အခန်း (၂၄) စုရှောင်းရှောင်းရဲ့ အပြစ်ရှိစိတ်
အကူအညီမဲ့မှုတွေ မတရားခံရမှုတွေ စိတ်ပျက်အားငယ်မှုတွေ စတဲ့ ဝမ်းနည်းစရာခံစားချက် အမျိုးမျိုးက စုရှောင်းရှောင်း ရဲ့ နှလုံးသားထဲမှာပြည့်နှက်သွားပြီး သူမက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့လေသည်။
ဘာကြောင့်လဲ။
ဘာလို့ သခင်လေး ဖြစ်နေရတာလဲ။
သူက မိဘမဲ့ဂေဟာကို လုံးဝလက်မလျော့ခဲ့ဘူးလား၊ပြီးတော့ မိဘမဲ့ဂေဟာအကြောင်းမေးခဲ့တာက
မိဘမဲ့ဂေဟာကို အတင်းအကျပ် သိမ်းယူဖို့လား။
စတဲ့ အသက်ရှူကျပ်စရာ ခံစားချက်တွေက စုရှောင်းရှောင်း ရဲ့ ရင်ဘတ်ထဲကို ပျံ့နှံ့သွားပြီး သူမကို အလွန်နာကျင်စေခဲ့လေ၏။
ရင်နာလိုက်တာ။
ငါ အရမ်းဝမ်းနည်းတာပဲ။
တခြား သူတစ်ယောက်သာ ဖြစ်ခဲ့ရင် သူမက အခုထက် ပိုပြီး ဒေါသထွက်မိမှာပင်။
ဒါပေမဲ့ အခု မိဘမဲ့ဂေဟာကို အတင်းအကျပ် ဖြိုခိုင်းတဲ့ နောက်ကွယ်ကသူက ချင်းလန် ဆိုတာကို သူမ သိလိုက်ရတဲ့အခါ စုရှောင်းရှောင်းက ဘာကြောင့်မှန်းမသိ ရင်ထဲမှာအရမ်း နာကျင်နေခဲ့လေသည်။
လိမ်တာလား။ သစ္စာဖောက်တာလား။
ဒါမှမဟုတ် အစကတည်းက သူမက အရူးတစ်ယောက်လို လှည့်စားခံခဲ့ရတာလား။
“သခင်လေး ချင်း...”
တိုးညှင်းတဲ့ ခေါ်သံတစ်ခုက စုရှောင်းရှောင်း ရဲ့ အာရုံကို ဖမ်းစားလိုက်သည်။
သူမက မျက်ရည်တွေစီးကျနေတဲ့ ဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တဲ့အခါ ချင်းလန် က မိဘမဲ့ဂေဟာနောက်ကနေ လမ်းလျှောက်ထွက်လာတာကို တွေ့လိုက်ရသည်။
အဲ့ဒီ ရင်းနှီးပြီး ချောမောတဲ့မျက်နှာပဲ ဖြစ်နေပေမယ့် သူ့ကို ထပ်မြင်ရတဲ့အခါ စုရှောင်းရှောင်း ရဲ့ နှလုံးသားက နောင်တတွေနဲ့ ပြည့်နှက်နေသည်။
သူမက ချက်ချင်းပင် ချင်းလန်ဆီပြေးသွားခဲ့သည်။
“ရှောင်းရှောင်း၊ မင်းဒီမှာ ဒီလောက် ညဉ့်နက်တဲ့ အချိန်ကြီးကို ဘာလုပ်နေတာလဲ”
ချင်းလန် က ထိတ်လန့်သွားတဲ့ ပုံစံနဲ့ ဘေးက တစ်ဝက်တစ်ပျက် ပြိုနေတဲ့ မိဘမဲ့ဂေဟာကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ အလုပ်သမားတွေကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။
မျက်ရည်တွေက စုရှောင်းရှောင်း ရဲ့ ပါးပြင်ပေါ်မှာ
ညိတွယ်နေတုန်းပင်။
ချင်းလန် ရဲ့ ထိတ်လန့်နေတဲ့ အမူအရာကို ကြည့်ရင်း သူမရဲ့ ရင်ထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့လေသည်။
ဒီည သူမဒီကို ပေါ်လာလိမ့်မယ်လို့ သခင်လေးမျှော်လင့်ထားမှာ မဟုတ်ဘူးလို့ တွေးလိုက်မိသည်။
မဟုတ်ရင် ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရမှာလဲ။
အသဲကွဲ ရတာထက် ပိုပြီး နာကျင်စရာမရှိတော့ပေ။
ချင်းလန်က ဒီလို အကျင့်ပျက်သူဌေးတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူမ မယုံချင်ခဲ့ပေမယ့် အမှန်တရားက သူမရဲ့မျက်စိ ရှေ့မှာ ရှိနေတာကြောင့်
ငြင်းစရာ အကြောင်းမရှိတော့ပေ။
“ဘာလို့ ငိုနေတာလဲ။ ဘယ်သူက မင်းကို အနိုင်ကျင့်လိုက်တာလဲ။”
ချင်းလန် က ရင်နာနေတဲ့ ပုံစံနဲ့ လက်လှမ်းလိုက်ပြီး စုရှောင်းရှောင်း ရဲ့မျက်ရည်တွေကို သုတ်ပေးဖို့ လုပ်လိုက်သည်။
စုရှောင်းရှောင်း က သစ္စာဖောက်ခံလိုက်ရတာ နဲ့ အရင်က ချင်းလန် သူ့အပေါ်ကောင်းခဲ့တာ တွေကြားမှာ စိတ်က ရုန်းကန်နေခဲ့လေသည်။
သူမက ဒေါသကို အစွမ်းကုန်ဖိနှိပ်ထားခဲ့ပြီး ချင်းလန် ကို လက်သည်းနဲ့ ကုတ်လိုက်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခု သူ့ရှေ့မှာရပ်နေတဲ့အခါ သူမရဲ့ မကျေနပ်ချက်တွေ အားလုံးကို လက်သီးဆုပ်ပြီးသာ ဖော်ထုတ်လိုက်တော့သည်။
“ဘာလို့လဲ။ ဘာလို့ ရှင် ဖြစ်နေရတာလဲ၊ ဘာလို့ မိဘမဲ့ဂေဟာကို ဖြိုခိုင်းရတာလဲ၊ ကလေးတွေ နောက်ဆုံးတော့ နေစရာလေး ရခဲ့တာကို ဘာလို့
ဒီမြေလေးကို လောဘတက်နေရတာလဲ”
ဝမ်းနည်းမှုတွေ ဒေါသတွေ နဲ့ ပြည့်နေတဲ့ စုရှောင်းရှောင်းက ချင်းလန် ရဲ့ ရင်ဘက်ကို သူမရဲ့ လက်သီးသေးသေးလေးတွေနဲ့ ထုရိုက်နေခဲ့လေသည်။
မျက်ရည်တွေက သူမရဲ့ ပါးပြင်ပေါ်ကို စီးကျလာပြီး ညရဲ့မီး အလင်းရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့သည်။
“ရှင် လူယုတ်မာ၊ လူဆိုးကြီး တခြားသူတွေ ပြောတာ မှန်တယ်၊ ရှင်တို့လို သူဌေးသားတွေက လူတွေကို ကစားရတာကိုပျော် နေကြတာ ။ ဘာလို့ ကျွန်မကို အနိုင်ကျင့်ရတာလဲ၊ ဘာလို့လဲ။”
ချင်းလန်က တမင်ပင် မတားဆီးပဲသူ့ရင်ခွင်ထဲက စုရှောင်းရှောင်း ကို ထုရိုက်ခွင့်ပေးခဲ့သည်။ သူက သူမကို မတားရုံသာမက တမင်တကာ ရင်ဘတ်ကိုပါ ကော့ထားပေးလိုက်သည်။
ဆက်ထုလိုက် ထုလိုက်။
ပိုပြီး ပြင်းပြင်း ထုချလိုက်။
မင်း ပိုပြီးလုပ်လေလေ၊ အမှန်တရားကို သိတဲ့အခါကျရင် ပိုပြီး အပြစ်ရှိသလို ခံစားရလေပဲပေါ့။
သူ့ရင်ခွင်ထဲက စုရှောင်းရှောင်း အားကုန်လုနီးနီး
ဖြစ်သွားတဲ့အခါ ချင်းလန် က သူမရဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်နဲ့ ဆွဲကိုင်လိုက်ပြီး ဝမ်းနည်းကြေကွဲတဲ့ ပုံစံနဲ့
“ရှောင်းရှောင်း၊ မင်း ဘာတွေပြောနေတာလဲ ကိုယ်က မိဘမဲ့ဂေဟာရဲ့ မြေကိုမတရားသိမ်းလိုက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”
လို့ မေးလိုက်သည်။
စုရှောင်းရှောင်း ရဲ့ မျက်နှာလှလှလေးက အလွန်အမင်းဒေါသထွက်နေ တာကြောင့်နီရဲ
နေလေသည်။
သူမရဲ့ အိပ်မက်ထဲမှာ မရေမတွက်နိုင်အောင် နီးစပ်ခဲ့တဲ့ ချောမောတဲ့ မျက်နှာကို အနီးကပ် မြင်လိုက်ရတော့ ပိုပြီးနာကျင်သွားလေသည်။
သူမက ပျက်စီးနေ တဲ့နေရာကို လက်ညှိုးထိုးပြပြီး
“မိဘမဲ့ဂေဟာက ဒီလိုမျိုး ဖြိုခံထားရပြီးပြီလေ အမှန်တရားက ကျွန်မ ရှေ့မှာ ရှိနေတာကို ဘာတွေ ရှင်းပြစရာ ရှိသေးလို့လဲ အစကတည်းက ရှင် ကျွန်မကိုဟိုမှာလာနေဖို့ ပြောကတည်းကဒီမြေကို အတင်းအကျပ် သိမ်းဖို့ စီစဉ်ပြီးသား မဟုတ်ဘူးလား”
သူမက ဒီလိုတွေးမိတာ မဆန်းပေ သူမကရှေးခေတ် ကြွေအိုး ကိုကျကွဲအောင်လုပ်မိတုန်းက ချင်းလန် ရဲ့ ပထမဆုံး လုပ်ခိုင်းတာက ကျောင်းအုပ်ကို ဒီမြေကို ဈေးပေါပေါနဲ့ ရောင်းချဖို့ ဆွဲဆောင်ခိုင်းခြင်း ဖြစ်သည်။
နောက်ဆုံးတော့ သူတို့အားလုံးက စီးပွားရေးသမားတွေပဲ။
တခြား ရွေးချယ်စရာမရှိတော့ အတင်းအကျပ် ဖြိုခိုင်းလိုက်တာပေါ့။
ကျောင်းအုပ်က သူမကိုအရေးတကြီး ဖုန်းခေါ်ပြီးတော့ အဆင်ပြေတယ်လို့ ပြန်ပြောပြီး ရုတ်တရက် ဖုန်းချပစ်လိုက်တာကလည်း သူမကို ချင်းလန် ကို မနှောင့်ယှက်စေချင်လို့ပဲ ဖြစ်ရပေမည်။
အရာအားလုံးက ရုတ်တရက် ရှင်းရှင်းလင်းလင်း ဖြစ်သွားလေသည်။
ချင်းလန် က ဘာမှ မပြောဘဲတိတ်ဆိတ်စွာနေခဲ့ပြီး
စုရှောင်းရှောင်း ရဲ့ဒေါသကို ခံနေလေသည် သူမက သူ့ကို လက်ညှိုးထိုးပြီးအော်ဟစ် နေချိန်မှာတောင် သူက စကားတစ်ခွန်းမှ မပြောခဲ့ပေ။
စုရှောင်းရှောင်း စိတ်ငြိမ်သွားမှ သူက မျက်ခုံးတွေ တွန့်ချိုးလျက် နာကျင်တဲ့ အမူအရာနဲ့ ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ရယ်လိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောလာလေသည်။
“ရှောင်းရှောင်း၊ မင်း တကယ်ပဲ ကိုယ့်ကို မြေတစ်ကွက်ရဲ့ အကျိုးအမြတ်လေးအတွက် မင်းကို လိမ်ညာမယ့် အတ္တကြီးပြီး ရက်စက်တဲ့သူလို့ ထင်နေတာလား”
စုရှောင်းရှောင်း ရဲ့ နှလုံးသားက ခုန်သွားပြီး သူမက တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရကာ မသိစိတ်က နည်းနည်းပျော့ပျောင်းသွားခဲ့လေသည်။
ဒါပေမဲ့ သူမက အတင်းအကျပ် ဖြိုချခံထားရတဲ့ မိဘမဲ့ဂေဟာကို လှည့်ကြည့်လိုက်တဲ့အခါ သူမက စိတ်ကို မာကျောလိုက်ပြီး
“မဟုတ်ဘူးလား ရှင်က ဒီမှာ ဆင်ခြေတွေဆက်ပေးနေဦးမှာလား” လို့ ပြန်အော်လိုက်လေသည်။
သူတို့နှစ်ဦး ရန်ဖြစ်နေတာက အလုပ်သမားအများအပြားရဲ့ အာရုံကို ဆွဲဆောင်ခဲ့ပြီး ဆံပင်ဖြူ ကျောင်းအုပ်ကြီး တစ်ဦးလည်း ပါဝင်ခဲ့သည်။
“ရှောင်းရှောင်း၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
ကျောင်းအုပ်ကြီး က ရှောင်းရှောင်း ကို မြင်တော့
ပြုံးလိုက်လေသည်။
ဒါပေမဲ့ ပိုနီးလာတဲ့အခါ အခြေအနေကို သတိထားမိသွားပြီး
“သခင်လေး ချင်း၊ ရှောင်းရှောင်း၊ မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ ရန်ဖြစ်ကြတာလား”
လို့ သံသယဖြစ်စွာ မေးလိုက်သည်။
“ကျောင်းအုပ်ကြီး ဘာမှမကြောက်နဲ့။ ကျွန်မတို့ဘက်က မှန်တယ်။ လူတွေ သိသွားရင်တောင် ကျွန်မတို့ ကြောက်စရာမလိုဘူး”
စုရှောင်းရှောင်း က ကျောင်းအုပ်ကြီးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး အတူတူ ရပ်လိုက်ကာ နှုတ်ခမ်းကို ကိုက်ထားပြီး သူမရဲ့ ဆုံးဖြတ်ချက်ကို မယိမ်းယိုင်ခဲ့ပေ။
သူမရဲ့ မျက်လုံးလှလှလေးတွေမှာ ပြတ်သားတဲ့ အကြည့်တစ်ခု ရှိနေ၏။
အဲ့ဒီနေ့က သူမ ချင်းလန် ရဲ့ ရှေ့မှာ ရပ်နေပြီး ချိုက်ယုံ ရဲ့ ပါးရိုက်တာကို ခံခဲ့ရတုန်းကလို အကြည့်မျိုးပင်။
သူမ မကြောက်ပေ။
ဘာလို့လဲဆိုတော့ သူမက မတရားဘူးလို့ခံစားရပြီးတော့ သူမ လုပ်ခဲ့တာ မှန်တယ်လို့ ယုံကြည်လို့ပဲ။
“ဘာကို ကြောက်ရမှာလဲ။ ရှောင်းရှောင်း၊ မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ သခင်လေး ချင်း က လူဆိုးတစ်ယောက်လို ဘာလို့ပြော နေရတာလဲ”
ကျောင်းအုပ်ကြီး က ခါးခါးသီးသီး ပြုံးလိုက်သည်။
စုရှောင်းရှောင်း က နားမလည်တဲ့ ပုံစံနဲ့ ဖြိုခံထားရတဲ့ မိဘမဲ့ဂေဟာကို လက်ညှိုးထိုးပြပြီး
“သူကတကယ်ပဲ လူဆိုးမဟုတ်ဘူးလား မိဘမဲ့ဂေဟာကိုတောင် အတင်းအကျပ် ဖြိုပစ်ခဲ့တာကို။”
ကျောင်းအုပ်ကြီး က မျက်မှောင်ကြုတ်လိုက်ပြီး
“ရှောင်းရှောင်း၊ မင်း ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောနေရတာလဲ အတင်းအကျပ် ဖြိုခိုင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ငါတို့ မိဘမဲ့ဂေဟာက နှစ်တွေတော်တော်ကြာနေပြီး အန္တရာယ်ရှိတဲ့ အဆောက်အအုံ ဖြစ်နေပြီ။ ဖြိုပစ်တာက ဖြစ်သင့်တဲ့ ကိစ္စပဲ။”
“ဒါ့အပြင် သခင်လေး ချင်း က နေရောင်ခြည် ရပ်ကွက် မှာ တိုက်ခန်းတစ်ခုကို မိဘမဲ့ဂေဟာ အသစ်အဖြစ် သုံးဖို့ ဝယ်ပေးပြီးပြီ အရွယ်အစားက ဒီ့ထက် လေးငါးဆလောက် ပိုကြီးတယ်။ အခုကစပြီး ကလေးတိုင်း ကိုယ်ပိုင် အခန်းလေးတွေ ရှိလာတော့မှာ။”
သူက ပြောရင်းနဲ့ ချင်းလန် ပေးထားတဲ့ စာချုပ်ကို ပေးလိုက်ပြီး ကြင်နာစွာ ပြုံးလိုက်သည်။
“သခင်လေး ချင်း ကူညီပေးတာက ငါတို့ နေရောင်ခြည် မိဘမဲ့ဂေဟာ ရဲ့ ကံကောင်းခြင်းပါပဲ။ ဒီစာချုပ်ကိုတော့ ကျွန်မတို့ တကယ် လက်မခံနိုင်ဘူး၊ ဒါက တန်ဖိုးအရမ်းကြီးတယ်၊ ယွမ်သန်းငါးဆယ်ကျော် တန်တယ်။ ကျွန်မတို့ မိဘမဲ့ဂေဟာ ဆယ်ခုလောက်ဆိုရင်တောင် ဒီလောက် တန်မှာ မဟုတ်ဘူး။”