အခန်း (၂၀၂) တစ်ချက်ခုတ် သုံးချက်ပြတ် အောင်မြင်မှု
မေဘက်ခ် ကားကြီး၏ နောက်ခန်းအတွင်း။
သွေးနီရောင် မန်ဒါလာသည် ထွက်ခွာသွားသော ယာဉ်တန်းကို ကြည့်ကာ အေးစက်သော မျက်နှာထားဖြင့် “နေ့ဘက်မှာ မကောင်းတာ မလုပ်ရင် ညဘက် တံခါးခေါက်သံကို ကြောက်စရာ မလိုပါဘူး” ဟု ရေရွတ်လိုက်လေသည်။
သူသည် ဘယ်လောက်တောင် ကြောက်လန့်နေလို့ ကိုယ်ရံတော်တွေ ဒီလောက်အထိ အများကြီး ခေါ်ပြီး သွားလာနေရသနည်း။
လင်းရွှမ်းချွမ်... သူမ၏ အရင်းခေါက်ခေါက် ဖခင်အရင်း ဖြစ်လေသည်။
အပြင်ပန်းတွင်တော့ သူတို့သည် ထည်ဝါသော ဘဝကို ပိုင်ဆိုင်ထားပြီး အပြင်ထွက်လျှင် အတွင်းရေးမှူးမလေးများ၊ ကိုယ်ရံတော်များ ဝန်းရံလျက် ရှိကာ နေပူလျှင်ပင် ထီးမိုးပေးမည့်သူ အမြဲ ရှိနေတတ်သည်။
တကယ်တော့ သူသည် ချမ်းသာသော မိသားစုထဲသို့ ရောက်ရှိရန် သားမယားကို စွန့်ပစ်ခဲ့သည့် လူတစ်ဦးသာ ဖြစ်လေသည်။
သူတို့၏ ဂုဏ်ပကာသန ပြုမူပုံများမှာ ယန်ကျင်းမြို့မှ သခင်လေး ချင်းလန် ထက်ပင် ပို၍ အပိုအလုပ်များ များနေသေးသည်။
“ရှင် ဘာလို့ သူ့ဆီကနေ အဲ့ဒီ အိမ်ရာဝင်းကို ဝယ်ပေးလိုက်တာလဲ။ ဒီလူက သူ့မိသားစုအတွင်းမှာ ပြဿနာ အကြီးကြီး တက်နေပြီး ငွေသား အရေးပေါ် လိုအပ်နေတာလေ။ တကယ်လို့ ကျွန်မတို့သာ လွှတ်ထားလိုက်ရင် ဒါမှမဟုတ် တခြားသူတွေ ဝယ်မရအောင် တမင် နှောင့်ယှက်လိုက်ရင် သူ ဒုက္ခရောက်မှာ သေချာတယ်”
“သူ သေချာပေါက် အမှားအယွင်း ဖြစ်ပြီး ရှန်ဟိုင်းက အဲ့ဒီ အရှိန်အဝါကြီးတဲ့ မိသားစုရဲ့ အမုန်းကို ခံရလိမ့်မယ်၊ နောက်ဆုံးတော့ အစွန့်ပစ်ခံရမှာပဲ”
သွေးနီရောင် မန်ဒါလာအနေဖြင့် နားမလည်နိုင်ပါချေ။
ချင်းလန်သည် လင်းရွှမ်းချွမ်နှင့် ပတ်သက်နေခြင်းမှာ သူမအတွက်ကြောင့် ဖြစ်သည်ဟု သိထားသော်လည်း အဘယ်ကြောင့် ယခုကဲ့သို့ ကူညီသလိုမျိုး လုပ်ဆောင်ရသနည်းဆိုသည်ကို သူမ မည်သို့မျှ စဉ်းစား၍ မရပေ။
“မင်းက တော်တော်လေး ခေါင်းမာတာပဲ” ချင်းလန်က ပြုံးလျက် သူမ၏ နဖူးကို ညင်သာစွာ တို့လိုက်ကာ “တစ်စုံတစ်ယောက်ကို ကောက်ကျစ်တဲ့ ကလဲ့စားချေဖို့ဆိုတာ သူ့ကို သတ်ပစ်မှ မဟုတ်ဘူး။ သူ့ကို နာကျင်မှုတွေ ပေးဆပ်ခိုင်းတာကမှ ပိုပြီး မေ့ရခက်စေတာ” ဟု အလေးအနက် ပြောလိုက်လေသည်။
“သူက ချမ်းသာဖို့အတွက် သားမယားကို စွန့်ပစ်ခဲ့တာတွေက ငါနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ မင်းအပေါ်မှာ သူလုပ်ခဲ့တဲ့ နက်ရှိုင်းတဲ့ နာကျင်မှုတွေ ရှိနေမှတော့ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ အပြစ်ပေးခံရအောင် ငါ ဘယ်လိုလုပ် ခွင့်ပြုမှာလဲ”
သွေးနီရောင် မန်ဒါလာ၏ ရင်ထဲတွင် နွေးထွေးမှု တစ်ခု ထူးဆန်းစွာ ပေါ်ပေါက်လာသော်လည်း သူမသည် ဇဝေဇဝါ ဖြစ်နေဆဲပင်။
သူမသည် လုံးဝကို နားမလည်နိုင်ဘဲ ဖြစ်နေရှာသည်။
“ပိုက်ဆံတွေ ပေးလိုက်ပြီဆိုတော့ လင်းရွှမ်းချွမ် ရင်ဆိုင်နေရတဲ့ ငွေကြေး အခက်အခဲကို တစ်နည်းနည်းနဲ့ ကူညီပေးလိုက်သလို ဖြစ်မနေဘူးလား”
ချင်းလန်က နှာခေါင်းရှုံ့လိုက်ကာ “အဲ့ဒီ ပိုက်ဆံတွေက ဒီနေ့တော့ သူ့လက်ထဲမှာ ရှိနေမှာပေါ့၊ ဒါပေမဲ့ နောက် နှစ်ရက် သုံးရက်နေရင်တော့ ရှိချင်မှ ရှိတော့မှာပါ” ဟု ဆိုလိုက်၏။
“တစ်ခါတလေကျရင် အရာရာကို အပေါ်ယံပဲ ကြည့်လို့ မရဘူးလေ၊ ဝေဖန်ပိုင်းခြားပြီး တွေးတတ်အောင် လေ့လာရမယ်”
“ငါ့လိုမျိုး ဦးနှောက်ကို ပိုသုံးလေ”
သူသည် သွေးနီရောင် မန်ဒါလာကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
သွေးနီရောင် မန်ဒါလာသည် ငုံ့ကြည့်လိုက်ရာမှ တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားတော့သည်။
သူမက မကျေမနပ် ဖြစ်လျက် မျက်စောင်းထိုးကာ “ရှင် တစ်နေ့တစ်နေ့ ဘာတွေ လျှောက်တွေးနေလဲဆိုတာ ကျွန်မ တကယ် မသိတော့ဘူး။ စကားပြောရင်လည်း အဓိပ္ပာယ် မရှိတာတွေပဲ” ဟု ဆိုလေသည်။
ချင်းလန်သည် သဘောကျသွားရသည်။
သူတို့ အတူတူရှိသည့် အချိန် ကြာလာသည်နှင့်အမျှ သွေးနီရောင် မန်ဒါလာသည် ပြောင်းလဲလာသည်ကို သူ ပို၍ ခံစားလာရသည်။ အမြဲ တည်ကြည်ပြီး ပြုံးခဲလှသည့် ထိပ်တန်း လူသတ်သမားတစ်ဦးဘဝမှ သာမန် မိန်းကလေးတစ်ဦးကဲ့သို့ ဖြစ်လာခြင်း ဖြစ်လေသည်။
သူမသည် သူ၏ နောက်ပြောင်မှုများကိုလည်း တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။
လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချင်းလန်သည် သွေးနီရောင် မန်ဒါလာ၏ နှုတ်ခမ်းထောင့်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်ကာ “စဉ်းစားကြည့်လေ၊ လင်းရွှမ်းချွမ် က ရှန်ဟိုင်းက အဲ့ဒီ အမျိုးသမီးကို တစ်နည်းနည်းနဲ့ ပြုစားနိုင်လို့သာ ဒီမိသားစုထဲ ရောက်လာတာလေ။ ပုံမှန် အခြေအနေမှာဆိုရင် သူ တစ်ခုခု မှားယွင်းသွားရင်တောင် အဲ့ဒီ အမျိုးသမီးက သူ့ကို ကာကွယ်ပေးမှာပဲ” ဟု ဆိုလိုက်လေသည်။
“တကယ်လို့ ဒီလူက အကန့်အသတ်ထက် ကျော်လွန်တဲ့ အမှားမျိုး လုပ်မိရင်တော့ အဲ့ဒီ အမျိုးသမီးကိုယ်တိုင် အမှားလုပ်မိရင်တောင် သူ့အပေါ်မှာပဲ အပြစ်ပုံကျလာမှာ”
“အဲ့ဒီ အချိန်ကျရင် အဲ့ဒီ အမျိုးသမီးက သူ့ကို ကာကွယ်ပေးချင်ရင်တောင် နောက်ကျသွားပြီပေါ့”
“လင်းရွှမ်းချွမ် အခု ရသွားတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး အတွေးမလွန်နဲ့။ မကြာခင်မှာ အဲ့ဒါတွေကို အတိုးရော အရင်းရော ပြန်ပေးရတော့မှာပါ”
သွေးနီရောင် မန်ဒါလာက မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ဖရိုဖရဲ ဖြစ်နေသော အဝတ်ကို ပြန်ပြင်ရင်း “ရှင်က သူ့ပိုက်ဆံတွေကို လိမ်ယူဖို့ ကြံနေတာလား” ဟု သံသယဖြင့် မေးလိုက်၏။
“အဓိပ္ပာယ် မရှိတာ။ စီးပွားရေးသမား တစ်ယောက်ရဲ့ အလုပ်ကို ဘယ်လိုလုပ် လိမ်လည်မှုလို့ ခေါ်မှာလဲ”
“ဒါကို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလို့ ခေါ်တယ်”
“ဒါက အရှုံးနဲ့ အမြတ် ကိစ္စပဲလေ” ချင်းလန်က သူမ၏ တင်ပါးကို ခပ်ဖွဖွ ပုတ်လိုက်ကာ “ငါက မင်းအတွက် ဒီအစီအစဉ် တစ်ခုလုံးကို ဦးနှောက်သုံးပြီး လုပ်ပေးနေတာကို မင်းက တန်ဖိုးမရှိသလို ပြောနေတယ်” ဟု ဆိုလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်မ နောက်တစ်ခါ အဲ့လို မပြောတော့ပါဘူး” သွေးနီရောင် မန်ဒါလာ၏ လှပသော မျက်ဝန်းများတွင် နူးညံ့မှုများ ပြည့်နှက်သွားပြီး ချင်းလန်၏ လက်များကို တားဆီးထားခြင်း မပြုတော့ဘဲ စိတ်ကြိုက် လွှတ်ထားပေးလိုက်တော့သည်။
“ဒါမှပေါ့”
ချင်းလန်သည် သူမ၏ သွယ်လျသော ခါးလေးကို ဖက်ကာ စိတ်လှုပ်ရှားမှုများကို ခံစားနေမိသည်။
တကယ်တော့ သွေးနီရောင် မန်ဒါလာ အတွက်ကြောင့်သာ သူသည် လင်းရွှမ်းချွမ် ကို တမင်တကာ အကွက်ဆင်ခဲ့ခြင်း ဖြစ်လေသည်။
ဤစီးပွားရေး အပေးအယူဖြင့် ထိုသူ၏ ဘဝကို အဆုံးသတ်ပစ်ချင်ရုံတင် မကပါချေ။
သူသည် ဤအလုပ်မှနေ၍ အကျိုးအမြတ် အမြောက်အမြားကိုလည်း ရရှိနိုင်ပေသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် မူယွီယန် နှင့် ပိုင်ရုယွီ တို့က ကုမ္ပဏီတွင် ရန်ပုံငွေ လိုအပ်နေသည်ဟု ပြောခဲ့သဖြင့် ဤပမာဏဖြင့် အဆင်ပြေသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ချူမုန်ယောင်နှင့် ဆက်ဆံရေးမှာလည်း ဤဖြစ်ရပ်ကြောင့် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
ဒါကို ဘယ်လို ပြောရမလဲ။
တစ်ချက်ခုတ် သုံးချက်ပြတ် လို့ ပြောရမလား။
မဟုတ်ဘူး။
သွေးနီရောင် မန်ဒါလာ ရှေ့မှာတော့ ဒါတွေ အများကြီး ပြောစရာ မလိုပေ။ ဒါတွေ အားလုံးက သူမ တစ်ယောက်တည်း အတွက် လုပ်ပေးခဲ့တာ မဟုတ်ပါလား။
အခြားသော သက်ရောက်မှုတွေကတော့ အရေးမကြီးလှပေ။
ကားလေးသည် ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့သော်လည်း ဗီလာသို့ မပြန်ဘဲ သွေးနီရောင် မန်ဒါလာ၏ အိမ်သို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
၎င်းသည် ထျန်ဟိုင်မြို့ရှိ အဆင့်မြင့် လူနေရပ်ကွက်တစ်ခုတွင် ရှိပြီး တော်တော်လေး စည်ကားလှပေသည်။
သွေးနီရောင် မန်ဒါလာ၏ နေအိမ်သည် နှစ်ထပ် တိုက်ခန်း အမျိုးအစား ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ တစ်ရာကျော်မျှ ရှိလေသည်။ အထဲတွင် ဥရောပ စတိုင်လ်ဖြင့် ခမ်းနားစွာ ပြင်ဆင်ထားသည်။
သူမ၏ အလုပ် သဘာဝကြောင့် ဖြစ်မည်၊ နံရံပေါ်တွင် ပန်းချီကားများ ချိတ်ဆွဲထားမည့်အစား လေးများ၊ ဓားမြှောင်များ စသည့် လက်နက် များစွာကို စီတန်း ချိတ်ဆွဲထားလေသည်။
အောက်ထပ် ဧည့်ခန်းတွင် ဖန်သားပြင်ကြီးအပြင် ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်ရှိသည့် မှန်ချပ်ကြီး တစ်ချပ်နှင့် အနက်ရောင် ညဝတ်ဝတ်စုံများ ချိတ်ဆွဲထားသည့် စင်တစ်ခု ရှိလေသည်။
“ဒီ ဝတ်စုံတွေကတော့ တကယ်ပဲ အကုန်လုံးက တစ်ရောင်တည်း ဖြစ်နေတော့ ကြည့်ရတာ အဆင်မပြေလိုက်တာ”
ချင်းလန်သည် ညဝတ်ဝတ်စုံများကို တစ်ခုချင်း ကိုင်ကြည့်ကာ ခေါင်းခါလျက် ရွံရှာသည့် ပုံစံမျိုး လုပ်နေလေသည်။
သွေးနီရောင် မန်ဒါလာက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ကာ “ဒါက ညဘက် သွားရမယ့် ဝတ်စုံလေ၊ အနက်ရောင်ပဲ ဖြစ်ရမှာပေါ့။ ဒါ့အပြင် အလုပ်တစ်ခု ပြီးတိုင်း အဝတ်အစားတွေပေါ်မှာ အမှတ်အသားတွေ ကျန်ခဲ့တတ်လို့ အမှားအယွင်း မရှိအောင် သုံးပြီးရင် လွှင့်ပစ်လေ့ ရှိတယ်” ဟု ရှင်းပြလိုက်၏။
အမှန်အတိုင်း ပြောရလျှင် သွေးနီရောင် မန်ဒါလာတွင် ပိုက်ဆံ ရှားပါးခြင်း မရှိပါချေ။
သူမ နိုင်ငံခြားတွင် လုပ်ဆောင်ခဲ့သည့် အလုပ်တစ်ခုစီမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ သန်းချီ တန်ကြသည် မဟုတ်ပါလား။
“ဒါက မင်းကိုယ်မင်း ပြန်စစ်ဆေးတဲ့ နေရာလား။ အဝတ်အစားတွေ လဲပြီးတိုင်း ဒီမှန်ရှေ့မှာ ရပ်ကြည့်တာလား”
ချင်းလန်သည် မှန်ချပ်ကြီးကို လက်ညှိုးထိုးကာ စဉ်းစားနေဟန်ဖြင့် မေးမြန်းလိုက်လေသည်။
“ဘယ်လောက်ပဲ သေချာအောင် လုပ်ထားပါစေ အားနည်းချက် ရှိနိုင်တာပဲလေ။ လုံခြုံမှု ရှိအောင် သေချာ စစ်ဆေးရတာက မရှိမဖြစ် အဆင့်တစ်ခုပဲ”
သွေးနီရောင် မန်ဒါလာသည် သူ၏ အနားသို့ လမ်းလျှောက်လာပြီး သူမ၏ ဖရိုဖရဲ ဖြစ်နေသော စကတ်ကို ပြန်ပြင်လိုက်သည်။ သူမ တစ်ခုခု ပြောဖို့ ပြင်နေစဉ်မှာပင် ရုတ်တရက် တွန်းပို့ခြင်း ခံလိုက်ရပြီး သူမ၏ လက်နှစ်ဖက်မှာ မှန်ချပ်ပေါ်သို့ အတင်း အဖိခံလိုက်ရတော့သည်။
“ရှင် ဘာလုပ်တာလဲ” သွေးနီရောင် မန်ဒါလာသည် လှည့်ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်၏။
ချင်းလန်၏ ဂရုမစိုက်သော မျက်နှာထားကို မြင်လိုက်ရသည့်အခါ
သူမသည် အံကြိတ်ကာ “ခဏလောက် လွှတ်ပေးပါဦး၊ ကျွန်မ အဝတ်အစား လဲချင်လို့ပါ” ဟု ပြောလိုက်ရလေသည်။
“မင်းက ကိုယ့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာလား”
ချင်းလန်က သဘောတကျ ရယ်မောလိုက်ပြီး သူမ၏ နူးညံ့သော မေးစေ့လေးကို လှမ်းဆွဲလိုက်တော့သည်။