အခန်း (၂၁၇) ကံကြမ္မာရှင် ကျိုးဟောင်
တခြားတစ်ဖက်တွင်မူ ချူမိသားစုဗီလာမှ ထွက်ခွာလာပြီးနောက် ကျွင်းဇီသည် ကားမောင်းနေရင်း စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်နေလေသည်။ သူက သိချင်စိတ်ဖြင့် “သခင်လေး… ချူမုန်ယောင်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားဖို့ လိုမလားဗျ” ဟု မေးမြန်းလိုက်၏။
ယနေ့ သူမ၏ ပြုမူပုံကို ကြည့်ရသည်မှာ အရာအားလုံးကို အကုန်အစင် ဖော်ထုတ်ချင်ပုံ မရပါချေ။ မဟုတ်လျှင် သူမသည် သခင်လေးအတွက် အတွင်းသတင်းအချို့ကို ဖုံးကွယ်ပေးထားမည် မဟုတ်ပေ။
“သူမကို စောင့်ကြည့်နေဖို့ မလိုပါဘူး။ သူမအတွက်နဲ့ လူအင်အား ဖြုန်းတီးနေစရာ မလိုဘူး၊ လောလောဆယ် သူမကို ဂရုစိုက်နေဖို့ မလိုတော့ဘူး”
ချူမုန်ယောင်သည် သူမ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပြီ ဖြစ်လေသည်။ အခုတော့ ကိစ္စတွေ ဆက်ဖြစ်လာမှာကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
သူမအပေါ်မှာပဲ အချိန်နဲ့ အင်အားတွေ အကုန်ပုံအောနေလို့ မဖြစ်ပါချေ။
ကိုယ့်အလုပ်ကိုယ် လုပ်ရမည် မဟုတ်ပါလား။
ကျွင်းဇီ ပြောသလိုပင် ချူမုန်ယောင်သည် ယနေ့တွင် အခြေအနေကို အဆုံးစွန်အထိ တွန်းပို့ခြင်း မပြုခဲ့ပါချေ။ မဟုတ်လျှင် အဆုံးသတ်က လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
“ထျန်ဟိုင် တက္ကသိုလ်ကို အရင်သွားရအောင်။ ပါမောက္ခကျိုး ကို ခေါ်ပြီး ကျိုးဟောင် ရှိတဲ့ မှောင်ခိုမိုင်းတွင်းဆီ သွားမယ်။ သူနဲ့ နောက်ဆုံးအကြိမ် ညှိနှိုင်းကြည့်ရအောင်၊ ဒီလောက်အထိ အချိန်အတော်ကြာ ဒုက္ခရောက်နေတာတောင် သူ စိတ်ပြောင်းသွားပြီလား ဆိုတာ သိချင်တယ်”
ဂေဟာမှူး အဖွား ထံမှ တစ်ဆင့် သူ တစ်ခုခုကို ရိပ်မိခဲ့လေသည်။ တစ်ခုခုက တဖြည်းဖြည်းချင်း တိုးတက်လာနေပုံရ၏။
ကျိုးဟောင်၏ ကိစ္စကို ကြိုတင် ကိုင်တွယ်ထားရန် လိုအပ်ပေသည်။ နောက်ပိုင်း အချိန်အကန့်အသတ်ရှိသော အဖြစ်အပျက်များနှင့် ကြုံလာရလျှင် သူက တုံ့ပြန်မှု နှေးကွေးနေပါက ပြဿနာ တက်နိုင်သောကြောင့် ဖြစ်လေသည်။
ကျွင်းဇီက “ဟုတ်ကဲ့” ဟု ပြောကာ မေဘက်ခ် ကားကြီးကို ထျန်ဟိုင် တက္ကသိုလ်ဆီသို့ ချောမွေ့စွာ မောင်းနှင်သွားတော့သည်။ ကျောင်းရှေ့တွင် အလွန်လှပသော ပါမောက္ခမလေးကို တင်ဆောင်ပြီးနောက် ကျိုးဟောင် ရှိရာ မှောင်ခိုမိုင်းတွင်းဆီသို့ ဦးတည်လိုက်လေသည်။
…
လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ သီးသန့်အခန်းအတွင်း၌ ခေါင်းတုံးဆံတောက်ဖြင့် ကျိုးဟောင်သည် မှောင်ခိုမိုင်းတွင်းမှ “ကိုယ်ရံတော်” များ၏ စောင့်ရှောက်မှုဖြင့် ရောက်ရှိလာလေသည်။
သူသည် အလွန်အမင်း ချောမောခန့်ညားနေသူတော့ မဟုတ်ပါချေ၊ သာမန်ရုပ်ရည်သာ ရှိလေသည်။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်တော့ ပြင်းထန်သော ယုံကြည်ချက်များ ကိန်းအောင်းနေတော့သည်။
တရားမဝင် မိုင်းတွင်းများတွင် နားရက်မရှိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည့် အဆိုးရွားဆုံး အချိန်များတွင်ပင်
ထိုအရာက သူ၏ ယုံကြည်မှုနှင့် အတွင်းအားကို လျော့ကျသွားစေခြင်း မရှိပါချေ။
တစ်နေ့တွင် သူသည် ဤအခက်အခဲများမှ လွတ်မြောက်သွားပြီး တရုတ်နိုင်ငံတစ်ဝှမ်း ကျော်ကြားသည့် စူပါစတားတစ်ဦး ဖြစ်လာမည်ဟု သူ ယုံကြည်ထားလေသည်။
“ကျိုးဟောင်.. ထိုင်ပါဦး”
ချင်းလန်က ပြုံးလျက် ကျိုးဟောင်ကို ထိုင်ရန် လက်ယမ်းပြလိုက်လေသည်။
မည်မျှပင် ဖျောင်းဖျရခက်ပါစေ၊ သူတို့သည် အတိတ်က သိကျွမ်းခဲ့သူများ ဖြစ်သဖြင့် အပြင်ပန်းတွင်တော့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် လိုအပ်ပေသည်။
ကျိုးဟောင်သည် ဘာမှ မဖြစ်သလိုမျိုး အေးအေးဆေးဆေးပင် ထိုင်လိုက်လေသည်။ တကယ်တော့ သူ၏ ပုံစံမှာ မာနထောင်လွှားနေပြီး ချင်းလန်ကို အထင်ကြီးပုံ မရပါချေ။
အမှန်စင်စစ် သူသည် ချင်းလန်ကို အရေးပါသူတစ်ဦးအဖြစ် မသတ်မှတ်ထားပါချေ။
တစ်ဖက်တွင်လည်း သူ၏ လက်ရှိ အနေအထားအရ ချင်းလန်၏ အဆင့်အတန်းကို သူ မသိနိုင်ပါချေ။ အခြားတစ်ဖက်တွင်မူ ချင်းလန်သည် ‘မှိုအိမ်’ အစီအစဉ်တွင် ပါဝင်ခဲ့သဖြင့် အွန်လိုင်းတွင် လူသိများနေသော်လည်း ကျိုးဟောင်မှာ မှောင်ခိုမိုင်းတွင်းတွင် အချိန်အကန့်အသတ်ဖြင့် ပိတ်မိနေသဖြင့် ဖျော်ဖြေရေး သတင်းများကို လုံးဝ မသိရှိနိုင်ပေ။
ကျိုးဟောင်အတွက် အင်တာနက် သုံးခွင့်ရဖို့တောင် ခက်ခဲလှပေသည်။ သုံးခွင့်ရလျှင်ပင် ဘာဖြစ်သနည်း။
‘မှိုအိမ်’ အပိုင်းက အခုထိ အချောမသတ်ရသေးပေ။
ထိုစဉ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့သူများမှလွဲ၍ ချင်းလန်ကို မည်သူ မှတ်မိပါဦးမည်နည်း။
ချင်းလန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အွန်လိုင်းတွင် အလွယ်တကူ ရှာမတွေ့နိုင်ပါချေ။ နယ်ပယ်အတွင်းရှိ လူအချို့၏ တဆင့်စကားမှလွဲ၍ အခြားသူများအတွက် ဤအမည်ကို သိရန် ခက်ခဲလှပေသည်။
“မင်းက နောက်ကွယ်ကနေ အမိန့်ပေးနေတဲ့ စီအီးအို ချင်း လား။ ငါ့ရဲ့ ဝတ္ထုဇာတ်ညွှန်းကို အပိုင်ဝယ်ချင်တာလား” ကျိုးဟောင်က သံသယဖြင့် မေးမြန်းလိုက်ပြီးနောက် လက်ကို လျှော့ချလိုက်ကာ “အရင်ကတော့ စီးပွားရေး လုပ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ရှိရမယ်လို့ ငါ ထင်ခဲ့တာ။ ဒီနယ်ပယ်ကို မသိတဲ့ အပြင်လူတစ်ယောက်ကို လွှတ်ပြီး ဇာတ်ညွှန်းကို အပိုင်ဝယ်ဖို့ပဲ လာပြောနေတော့ ငါသဘောမတူနိုင်တာပေါ့” ဟု ဆိုလိုက်၏။
“ဒါပေမဲ့ အခု မင်းကိုယ်တိုင် လာပြောမှတော့ ငါ မင်းကို မျက်နှာသာပေးရမှာပေါ့ မဟုတ်လား”
ခဏတာ တွေ့ဆုံပြီးနောက် ကျိုးဟောင်သည် ချင်းလန်ကို ပိုက်ဆံဖြုန်းတီးတတ်သည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးအဖြစ် သတ်မှတ်လိုက်လေသည်။ သူ၏ နုပျိုသော မျက်နှာနှင့် ဘေးတွင် ထိုင်နေသည့် အလွန်လှပသော အမျိုးသမီးကို ကြည့်ရုံနှင့်တင် သူဌေးသားမှန်း သိသာလှပေသည်။
သူ၏ ရင်ထဲတွင်မူ ဤသူဌေးသားကို အသုံးချပြီး ပိုက်ဆံလိမ်ယူနိုင်မည့် အခွင့်အရေး ရပြီဟုပင် တွေးနေမိတော့သည်။
ချင်းလန်က သဘောကျသွားကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။ “မင်း ကတော့ နောက်နေပြန်ပြီ။ အပြင်လူ ဆိုတာ ဘာကို ပြောတာလဲ။ အဲ့ဒီတုန်းက ငါ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ငါ့တပည့်တွေကိုပဲ လွှတ်လိုက်တာပါ”
“အခု ငါ အားသွားပြီဆိုတော့ ကိုယ်တိုင် လာခဲ့တာပေါ့”
“ဒါနဲ့ မင်းရဲ့ အခြေအနေက မကောင်းဘူးလို့ ငါ ကြားတယ်နော်။ မှောင်ခိုမိုင်းတွင်းမှာ အကျယ်ချုပ် မိနေတာဆို။ အနည်းဆုံး ခြောက်လလောက်တော့ မင်း အပြင်ထွက်ရမှာ မဟုတ်ဘူး”
“ဘာလဲ… မင်း ဒီလို ငရဲခန်းကနေ လွတ်မြောက်ဖို့ ငါ့ရဲ့ အဆက်အသွယ်တွေကို မသုံးချင်ဘူးလား”
ကျိုးဟောင် အလုပ်လုပ်နေသည့် တရားမဝင် မိုင်းတွင်းမှာ အနည်းငယ် ထူးခြားလေသည်။ ၎င်းတွင် အင်အားကြီးသော နောက်ခံနှင့် လူမိုက်များ ရှိသော်လည်း ကိုယ်ကျင့်တရား စံနှုန်းအချို့တော့ ရှိကြသေးသည်။
သူတို့သည် လူတွေကို ခြောက်လကြာ အတင်းအကျပ် ခိုင်းစေပြီးမှ ပြန်လွှတ်ပေးလေ့ ရှိသလို ထိုအချိန်တွင် လုပ်အားခများကိုလည်း ပုံမှန်အတိုင်း ပေးလေ့ရှိသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် လုပ်အားကို အမြတ်ထုတ်နေခြင်းသာ ဖြစ်ပြီး ပြောင်ပြောင်တင်းတင်း လိမ်လည်နေခြင်းတော့ မဟုတ်ပါချေ။
သေချာတာပေါ့၊ အရေးကြီးဆုံးအချက်ကတော့ ထွက်ပြေးဖို့ ကြိုးစားသူ သို့မဟုတ် အလုပ်လုပ်ဖို့ ငြင်းဆန်သူတွေကိုတော့ ပြင်းထန်စွာ အပြစ်ပေးလေ့ ရှိကြသည်။
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် ၏ စိတ်လှုပ်ရှားမှု ပြင်းထန်လာပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် +၂၀၀၀ ရရှိခဲ့ပါသည်”
ချင်းလန်၏ အေးအေးလူလူ ရှင်းပြချက်ကို နားထောင်ရင်း ကျိုးဟောင်၏ ရင်ထဲတွင် နာကျင်သွားရသည်။ သူသည် ပတ်တီး စည်းထားဆဲ ဖြစ်သော သူ၏ လက်သန်းလေးကို မသိမသာ ငုံ့ကြည့်လိုက်မိသည်။ ထွက်ပြေးဖို့ ကြိုးစားစဉ်က အချိုးခံခဲ့ရခြင်း ဖြစ်လေသည်။
ဒါကြောင့်လည်း သူ နောက်ထပ် မပြေးရဲတော့ခြင်း ဖြစ်သည်။
ဤမှောင်ခိုမိုင်းတွင်း၏ ကျော်ကြားမှုကို သူ သိထားသဖြင့် လောလောဆယ်တွင် ထိုအင်အားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူ၏ အင်အားက မလုံလောက်သေးပါချေ။ ခြောက်လကြာအောင်သာ အလျှော့ပေးနေရမည် ဖြစ်သည်။ တစ်နေ့ သူ လွတ်မြောက်သွားပြီး အာဏာရှိလာသည့်အခါတွင်တော့ သေချာပေါက် အဆပေါင်း ထောင်ချီပြီး ကလဲ့စားချေပစ်မည်ဟု ဆုံးဖြတ်ထားလေသည်။
ကျိုးဟောင်သည် တံခါးဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းလန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။ အပြင်ကလူတွေ နားထောင်နေနိုင်ကြောင်း သတိပေးလိုက်သလိုမျိုးပင်။
“မင်းရဲ့ ကိုယ်ရံတော် နှစ်ယောက်အတွက် စိတ်ပူမနေပါနဲ့။ သူတို့ကို ရှင်းထုတ်ထားပြီးသားပါ။ ငါ ဒီမှာ ရှိနေသရွေ့တော့ မိုင်းတွင်းပိုင်ရှင်လေး တစ်ယောက်က ဘာပြဿနာမှ မရှာနိုင်ပါဘူး”
ဒေသခံ လူမိုက်လောကတွင် ဩဇာရှိသော ကျောက်မီးသွေး မိုင်းတွင်းပိုင်ရှင် ဆိုသည်မှာ ကျိုးဟောင်အတွက်တော့ တောင်ကြီးတစ်လုံးလို ဖြစ်နေပေလိမ့်မည်။ သို့သော် ချင်းလန်အတွက်မူ…
လက်ညှိုးတစ်ချောင်းနှင့်တင် အဲ့ဒီလိုလူ ဆယ်ယောက်လောက်ကို ဖိခြေပစ်နိုင်လေသည်။
“ကောင်းပြီလေ၊ ဝတ္ထုဇာတ်ညွှန်းကို အပိုင်ရောင်းမယ်။ သုံးနှစ်သက်တမ်းပဲ၊ ငွေသား သန်းငါးဆယ် ပေးရမယ်၊ ပြီးတော့ ငါ့ကို ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်ပေးရမယ်”
ကျိုးဟောင်က လက်ငါးချောင်း ထောင်ပြကာ အဆမတန်သော ဈေးနှုန်းကို တောင်းဆိုလိုက်လေသည်။
ဘေးတွင် ရပ်နေသည့် ကျိုးဇယ်ချင်းပင်လျှင် ထိုစကားကို ကြားလိုက်ရသည့်အခါ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားရသည်။
ငွေသား သန်းငါးဆယ် တဲ့လား။ သုံးနှစ်သက်တမ်း အပိုင်ရောင်းတာကိုလား။
ဒါ့အပြင် အပို တောင်းဆိုချက်တွေလည်း ပါသေးတယ်ပေါ့။
မင်းက ဓားပြတိုက်နေတာလား။ ဒီလောက် ဈေးကြီးတဲ့ ဇာတ်ညွှန်းမျိုး ဘယ်မှာ ရှိလို့လဲ။
ဤကမ္ဘာတွင် ဖျော်ဖြေရေးလောကမှာ အလွန်အမင်း တိုးတက်နေခြင်း မရှိပါချေ။ သန်းချီပေးရသော ဇာတ်ညွှန်းဆိုလျှင်ပင် နာမည်ကြီး ဇာတ်လမ်းဟု သတ်မှတ်ခံရပြီး သန်းငါးဆယ်တန် ဇာတ်ညွှန်းဆိုသည်မှာ ထိပ်တန်း အဆင့်ပင် ဖြစ်လေသည်။
သူမသည် ဈေးလျှော့ရန် ကူညီပေးသည့် အနေဖြင့် “စီအီးအို ကျိုး… ရှင့်ရဲ့ ဈေးက နည်းနည်း များမနေဘူးလား” ဟု ဆိုလိုက်၏။
“ရှင့်ရဲ့ ဇာတ်ညွှန်းကို ကျွန်မ ဖတ်ဖူးပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းပြီး ထူးခြားတာ မှန်ပေမဲ့ တချို့သော စကားလုံးတွေနဲ့ ဇာတ်ကွက်တွေက ရုပ်ရှင်ရိုက်ကူးဖို့ မသင့်တော်ဘူးလို့ ထင်တယ်”
ကျိုးဇယ်ချင်းသည် ဇာတ်ညွှန်းထဲက တချို့ ဇာတ်ကွက်များကို အကြောင်းပြကာ ဈေးလျှော့ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အခြား အကြောင်းပြချက် မရှိပါချေ။ မကြာသေးမီကပင် “အလင်းတန်း” ဇာတ်ကားမှာပင် ပြဿနာတက်ခဲ့ပြီး အပိုင်းအလိုက် ဖြတ်တောက်ခံခဲ့ရသည် မဟုတ်ပါလား။ ကျိုးဟောင်၏ “ထန်မင်းဆက်က နဂါးညီနောင်” ဇာတ်လမ်းဆိုလျှင်ကော။
ဇာတ်ကွက်တွေ အများကြီး ဖြတ်တောက်ခံရမှာ သေချာလှပေသည်။
“မင်းက ဘယ်သူလဲ” ကျိုးဟောင်၏ မျက်ဝန်းထဲတွင် အံ့ဩမှုများ ပေါ်လာလေသည်။
သူ မထင်ထားသည်မှာ ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်၏ ဘေးတွင် ကပ်နေသော အမျိုးသမီး တစ်ဦးသည် အပြင်ပန်းတွင် မာနထောင်လွှားနေခြင်း မရှိဘဲ ပညာတတ် ဆန်ဆန်နှင့် ယဉ်ကျေးသိမ်မွေ့နေခြင်း ဖြစ်လေသည်။
၎င်းက သူ့ကို တော်တော်လေး အံ့အားသင့်သွားစေသည်။
“ကျွန်မ နာမည်က ကျိုးဇယ်ချင်း ပါ” ဟု သူမက အေးဆေးစွာ ဖြေကြားလိုက်၏။
“ဆွေမျိုးတွေပဲကိုး” ကျိုးဟောင်က သဘောကျစွာ ရယ်မောလိုက်သည်။ “မိန်းကလေးကျိုး… မိန်းကလေး ပြောတဲ့ အချက်တွေက စိုးရိမ်စရာ ကောင်းတာ မှန်ပေမဲ့ ကျွန်တော် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်”
“ရုပ်ရှင်ရိုက်လို့ရတဲ့ အပိုင်းတွေကတင် သန်းငါးဆယ်ထက် အများကြီး ပိုတန်ဖိုးရှိပါတယ်”
“ကျွန်တော်ကတော့ ဈေးပြောပြီးပြီ။ စီအီးအို ချင်း အနေနဲ့ သဘောတူလား၊ မတူဘူးလား ဆိုတာကတော့ သူ့အပိုင်းပေါ့”
“ဒါ့အပြင် အပိုင်ဝယ်တာ ဖြစ်ပေမဲ့ ဝတ္ထုရဲ့ မူပိုင်ခွင့်ကိုတော့ ကျွန်တော် ဆက်ပြီး ပိုင်ဆိုင်ထားမယ်။ ပြီးတော့ အပိုင်းတိုင်းရဲ့ အစမှာ မူရင်း ရေးသားသူအဖြစ် ကျွန်တော့်ရဲ့ ကလောင်အမည်ကို ထင်ထင်ရှားရှား ထည့်ပေးရမယ်”
ကျိုးဟောင်သည် ဤအချက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုနေခြင်း ဖြစ်သည်။ သူ၏ စနစ်မှာ ကျော်ကြားမှု အမှတ်များအပေါ် အခြေခံထားသောကြောင့် ဖြစ်လေသည်။
နာမည်မကြီးဘဲ ကျော်ကြားမှု အမှတ်တွေ မရလျှင် သူသည် အတိတ်ဘဝက အမှတ်တရများကို သေသေချာချာ ပြန်လည် ဖော်ထုတ်နိုင်မည် မဟုတ်ပါချေ။
ကျိုးဇယ်ချင်းသည် ဘာမှ ထပ်မပြောဘဲ ချင်းလန်ကို လှမ်းကြည့်လိုက်သည်။ ချင်းလန်မှာလည်း နှုတ်ဆိတ်နေသော်လည်း စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေသည်ကို တွေ့ရသဖြင့် သူ ဘာတွေးနေသလဲဆိုတာကို သူမ ခန့်မှန်း၍ မရပါချေ။
“သန်းငါးဆယ် ဆိုတဲ့ ဈေးက တကယ်တော့ မများပါဘူး” ချင်းလန်က အေးအေးလူလူ ဆိုလိုက်လေသည်။ “ဈေးနှုန်းအတွက်တော့ မင်း စိတ်ပူစရာ မလိုပါဘူး။ သန်းငါးဆယ် နေနေသာသာ သန်းငါးရာ၊ သန်းငါးထောင် ဆိုရင်တောင် ငါ ပေးနိုင်တယ်”
ကျိုးဟောင် စကားမပြောရသေးခင်မှာပင် သူက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဈေးနှုန်း တိုးလိုက်မယ်ဆိုရင်တော့ ငါ ဝယ်ချင်တာက ဒီဇာတ်ညွှန်း တစ်ခုတည်း မဟုတ်တော့ဘူး။ မင်း တစ်သက်လုံး ရေးမယ့် ဝတ္ထုတွေ၊ သီချင်းတွေ၊ ကာတွန်းတွေ အားလုံးရဲ့ မူပိုင်ခွင့်ကို ငါ အပိုင်ဝယ်ချင်တာ”
ကျိုးဇယ်ချင်း၏ လှပသော မျက်ဝန်းလေးများမှာ ပြူးကျယ်သွားရကာ ချင်းလန်၏ စကားကြောင့် သူမ မှင်သက်သွားရတော့သည်။
ချင်းလန် ရူးသွားပြီဟု သူမ ထင်မိသွားသည်။
သန်းငါးရာ ပေးပြီး ကျိုးဟောင်ရဲ့ မူပိုင်ခွင့်တွေ အားလုံးကို အပိုင်ဝယ်မယ် ဟုတ်လား။
ကျိုးဟောင်က တစ်သက်လုံးမှာ “ထန်မင်းဆက်က နဂါးညီနောင်” ထက် သာတဲ့ လက်ရာတွေကို အခု တစ်ရာလောက် ဖန်တီးနိုင်မယ်လို့ သူ ထင်နေတာလား။
လူ့ဦးနှောက်မှာ အကန့်အသတ် ရှိတယ်လေ။ ကမ္ဘာပေါ်က အတော်ဆုံး ဖန်တီးရှင်တွေတောင် ဒီလောက်အထိ အများကြီး မထုတ်လုပ်နိုင်ပါချေ။
“စိတ်မပူပါနဲ့၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်” ချင်းလန်က ကျိုးဇယ်ချင်း၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်လေသည်။
သူ ပိုက်ဆံ သုံးချင်ရသည့် အကြောင်းရင်း ရှိလေသည်။
ကျိုးဟောင်သည် ထူးခြားသူ တစ်ဦး ဖြစ်သည်။ သူ၏ အတိတ်ဘဝက အမှတ်တရတွေ ရှိနေသည် မဟုတ်ပါလား။ သူက မှတ်ဉာဏ်အသီး ကို စားသုံးလိုက်လျှင် အတိတ်ဘဝက နာမည်ကြီးခဲ့တဲ့ လက်ရာတွေကို အရည်အသွေး ကောင်းကောင်းနဲ့ အဆက်မပြတ် ထုတ်လုပ်ပေးနိုင်မှာ သေချာလှပေသည်။
သေချာတာပေါ့၊ ချင်းလန် ကိုယ်တိုင်လည်း မှတ်ဉာဏ်အသီး ကို စားပြီး ထိုသို့ လုပ်နိုင်စွမ်း ရှိလေသည်။
ဒါပေမဲ့ ခိုးချတဲ့သူမှာတောင် အချိန်လိုသည် မဟုတ်ပါလား။ ရေးသားဖို့ အချိန်ပေးရဦးမည်။
အဲ့ဒီအစား သန်းငါးရာ ပေးပြီး ကျိုးဟောင်ကို ခိုင်းစားလိုက်တာက ပိုကောင်းသည် မဟုတ်ပါလား။
သူကတော့လား။
သူ ခိုးချနေမယ့် အချိန်မှာတင် တခြားကိစ္စတွေ လုပ်ပြီး အမြတ်တွေ အများကြီး ရှာနိုင်သည် မဟုတ်ပါလား။ ဆုံးရှုံးသွားရင်တောင် သူကတော့ ပျော်နေရမှာပဲလေ။
ဒါကြောင့်လည်း ချင်းလန်သည် ကျိုးဟောင်ကို သတ်ပစ်ဖို့ ချက်ချင်း မစဉ်းစားခဲ့ခြင်း ဖြစ်သည်။
သူ့မှာ အသုံးချလို့ရတဲ့ တန်ဖိုး ရှိနေသေးသရွေ့ပေါ့။ သူကသာ အညံ့ခံဖို့ သဘောတူလိုက်လျှင် စနစ်ကလည်း ဤကံကြမ္မာရှင်သည် သူ၏ အဓိက ဇာတ်ကောင် နေရာ ဆုံးရှုံးသွားပြီဟု သတ်မှတ်ပေးပေလိမ့်မည်။ ထိုအခါ နောက်ထပ် ဇာတ်လမ်းအသစ်က အလိုလို ပေါ်လာပေလိမ့်မည်။
ဒါဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းတဲ့ ကိစ္စ မဟုတ်ပါလား။
“အဲ့လို ဆိုရင်တော့ စီအီးအို ချင်း… ကျွန်တော် သေသေချာချာ စဉ်းစားရပါလိမ့်မယ်။ သန်းငါးရာ တန်တဲ့အထိ ကျွန်တော့်မှာ တန်ဖိုး ရှိရဲ့လားဆိုတာကိုပေါ့” ကျိုးဟောင်က အသာအယာ ပြုံးလိုက်သော်လည်း ချင်းလန်၏ ကမ်းလှမ်းမှုကို ချက်ချင်း မငြင်းပယ်ပါချေ။
ချင်းလန်သည် မှောင်ခိုမိုင်းတွင်း ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် ဤနေရာသို့ ရောက်လာနိုင်သူ ဖြစ်သဖြင့် သူ၏ အာဏာကို ကျိုးဟောင် အနေဖြင့် လောလောဆယ် မယှဉ်နိုင်ပါချေ။
ရန်စမိလျှင် ဘာဖြစ်လာမလဲ သူ မသိနိုင်ပါချေ။
အခု သူ လုပ်ရမှာက ချင်းလန်ကို စိတ်ကျေနပ်အောင် ထားဖို့ပဲ ဖြစ်လေသည်။ “ထန်မင်းဆက်က နဂါးညီနောင်” ကို ဈေးလျှော့ပေးလိုက်ရင်တောင် ရလေသည်။
သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် သူ ဘာမဆို ပေးဆပ်ရန် အသင့် ရှိနေသည်။
ဒါပေမဲ့ တစ်သက်လုံး မူပိုင်ခွင့် အပိုင်ရောင်းဖို့ ဆိုတာကတော့။
လုံးဝ မဖြစ်နိုင်ပါပေ။
နောင်ကျရင် သူ ဘယ်လောက်အထိ ကောင်းမွန်တဲ့ လက်ရာတွေ ဖန်တီးနိုင်မလဲဆိုတာ သူကိုယ်တိုင်ပဲ သိတာလေ။
ဝတ္ထုတွေ၊ ကာတွန်းတွေ၊ ရုပ်ရှင် ဇာတ်ညွှန်းတွေတင် မကဘဲ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေပါ သူ့မှာ ရှိနေသည် မဟုတ်ပါလား။
ဤတန်ဖိုးမှာ သန်းပေါင်း ငါးထောင်၊ ငါးသောင်း ဆိုလျှင်ပင် သူ ရောင်းမှာ မဟုတ်ပါချေ။
“စီအီးအို ချင်း… ဒီလို လုပ်ရင်ရော ဘယ်လိုလဲ။ ‘ထန်မင်းဆက်က နဂါးညီနောင်’ ဇာတ်ညွှန်းကို ခင်ဗျားကို ပေးလိုက်မယ်။ ပိုက်ဆံ ကိစ္စကတော့ ညှိနှိုင်းလို့ ရပါတယ်။ ကျွန်တော့်ကို ဒီနေရာကနေသာ အမြန်ဆုံး ခေါ်ထုတ်ပေးပါ”
ကျိုးဟောင်က ပြုံးလျက် နောက်တစ်လှမ်း ဆုတ်လိုက်လေသည်။ ချင်းလန်သည် သူ့ကို တစ်ခုခု ကြံစည်နေသည်ဟု သူ ခံစားရသဖြင့် ကျောထဲ စိမ့်နေမိတော့သည်။
ဇာတ်ညွှန်း တစ်ခုလောက်ကိုတော့ စွန့်လွှတ်လိုက်ရလည်း ကိစ္စမရှိပါချေ။
အဓိကကတော့ ဒီငရဲခန်းကနေ လွတ်ဖို့ပဲ ဖြစ်သည်။
အဲ့ဒီ အချိန်ကျရင်တော့ ချင်းလန် သူ့ကို မေ့သွားအောင် ခဏလောက် ငြိမ်နေမလား၊ ဒါမှမဟုတ် တခြား အရှိန်အဝါ ရှိသူတွေကို ရှာပြီး အကာအကွယ် ယူမလား ဆိုတာ စဉ်းစားရမည်။
အဆိုးဆုံး အခြေအနေမှာတော့ နိုင်ငံခြားကို ခဏ ထွက်ပြေးပြီး ကိုယ့်အင်အားကိုယ် တည်ဆောက်ရုံသာ ရှိတော့သည်။ အင်အား တောင့်တင်းလာပြီး ချင်းလန်ကို မကြောက်ရတော့တဲ့ အချိန်မှ ပြည်တွင်း ပြန်လာပြီး နာမည်ကြီးအောင် လုပ်လည်း မနှောင်းသေးပါချေ။
ချင်းလန်က နှာခေါင်းရှုံ့လိုက်ကာ ခေါင်းခါပြလိုက်၏။ “ ကျိုးဟောင်… ငါ ပြောပြီးသားပဲလေ၊ ငါက အဲ့ဒီအတိုင်းပဲ လုပ်ချင်တာ။ သန်းငါးရာ ပေးမယ်၊ ရှုံးရင်လည်း ငါ ခံနိုင်ရည် ရှိပါတယ်”
“ငါ ရှုံးမလား၊ မြတ်မလား ဆိုတာကိုတော့ မင်း စိတ်ပူနေစရာ မလိုပါဘူး”
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် အလွန်အမင်း ဒေါသထွက်နေပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် +၅၀၀၀ ရရှိခဲ့ပါသည်”
ကျိုးဇယ်ချင်းသည် ဘေးမှနေ၍ နားထောင်ရင်း သူတို့၏ စကားများကို လုံးဝ နားမလည်နိုင်ဘဲ သူမ၏ ကမ္ဘာကြီး ပျက်စီးတော့မတတ် ခံစားနေရသည်။
သူမ ဘယ်ရောက်နေတာလဲ။
ဘာတွေ ဖြစ်နေတာလဲ။
ဘယ်သူက စိတ်မမှန်တာလဲ။
ဘာလို့ ချင်းလန်က သန်းငါးရာ ပေးပြီး ကျိုးဟောင်ရဲ့ မူပိုင်ခွင့်တွေကို တစ်သက်လုံး အပိုင်ဝယ်ချင်နေရတာလဲ။
ပြီးတော့ ကျိုးဟောင်ကလည်း ဘာလို့ ငြင်းနေရတာလဲ။
သူမ မနေ့ညက အိပ်ရေးမဝလို့ နားကြားတွေ မှားနေတာ ဖြစ်ရမည်ဟု ကျိုးဇယ်ချင်း တွေးမိနေတော့သည်။
“ဘာဖြစ်လို့လဲ။ မျက်လုံးတွေ နာလို့လား။ အိပ်ချင်နေပြီလား။ ဒါမှမဟုတ် ဒီည အနားယူဖို့ နေရာ ရှာပေးရမလား” ချင်းလန်က ကျိုးဇယ်ချင်း၏ ပါးပြင်လေးကို ဆွဲလိုက်လေသည်။
ကျိုးဇယ်ချင်းက မျက်နှာကို လွှဲလိုက်ရာ သူမ၏ လှပသော မျက်နှာလေးတွင် ရှက်သွေးဖြန်းသွားတော့သည်။ သူမသည် ပါးဆွဲခံရတာကို မကြိုက်လို့ မဟုတ်ဘဲ အပြင်လူ ဖြစ်သော ကျိုးဟောင် ရှေ့တွင် ဖြစ်နေသဖြင့် ရှက်နေခြင်းသာ ဖြစ်သည်။ သူမက ခေါင်းခါပြကာ “မဟုတ်ပါဘူး၊ ရှင်တို့ ဆက်ပြောကြပါ၊ ကျွန်မ နားထောင်နေပါတယ်” ဟု တိုးတိုးလေး ဆိုလိုက်၏။
“တင်း။ ကံကြမ္မာရှင် ကျိုးဟောင် အလွန်အမင်း မနာလို ဖြစ်သွားပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်၊ သင်သည် ကံကြမ္မာ ဗီလိန်ရမှတ် +၁၀၀၀၀ ရရှိခဲ့ပါသည်”
ကျိုးဟောင်သည် သူ၏ မနာလိုစိတ်ကို ထိန်းချုပ်ရင်း ထရပ်လိုက်ကာ “စီအီးအို ချင်း… ဒီနေ့အတွက် ဆွေးနွေးပွဲကို ဒီမှာပဲ ရပ်လိုက်ရအောင်။ ဇာတ်ညွှန်းကိုတော့ မင်း ယူသွားလို့ ရပါတယ်၊ စိတ်ကြိုက် သုံးပါ” ဟု ဆိုလိုက်လေသည်။
“ကျွန်တော့်ကို ဒီကနေ အရင် ခေါ်ထုတ်ပေးပါဦး၊ ကျန်တာတွေကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့၊ ဟုတ်ပြီလား”
သူ ဆက်ပြီး မနေနိုင်တော့ပါချေ။ သူများတွေ အချင်းချင်း ချွဲနွဲ့နေကြသည်ကို ကြည့်ပြီး သူ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရပြီ ဖြစ်လေသည်။
အချိန်တန်လျှင် သူသည် ဤဒုက္ခမှ လွတ်မြောက်သွားမည် ဖြစ်ပြီး တစ်နေ့တွင် တရုတ်နိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းလုံး ကျော်ကြားသည့် စူပါစတား တစ်ဦး ဖြစ်လာပေလိမ့်မည်။
အဲ့ဒီ အချိန်ကျရင်တော့ ကျိုးဇယ်ချင်းလို လှပတဲ့ အမျိုးသမီးမျိုးက သူ့ဘေးမှာ ရှိနေမှာ သေချာလှပေသည်။
သူသည် တစ်နေ့တွင် ခေတ်သစ် တရုတ် စူပါစတားနှင့် ကမ္ဘာကျော် အိုင်ဒေါ တစ်ဦး ဖြစ်လာမည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။
ကျိုးဟောင်သည် မာနတကြီးဖြင့် ထွက်ခွာသွားတော့သည်။
“ဘာလို့လဲ…”
သူ၏ ကျောပြင်ကို ကြည့်ရင်း ချင်းလန် သက်ပြင်းချလိုက်မိသည်။ ကျိုးဟောင်ကို အပိုင်ဝယ်ဖို့က တော်တော်လေး ခက်ခဲလိမ့်မည်ကို သူ သိလိုက်ရပြီ ဖြစ်သည်။
ကျိုးဟောင်၏ မျက်လုံးထဲတွင်တော့ သူကိုယ်တိုင်သည် ကမ္ဘာကျော် စူပါစတား တစ်ဦး ဖြစ်နေပုံရသည်။
နုလွန်းသေးတယ်။
ဒီကောင်က မသိဘူးလား၊ အိုင်ဒေါတွေ ဆိုတာ အာဏာရှိတဲ့သူတွေရဲ့ လက်အောက်မှာ ဘယ်လောက်အထိ ကျဆုံးနိုင်သလဲဆိုတာကို။