အခန်း (၂၀၄) အရည်အချင်းပြရမည့်အချိန်ပင်
သုံးရက်ဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။
လင်းရွှမ်းချွမ်သည် ထျန်ဟွာ အိမ်ရာဝင်း လွှဲပြောင်းမှု ကိစ္စများကို အတည်ပြုပြီးနောက် ချူထျန်ဖုန်းနှင့် စတင် ဆက်သွယ်လာပြီး အိမ်ခြံမြေ လောကတွင် ဆက်လက် လုပ်ကိုင်လိုကြောင်း စကားနာ ထိုးလာခဲ့သည်။
နောက်ဆုံးတွင်တော့ သူသည် ဆက်လက် အောင့်အည်း မထားနိုင်တော့ဘဲ ကောလာဟလများ ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ချူထျန်ဖုန်းမှတစ်ဆင့် ချင်းလန်နှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်လိုက်တော့သည်။
ယခင်ရက်က တွေ့ဆုံခဲ့သည့် လက်ဖက်ရည်ဆိုင်ပင် ဖြစ်လေသည်။
ချင်းလန်သည် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်လျက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချူမုန်ယောင်ကို ကြည့်ကာ
“ဒီလောက် ကျယ်တဲ့ သီးသန့် အခန်းထဲမှာ ငါတို့ နှစ်ယောက်တည်း ရှိနေတာကို မင်းက လက်ဖက်ရည်တောင် ငှဲ့မပေးချင်ဘူးလား”
ဟု ပြုံးစစဖြင့် ဆိုလိုက်လေသည်။
သူသည် ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာပြီး လင်းရွှမ်းချွမ်နှင့် ခဏမျှ စကားစမြည် ပြောဆိုခဲ့ပြီးနောက် ထိုလူမှာ စကားများ ထစ်ထစ်ငေါ့ငေါ့ ဖြစ်လာတော့သည်။
သူ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်လေးမှာ အလွန်ပင် သိသာလှသော်လည်း ချင်းလန်၏ ရှေ့တွင်တော့ တိုက်ရိုက် ပြောဆိုရန် မဝံ့ရဲပါချေ။ သူသည် ချူထျန်ဖုန်းကိုသာ အပြင်သို့ ခေါ်ထုတ်သွားပြီး အကူအညီ တောင်းနေခြင်း ဖြစ်ကာ ယခုအချိန်အထိ ပြန်မလာကြသေးပေ။
သီးသန့် အခန်းလေးအတွင်းမှာတော့ ချင်းလန်နှင့် ချူမုန်ယောင်တို့သာ ရှိနေသဖြင့် ထူးဆန်းစွာ တိတ်ဆိတ်နေတော့သည်။
ချူမုန်ယောင်၏ ရင်ထဲတွင် မကျေမနပ် ဖြစ်မှုများ ရှိနေလေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူမသည် ဗီလာသို့ သွားရောက်ကာ ချင်းလန်၏ ဝေယျာဝစ္စများကို မတတ်သာဘဲ လုပ်ပေးခဲ့ရသည်။
သူမသည် အိမ်အကူ တစ်ယောက်၏ အလုပ်ကို အတော်အတန် နားလည်လာပြီ ဖြစ်သလို နေသားတကျ ရှိလာပြီဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ခဏတာ ပျောက်ကွယ်သွားခဲ့သည့် ချင်းလန်မှာ ပို၍ပင် လောဘကြီးလာကာ သူမအား မသင့်တော်သည့် အရာများကို လုပ်ခိုင်းလာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ဥပမာအားဖြင့် သူ ရေချိုးနေသည့် အချိန်တွင် သူမကို ခေါ်ကာ ကျောပွတ်ခိုင်းခြင်းမျိုး ဖြစ်လေသည်။ သူမမှာ ကိုယ်ပေါ်တွင် တဘက်လေးပင် ပတ်ခွင့် မရပါချေ။
ဒီလူက ဘယ်လောက်တောင် အရှက်မရှိရသလဲဆိုတာ သူမ တကယ်ပင် မသိတော့ပေ။
သူက သူမကိုပါ အတူတူ ရေချိုးရန်ပင် ခြိမ်းခြောက်ခဲ့သေးသည်။
တွေးမိသည်နှင့်တင် ဒေါသများ ထွက်လာရတော့သည်။
“ဘာလဲ ငါပြောတာကို မကြားချင်ယောင် ဆောင်နေတာလား”
ချင်းလန်သည် အတွေးလွန်နေသည့် ချူမုန်ယောင်ကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်လေသည်။
အခြေအနေများ၏ ဖိအားနှင့် ကြောက်ရွံ့မှုများကြောင့် ချူမုန်ယောင်သည် ကျားဂူထဲ ရောက်နေသည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေရပြီး သူ၏ အနားသို့ တုန်တုန်ရင်ရင်နှင့် လျှောက်သွားကာ လက်ဖက်ရည် ဖျော်ပေးလိုက်ရတော့သည်။
“အာ”
အံ့အားသင့်စွာ အော်ဟစ်သံလေး ထွက်ပေါ်လာတော့သည်။
ချူမုန်ယောင်သည် လက်ဖက်ရည်အိုးကို ချလိုက်ပြီး လက်ဖက်ရည်ခွက်ကိုပင် မကိုင်ရသေးခင်မှာပင် ချင်းလန်က သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်လေသည်။
သူမသည် ထိတ်လန့်သွားရကာ လှပသော မျက်ဝန်းများတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားပြီး သူမ၏ မျက်နှာလေးမှာလည်း နီမြန်းလာတော့သည်။ သူမသည် အခန်းတံခါးဘက်ကို စိုးရိမ်တကြီး ကြည့်လိုက်ရင်း
“ကျွန်မကို လွှတ်ပေးပါ”
ဟု အသည်းအသန် တောင်းဆိုလိုက်လေသည်။
“ဒါ ပထမဆုံး အကြိမ်လည်း မဟုတ်ဘဲနဲ့ ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် ရုန်းကန်နေရတာလဲ”
ချင်းလန်သည် သူမ၏ မွှေးပျံ့သော ပုခုံးပေါ်သို့ သူ၏ မေးစေ့ကို တင်လိုက်ကာ စိတ်ဝင်တစား မေးမြန်းလိုက်လေသည်။ သူတို့၏ ဆံပင်များမှာ အချင်းချင်း ရောယှက်နေကြပြီး နီးကပ်သော ခံစားချက် တစ်ခုကို ဖြစ်ပေါ်စေတော့သည်။
“ဘယ်လိုလုပ် အတူတူ ဖြစ်မှာလဲ။ ရှင် ဘယ်နေရာ ရောက်နေလဲဆိုတာ မသိဘူးလား။ တကယ်လို့ အဖေ ဝင်လာပြီး မြင်သွားရင် ကျွန်မ... ကျွန်မ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး သေပစ်လိုက်မှာ”
ချူမုန်ယောင်သည် တကယ်ပင် ထိတ်လန့်နေခြင်း ဖြစ်သည်။ ချင်းလန်သည် ဤမျှအထိ အရှက်မရှိဘဲ ရဲတင်းလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပေ။
ဒါဟာ လူအများ သွားလာနေတဲ့ နေရာလေ။
ဒါ့အပြင် သူမ၏ အဖေနှင့် လင်းရွှမ်းချွမ် တို့မှာ အပြင်မှာ ရှိနေကြပြီး ဘယ်အချိန်မှာ ရုတ်တရက် ဝင်လာကြမည်မှန်း မသိပါချေ။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဤမြင်ကွင်းကို မြင်သွားလျှင် ချူမုန်ယောင် တစ်ယောက် လူကြားထဲ မျက်နှာပြရဲတော့မည် မဟုတ်ဘဲ မြေကြီးထဲသာ တိုးဝင်သွားချင်မိပေလိမ့်မည်။
ချင်းလန်ကတော့ ထိုသို့သော အသိမျိုး လုံးဝ မရှိပါချေ။ ချူမုန်ယောင်၏ ရုန်းကန်မှုများက သူ့ကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။ သူမ၏ နွေးထွေးပြီး နူးညံ့သော ခန္ဓာကိုယ်မှာ ယုန်ကလေးတစ်ကောင်ကဲ့သို့ ပျော့ပျောင်းလှပေသည်။ သူက ခပ်ဖွဖွ ရယ်မောလိုက်ကာ
“အဲ့လိုဆိုရင်တော့ ဒီမှာ လုပ်လို့ မဖြစ်ဘူးပေါ့။ လူမရှိတဲ့ တခြား တစ်နေရာမှာဆိုရင်တော့ ရတယ် မလား”
ဟု မေးလိုက်လေသည်။
“ဒါကြောင့်လည်း... ဒါကြောင့်လည်း မင်း အိမ်မှာတုန်းက မရုန်းတာကိုး”
ချူမုန်ယောင်၏ မျက်နှာမှာ ဒေါသကြောင့် ကျိုထားသည့် ဂဏန်းတစ်ကောင်လို နီရဲသွားတော့သည်။
မရုန်းဘူး ဆိုတာက ဘာအဓိပ္ပာယ်လဲ။
ချင်းလန်၏ အိမ်မှာတုန်းက သူမ ဘယ်အချိန်မှာ မရုန်းဘဲ နေခဲ့ဖူးလို့လဲ။
ဒါပေမဲ့ နောက်ပိုင်းတွင် သူမ၏ ရုန်းကန်မှုများမှာ အချည်းနှီးသာ ဖြစ်ကြောင်း သိရှိသွားသလို ချင်းလန်၏ ခြိမ်းခြောက်မှုကိုလည်း ခံရနိုင်သဖြင့် ဆက်ပြီး မရုန်းချင်တော့ခြင်းသာ ဖြစ်လေသည်။
“ကျွန်မကို အခုလွှတ်ပေးပါ၊ ဒါမှမဟုတ်ရင် ကျွန်မ တကယ် စိတ်ဆိုးတော့မှာနော်” ချူမုန်ယောင်က လေသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်၏။
ချင်းလန်က ပခုံးတွန့်ပြလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို သံမဏိ ညှပ်များကဲ့သို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ချူမုန်ယောင်ကို လုံးဝ ထွက်ပြေးခွင့် မပေးဘဲ ထိန်းချုပ်ထားလိုက်တော့သည်။
သူ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။
မင်းက စိတ်ဆိုးမယ် ဟုတ်လား။
သတ္တိရှိရင် စိတ်ဆိုးကြည့်လေ။ မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါ သိချင်သေးတယ်ဟု ဆိုနေသလိုပင်။
“ရှင်”
ချူမုန်ယောင်မှာ အလွန်ပင် ဒေါသထွက်သွားရသည်။ သူမ၏ နီမြန်းသော နှုတ်ခမ်းလေးမှာ စိုစွတ်နေပြီး ချင်းလန်၏ ပုခုံးကို သူမ၏ ပါးစပ်လေးဖြင့် အတင်း ကိုက်ပစ်လိုက်လေသည်။
၎င်းမှာ အလွန် လျင်မြန်လှသော်လည်း ချင်းလန်၏ အရည်အချင်းနှင့် ယှဉ်လျှင်တော့ အလွန်ပင် နှေးကွေးလှပေသည်။
ချူမုန်ယောင် အနားသို့ တိုးကပ်လာသည့် အချိန်တွင် ချင်းလန်သည် ခေါင်းကို စောင်းလျက် ကြိုတင် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်လေသည်။
အင်း။
သူတို့ နမ်းလိုက်ကြပြီ ဖြစ်သည်။
ချင်းလန်သည် သူ့အနားတွင် ရှိနေသည့် ချူမုန်ယောင်ကို သဘောကျသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
အတင်းအကျပ် အနမ်းခံရတာက အဆင်ပြေရဲ့လား။
သူသည် နောက်ထပ် မစဉ်းစားတော့ဘဲ ချက်ချင်းပင် တုံ့ပြန်လိုက်တော့သည်။
ချူမုန်ယောင်၏ စိတ်ထဲမှာ ဗလာ ဖြစ်သွားရပြီး အရာအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရကာ သူမ၏ လှပသော မျက်ဝန်းများမှာ ဝိုင်းစက်လျက် ကြောင်စီစီဖြင့် စိုက်ကြည့်နေမိတော့သည်။
သူမ၏ ပထမဆုံး အနမ်းကို ဤယုတ်မာတဲ့သူက ခိုးယူသွားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ယခင် အနမ်းများမှာ ခဏတာ ထိတွေ့ရုံသာ ဖြစ်လေသည်။ ယနေ့တွင်မူ ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
ဒါဟာ သူမ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်မျိုး ဖြစ်သဖြင့် သူမ တော်တော်လေး ထိတ်လန့်သွားရသည်။
“ဥက္ကဋ္ဌချူ... သိတဲ့အတိုင်း ကျွန်တော် လုပ်ခဲ့တာက နည်းနည်းတော့ မသင့်တော်ဘူးပေါ့၊ ဒါပေမယ့် ကျွန်တော့်အတွက် စကားကောင်းလေး ပြောပေးဖို့ လိုအပ်တယ်...”
လင်းရွှမ်းချွမ် ၏ အသံကို အခန်းအပြင်ဘက်မှ ကြားလိုက်ရလေသည်။
ချူမုန်ယောင်သည် သတိပြန်ဝင်လာပြီး ကျောပြင်တွင် ချွေးအေးများ ထွက်လာတော့သည်။ သူမသည် အလိုလို ရုန်းကန်ရန် ကြိုးစားသော်လည်း ချင်းလန်၏ လက်များမှာ သံမဏိ ညှပ်များကဲ့သို့ တင်းကျပ်နေဆဲ ဖြစ်ပြီး လွှတ်မပေးပါချေ။
ခြေသံများမှာ ပို၍ နီးကပ်လာသဖြင့် ချူမုန်ယောင်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမသည် စိတ်ကို ဒုံးဒုံးချကာ ချင်းလန်ကို ကိုက်ပစ်လိုက်ရာ ချင်းလန်သည် နာကျင်မှုကြောင့် သူမကို လွှတ်ပေးလိုက်ရတော့သည်။
ထို့နောက် နှစ်ယောက်သား လူချင်း ခွဲလိုက်ကြလေသည်။
ချူမုန်ယောင်သည် လွတ်မြောက်သွားသည်နှင့် သူမ၏ နေရာသို့ အပြေးအလွှား ပြန်သွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုင်နေမိတော့သည်။
သူမသည် ချင်းလန်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။ သူမသည် အလွန် ကြောက်လန့်သွားသဖြင့် အရှိန်မထိန်းနိုင်ဘဲ ချင်းလန်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ကိုက်မိသွားပုံရသည်။
ချင်းလန် ဘယ်လိုနေမလဲ ဆိုတာကို သူမ စိုးရိမ်နေမိသည်။
ချင်းလန်သည် ခေါင်းငုံ့ကာ သူ၏ ပါးစပ်ကို လက်နှင့် အုပ်ထားသဖြင့် သူ၏ မျက်နှာထားကို မမြင်ရပါချေ။
“သခင်လေး ချင်း... ဘာဖြစ်လို့လဲ။ လက်ဖက်ရည် သီးသွားတာလား”
လင်းရွှမ်းချွမ် နှင့် ချူထျန်ဖုန်း တို့ ဝင်လာကြပြီး ချင်းလန်၏ ပုံစံကို မြင်သည့်အခါ စိုးရိမ်တကြီး မေးမြန်းလိုက်ကြလေသည်။
“သခင်လေး ချင်း”
ချူထျန်ဖုန်း ကလည်း ခေါ်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရရှိပါချေ။
သီးသန့် အခန်းလေးအတွင်းရှိ လေထုမှာ ရုတ်တရက် အေးစက်သွားပြီး အပူချိန်မှာလည်း သိသိသာသာ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ နွေရာသီ ဖြစ်သော်လည်း ခြေဖျားများမှ တစ်ဆင့် ချမ်းစိမ့်စိမ့် ခံစားချက်ကြီး တိုးဝင်လာတော့သည်။
ဒါဟာ ချင်းလန်၏ အရှိန်အဝါ ဖြစ်လေသည်။
ယန်ကျင်းမြို့မှ သခင်လေး တစ်ယောက်၏ ယုံကြည်မှု ဖြစ်ပေသည်။
ဤစီးပွားရေးသမားများအတွက် ချင်းလန်နှင့် သာယာစွာ စကားပြောဆိုခွင့် ရခြင်းမှာ ကံကောင်းခြင်း တစ်ခု ဖြစ်လေသည်။
သူ အတည်အပေါက် ဖြစ်နေပြီး မပြုံးတဲ့ အချိန်မျိုးမှာတော့ ဘေးမှာ ရပ်နေရုံတင်ပင် ဖိအားတွေကို ခံစားနေရခြင်း ဖြစ်ပေသည်။
သူတို့သည် ဘာစကားမှ မပြောရဲတော့သလို မေးခွန်းတွေလည်း ထပ်မမေးရဲကြတော့ပါချေ။
ချင်းလန်က ဘယ်လို တုံ့ပြန်လာမည်ကို မည်သူမှ မသိကြသလို မည်သူမှလည်း သူ့ကို မနှောင့်ယှက်ရဲကြပါချေ။
သူတို့ နှစ်ယောက်စလုံးမှာ ချူမုန်ယောင်ဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ ခုနက အခန်းထဲတွင် ချင်းလန်နှင့် သူမသာ ရှိနေခြင်း ဖြစ်သဖြင့် တစ်ခုခု သိနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေခြင်း ဖြစ်သည်။
ဒါပေမဲ့ ချူမုန်ယောင်မှာလည်း ဇဝေဇဝါ ဖြစ်နေရကာ သူတို့၏ မေးခွန်းတွေကို မည်သို့ ဖြေရမည်မှန်း မသိပါချေ။
သူမသည် ချင်းလန်ဘက်သို့ ကြောင်စီစီဖြင့် စိုက်ကြည့်နေမိပြီး သူမ၏ စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များစွာဖြင့် ရှုပ်ထွေးနေတော့သည်။
သူမ ကြောက်နေမိသည်။
စိုးရိမ်စိတ်တွေလည်း ရှိနေသည်။
နောင်တလည်း ရနေမိတော့သည်။