အဆင်ပြေရဲ့လား ဘယ်နေရာ နာနေလို့လဲ”
စုရှောင်းရှောင်း က ချင်းလန်ရဲ့ခန္ဓာကိုယ်ကို နောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ မလဲသွားအောင် ထိန်းထားပေးလိုက်သည်။
သူမရဲ့ မျက်ရည်စတွေက ချင်းလန်ပခုံးပေါ်ကို ကျဆင်းသွားလေသည်။
ချင်းလန် က အံကြိတ်လိုက်ပြီး နာကျင်စွာခေါင်းခါလိုက်ကာ
“ဘာမှ မဟုတ်ဘူး၊ ငါ အဆင်ပြေပါတယ် နည်းနည်းလေးပဲ နာနေတာ။”
“ဘယ်နေရာလဲ ဘယ်နေရာက နာလို့လဲ”
စုရှောင်းရှောင်း က စိုးရိမ်တကြီးမေးလိုက်ပြီး သူမရဲ့ စိုးရိမ်စိတ်တွေက အဲ့ဒီအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာခဲ့သည်။
ချင်းလန် က တုန်ယင်နေတဲ့ လက်ကို မြှောက်လိုက်ပြီး နှလုံးနေရာကိုဖြည်းညှင်းစွာ ထိုးပြလိုက်သည်။
“ဒီ... ဒီနေရာက နာနေတာ”
ကျောင်းအုပ်ကြီး ကအတော်ကို ပါးနပ်လေသည်။ ချင်းလန် ဒီလို ပြောလိုက်တာကို မြင်တော့ သူမက ချင်းလန် နဲ့ စုရှောင်းရှောင်းကို နှစ်ယောက်တည်း
ထားပြီး ထွက်သွားလေသည်။
ဒါပေမဲ့ စုရှောင်းရှောင်း ကတော့ တခြားသူတွေရဲ့ထူးခြားနေ တာကို လုံးဝသတိမထားမိခဲ့ပေ။
သူမက ချင်းလန် အပေါ်မှာပဲအာရုံစိုက်နေပြီး သူ့ဆီကနေ မျက်တောင်တစ်ချက်တောင် ခွာလို့မရနိုင်ခဲ့ပေ။
သူမရဲ့ သွယ်လျပြီးချောမွေ့တဲ့ လက်တွေက ချင်းလန် ရဲ့ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူမက ဝမ်းနည်းမှု စိုးရိမ်ပူပန်မှုတွေနဲ့ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာကို ထိန်းချုပ်ရင်း တိုးတိုးလေး မေးလိုက်သည်။
“သခင်လေး အဆင်ပြေရဲ့လား ဘာလို့ ရုတ်တရက်ကြီး ဒီလောက် နာနေတာလဲ”
သူမ ပြောပြီးတာနဲ့ စုရှောင်းရှောင်း ရဲ့အမူအရာကရုတ်တရတ် တောင့်တင်းသွားခဲ့လေ၏။
သူမကို ချင်းလန်က လိမ်တယ်လို့ထင်ပြီးမြေပြင်ပေါ်မှာ ထိုင်ချလိုက်တုန်းက ခံစားခဲ့ရတဲ့ နှလုံးသားထဲက နာကျင်မှုကို သတိရလိုက်မိသည်။
အခု ပြန်ကြည့်လိုက်တော့ ဒါကသူမတုန်းကနဲ့တစ်ပုံစံတည်းပဲ မဟုတ်လား။
သခင်လေး... သခင်လေးကရော အဲ့ဒီလို ခံစားနေရတာလား။
ဒါဆို သခင်လေးရဲ့ နှလုံးသားထဲမှာ သူမက
သူ့ကို နာကျင်စေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာလား။
စုရှောင်းရှောင်း က ဖုန်ထူနေတဲ့ မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်ကာ လက်တစ်ဖက်က ချင်းလန် ရဲ့ နောက်ကျောကို ညင်သာစွာ ပုတ်ပေးနေပြီး နောက်လက်တစ်ဖက်ကတော့ သူ့ရင်ဘတ်ကို ညင်သာစွာဖိပေးနေလေသည်။
“ရှောင်းရှောင်း၊ ငါ မင်းကို မလျှို့ဝှက်သင့်ဘူး။ ငါ မင်းကို အထင်လွဲစေခဲ့တယ်။ တောင်းပန်ပါတယ်။ ငါက တကယ် လူဆိုးတစ်ယောက်ပါ...”
ချင်းလန် က သူ့ရင်ဘတ်ပေါ် တင်ထားတဲ့ နူးညံ့တဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးညှင်းတဲ့ အသံနဲ့ ပြောလိုက်သည်။
ဒါကို မြင်တော့ ကျောင်းအုပ်ကြီးက အနားမှာကိုပင် မနေတော့ဘဲ ထွက်သွားဖို့ ပြင်လိုက်ပြီး အလုပ်သမား အုပ်စုကိုလည်း ဆုတ်ခွာဖို့ အချက်ပြလိုက်သည်။
မကြာခင်မှာပဲ ဒီနေရာကျယ်ကြီးမှာ ချင်းလန် နဲ့ စုရှောင်းရှောင်း ပဲ ကျန်ခဲ့တော့သည်။
သူတို့ဟာ အပြင်ကမ္ဘာကို လုံးဝ မေ့နေကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ နစ်မြုပ်နေကြသလိုပင်။
“သခင်လေး၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ ဒါက ကျွန်မရဲ့ အမှားတွေပါ။ အဓိပ္ပာယ်မရှိတာတွေပြောမိတာတွေ သခင်လေးကိုရိုက်မိတာတွေ အားလုံးကျွန်မရဲ့ အမှားတွေပါ”
စုရှောင်းရှောင်း က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး မီးရောင်အောက်မှာ တလက်လက် တောက်ပနေတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပေမယ့် ဝမ်းနည်းမှုနဲ့ နောင်တရမှုတွေ လွှမ်းမိုးနေတာကြောင့် သူမ ထိန်းမနိုင်သိမ်းမရ ထပ်မံ ငိုကြွေးလိုက်သည်။
“သခင်လေး၊ ကျွန်မကို ဆူပါ ရိုက်ပါ အားလုံးက ကျွန်မရဲ့ အမှားတွေပါ မဟုတ်ရင် ဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး...”
မိန်းကလေးငယ်တွေက အလွယ်တကူ စိတ်ထိခိုက်အလွယ်ဆုံးပင် အထူးသဖြင့် စုရှောင်းရှောင်းက အခုချိန်မှာ လူကောင်းတစ်ယောက်ကို အထင်လွဲခဲ့မိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေလေသည်။
သူမက သခင်လေးရဲ့ ဒီလိုအခြေအနေမျိုးကို မမြင်ချင်ဘဲ သခင်လေးနာကျင်တာရဲ့ ဆယ်ဆပိုနာကျင်ရရင်တောင်မှ သူမက သခင်လေး အစားခံပေးလိုက်ချင်ပေသည်။
သခင်လေးသာ သက်သာလာမယ်ဆိုရင် သူမ ဘာမဆို လုပ်ပေးဖို့အသင့်ပေ။
“မငိုပါနဲ့၊ ငါ မင်းကို အပြစ်မတင်ပါဘူး။”
ချင်းလန် ကသူမရဲ့မျက်ရည်တွေကို သုတ်ပေးဖို့ ကြိုးစားပေမယ့် သူသုတ်ပေးလေလေ မျက်ရည်တွေက ဆည်ကျိုးသလို တားမရဆီးမရပိုများလာလေလေပင်။
“ကျေးဇူးပြုပြီး မငိုနဲ့တော့ ဟုတ်ပြီလား ငါ လိုချင်တာက မင်းနေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း
နေတာကိုပဲ။ မင်း ပိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လေလေ၊ ငါ့ကိုယ်ငါ ပိုပြီး အသုံးမကျဘူးလို့ ခံစားရလေလေပဲ...”